သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡေၾကာင့္ အိုးအိမ္စြန္႔ခြါရသူ ျမန္မာ ၁ ဒသမ ၄ သန္းေက်ာ္ရွိၿပီ (ကုလသမဂၢ IOM)


ဒီပဲယင္း ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ဒုကၡသည္မ်ား (ဒီဇင္ဘာ ၆၊ ၂၀၂၂/Photo: CJ) Depeyin/Tapeyin

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ပဋိပကၡေၾကာင့္ အိုးအိမ္စြန္႔ခြါ ထြက္ေျပးရသူ ၁ ဒသမ ၄ သန္းေက်ာ္ရွိေနၿပီး လာမယ့္ ၂၀၂၃ ခုႏွစ္အတြင္း မွာလည္း လက္ရွိႏႈန္းထား ဒါမွမဟုတ္ ဒီထက္ပိုတဲ့ႏႈန္းထားေတြနဲ႔ ဒုကၡသည္ေတြ ထပ္တိုးလာႏိုင္တာေၾကာင့္ လူသားခ်င္း စာနာမႈဆိုင္ရာ အေျခအေနေတြဟာ ပိုဆိုးလာႏိုင္တယ္လို႔ ကုလသမဂၢရဲ႕ ႏိုင္ငံတကာ ေရႊ႕ေျပာင္းေနထိုင္သူမ်ား ဆိုင္ရာ အဖဲြ႕အစည္းျဖစ္တဲ့ IOM ကထုတ္ျပန္ထားပါတယ္။

၂၀၂၁ ခုႏွစ္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန္႔ခြါ ထြက္ေျပးရသူေပါင္း ၁,၁၀၀,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး စစ္ကိုင္းတိုင္းတခုထဲမွာတင္ ၆၀၁,၀၀၀ ေက်ာ္ရွိတယ္လို႔ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ပဋိပကၡေတြနဲ႔ စီးပြားေရးဆိုင္ရာ အၾကပ္အတည္းေတြေၾကာင့္ တိုင္းျပည္ကို စြန္႔ခြါ ထြက္ေျပးရသူ လစဥ္ ၄၀,၀၀၀ ေလာက္ရွိတယ္လို႔ IOM ကခန္႔မွန္းတြက္ခ်က္ထားပါတယ္။

ျမန္မာျပည္မွာ ပညာေရးနဲ႔ က်န္းမာေရးက႑ေတြမွာလည္း ဆက္ၿပီး အခက္အခဲေတြနဲ႔ ႀကဳံေနရဦးမွာျဖစ္ပါတယ္။ ဒါ့အျပင္ Covid-19 စစ္ေဆးကုသမႈနဲ႔ ကာကြယ္ႏိုင္မႈေတြမွာလည္း အခက္အခဲေတြရွိေနၿပီး အႏၲရာယ္ရွိတဲ့ အေျခအေန ပိုမ်ားလာႏိုင္တယ္လို႔ IOM ကေဖၚျပထားပါတယ္။
၂၀၂၃ ခုႏွစ္အတြင္း စစ္ေကာင္စီက ျပဳလုပ္မယ့္ ေရြးေကာက္ပဲြ အစီအစဥ္ေၾကာင့္လည္း ေနာက္ထပ္ အၾကမ္းဖက္ဖိႏွိပ္မႈ ေတြနဲ႔ လုံျခဳံမႈ ကင္းမဲ့တဲ့ အေျခအေနေတြ ပိုဆိုးလာႏိုင္တယ္လို႔လည္း ခန္႔မွန္းတြက္ခ်က္ထားပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံဟာ ရာသီဥတု ေျပာင္းလဲမႈဒဏ္ကို အဆိုးဝါးဆုံး ခံစားရမယ့္ ႏိုင္ငံေတြထဲမွာ ပါ၀င္ေနၿပီး ခုခံကာကြယ္ႏိုင္မႈမွာ ကမ ၻာေပၚက ႏိုင္ငံေပါင္း ၁၈၂ ႏိုင္ငံမွာ ျမန္မာႏိုင္ငံဟာ အဆင့္ ၁၅၆ မွာရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွါရသူ မြန်မာ ၁ ဒသမ ၄ သန်းကျော်ရှိပြီ (ကုလသမဂ္ဂ IOM)

မြန်မာနိုင်ငံမှာ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော်ရှိနေပြီး လာမယ့် ၂၀၂၃ ခုနှစ်အတွင်း မှာလည်း လက်ရှိနှုန်းထား ဒါမှမဟုတ် ဒီထက်ပိုတဲ့နှုန်းထားတွေနဲ့ ဒုက္ခသည်တွေ ထပ်တိုးလာနိုင်တာကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေဟာ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ IOM ကထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူပေါင်း ၁,၁၀၀,၀၀၀ ကျော် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းတခုထဲမှာတင် ၆၀၁,၀၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေးဆိုင်ရာ အကြပ်အတည်းတွေကြောင့် တိုင်းပြည်ကို စွန့်ခွါ ထွက်ပြေးရသူ လစဉ် ၄၀,၀၀၀ လောက်ရှိတယ်လို့ IOM ကခန့်မှန်းတွက်ချက်ထားပါတယ်။

မြန်မာပြည်မှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်း ဆက်ပြီး အခက်အခဲတွေနဲ့ ကြုံနေရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Covid-19 စစ်ဆေးကုသမှုနဲ့ ကာကွယ်နိုင်မှုတွေမှာလည်း အခက်အခဲတွေရှိနေပြီး အန္တရာယ်ရှိတဲ့ အခြေအနေ ပိုများလာနိုင်တယ်လို့ IOM ကဖေါ်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ အစီအစဉ်ကြောင့်လည်း နောက်ထပ် အကြမ်းဖက်ဖိနှိပ်မှု တွေနဲ့ လုံခြုံမှု ကင်းမဲ့တဲ့ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့လည်း ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားရမယ့် နိုင်ငံတွေထဲမှာ ပါဝင်နေပြီး ခုခံကာကွယ်နိုင်မှုမှာ ကမ ္ဘာပေါ်က နိုင်ငံပေါင်း ၁၈၂ နိုင်ငံမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၅၆ မှာရှိနေပါတယ်။

XS
SM
MD
LG