သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကသာၿမိဳ႕နယ္၊ မိုးတားေလးအနီး စစ္ေကာင္စီ အင္အားျဖည့္ေန၊ ေက်း႐ြာေတြ မီး႐ိႈ႕


ၿဂိဳဟ္တုက ျမင္ရသည့္ ကသာၿမိဳ႕နဲ႔ အနီးတဝိုက္ေျမပံု

စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္ မိုးတားေလးေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္က စစ္အင္အားထပ္မံ ျဖည့္တင္းေနၿပီး တိုက္ကုန္း၊ ေဗာဓိကုန္း ႐ြာ၂႐ြာကို မီး႐ိႈ႕ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ မိုးတာေလး၊ တိုက္ကုန္း၊ ေဗာဓိကုန္း စတဲ့ေက်း႐ြာေတြက အိမ္ေျခ ၁,၄၀၀ ေက်ာ္ဟာ ဗန္းေမာ္၊ ကသာနဲ႔ ေဘးလြတ္ရာေတြကို တိမ္းေ႐ွာင္ေနရပါတယ္။ ဒီသတင္းကိုေတာ့ ကိုရန္ႏိုင္က တင္ျပထားပါတယ္။

စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္အစပ္ေဒသက ကသာၿမိဳ႕နယ္ မိုးတားေလးေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ ABSDF, PDF ပူးေပါင္းတပ္ေတြအၾကား ၁၇ရက္ေန႔ကေန ၂၀ရက္ေန႔အထိ တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။ ၂၀ ရက္ေန႔ေနာက္ပိုင္းမွာ တိုက္ပြဲေတြ ၿငိမ္သက္သြားၿပီးေနာက္ စစ္ေကာင္စီတပ္ဘက္က အင္အားျဖည့္တင္းတာေတြ ႐ွိသလို တိုက္ပြဲျဖစ္ပြားရာအနီးက ေက်း႐ြာေတြကို မီး႐ိႈ႕ဖ်က္ဆီးတာေတြ ႐ွိေနေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

“အခု က်ေနာ္တို႔ မိုးတားေလးေပါ့ဗ်ာ။ မိုးတားေလးဆိုတာ ဧရာဝတီျမစ္ကမ္းနားေလးမွာပဲ။ အဲဒီမိုးတားေလးမွာ သရက္ပင္ေက်ာင္းတိုက္ဆိုတာ ႐ွိတယ္။ သရက္ပင္ေက်ာင္းတိုက္ရဲ႕ အထက္ဘက္မွာ႐ွိတဲ့ တိုက္ကုန္းတို႔၊ ေဗာဓိကုန္းတို႔ အဲဒီ ႐ြာ ၂ ႐ြာကို ႐ိႈ႕ေနတာ။ အခုလက္႐ွိ ႐ိႈ႕တုန္း။ ဒီေန႔မနက္။ ဟိုေန႔က တိုက္ကုန္း ေလာင္တယ္ဆိုတာ ေလယာဥ္ေပၚက ခ်တဲ့ဟာ။ အခုကက်ေတာ့ ထပ္ၿပီးမွ အင္အားျဖည့္ၿပီးမွ ေရာက္လာတဲ့ ဥစၥာ။ ဗန္းေမာ္ကေနလည္း ဟတ္စကီးနဲ႔ ခ်တယ္။ ကသာဘက္ကလည္း တက္လာတာေလ။ ခမရ ၇၇ က လက္က်န္ ၃၀ ေလာက္နဲ႔ ေပါင္းၿပီးမွ အဲဒီ႐ြာေတြ မီး႐ိႈ႕ေနတာ။”

ေလာေလာဆည္ ေဗာဓိကုန္း၊ တိုက္ကုန္းနဲ႔ မိုးတားေလး ေက်း႐ြာက ေဒသခံေတြဟာ ေ႐ႊကူနဲ႔ ကသာၿမိဳ႕ေတြကို တိမ္းေ႐ွာင္ေနၾကေၾကာင္း အခုလို ဆက္ေျပာပါတယ္။

“အခု ႐ိႈခံထားရတဲ့ဥစၥာက က်ေတာ့ က်ေနာ္တို႔ ေဗာဓိကုန္းနဲ႔ တိုက္ကုန္းဆိုတာ အိမ္ေျခ ၂၀၀ ေက်ာ္ေတြ ႐ွိတယ္။ အဲဒီ ႐ြာ ၂ ႐ြာက။ အခု အဲဒီ ၂ ႐ြာလုံးက ကုန္သေလာက္ျဖစ္ၿပီ။ အဲဒါေတြက အကုန္ေျပးေနရတာ။ ၿပီးတဲ့အခါက်ေတာ့ မိုးတား႐ြာက်ေတာ့ ႐ြာေတာ္ေတာ္ႀကီးထားတာေလ။ အိမ္ေျခ တစ္ေထာင္ေက်ာ္တယ္။ အဲဒီဘက္က ဥစၥာကလည္း ေ႐ႊကူဘက္ေတြ ဘာေတြ ေရာက္ထားၿပီ စစ္ေ႐ွာင္ေတြက။ ၿမိဳ႕ထဲကို။ ကသာလည္း ေျပးတယ္။ ေ႐ႊကူလည္း ေျပးတယ္။ အမ်ိဳးေတြ နီးစပ္ရာ႐ွိတဲ့လူေပါ့ဗ်ာ။ ”

အျခားေဒသခံ အမ်ိဳးသမီးတစ္ဦးကလည္း ေဒသတြင္း ျဖစ္ပ်က္ေနတဲ့အေျခအေနကို အခုလို ေျပာပါတယ္။

“ဒီေန႔ မနက္ကေလ တိုက္ကုန္းနဲ႔ ေဗာဓိကုန္းကို မီး႐ိႈ႕ေနၿပီ႐ွင္။ ၁၁ ေလာက္ကတည္းက ႐ိႈ႕တာ႐ွင္။ အိမ္ေတြကို အရင္ဆုံး သူတို႔က ေမႊတာေပါ့။ ႐ွာတာေပါ့။ ႐ွာတယ္ဆိုတာ ပိုက္ဆံတို႔ ဘာတို႔ညာတို႔ အဲဒါမ်ိဳးေတြ ေနမွာေပါ့။ သူတို႔ ရခ်င္တာကို ယူၿပီးရင္ အဲဒါကို မီး႐ိႈ႕တာ။ အခုေလာေလာဆည္ေတာ့ ႐ြာသားေတြလည္း မ႐ွိၾကဘူး။ မီးလည္း မၿငိမ္းၾကဘူး။ မီး႐ိႈ႕တယ္ဆိုတာ တခ်ိဳ႕တေလက်န္ထားတဲ့အိမ္ေတြေပါ့။ အဲဒါေတြက ေျပာတာ။ ဒီမွာေတာ့ စစ္ေ႐ွာင္ေတြ အမ်ားႀကီး ေရာက္ေနတာ ကသာၿမိဳ႕ေပၚမွာ။ စစ္ေ႐ွာင္ကက်ေတာ့ ေဆး႐ုံနားေလးက သရခံေက်ာင္းတိုက္မွာ ႐ွိတယ္။ မိတ္သလင္းေက်ာင္းမွာ ႐ွိတယ္။ မိတ္သလင္းကက်ေတာ့ ၁၀၅ ဦး ႐ွိတယ္။ သံဃာကက်ေတာ့ ဦးပဥၹင္း၊ ဘုန္းႀကီး၊ ေက်ာင္းထိုင္၊ ကိုရင္ ၁၆ ပါး ႐ွိတယ္႐ွင္။ ”

ကသာၿမိဳ႕ေပၚေရာက္လာတဲ့ စစ္ေ႐ွာင္ေတြကိုေတာ့ ဘုန္းေတာ္ႀကီးနဲ႔ ၿမိဳ႕ခံျပည္သူေတြက ဝိုင္းဝန္းကူညီထားပါတယ္။

ဒီလ ၁၈ ရက္ေန႔က စစ္ေကာင္စီတပ္က ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ခဲ့ခ်ိန္မွာ မိုးတားေလးေက်း႐ြာအတြင္း က်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ ၇ ဦး ေသဆုံးၿပီး၊ လူ ၃၀ ေလာက္ ထိခိုက္ခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ကသာၿမိဳ႕နယ္ မိုးတားေလး႐ြာဘက္မွာ တိုက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္တာ မ႐ွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စစ်အင်အားထပ်မံ ဖြည့်တင်းနေပြီး တိုက်ကုန်း၊ ဗောဓိကုန်း ရွာ၂ရွာကို မီးရှို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မိုးတာလေး၊ တိုက်ကုန်း၊ ဗောဓိကုန်း စတဲ့ကျေးရွာတွေက အိမ်ခြေ ၁,၄၀၀ ကျော်ဟာ ဗန်းမော်၊ ကသာနဲ့ ဘေးလွတ်ရာတွေကို တိမ်းရှောင်နေရပါတယ်။ ဒီသတင်းကိုတော့ ကိုရန်နိုင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ဒေသက ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ABSDF, PDF ပူးပေါင်းတပ်တွေအကြား ၁၇ရက်နေ့ကနေ ၂၀ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ၂၀ ရက်နေ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပြီးနောက် စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းတာတွေ ရှိသလို တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု ကျနော်တို့ မိုးတားလေးပေါ့ဗျာ။ မိုးတားလေးဆိုတာ ဧရာဝတီမြစ်ကမ်းနားလေးမှာပဲ။ အဲဒီမိုးတားလေးမှာ သရက်ပင်ကျောင်းတိုက်ဆိုတာ ရှိတယ်။ သရက်ပင်ကျောင်းတိုက်ရဲ့ အထက်ဘက်မှာရှိတဲ့ တိုက်ကုန်းတို့၊ ဗောဓိကုန်းတို့ အဲဒီ ရွာ ၂ ရွာကို ရှို့နေတာ။ အခုလက်ရှိ ရှို့တုန်း။ ဒီနေ့မနက်။ ဟိုနေ့က တိုက်ကုန်း လောင်တယ်ဆိုတာ လေယာဉ်ပေါ်က ချတဲ့ဟာ။ အခုကကျတော့ ထပ်ပြီးမှ အင်အားဖြည့်ပြီးမှ ရောက်လာတဲ့ ဥစ္စာ။ ဗန်းမော်ကနေလည်း ဟတ်စကီးနဲ့ ချတယ်။ ကသာဘက်ကလည်း တက်လာတာလေ။ ခမရ ၇၇ က လက်ကျန် ၃၀ လောက်နဲ့ ပေါင်းပြီးမှ အဲဒီရွာတွေ မီးရှို့နေတာ။”

လောလောဆည် ဗောဓိကုန်း၊ တိုက်ကုန်းနဲ့ မိုးတားလေး ကျေးရွာက ဒေသခံတွေဟာ ရွှေကူနဲ့ ကသာမြို့တွေကို တိမ်းရှောင်နေကြကြောင်း အခုလို ဆက်ပြောပါတယ်။

“အခု ရှိုခံထားရတဲ့ဥစ္စာက ကျတော့ ကျနော်တို့ ဗောဓိကုန်းနဲ့ တိုက်ကုန်းဆိုတာ အိမ်ခြေ ၂၀၀ ကျော်တွေ ရှိတယ်။ အဲဒီ ရွာ ၂ ရွာက။ အခု အဲဒီ ၂ ရွာလုံးက ကုန်သလောက်ဖြစ်ပြီ။ အဲဒါတွေက အကုန်ပြေးနေရတာ။ ပြီးတဲ့အခါကျတော့ မိုးတားရွာကျတော့ ရွာတော်တော်ကြီးထားတာလေ။ အိမ်ခြေ တစ်ထောင်ကျော်တယ်။ အဲဒီဘက်က ဥစ္စာကလည်း ရွှေကူဘက်တွေ ဘာတွေ ရောက်ထားပြီ စစ်ရှောင်တွေက။ မြို့ထဲကို။ ကသာလည်း ပြေးတယ်။ ရွှေကူလည်း ပြေးတယ်။ အမျိုးတွေ နီးစပ်ရာရှိတဲ့လူပေါ့ဗျာ။ ”

အခြားဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဒေသတွင်း ဖြစ်ပျက်နေတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ဒီနေ့ မနက်ကလေ တိုက်ကုန်းနဲ့ ဗောဓိကုန်းကို မီးရှို့နေပြီရှင်။ ၁၁ လောက်ကတည်းက ရှို့တာရှင်။ အိမ်တွေကို အရင်ဆုံး သူတို့က မွှေတာပေါ့။ ရှာတာပေါ့။ ရှာတယ်ဆိုတာ ပိုက်ဆံတို့ ဘာတို့ညာတို့ အဲဒါမျိုးတွေ နေမှာပေါ့။ သူတို့ ရချင်တာကို ယူပြီးရင် အဲဒါကို မီးရှို့တာ။ အခုလောလောဆည်တော့ ရွာသားတွေလည်း မရှိကြဘူး။ မီးလည်း မငြိမ်းကြဘူး။ မီးရှို့တယ်ဆိုတာ တချို့တလေကျန်ထားတဲ့အိမ်တွေပေါ့။ အဲဒါတွေက ပြောတာ။ ဒီမှာတော့ စစ်ရှောင်တွေ အများကြီး ရောက်နေတာ ကသာမြို့ပေါ်မှာ။ စစ်ရှောင်ကကျတော့ ဆေးရုံနားလေးက သရခံကျောင်းတိုက်မှာ ရှိတယ်။ မိတ်သလင်းကျောင်းမှာ ရှိတယ်။ မိတ်သလင်းကကျတော့ ၁၀၅ ဦး ရှိတယ်။ သံဃာကကျတော့ ဦးပဉ္ဖင်း၊ ဘုန်းကြီး၊ ကျောင်းထိုင်၊ ကိုရင် ၁၆ ပါး ရှိတယ်ရှင်။ ”

ကသာမြို့ပေါ်ရောက်လာတဲ့ စစ်ရှောင်တွေကိုတော့ ဘုန်းတော်ကြီးနဲ့ မြို့ခံပြည်သူတွေက ဝိုင်းဝန်းကူညီထားပါတယ်။

ဒီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်မှာ မိုးတားလေးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ၇ ဦး သေဆုံးပြီး၊ လူ ၃၀ လောက် ထိခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကသာမြို့နယ် မိုးတားလေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG