သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရးတင္းမာေနတဲ့ စစ္ကိုင္းတိုင္းအတြင္း ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္း ျပဳစုေန


စစ္ကိုင္းတံတားေပၚမွာလံုၿခံဳေရးယူေနတဲ့ စစ္ေကာင္စီတပ္သားတခ်ိဳ႕ (ေအာက္တိုဘာ ၁၀၊ ၂၀၂၁)

စစ္ေကာင္စီနဲ႔ ‌ေဒသခံ ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ ထိေတြမႈ ျပင္းထန္တဲ့ စစ္ကိုင္းတိုင္းမွာ စစ္ေကာင္စီကျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲအတြက္ အိမ္ေထာင္စုစာရင္းေကာက္ၿပီး လူဦးေရ စာရင္းျပဳစုတာေတြကို စတင္လုပ္ေနၾကၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အလိမၼာက ေျပာျပမွာပါ။

စစ္ကိုင္းတိုင္းအတြင္း ေနရာအေတာ္မ်ားမ်ားမွာ ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းျပဳစုဖို႔ ႀကိဳးစားေနေပမယ့္၊ ေဒသခံေတြေရာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြကပါ ဒါကို လက္မခံၾကပါဘူး။ ျမန္မာစစ္တပ္နဲ႔ ထိေတြ႕မႈ အျပင္းထန္ဆုံးထဲက တေနရာျဖစ္တဲ့ ပုလဲနယ္မွာ ေ႐ြးေကာက္ပြဲ လုပ္ႏိုင္ဖို႔ ေဒသခံကာကြယ္ေရး တပ္ေတြကို ျမန္မာစစ္တပ္ဖက္က ညႇိႏႈိင္းမႈလုပ္လာတယ္လို႔ ပုလဲနယ္ ကာကြယ္ေရးအဖြဲ႕တခုျဖစ္တဲ့ သခင္ေဒါင္းညိဳအဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

"စစ္ေကာင္စီစစ္တပ္က ကြၽန္ေတာ့္ကိုေပါ့ ေ႐ြးေကာက္ပြဲလုပ္ဖို႔ေပါ့ ညႇိႏႈိင္းတာေတာ့ ရွိတယ္ဗ်။ ဘယ္တပ္ရင္းကလို႔ေတာ့ ကြၽန္ေတာ္မသိဘူးဗ်။ ဖုန္းဆက္ၿပီး ညႇိႏႈိင္းတာေတာ့ ရွိတယ္။ သူ႔ရဲ႕ ရာထူးကေတာ့ တပ္ရင္းမႈးပုံစံဘဲဗ်။ လက္ခံသလား လက္မခံဘူးလားေပါ့၊ အဲ့လို ညႇိႏႈိင္းတာေတာ့ ရွိတယ္ဗ်။ ဒီေ႐ြးေကာက္ပြဲလုပ္ရင္ ခင္ဗ်ားတို႔လိုခ်င္တဲ့ လြတ္လပ္ေရးေပါ့ အဲ့လိုေပါ့ ျပန္ရမယ့္ပုံစံမ်ိဳးေပါ့ သူေျပာတာ အဲ့လိုမ်ိဳး ျပန္ရမွာ မဟုတ္ဘူးလားေပါ့ အဲ့လိုမ်ိဳး။ ေနာက္ၿပီးေတာ့ ဒီပုလဲနယ္ ႐ြာတိုင္း တ႐ြာခ်င္းစီေပါ့ ေ႐ြးေကာက္ပြဲ တ႐ြာခ်င္းစီလာလုပ္ေပးမယ္ေပါ့ အဲ့လိုမ်ိဳး လက္ခံသလားေပါ့။ အဲ့လိုမ်ိဳး လာညႇိတာေတာ့ ရွိတယ္ဗ်။ အဲ့မွာ ကြၽန္ေတာ္တခ်က္ ေမးၾကည့္လိုက္တယ္ ပါတီ‌ေတြကိုေပါ့ ဘယ္ပါတီေတြ ပါမလဲေပါ့၊ ကြၽန္ေတာ္တို႔ လိုလားတဲ့ ပါတီေတြ ပါမလာဘူးဗ်။ ပြင့္ပြင့္လင္းလင္းဘဲ လက္မခံေၾကာင္းကို ကြၽန္ေတာ္ ျပတ္ျပတ္သားသားဘဲ ေျပာလိုက္တယ္ဗ်။ ကြၽန္ေတာ္တို႔ တာဝန္မယူေၾကာင္းေပါ့ ျဖစ္လာတဲ့ ျပႆနာေတြကို ကိစၥအဝဝကို တာဝန္မယူေၾကာင္းေပါ့ အဲ့တာေတြကို ကြၽန္ေတာ္ ေျပာလိုက္တယ္ဗ်။"

