သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံမူ အလုပ္မျဖစ္ရင္ ဘာဆက္လုပ္ၾကမလဲ


Myanmar ASEAN Summit

ျမန္မာစစ္ေကာင္စီအေပၚ အာဆီယံမူ (၅) ခ်က္ ထိေရာက္မႈမရွိတဲ့အတြက္ ျမန္မာ့အေရးတက္ႂကြသူေတြ သုံးသပ္သူေတြအၾကား အားမလိုအားမရ ျဖစ္ေနၾကခ်ိန္မွာ ဘယ္လို ဆက္လုပ္သင့္သလဲဆိုတာ အႀကံျပဳသူေတြလည္း အမ်ားအျပား ရွိလာေနပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးအျဖစ္ (၅) ႏွစ္တာ ထမ္းေဆာင္ခဲ့ဖူးသူလည္းျဖစ္၊ ျမန္မာ့အေရးကို ဆက္လက္ေစာင့္ၾကည့္ သံုးသပ္ေနသူလည္းျဖစ္တဲ့ Scott Marciel ကေကာ ဘယ္လိုမ်ား အႀကံျပဳလိုပါသလဲ။ ဦးေက်ာ္ဇံသာက ေဆြးႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ Mr. Scott Marciel က ျမန္မာႏိုင္ငံမွာ ငါးႏွစ္ေတာင္ အေမရိကန္သံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတယ္။ အခုေလာေလာဆယ္မွာလဲ ျမန္မာ့အေရးေတြကို သံုးသပ္ၿပီး ေဆာင္းပါးေတြ ေရးေနတဲ့ ပုဂၢိဳလ္ဆိုေတာ့ ျမန္မာ့အေရး ကၽြမ္းက်င္သူတေယာက္လို႔ပဲ က်ေနာ္ သေဘာထားပါတယ္။ အဲဒီေတာ့ ကၽြမ္းက်င္သူတေယာက္အေနနဲ႔ အခုေလာေလာဆယ္ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို အက်ဥ္းရံုးၿပီး လႊမ္းၿခံဳသံုးသပ္ေပးပါ။ တခ်ဳိ ႔က ေျပာေနသလို ဒါဟာ Failed State က်ရွံဳးႏုိင္ငံ ျဖစ္ေနသလား၊ Civil War ျပည္တြင္းစစ္ ျဖစ္ေနသလား။ ဒါမွမဟုတ္ စစ္ေကာင္စီကပဲ အာဏာကို ထိန္းခ်ဳပ္ႏုိင္မယ့္ အလားအလာ ရိွေနပါသလား။

ေျဖ ။ ။ က်ေနာ္ကေတာ့ Failed State က်ရွံဳးႏုိင္ငံ၊ ျပည္တြင္းစစ္ စတဲ့ အသံုးေတြကို မသံုးပါဘူး။ ဒီစကားေတြက တခုမွ ျမန္မာႏုိင္ငံအေျခအေနကို အျပည့္အဝ ေဖာ္ျပႏိုင္ျခင္း မရိွပါဘူး။ က်ေနာ္ ေျပာခ်င္တာကေတာ့ အေျခအေနက စစ္တပ္က သူ႔အာဏာ ျပန္လည္တည္ေဆာက္ဖို႔အတြက္ အာဏာသိမ္းယူခဲ့တယ္။ အဲဒီအခ်ိန္ကစၿပီး ျပည္သူလူထုအမ်ားစုဟာ အဲဒါကို ဆန္႔က်င္ၿပီး ညီညႊတ္လာၾကတယ္။ ဒါဟာ စစ္အုပ္ခ်ဳပ္ေရးအေပၚ ျပည္သူလူထုရဲ ႔ ပုန္ကန္အံုၾကြမႈ Popular Uprising လို႔ ေခၚခ်င္ပါတယ္။ ၿပီးေတာ့ အာဏာသိမ္းမႈ ေနာက္ဆက္တြဲအေျခအေနနဲ႔ စစ္တပ္ရဲ ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြ၊ စီးပြားေရး စီမံခန္႔ခြဲမႈ အမွားအယြင္းေတြ၊ လူထုရဲ ႔ ဆန္႔က်င္မႈေတြနဲ႔တကြ တျခားေသာျပႆနာေတြေၾကာင့္ လူအေျမာက္အျမားဟာ ဆုိးဝါးတဲ့ ဒုကၡမ်ဳိးစံုကို ခံစားေနၾကတဲ့အခ်ိန္ ျဖစ္ပါတယ္။

ေမး ။ ။ ခင္မ်ားေရးတဲ့ ေဆာင္းပါးတပုဒ္မွာ စစ္ေကာင္စီက က်င္းပမယ့္ ေရြးေကာက္ပြဲဟာ ျမန္မာ့ျပႆနာအတြက္ ထြက္ေပါက္မဟုတ္ဘူး။ ဒါေၾကာင့္ အာဆီယံက ဒီေရြးေကာက္ပြဲကို လက္မခံနဲ႔လို႔ အႀကံေပးထားတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ အာဆီယံ လက္မခံေပမဲ့လဲ တရုတ္၊ အိႏိၵယတို႔ စတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ရုရွား၊ ဗင္နီဇြဲလားတို႔နဲ႔ သေဘာထားခ်င္း တိုက္ဆိုင္တဲ့ ႏိုင္ငံေတြကလည္း လက္ခံၾကမွာပဲ ျဖစ္ပါတယ္။ ဆုိေတာ့ အာဆီယံ လက္မခံတာ ဘယ္ေလာက္ထိေရာက္မလဲ။

ေျဖ ။ ။ စစ္ေကာင္စီက ဒီေရြးေကာက္ပြဲကို ဆက္လုပ္သြားမယ္ဆိုရင္ ခင္မ်ားေျပာသြားတဲ့ ႏုိင္ငံတခ်ဳိ ႔က လက္ခံမယ္ဆိုတာကိုေတာ့ က်ေနာ္ မအံ့ၾသပါဘူး။ ဒါေပမဲ့ အာဆီယံက လက္မခံဘူးဆိုတာကို ျပတ္ျပတ္သားသား ေျပာမယ္ဆိုရင္ေတာ့ အဲဒါေတာ့ ေရြးေကာက္ပြဲရဲ ႔ တန္းဖိုးကို ထိခိုက္ေစမွာ ျဖစ္ပါတယ္။ တျခားႏုိင္ငံ အမ်ားစုကလဲ လက္မခံၾကဘူးဆိုရင္ စစ္ေကာင္စီအေနနဲ႔ တရားဝင္ အသိမွတ္ျပဳမျပဳ ခံရေရး ပိုရႏုိင္တဲ့ အလားအလာ အမ်ားစုကလဲ ပိတ္စို႔သြားမွာ ျဖစ္ပါတယ္။ ရုရွားနဲ႔ တရုတ္တုိ႔က အစကတည္းက စစ္ေကာင္စီနဲ႔ လက္တြဲလုပ္ကိုင္ေနၿပီသားပါ။ ဆိုေတာ့ အာဆီယံက လက္မခံတဲ့အတြက္ ျပႆနာအားလံုး ေျပလည္သြားမွာ မဟုတ္ေပမဲ့လဲ ဒါဟာ အာဆီယံအေနနဲ႔ လုပ္ေပး၊ ကူညီေပးႏုိင္တဲ့ကိစၥပါ။ ဒါ့အျပင္ အာဆီယံကိုလည္း ျမန္မာ့ျပႆနာမွာ ပိုမိုထိေရာက္တဲ့ အဖြဲ႔အစည္းတခုအျဖစ္ ေရာက္ရိွေစမွာ ျဖစ္သလို၊ ကမာၻနဲ႔ ျမန္မာ့ျပည္သူေတြအတြက္ ယံုၾကည္စိတ္ခ်ရတဲ့ အဖြဲ႔အစည္း ျဖစ္လာေစပါလိမ့္မယ္။

ေမး ။ ။ ဒါေပမဲ့ ေရြးေကာက္ပြဲကို အထူးသျဖင့္ တရုတ္လိုႏိုင္ငံက အသိအမွတ္ျပဳထားတယ္ဆိုေတာ့ ဒီေနရာမွာ အာဆီယံက တရုတ္ကို ဖီဆန္ၿပီး လုပ္ပါ့မလားဆိုတာကို ထည့္သြင္းမစဥ္းစားသင့္ဘူးလား။

ေျဖ ။ ။ တရုတ္ရဲ ႔ ဆံုးျဖတ္ခ်က္ဟာ အာဆီယံအတြက္ အေရးႀကီးတဲ့ ျပႆနာတရပ္ေတာ့ မဟုတ္ဘူး ထင္ပါတယ္။ အာဆီယံႏုိင္ငံေတြဟာ လံုးဝလြတ္လြတ္လပ္လပ္ ရိွေနတယ္ ထင္ပါတယ္။ တရုတ္က လုပ္ေစခ်င္ရံုနဲ႔၊ အေမရိကန္က လုပ္ေစခ်င္ရံုနဲ႔ လုိက္လုပ္မယ္လို႔ မထင္ပါဘူး။ ဒီေနရာမွာ ပိုၿပီးအေရးႀကီးတဲ့ ျပႆနာက အာဆီယံအဖြဲ႔ဝင္ ႏုိင္ငံတခ်ဳိ ႔ဟာ ျမန္မာစစ္ေကာင္စီအေပၚ သက္ညွာခ်င္တဲ့ စာနာစိတ္ ရိွေနၿပီး၊ ျပတ္သားျပင္းထန္တဲ့ အဆံုးအျဖတ္ ခ်မွတ္တဲ့ကိစၥမွာ ပါဝင္ခ်င္စိတ္ ရိွမွရိွရဲ ႔လားဆိုတဲ့ ကိစၥ ျဖစ္ပါတယ္။

ေမး ။ ။ ခင္မ်ားရဲ ႔ ေဆာင္းပါးထဲမွာ အာဆီယံလုပ္ရမွာက စစ္ေကာင္စီဘက္က ေျခေျချမစ္ျမစ္ ထိထိေရာက္ေရာက္ရိွမယ့္ ႏုိင္ငံေရးအရ အေလွ်ာ့ေပးလိုက္ေလ်ာမႈ လုပ္လာေစဖို႔ ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဆိုေတာ့ အဲဒီလိုအေျခအေန ျဖစ္လာေအာင္ ဘယ္လိုလုပ္ရမလဲ။ ဘယ္လို လိုက္ေလ်ာမႈမ်ဳိးကို ဆိုလိုတာလဲ။

ေျဖ ။ ။ က်ေနာ့္အျမင္မွာေတာ့ ျမန္မာႏုိင္ငံအတြက္ ျဖစ္လာႏိုင္တဲ့ အေျခအေန အမ်ားႀကီး ရိွပါတယ္။ အေျခအေနအမ်ားစုကေတာ့ ေကာင္းတဲ့အလားအလာေတြ မဟုတ္ပါဘူး။ ဒီအထဲမွာ က်ေနာ္ျမင္မိတဲ့ အေကာင္းဆံုး ျဖစ္ႏုိင္ေခ်ကေတာ့ စစ္တပ္အေနနဲ႔ အာဏာျပန္လည္ထိန္းခ်ဳပ္မႈ မျဖစ္ႏုိင္ဘူး။ တုိင္းျပည္ကို အုပ္ခ်ဳပ္ဖို႔လည္း မျဖစ္ႏုိင္ေတာ့ဘူးဆိုတာကို သေဘာေပါက္လာတဲ့ အေျခအေနပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္သူလူထုလက္ကို အဓိကက်တဲ့ ႏိုင္ငံေရးအရ လိုက္ေလ်ာမႈ Major Political Concession လုပ္ၿပီးေတာ့ ႏုိင္ငံရဲ ႔ institution ေတြ၊ အတိအက်ရိွေနတဲ့ အဖြဲ႔အစည္းေတြ ဆက္လက္ရွင္သန္ႏုိင္ေအာင္ ေဆာင္ရြက္ဖို႔ပဲ ျဖစ္ပါတယ္။ ဘယ္လိုလိုက္ေလ်ာမႈေတြ ဆိုတာကေတာ့ ျမန္မာျပည္သူေတြက ဆံုးျဖတ္ၾကရမွာ ျဖစ္ပါတယ္။ အေရးႀကီးတာက စစ္တပ္အေနနဲ႔ ႏုိင္ငံေရးအာဏာကို ထိထိေရာက္ေရာက္ စြန္႔လႊတ္ေပးဖို႔ ျဖစ္ပါတယ္။

ေမး ။ ။ သံုးသပ္သူတခ်ဳိ ႔က NLD နဲ႔ ခုခံတိုက္ခိုက္ေနတဲ့ အင္အားစုေတြကို ရုပ္ပိုင္းဆိုင္ရာ ကူညီပံ့ပိုးေပးဖို႔ လိုအပ္တယ္လို႔ အႀကံျပဳေနတာကို ေတြ႔ရပါတယ္။ ခင္မ်ားရဲ ႔ သေဘာထားအာေဘာ္တခ်ဳိ ႔မွာလည္း ဒီသေဘာမ်ဳိး ပါဝင္ေနတာကို က်ေနာ္ သတိထားမိပါတယ္။ ဘယ္ေလာက္ျဖစ္ႏုိင္ပါသလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္။ က်ေနာ္ ေျပာလိုတာကေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္း ယုတ္စြအဆံုး ျမန္မာျပည္သူေတြအေပၚ ဂရုဏာသက္တဲ့ ႏုိင္ငံေတြ၊ ျမန္မာျပည္ ၿငိမ္းခ်မ္းၿပီး ၾကြယ္ဝေစခ်င္တဲ့ ႏုိင္ငံေတြအေနနဲ႔ အာဏာသိမ္းမႈနဲ႔ စစ္ေကာင္စီကို အျပတ္အသတ္ ဆန္႔က်င္ေနၾကတဲ့ ျပည္သူလူထု အာဏာျပန္ရဖို႔ ေမွ်ာ္လင့္လိုလားၾကမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏုိင္ငံတကာ အသိုင္းအဝိုင္းေတြအေနနဲ႔ အဲဒီျပည္သူေတြကို ကူညီဖို႔ အေရးႀကီးတယ္လို႔ က်ေနာ္ ထင္ပါတယ္။ က်ေနာ္က လက္နက္ကိုင္ အင္အားစုေတြကိုသာ ေျပာေနတာ မဟုတ္ပါဘူး။ က်ေနာ္ ေျပာေနတာက အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြ၊ NUG နဲ႔ စစ္တပ္ကို ႏုိင္ငံေရးအာဏာက ဖယ္ထုတ္ဖုိ႔ အားထုတ္ေနတဲ့လူေတြကို ေျပာေနတာ ျဖစ္ပါတယ္။

ေမး ။ ။ ေရြးေကာက္ပြဲကို တခ်က္ျပန္ေကာက္ခ်င္ပါေသးတယ္။ ျပည္သူအမ်ားစုကေတာ့ ေရြးေကာက္ပြဲကို ႀကိဳက္ၾကမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ စစ္တပ္ကို လိုလားတဲ့ ႏိုင္ငံေရးပါတီေတြ၊ အဖြဲ႔အစည္းေတြလည္း အေတာ္မ်ားမ်ား ရိွေနသလို၊ တခ်ဳိ ႔ေသာ EAOs ေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြက စစ္ေကာင္စီနဲ႔ စကားေျပာေနၾကတာကို ေတြ႔ရပါတယ္ဆိုေတာ့ စစ္ေကာင္စီအေနနဲ႔ ဒီအင္အားစုေတြနဲ႔ ဆက္ၿပီးေတာ့ ေရြးေကာက္ပြဲ လုပ္သြားမယ္ဆိုရင္ေကာ အလုပ္မျဖစ္ႏိုင္ဘူးလား။

ေျဖ ။ ။ စစ္တပ္အေနနဲ႔ ေရြးေကာက္ပြဲကို ဆက္လုပ္ဖို႔ဆိုတာ တကယ္ျဖစ္ႏုိင္ပါတယ္။ က်ေနာ္ ေရးခဲ့ဖူးသလိုပါပဲ ၂၀၀၈ နာဂစ္မုန္တိုင္းတိုက္ၿပီး ရက္သတၱပါတ္အၾကာမွာပဲ ဘယ္လိုမွ အေျခအေနမေပးတဲ့ အေျခအေနမ်ဳိးမွာ လူထုဆႏၵခံယူပြဲဆုိၿပီး လုပ္လာခဲ့တာပါ။ ဆိုေတာ့ ဘာျဖစ္ျဖစ္ သူတုိ႔လုပ္ခ်င္ရင္ေတာ့ ဆက္လုပ္မယ္ဆိုတာေတာ့ ေသခ်ာပါတယ္။ ဒါေပမဲ့ ျပည္သူလူထုအမ်ားစုႀကီးကေတာ့ ဒီေရြးေကာက္ပြဲကို ႀကိဳက္ႏွစ္သက္မွာ မဟုတ္သလုိ၊ ပါဝင္မဲေပးၾကမွာလဲ မဟုတ္ဘူးလို႔ ထင္ပါတယ္။ ဆိုေတာ့ ဒီေရြးေကာက္ပြဲဟာ စစ္ေကာင္စီအတြက္လည္း သိပ္အက်ဳိးရိွမွာ မဟုတ္ဘူးလို႔ ထင္ပါတယ္။ ျပႆနာေတြကိုလည္း လံုးဝေျပလည္ေစမွာ မဟုတ္ပါဘူး။

ေမး ။ ။ တဆက္တည္းမွာပဲ NUG က လုပ္ကိုင္ေဆာင္ရြက္ခ်က္ေတြအေပၚ ခင္မ်ားရဲ ႔အျမင္ကိုလည္း ၾကားခ်င္ပါတယ္။

ေျဖ ။ ။ NUG ကလည္း အခက္အခဲႀကံဳေနရတဲ့ အေျခအေနပဲလို႔ က်ေနာ္ ထင္ပါတယ္။ အဖြဲ႔ဝင္အမ်ားစုဟာ ပုန္းေအာင္းေနရပါတယ္။ ဒါမွမဟုတ္ အက်ပ္အတည္းေတြၾကားမွာ လႈပ္ရွားေနရတာ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းမႈ၊ စစ္ေကာင္စီကို ဆန္႔က်င္မႈနဲ႔ ပတ္သက္ၿပီး အမွန္တကယ္ အဓိကက်တဲ့အခ်က္ကေတာ့ ေအာက္ေျခက လႈပ္ရွားမႈပဲ ျဖစ္ပါတယ္။ ဒါဟာ တကယ့္ကို ေအာက္ေျခကေန အေပၚကိုတက္သြားတဲ့ Bottom Up လႈပ္ရွားမႈျဖစ္ၿပီး၊ အေပၚကေနေအာက္ကို သက္ေရာက္ေစတဲ့ Top Down ကိစၥ မဟုတ္ဘူးလို႔ ထင္ပါတယ္။ ဒီလိုေျပာတာ NUG ကို အေရးမပါဘူးလို႔ ေျပာတာ မဟုတ္ပါဘူး။ တကယ့္ကို အေရးပါပါတယ္။ ပိုအေရးႀကီးတာကေတာ့ ဒီမိုကေရစီ ျပန္လည္တည္ေဆာက္ေရးအတြက္ ႀကိဳးပမ္းေနၾကတဲ့ ႏုိုင္ငံတဝွမ္းက ေဒသအဖြဲ႔အစည္းေတြနဲ႔ လူပုဂၢိဳလ္တဦးခ်င္းေတြပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ တုိင္းရင္းသားလူနည္းစုေတြအပါအဝင္ ဖယ္ဒရယ္ထူေထာင္ေရးအတြက္ လုပ္ေဆာင္ေနတာေတြက အာဏာသိမ္းၿပီးခ်ိန္ကစၿပီး အေရးႀကီးဆံုး ျဖစ္ထြန္းလာမႈေတြလုိ႔ ထင္ပါတယ္။

ေမး ။ ။ ျမန္မာျပည္မွာ လြတ္လပ္ေရးရၿပီးခ်ိန္ကစလို တုိင္းရင္းသားျပႆနာဟာ အင္မတန္မွ အေရးႀကီးတဲ့ ျပႆနာတရပ္ ျဖစ္လာခဲ့တာပါ။ အခုလက္ရိွ ျမန္မာႏုိင္ငံရဲ ႔ သမိုင္းအခ်ဳိးအေကြ႔မွာ တိုင္းရင္းသားေတြရဲ ႔ အခန္းက႑နဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာ့အေရး ကၽြမ္းက်င္သူတေယာက္အေနနဲ႔ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္ ႏွစ္ခ်က္ေျပာခ်င္ပါတယ္။ ပထမတခ်က္က တုိင္းရင္းသားျပႆနာကို ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး အဓြန္႔ရွည္ေအာင္ လုပ္ေဆာင္လာခဲ့သူဟာ စစ္တပ္ ျဖစ္ပါတယ္။ ဆိုေတာ့ စစ္တပ္က ႀကီးစိုးေနရင္ ဒီျပႆနာေတြ လံုးဝေျပလည္မႈ ရႏုိင္မွာ မဟုတ္ပါဘူး။ ဒုတိယတခ်က္က တုိင္းရင္းသားလူနည္းစုေတြနဲ႔ ဗမာလူမ်ဳိးေတြၾကား အယံုအၾကည္ ကင္းမဲ့မႈဟာလဲ ကာလတာရွည္ ရိွလာခဲ့တာပါဆိုေတာ့ အခုအခါမွာ ယံုၾကည္မႈတည္ေဆာက္ဖို႔ ႀကိဳးပမ္းလုပ္ေဆာင္ေနၾကတာကို အခ်ိန္ယူရပါလိမ့္မယ္။ ေအာင္ျမင္မႈရဖို႔ ေသာ့ခ်က္ကေတာ့ တုိင္းရင္းသားလူနည္းစုအားလံုးဟာ ဗမာလူမ်ဳိးေတြနဲ႔ တန္းတူရည္တူ၊ အျပန္အလွန္ ေလးစားမႈနဲ႔ ေပ်ာ္ရႊင္လက္တြဲႏိုင္ဖို႔ ျဖစ္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ အားလံုးဟာ ျမန္မာႏုိင္ငံသားေတြအျဖစ္နဲ႔ အေရးပါၾကတယ္လို႔ ျမင္ဖုိ႔လည္း လိုအပ္ပါတယ္။ က်ေနာ္ကေတာ့ အျပန္အလွန္ေလးစားမႈနဲ႔ ေဆြးေႏြးညိွႏိႈင္းမယ့္ လုပ္ရပ္ေတြကို ေလးစားတန္းဖိုးထားပါတယ္။

ေမး ။ ။ သံုးသပ္သူတခ်ဳိ ႔ ေရးၾကတာကို ေတြ႔ရပါတယ္။ အခုအခ်ိန္္ဟာ Beginning of Post Aung San Suu Kyi Era - ေအာင္ဆန္းစုၾကည္ေခတ္လြန္္ကာလ ျဖစ္ေနၿပီ။ NUG is not NLD – NUG က NLD မဟုတ္ဘူးဆိုၿပီး ေရးေနၾကပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘယ္လိုမွတ္ခ်က္ေပးခ်င္ပါသလဲ။

ေျဖ ။ ။ က်ေနာ္က ႏုိင္ငံျခားသားတေယာက္အေနနဲ႔ေကာ၊ ျမန္မာျပည္နဲ႔ ေဝးကြာေနသူတေယာက္အေနနဲ႔ေကာ ဒီအေျခအေနဟာ ေအာင္ဆန္းစုၾကည္ေခတ္လြန္ ျဖစ္သြားၿပီလို႔ ေျပာႏိုင္တဲ့အေနအထားမွာ မရိွဘူးလို႔ ထင္ပါတယ္။ အခ်ိန္ကာလ ေရာက္လာတဲ့အခါ ျမန္မာျပည္သူေတြက ဆံုးျဖတ္ရမယ့္ကိစၥသာ ျဖစ္ပါတယ္။ ပထမအဆင့္မွာေတာ့ အေျခအေနေတြကို အရပ္ဘက္က ထိန္းခ်ဳပ္ႏိုင္ၿပီး၊ အစိုးရထဲမွာ ျပည္သူ႔ကိုယ္စားလွယ္ အစစ္အမွန္ေတြ ပါဝင္ႏိုင္ေရးပဲ ျဖစ္ပါတယ္။ ေအာင္ဆန္းစုၾကည္က ဘယ္လိုအခန္းက႑ကေန ပါဝင္ႏုိင္မယ္ဆိုတာကို ျပည္သူလူထု ဆံုးျဖတ္ရမွာပါ။ က်ေနာ္ မွတ္ခ်က္မေပးႏိုင္ပါဘူး။

=== Unicode ====

မြန်မာစစ်ကောင်စီအပေါ် အာဆီယံမူ (၅) ချက် ထိရောက်မှုမရှိတဲ့အတွက် မြန်မာ့အရေးတက်ကြွသူတွေ သုံးသပ်သူတွေအကြား အားမလိုအားမရ ဖြစ်နေကြချိန်မှာ ဘယ်လို ဆက်လုပ်သင့်သလဲဆိုတာ အကြံပြုသူတွေလည်း အများအပြား ရှိလာနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် (၅) နှစ်တာ ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်၊ မြန်မာ့အရေးကို ဆက်လက်စောင့်ကြည့် သုံးသပ်နေသူလည်းဖြစ်တဲ့ Scott Marciel ကကော ဘယ်လိုများ အကြံပြုလိုပါသလဲ။ ဦးကျော်ဇံသာက ဆွေးနွးသုံးသပ်ထားပါတယ်။

မေး ။ ။ Mr. Scott Marciel က မြန်မာနိုင်ငံမှာ ငါးနှစ်တောင် အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အခုလောလောဆယ်မှာလဲ မြန်မာ့အရေးတွေကို သုံးသပ်ပြီး ဆောင်းပါးတွေ ရေးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ မြန်မာ့အရေး ကျွမ်းကျင်သူတယောက်လို့ပဲ ကျနော် သဘောထားပါတယ်။ အဲဒီတော့ ကျွမ်းကျင်သူတယောက်အနေနဲ့ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အကျဉ်းရုံးပြီး လွှမ်းခြုံသုံးသပ်ပေးပါ။ တချို့က ပြောနေသလို ဒါဟာ Failed State ကျရှုံးနိုင်ငံ ဖြစ်နေသလား၊ Civil War ပြည်တွင်းစစ် ဖြစ်နေသလား။ ဒါမှမဟုတ် စစ်ကောင်စီကပဲ အာဏာကို ထိန်းချုပ်နိုင်မယ့် အလားအလာ ရှိနေပါသလား။

ဖြေ ။ ။ ကျနော်ကတော့ Failed State ကျရှုံးနိုင်ငံ၊ ပြည်တွင်းစစ် စတဲ့ အသုံးတွေကို မသုံးပါဘူး။ ဒီစကားတွေက တခုမှ မြန်မာနိုင်ငံအခြေအနေကို အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိပါဘူး။ ကျနော် ပြောချင်တာကတော့ အခြေအနေက စစ်တပ်က သူ့အာဏာ ပြန်လည်တည်ဆောက်ဖို့အတွက် အာဏာသိမ်းယူခဲ့တယ်။ အဲဒီအချိန်ကစပြီး ပြည်သူလူထုအများစုဟာ အဲဒါကို ဆန့်ကျင်ပြီး ညီညွှတ်လာကြတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးအပေါ် ပြည်သူလူထုရဲ့ ပုန်ကန်အုံကြွမှု Popular Uprising လို့ ခေါ်ချင်ပါတယ်။ ပြီးတော့ အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ စီးပွားရေး စီမံခန့်ခွဲမှု အမှားအယွင်းတွေ၊ လူထုရဲ့ ဆန့်ကျင်မှုတွေနဲ့တကွ တခြားသောပြဿနာတွေကြောင့် လူအမြောက်အမြားဟာ ဆိုးဝါးတဲ့ ဒုက္ခမျိုးစုံကို ခံစားနေကြတဲ့အချိန် ဖြစ်ပါတယ်။

မေး ။ ။ ခင်များရေးတဲ့ ဆောင်းပါးတပုဒ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့ပြဿနာအတွက် ထွက်ပေါက်မဟုတ်ဘူး။ ဒါကြောင့် အာဆီယံက ဒီရွေးကောက်ပွဲကို လက်မခံနဲ့လို့ အကြံပေးထားတာကို တွေ့ရပါတယ်။ ဆိုတော့ အာဆီယံ လက်မခံပေမဲ့လဲ တရုတ်၊ အိန္ဒိယတို့ စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရုရှား၊ ဗင်နီဇွဲလားတို့နဲ့ သဘောထားချင်း တိုက်ဆိုင်တဲ့ နိုင်ငံတွေကလည်း လက်ခံကြမှာပဲ ဖြစ်ပါတယ်။ ဆိုတော့ အာဆီယံ လက်မခံတာ ဘယ်လောက်ထိရောက်မလဲ။

ဖြေ ။ ။ စစ်ကောင်စီက ဒီရွေးကောက်ပွဲကို ဆက်လုပ်သွားမယ်ဆိုရင် ခင်များပြောသွားတဲ့ နိုင်ငံတချို့က လက်ခံမယ်ဆိုတာကိုတော့ ကျနော် မအံ့သြပါဘူး။ ဒါပေမဲ့ အာဆီယံက လက်မခံဘူးဆိုတာကို ပြတ်ပြတ်သားသား ပြောမယ်ဆိုရင်တော့ အဲဒါတော့ ရွေးကောက်ပွဲရဲ့ တန်းဖိုးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံ အများစုကလဲ လက်မခံကြဘူးဆိုရင် စစ်ကောင်စီအနေနဲ့ တရားဝင် အသိမှတ်ပြုမပြု ခံရရေး ပိုရနိုင်တဲ့ အလားအလာ အများစုကလဲ ပိတ်စို့သွားမှာ ဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့က အစကတည်းက စစ်ကောင်စီနဲ့ လက်တွဲလုပ်ကိုင်နေပြီသားပါ။ ဆိုတော့ အာဆီယံက လက်မခံတဲ့အတွက် ပြဿနာအားလုံး ပြေလည်သွားမှာ မဟုတ်ပေမဲ့လဲ ဒါဟာ အာဆီယံအနေနဲ့ လုပ်ပေး၊ ကူညီပေးနိုင်တဲ့ကိစ္စပါ။ ဒါ့အပြင် အာဆီယံကိုလည်း မြန်မာ့ပြဿနာမှာ ပိုမိုထိရောက်တဲ့ အဖွဲ့အစည်းတခုအဖြစ် ရောက်ရှိစေမှာ ဖြစ်သလို၊ ကမ္ဘာနဲ့ မြန်မာ့ပြည်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း ဖြစ်လာစေပါလိမ့်မယ်။

မေး ။ ။ ဒါပေမဲ့ ရွေးကောက်ပွဲကို အထူးသဖြင့် တရုတ်လိုနိုင်ငံက အသိအမှတ်ပြုထားတယ်ဆိုတော့ ဒီနေရာမှာ အာဆီယံက တရုတ်ကို ဖီဆန်ပြီး လုပ်ပါ့မလားဆိုတာကို ထည့်သွင်းမစဉ်းစားသင့်ဘူးလား။

ဖြေ ။ ။ တရုတ်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံအတွက် အရေးကြီးတဲ့ ပြဿနာတရပ်တော့ မဟုတ်ဘူး ထင်ပါတယ်။ အာဆီယံနိုင်ငံတွေဟာ လုံးဝလွတ်လွတ်လပ်လပ် ရှိနေတယ် ထင်ပါတယ်။ တရုတ်က လုပ်စေချင်ရုံနဲ့၊ အမေရိကန်က လုပ်စေချင်ရုံနဲ့ လိုက်လုပ်မယ်လို့ မထင်ပါဘူး။ ဒီနေရာမှာ ပိုပြီးအရေးကြီးတဲ့ ပြဿနာက အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ မြန်မာစစ်ကောင်စီအပေါ် သက်ညှာချင်တဲ့ စာနာစိတ် ရှိနေပြီး၊ ပြတ်သားပြင်းထန်တဲ့ အဆုံးအဖြတ် ချမှတ်တဲ့ကိစ္စမှာ ပါဝင်ချင်စိတ် ရှိမှရှိရဲ့လားဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။

မေး ။ ။ ခင်များရဲ့ ဆောင်းပါးထဲမှာ အာဆီယံလုပ်ရမှာက စစ်ကောင်စီဘက်က ခြေခြေမြစ်မြစ် ထိထိရောက်ရောက်ရှိမယ့် နိုင်ငံရေးအရ အလျှော့ပေးလိုက်လျောမှု လုပ်လာစေဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဆိုတော့ အဲဒီလိုအခြေအနေ ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လို လိုက်လျောမှုမျိုးကို ဆိုလိုတာလဲ။

ဖြေ ။ ။ ကျနော့်အမြင်မှာတော့ မြန်မာနိုင်ငံအတွက် ဖြစ်လာနိုင်တဲ့ အခြေအနေ အများကြီး ရှိပါတယ်။ အခြေအနေအများစုကတော့ ကောင်းတဲ့အလားအလာတွေ မဟုတ်ပါဘူး။ ဒီအထဲမှာ ကျနော်မြင်မိတဲ့ အကောင်းဆုံး ဖြစ်နိုင်ချေကတော့ စစ်တပ်အနေနဲ့ အာဏာပြန်လည်ထိန်းချုပ်မှု မဖြစ်နိုင်ဘူး။ တိုင်းပြည်ကို အုပ်ချုပ်ဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုတာကို သဘောပေါက်လာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုလက်ကို အဓိကကျတဲ့ နိုင်ငံရေးအရ လိုက်လျောမှု Major Political Concession လုပ်ပြီးတော့ နိုင်ငံရဲ့ institution တွေ၊ အတိအကျရှိနေတဲ့ အဖွဲ့အစည်းတွေ ဆက်လက်ရှင်သန်နိုင်အောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုလိုက်လျောမှုတွေ ဆိုတာကတော့ မြန်မာပြည်သူတွေက ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ အရေးကြီးတာက စစ်တပ်အနေနဲ့ နိုင်ငံရေးအာဏာကို ထိထိရောက်ရောက် စွန့်လွှတ်ပေးဖို့ ဖြစ်ပါတယ်။

မေး ။ ။ သုံးသပ်သူတချို့က NLD နဲ့ ခုခံတိုက်ခိုက်နေတဲ့ အင်အားစုတွေကို ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ အကြံပြုနေတာကို တွေ့ရပါတယ်။ ခင်များရဲ့ သဘောထားအာဘော်တချို့မှာလည်း ဒီသဘောမျိုး ပါဝင်နေတာကို ကျနော် သတိထားမိပါတယ်။ ဘယ်လောက်ဖြစ်နိုင်ပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော် ပြောလိုတာကတော့ နိုင်ငံတကာအသိုင်းအဝိုင်း ယုတ်စွအဆုံး မြန်မာပြည်သူတွေအပေါ် ဂရုဏာသက်တဲ့ နိုင်ငံတွေ၊ မြန်မာပြည် ငြိမ်းချမ်းပြီး ကြွယ်ဝစေချင်တဲ့ နိုင်ငံတွေအနေနဲ့ အာဏာသိမ်းမှုနဲ့ စစ်ကောင်စီကို အပြတ်အသတ် ဆန့်ကျင်နေကြတဲ့ ပြည်သူလူထု အာဏာပြန်ရဖို့ မျှော်လင့်လိုလားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့ အဲဒီပြည်သူတွေကို ကူညီဖို့ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်က လက်နက်ကိုင် အင်အားစုတွေကိုသာ ပြောနေတာ မဟုတ်ပါဘူး။ ကျနော် ပြောနေတာက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ NUG နဲ့ စစ်တပ်ကို နိုင်ငံရေးအာဏာက ဖယ်ထုတ်ဖို့ အားထုတ်နေတဲ့လူတွေကို ပြောနေတာ ဖြစ်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲကို တချက်ပြန်ကောက်ချင်ပါသေးတယ်။ ပြည်သူအများစုကတော့ ရွေးကောက်ပွဲကို ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်တပ်ကို လိုလားတဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေလည်း အတော်များများ ရှိနေသလို၊ တချို့သော EAOs တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက စစ်ကောင်စီနဲ့ စကားပြောနေကြတာကို တွေ့ရပါတယ်ဆိုတော့ စစ်ကောင်စီအနေနဲ့ ဒီအင်အားစုတွေနဲ့ ဆက်ပြီးတော့ ရွေးကောက်ပွဲ လုပ်သွားမယ်ဆိုရင်ကော အလုပ်မဖြစ်နိုင်ဘူးလား။

ဖြေ ။ ။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ဆိုတာ တကယ်ဖြစ်နိုင်ပါတယ်။ ကျနော် ရေးခဲ့ဖူးသလိုပါပဲ ၂၀၀၈ နာဂစ်မုန်တိုင်းတိုက်ပြီး ရက်သတ္တပါတ်အကြာမှာပဲ ဘယ်လိုမှ အခြေအနေမပေးတဲ့ အခြေအနေမျိုးမှာ လူထုဆန္ဒခံယူပွဲဆိုပြီး လုပ်လာခဲ့တာပါ။ ဆိုတော့ ဘာဖြစ်ဖြစ် သူတို့လုပ်ချင်ရင်တော့ ဆက်လုပ်မယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအများစုကြီးကတော့ ဒီရွေးကောက်ပွဲကို ကြိုက်နှစ်သက်မှာ မဟုတ်သလို၊ ပါဝင်မဲပေးကြမှာလဲ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဆိုတော့ ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက်လည်း သိပ်အကျိုးရှိမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ပြဿနာတွေကိုလည်း လုံးဝပြေလည်စေမှာ မဟုတ်ပါဘူး။

မေး ။ ။ တဆက်တည်းမှာပဲ NUG က လုပ်ကိုင်ဆောင်ရွက်ချက်တွေအပေါ် ခင်များရဲ့အမြင်ကိုလည်း ကြားချင်ပါတယ်။

ဖြေ ။ ။ NUG ကလည်း အခက်အခဲကြုံနေရတဲ့ အခြေအနေပဲလို့ ကျနော် ထင်ပါတယ်။ အဖွဲ့ဝင်အများစုဟာ ပုန်းအောင်းနေရပါတယ်။ ဒါမှမဟုတ် အကျပ်အတည်းတွေကြားမှာ လှုပ်ရှားနေရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု၊ စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ ပတ်သက်ပြီး အမှန်တကယ် အဓိကကျတဲ့အချက်ကတော့ အောက်ခြေက လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို အောက်ခြေကနေ အပေါ်ကိုတက်သွားတဲ့ Bottom Up လှုပ်ရှားမှုဖြစ်ပြီး၊ အပေါ်ကနေအောက်ကို သက်ရောက်စေတဲ့ Top Down ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီလိုပြောတာ NUG ကို အရေးမပါဘူးလို့ ပြောတာ မဟုတ်ပါဘူး။ တကယ့်ကို အရေးပါပါတယ်။ ပိုအရေးကြီးတာကတော့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ နိုင်ငံတဝှမ်းက ဒေသအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းတွေပဲ ဖြစ်ပါတယ်။ ပြီးတော့ တိုင်းရင်းသားလူနည်းစုတွေအပါအဝင် ဖယ်ဒရယ်ထူထောင်ရေးအတွက် လုပ်ဆောင်နေတာတွေက အာဏာသိမ်းပြီးချိန်ကစပြီး အရေးကြီးဆုံး ဖြစ်ထွန်းလာမှုတွေလို့ ထင်ပါတယ်။

မေး ။ ။ မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးချိန်ကစလို တိုင်းရင်းသားပြဿနာဟာ အင်မတန်မှ အရေးကြီးတဲ့ ပြဿနာတရပ် ဖြစ်လာခဲ့တာပါ။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ သမိုင်းအချိုးအကွေ့မှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ မြန်မာ့အရေး ကျွမ်းကျင်သူတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ကျနော် နှစ်ချက်ပြောချင်ပါတယ်။ ပထမတချက်က တိုင်းရင်းသားပြဿနာကို ဆယ်စုနှစ်တွေနဲ့ချီပြီး အဓွန့်ရှည်အောင် လုပ်ဆောင်လာခဲ့သူဟာ စစ်တပ် ဖြစ်ပါတယ်။ ဆိုတော့ စစ်တပ်က ကြီးစိုးနေရင် ဒီပြဿနာတွေ လုံးဝပြေလည်မှု ရနိုင်မှာ မဟုတ်ပါဘူး။ ဒုတိယတချက်က တိုင်းရင်းသားလူနည်းစုတွေနဲ့ ဗမာလူမျိုးတွေကြား အယုံအကြည် ကင်းမဲ့မှုဟာလဲ ကာလတာရှည် ရှိလာခဲ့တာပါဆိုတော့ အခုအခါမှာ ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြတာကို အချိန်ယူရပါလိမ့်မယ်။ အောင်မြင်မှုရဖို့ သော့ချက်ကတော့ တိုင်းရင်းသားလူနည်းစုအားလုံးဟာ ဗမာလူမျိုးတွေနဲ့ တန်းတူရည်တူ၊ အပြန်အလှန် လေးစားမှုနဲ့ ပျော်ရွှင်လက်တွဲနိုင်ဖို့ ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ အားလုံးဟာ မြန်မာနိုင်ငံသားတွေအဖြစ်နဲ့ အရေးပါကြတယ်လို့ မြင်ဖို့လည်း လိုအပ်ပါတယ်။ ကျနော်ကတော့ အပြန်အလှန်လေးစားမှုနဲ့ ဆွေးနွေးညှိနှိုင်းမယ့် လုပ်ရပ်တွေကို လေးစားတန်းဖိုးထားပါတယ်။

မေး ။ ။ သုံးသပ်သူတချို့ ရေးကြတာကို တွေ့ရပါတယ်။ အခုအချိန်ဟာ Beginning of Post Aung San Suu Kyi Era - အောင်ဆန်းစုကြည်ခေတ်လွန်ကာလ ဖြစ်နေပြီ။ NUG is not NLD – NUG က NLD မဟုတ်ဘူးဆိုပြီး ရေးနေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ ။ ။ ကျနော်က နိုင်ငံခြားသားတယောက်အနေနဲ့ကော၊ မြန်မာပြည်နဲ့ ဝေးကွာနေသူတယောက်အနေနဲ့ကော ဒီအခြေအနေဟာ အောင်ဆန်းစုကြည်ခေတ်လွန် ဖြစ်သွားပြီလို့ ပြောနိုင်တဲ့အနေအထားမှာ မရှိဘူးလို့ ထင်ပါတယ်။ အချိန်ကာလ ရောက်လာတဲ့အခါ မြန်မာပြည်သူတွေက ဆုံးဖြတ်ရမယ့်ကိစ္စသာ ဖြစ်ပါတယ်။ ပထမအဆင့်မှာတော့ အခြေအနေတွေကို အရပ်ဘက်က ထိန်းချုပ်နိုင်ပြီး၊ အစိုးရထဲမှာ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ ပါဝင်နိုင်ရေးပဲ ဖြစ်ပါတယ်။ အောင်ဆန်းစုကြည်က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်ဆိုတာကို ပြည်သူလူထု ဆုံးဖြတ်ရမှာပါ။ ကျနော် မှတ်ချက်မပေးနိုင်ပါဘူး။

XS
SM
MD
LG