စစ္ကိုင္းတိုင္းတြင္း ေဒသျပည္သူ႔ကာကြယ္ေရးတပ္ အေတာ္မ်ားမ်ားကေတာ့ စစ္ေကာင္စီကလုပ္မယ့္ ေ႐ြးေကာက္ပြဲကို မယုံၾကည္သလို၊ သူတို႔ေဒသမွာ မဲ႐ုံေထာင္တာေတြကိုလည္း လက္ခံမွာမဟုတ္ဘူးလို႔ ေျပာၾကပါတယ္။ စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္တြင္းမွာရွိတဲ့ စစ္ေကာင္စီလိုလားတဲ့ ျပည္သူစစ္အဖြဲ႕ရွိတဲ့ ေက်း႐ြာတခ်ိဳ႕မွာ အိမ္ေထာင္စုစာရင္းေကာက္ခံတာေတြရွိေနပါတယ္။ လူဦးရည္စာရင္းေကာက္ခံတဲ့ တာဝန္ရွိသူေတြကို စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးေခၚတဲ့ စစ္ေကာင္စီကဖြဲ႕တဲ့ ျပည္သူ႔စစ္တပ္ဖြဲ႕ေတြက လုံၿခဳံေရးယူ ေဆာင္႐ြက္ေပးေနတာလို႔ ေဒသခံတဦးက ေျပာပါတယ္။

"လုံၿခဳံေရးေတြ ဘာေတြလည္း ယူထားတယ္။ သူတို႔က စစ္ေၾကာင္းပုံစံမ်ိဳးနဲ႔ ပ်ဴေၾကာင္းပုံစံမ်ိဳးနဲ႔ ဒီစစ္ေၾကာင္းဝင္တာတို႔ ဘာတို႔လုပ္ၿပီးေတာ့ တအိမ္ဆင္း တအိမ္တက္ အိမ္ေထာင္စုစာရင္းေတြေကာက္ မဲေပးေအာင္လို႔ေပါ့ဗ်ာ။ ပ်ဴေစာထီးေခါင္းေဆာင္ ဝါသဝ ဦးေဆာင္ၿပီးေတာ့ ေကာက္ေနတာဗ် ခုကေတာ့။ တခါသြားရင္ ဝါသဝေနာက္ကို စစ္သားကက် ၁၀ ေယာက္ ၁၅ ေယာက္ေလာက္ပါတယ္ဗ်။ က်န္တာကေတာ့ ပ်ဴေတြဗ်။ ၿမိဳ႕ထဲမွာေတာ့ ေသာင္းေဝတို႔ ခင္ေမာင္ဝင္းတို႔၊ ၿမိဳ႕ထဲမွာက်ေတာ့ သူတို႔က တစ္အိမ္ဆင္းတစ္အိမ္တက္ သူတို႔က နဂိုကတည္းကမွ ရွင္းလင္းေရးက ေန႔တိုင္းလုပ္ေနတာဗ်။ ဖမ္းဆီးတာမ်ိဳးတို႔ ႐ိုက္ႏွက္တာမ်ိဳးတို႔ နဂိုကတည္းကမွ သူတို႔က ၿမိဳ႕ထဲက တစ္အိမ္တက္ဆင္း လုပ္ခဲ့တာဆိုေတာ့ ၿမိဳ႕ထဲမွာက် သူတို႔ရဲ႕ လုံၿခဳံ‌ေရးက ၿမိဳ႕ျပင္မွာဘဲ ကင္းပုန္းေတြ ဝပ္ၿပီးေတာ့ ဒီတိုင္း ကင္းေစာင့္ၿပီးေနတာဗ်။ ခုေလာေလာဆယ္ကေတာ့ ၿမိဳ႕နဲ႔ ဒီကာဘိုးနဲ႔ပဲ ေကာက္တာ ၾကားေသးတယ္ဗ်။"

စစ္အာဏာသိမ္း ၂ ႏွစ္ျပည့္ၿပီး ေနာက္ပိုင္း စစ္ေကာင္စီက ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲကို ျပည္သူေတြအေနနဲ႔ ပူးေပါင္းပါဝင္တာေတြ မလုပ္ဖို႔နဲ႔ အသိအမွတ္မျပဳၾကဖို႔အတြက္ ရည္႐ြယ္တိုက္တြန္းတဲ့ ဆႏၵျပပြဲေတြလည္း ဒီရက္ပိုင္းမွာ ေန႔စဥ္ဆိုသလို စစ္ကိုင္းတိုင္းနဲ႔ တခ်ိဳ႕ေဒသေတြမွာ ျပဳလုပ္လာၾကပါတယ္။

စစ္ေကာင္စီက ျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲကို ဆန႔္က်င္ၾကဖို႔ ႏိုးေဆာ္တိုက္တြန္းတဲ့ ဆႏၵျပပြဲေတြကို စစ္ကိုင္းတိုင္းအတြင္းက ကေလး၊ မုံ႐ြာ၊ ယင္းမာပင္ ဆားလင္းႀကီး၊ ကနီ၊ ေခ်ာင္းဦး စတဲ့ ေဒသေတြမွာ ၂၀၂၂ ႏိုဝင္ဘာလကတည္းက စတင္ လုပ္ေဆာင္ေနၾကတာပါ။ ျမန္မာစစ္ေကာင္စီကေတာ့ ေ႐ြးေကာက္ပြဲေတြကို ဒီႏွစ္ ဩဂုတ္လေလာက္ လုပ္ႏိုင္ေအာင္ရည္မွန္းထားၿပီး၊ ေ႐ြးေကာက္ပြဲမတိုင္ခင္ တည္ၿငိမ္ေအးခ်မ္းရေးရအာင္ ေဆာင္႐ြက္မယ္လို႔ စစ္ေခါင္းေဆာင္ေတြက ေျပာထားပါတယ္။ ျမန္မာလူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ကေတာ့ စစ္ေကာင္စီလုပ္မယ့္ ေ႐ြးေကာက္ပြဲဟာ အတုအေယာင္သာျဖစ္လိမ့္မယ္လို႔ ေဝဖန္ခဲ့သလို၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ စစ္ေကာင္စီလုပ္မယ့္ ေ႐ြးေကာက္ပြဲဟာ တရားဝင္မႈမရွိဘူးလို႔ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================================

[Unicode]

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ပြုစုနေ

စစ်ကောင်စီနဲ့ ‌ဒေသခံ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေမှု ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ပြီး လူဦးရေ စာရင်းပြုစုတာတွေကို စတင်လုပ်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက ပြောပြမှာပါ။

စစ်ကိုင်းတိုင်းအတွင်း နေရာအတော်များများမှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြုစုဖို့ ကြိုးစားနေပေမယ့်၊ ဒေသခံတွေရော ဒေသခံကာကွယ်ရေးအဖွဲ့တွေကပါ ဒါကို လက်မခံကြပါဘူး။ မြန်မာစစ်တပ်နဲ့ ထိတွေ့မှု အပြင်းထန်ဆုံးထဲက တနေရာဖြစ်တဲ့ ပုလဲနယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ဒေသခံကာကွယ်ရေး တပ်တွေကို မြန်မာစစ်တပ်ဖက်က ညှိနှိုင်းမှုလုပ်လာတယ်လို့ ပုလဲနယ် ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"စစ်ကောင်စီစစ်တပ်က ကျွန်တော့်ကိုပေါ့ ရွေးကောက်ပွဲလုပ်ဖို့ပေါ့ ညှိနှိုင်းတာတော့ ရှိတယ်ဗျ။ ဘယ်တပ်ရင်းကလို့တော့ ကျွန်တော်မသိဘူးဗျ။ ဖုန်းဆက်ပြီး ညှိနှိုင်းတာတော့ ရှိတယ်။ သူ့ရဲ့ ရာထူးကတော့ တပ်ရင်းမှုးပုံစံဘဲဗျ။ လက်ခံသလား လက်မခံဘူးလားပေါ့၊ အဲ့လို ညှိနှိုင်းတာတော့ ရှိတယ်ဗျ။ ဒီရွေးကောက်ပွဲလုပ်ရင် ခင်ဗျားတို့လိုချင်တဲ့ လွတ်လပ်ရေးပေါ့ အဲ့လိုပေါ့ ပြန်ရမယ့်ပုံစံမျိုးပေါ့ သူပြောတာ အဲ့လိုမျိုး ပြန်ရမှာ မဟုတ်ဘူးလားပေါ့ အဲ့လိုမျိုး။ နောက်ပြီးတော့ ဒီပုလဲနယ် ရွာတိုင်း တရွာချင်းစီပေါ့ ရွေးကောက်ပွဲ တရွာချင်းစီလာလုပ်ပေးမယ်ပေါ့ အဲ့လိုမျိုး လက်ခံသလားပေါ့။ အဲ့လိုမျိုး လာညှိတာတော့ ရှိတယ်ဗျ။ အဲ့မှာ ကျွန်တော်တချက် မေးကြည့်လိုက်တယ် ပါတီ‌တွေကိုပေါ့ ဘယ်ပါတီတွေ ပါမလဲပေါ့၊ ကျွန်တော်တို့ လိုလားတဲ့ ပါတီတွေ ပါမလာဘူးဗျ။ ပွင့်ပွင့်လင်းလင်းဘဲ လက်မခံကြောင်းကို ကျွန်တော် ပြတ်ပြတ်သားသားဘဲ ပြောလိုက်တယ်ဗျ။ ကျွန်တော်တို့ တာဝန်မယူကြောင်းပေါ့ ဖြစ်လာတဲ့ ပြဿနာတွေကို ကိစ္စအဝဝကို တာဝန်မယူကြောင်းပေါ့ အဲ့တာတွေကို ကျွန်တော် ပြောလိုက်တယ်ဗျ။"

စစ်ကိုင်းတိုင်းတွင်း ဒေသပြည်သူ့ကာကွယ်ရေးတပ် အတော်များများကတော့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို မယုံကြည်သလို၊ သူတို့ဒေသမှာ မဲရုံထောင်တာတွေကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ပြောကြပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင်းမှာရှိတဲ့ စစ်ကောင်စီလိုလားတဲ့ ပြည်သူစစ်အဖွဲ့ရှိတဲ့ ကျေးရွာတချို့မှာ အိမ်ထောင်စုစာရင်းကောက်ခံတာတွေရှိနေပါတယ်။ လူဦးရည်စာရင်းကောက်ခံတဲ့ တာဝန်ရှိသူတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးခေါ်တဲ့ စစ်ကောင်စီကဖွဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက လုံခြုံရေးယူ ဆောင်ရွက်ပေးနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

"လုံခြုံရေးတွေ ဘာတွေလည်း ယူထားတယ်။ သူတို့က စစ်ကြောင်းပုံစံမျိုးနဲ့ ပျူကြောင်းပုံစံမျိုးနဲ့ ဒီစစ်ကြောင်းဝင်တာတို့ ဘာတို့လုပ်ပြီးတော့ တအိမ်ဆင်း တအိမ်တက် အိမ်ထောင်စုစာရင်းတွေကောက် မဲပေးအောင်လို့ပေါ့ဗျာ။ ပျူစောထီးခေါင်းဆောင် ဝါသဝ ဦးဆောင်ပြီးတော့ ကောက်နေတာဗျ ခုကတော့။ တခါသွားရင် ဝါသဝနောက်ကို စစ်သားကကျ ၁၀ ယောက် ၁၅ ယောက်လောက်ပါတယ်ဗျ။ ကျန်တာကတော့ ပျူတွေဗျ။ မြို့ထဲမှာတော့ သောင်းဝေတို့ ခင်မောင်ဝင်းတို့၊ မြို့ထဲမှာကျတော့ သူတို့က တစ်အိမ်ဆင်းတစ်အိမ်တက် သူတို့က နဂိုကတည်းကမှ ရှင်းလင်းရေးက နေ့တိုင်းလုပ်နေတာဗျ။ ဖမ်းဆီးတာမျိုးတို့ ရိုက်နှက်တာမျိုးတို့ နဂိုကတည်းကမှ သူတို့က မြို့ထဲက တစ်အိမ်တက်ဆင်း လုပ်ခဲ့တာဆိုတော့ မြို့ထဲမှာကျ သူတို့ရဲ့ လုံခြုံ‌ရေးက မြို့ပြင်မှာဘဲ ကင်းပုန်းတွေ ဝပ်ပြီးတော့ ဒီတိုင်း ကင်းစောင့်ပြီးနေတာဗျ။ ခုလောလောဆယ်ကတော့ မြို့နဲ့ ဒီကာဘိုးနဲ့ပဲ ကောက်တာ ကြားသေးတယ်ဗျ။"

စစ်အာဏာသိမ်း ၂ နှစ်ပြည့်ပြီး နောက်ပိုင်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်တာတွေ မလုပ်ဖို့နဲ့ အသိအမှတ်မပြုကြဖို့အတွက် ရည်ရွယ်တိုက်တွန်းတဲ့ ဆန္ဒပြပွဲတွေလည်း ဒီရက်ပိုင်းမှာ နေ့စဉ်ဆိုသလို စစ်ကိုင်းတိုင်းနဲ့ တချို့ဒေသတွေမှာ ပြုလုပ်လာကြပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နိုးဆော်တိုက်တွန်းတဲ့ ဆန္ဒပြပွဲတွေကို စစ်ကိုင်းတိုင်းအတွင်းက ကလေး၊ မုံရွာ၊ ယင်းမာပင် ဆားလင်းကြီး၊ ကနီ၊ ချောင်းဦး စတဲ့ ဒေသတွေမှာ ၂၀၂၂ နိုဝင်ဘာလကတည်းက စတင် လုပ်ဆောင်နေကြတာပါ။ မြန်မာစစ်ကောင်စီကတော့ ရွေးကောက်ပွဲတွေကို ဒီနှစ် ဩဂုတ်လလောက် လုပ်နိုင်အောင်ရည်မှန်းထားပြီး၊ ရွေးကောက်ပွဲမတိုင်ခင် တည်ငြိမ်အေးချမ်းရေးရအာင် ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်တွေက ပြောထားပါတယ်။ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်လိမ့်မယ်လို့ ဝေဖန်ခဲ့သလို၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ပြောဆိုထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG