သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထန္တလန္ၿမိဳ႕ရဲစခန္းကို ကာကြယ္ေရးအဖြဲ႕ေတြသိမ္းယူၿပီးေနာက္ တိုက္ပြဲျပင္းထန္ေန


တိုက္ပြဲေတြေၾကာင့္ ထန္တလန္ၿမိဳ႕မွာ ေနအိမ္ေတြ မီးေလာင္ကြၽမ္းခဲ့ (ေအာက္တိုဘာလ ၂၀၂၁)

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က ရဲစခန္းကို ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးေနာက္ ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျပင္းထန္ေနၿပီး၊ စစ္ေကာင္စီဖက္က ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ေနပါတယ္။ ခ်င္းျပည္နယ္ ၿမိဳ႕ေတာ္ျဖစ္တဲ့ ဟားခါးကေနလည္း ထန္တလန္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္တြင္း တိုက္ပြဲအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ခ်င္းျပည္နယ္ ထန္တလန္ရဲစခန္းမွာ တပ္စြဲထားတဲ့ ျမန္မာစစ္ေကာင္စီတပ္ကို CNA နဲ႔ ခ်င္းကာကြယ္ေရးအဖြဲ႕ CDF ပူးေပါင္းအဖြဲ႕ေတြက ေဖေဖာ္ဝါရီ ၈ ရက္ ညပိုင္းမွာ ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။ ပူးေပါင္းအဖြဲ႕ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး လက္နက္ေတြအမ်ားအျပားကိုလည္း သိမ္းဆည္းရမိခဲ့သလို တိုက္ပြဲျပင္းထန္တဲ့အတြက္ ျမန္မာစစ္တပ္က ညတြင္းခ်င္း ေလေၾကာင္းကေန တန္ျပန္ တိုက္ခိုက္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၉ ရက္ မနက္ပိုင္းမွာဆိုရင္လည္း ျမန္မာစစ္တပ္ဘက္က ထန္တလန္ၿမိဳ႕ထဲကို ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့အျပင္ CNA ရဲ႕ စခန္းအခ်ိဳ႕ကိုလည္း ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ ဒါ႐ိုက္တာ ဆလိုင္းေတရက ေျပာပါတယ္။

“ရဲစခန္းမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီစခန္းကို CNA နဲ႔ CDF တပ္ေတြက သိမ္းထားတယ္လို႔ ကြၽန္ေတာ္တို႔ ၾကားလိုက္တာေပါ့။ သူတို႔လက္နက္ ၄၀ ေက်ာ္ေပါ့ ခဲရမ္းမီးေက်ာက္ေတြနဲ႔ က်ည္ဆံေတြဘာေတြကို သူတို႔ရတယ္လို႔ ၾကားတယ္။ အဲ့ဒါေၾကာင့္ ေလေၾကာင္းပစ္ကူရွိခဲ့တယ္။ ဒီမနက္လည္း ထန္တလန္ကို ၂ ခါေလာက္ ဗုံးႀကဲတယ္။ လူလဲမွာလည္း အထက ေက်ာင္းကို တခါ ဗုံးႀကဲတယ္။ ၿပီးေတာ့ လန္ပီး႐ြာက CNA စခန္းကိုလည္း သူတို႔ဗုံး ၂ ခါႀကဲတာေပါ့။ အဲ့လို ေလေၾကာင္းတိုက္ခိုက္မႈေတြရွိတာေပါ့။”

ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ လူထိခိုက္မႈမၾကားရေပမယ့္၊ CNA တပ္စခန္းရဲ႕ အေဆာက္အဦးတခ်ိဳ႕ ပ်က္စီးခဲ့တယ္လို႔လည္းေျပာပါတယ္။ အခုလို ေလေၾကာင္းတိုက္ခိုက္တာေတြအျပင္ ဟားခါးၿမိဳ႕ကေနလည္း လက္နက္ႀကီးေတြနဲ႔ ထန္တလန္ၿမိဳ႕ထဲကို ပစ္ခတ္တာေတြ ရွိေနတယ္လို႔ ဟားခါးေဒသခံတဦးက အခုလို ေျပာပါတယ္။

“လက္နက္ႀကီးေတြ ကားဘီးပါတဲ့ လက္နက္ႀကီးေတြေပါ့ေနာ္။ အဲ့ဒါကို သူတို႔ေ႐ႊ႕တယ္။ ထန္တလန္ဘက္ ေတာင္ကုန္းေပၚမွာ လြတ္လပ္ေရး ေက်ာက္တိုင္ဘက္မွာထင္တယ္ အဲ့ဒီမွာေ႐ႊ႕ၿပီးမွ ေတာက္ေလွ်ာက္ပစ္တာ အခုထိပဲ။ မနက္ကတည္းကေနပစ္တာေပါ့ ခုနကအထိပဲ။”

စစ္ေကာင္စီဟာ ေဖေဖာ္ဝါရီ ၂ ရက္က ခ်င္းျပည္နယ္ရဲ႕ ၿမိဳ႕နယ္ ၇ ၿမိဳ႕ကို စစ္အုပ္ခ်ဳပ္ေရးေၾကျငာခဲ့ၿပီး အဲ့ဒီ့အထဲမွာ ဟားခါးၿမိဳ႕နဲ႔ ထန္တလန္ၿမိဳ႕တို႔လည္း ပါဝင္ၿပီး ေၾကျငာၿပီး တပတ္အၾကာမွာ ထန္တလန္ရဲစခန္းမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ကို ပူးေပါင္းအဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အတြင္း တိုက္ပြဲေတြေၾကာင့္ ထန္တလန္ၿမိဳ႕မွာ ေနအိမ္ေတြ မီးေလာင္ကြၽမ္းၿပီး ၿမိဳ႕ခံေတြထြက္ေျပးခဲ့ၾကရပါတယ္။ အဲဒီေနာက္ ထန္တလန္မွာ ျမန္မာစစ္ေကာင္စီတပ္ကပဲ တပ္စြဲထားတာပါ။ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ မၾကာခဏ တိုက္ပြဲေတြ ျဖစ္ေနေပမယ့္၊ အခုတႀကိမ္မွာေတာ့ ျမန္မာစစ္တပ္ တပ္စြဲထားတဲ့ေနရာကို ေဒသခံကာကြယ္ေရးတပ္ေတြ တိုက္ခိုက္သိမ္းပိုက္ႏိုင္တဲ့အထိ ျဖစ္ခဲ့တာပါ။ ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

အခုႏွစ္ ၂၀၂၃ အစပိုင္းကစလို႔ ထန္တလန္ၿမိဳ႕နဲ႔ ဟားခါးၿမိဳ႕မွာ တိုက္ပြဲေတြ မၾကာခဏျဖစ္ပြားေနၿပီး စစ္တပ္ဘက္ကလည္း ေလေၾကာင္းကေန ဗုံးႀကဲတာေတြ ပိုမိုျပဳလုပ္လာေနပါတယ္။

ဇန္နဝါရီ ၁၀ ရက္ကလည္း ခ်င္းအမ်ိဳးသားတပ္ဦး CNA ရဲ႕ ဌာနခ်ဳပ္ျဖစ္တဲ့ ဗစ္တိုးရီးယား စခန္းကို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့လို႔ CNA တပ္ဖြဲ႕ဝင္ေတြ ေသဆုံးခဲ့ပါတယ္။ မင္းတပ္ၿမိဳ႕က စစ္ေရွာင္စခန္းေတြဘက္ကိုလည္း ျမန္မာ စစ္တပ္က ဗုံးႀကဲတိုက္ခိုက္ခဲ့တာေတြရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ထန်တလန်မြို့ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေသိမ်းယူပြီးနောက် တိုက်ပွဲပြင်းထန်နေ
ဖေဖော်ဝါရီ ၉၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ချင်းပြည်နယ် ထန်တလန်မြို့က ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီဖက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ချင်းပြည်နယ် မြို့တော်ဖြစ်တဲ့ ဟားခါးကနေလည်း ထန်တလန်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းပြည်နယ်တွင်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ချင်းပြည်နယ် ထန်တလန်ရဲစခန်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်ကောင်စီတပ်ကို CNA နဲ့ ချင်းကာကွယ်ရေးအဖွဲ့ CDF ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၈ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သလို တိုက်ပွဲပြင်းထန်တဲ့အတွက် မြန်မာစစ်တပ်က ညတွင်းချင်း လေကြောင်းကနေ တန်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာဆိုရင်လည်း မြန်မာစစ်တပ်ဘက်က ထန်တလန်မြို့ထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် CNA ရဲ့ စခန်းအချို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆလိုင်းတေရက ပြောပါတယ်။

“ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို CNA နဲ့ CDF တပ်တွေက သိမ်းထားတယ်လို့ ကျွန်တော်တို့ ကြားလိုက်တာပေါ့။ သူတို့လက်နက် ၄၀ ကျော်ပေါ့ ခဲရမ်းမီးကျောက်တွေနဲ့ ကျည်ဆံတွေဘာတွေကို သူတို့ရတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် လေကြောင်းပစ်ကူရှိခဲ့တယ်။ ဒီမနက်လည်း ထန်တလန်ကို ၂ ခါလောက် ဗုံးကြဲတယ်။ လူလဲမှာလည်း အထက ကျောင်းကို တခါ ဗုံးကြဲတယ်။ ပြီးတော့ လန်ပီးရွာက CNA စခန်းကိုလည်း သူတို့ဗုံး ၂ ခါကြဲတာပေါ့။ အဲ့လို လေကြောင်းတိုက်ခိုက်မှုတွေရှိတာပေါ့။”

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမကြားရပေမယ့်၊ CNA တပ်စခန်းရဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့လည်းပြောပါတယ်။ အခုလို လေကြောင်းတိုက်ခိုက်တာတွေအပြင် ဟားခါးမြို့ကနေလည်း လက်နက်ကြီးတွေနဲ့ ထန်တလန်မြို့ထဲကို ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဟားခါးဒေသခံတဦးက အခုလို ပြောပါတယ်။

“လက်နက်ကြီးတွေ ကားဘီးပါတဲ့ လက်နက်ကြီးတွေပေါ့နော်။ အဲ့ဒါကို သူတို့ရွှေ့တယ်။ ထန်တလန်ဘက် တောင်ကုန်းပေါ်မှာ လွတ်လပ်ရေး ကျောက်တိုင်ဘက်မှာထင်တယ် အဲ့ဒီမှာရွှေ့ပြီးမှ တောက်လျှောက်ပစ်တာ အခုထိပဲ။ မနက်ကတည်းကနေပစ်တာပေါ့ ခုနကအထိပဲ။”

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂ ရက်က ချင်းပြည်နယ်ရဲ့ မြို့နယ် ၇ မြို့ကို စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပြီး အဲ့ဒီ့အထဲမှာ ဟားခါးမြို့နဲ့ ထန်တလန်မြို့တို့လည်း ပါဝင်ပြီး ကြေငြာပြီး တပတ်အကြာမှာ ထန်တလန်ရဲစခန်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ကို ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ပွဲတွေကြောင့် ထန်တလန်မြို့မှာ နေအိမ်တွေ မီးလောင်ကျွမ်းပြီး မြို့ခံတွေထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီနောက် ထန်တလန်မှာ မြန်မာစစ်ကောင်စီတပ်ကပဲ တပ်စွဲထားတာပါ။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပေမယ့်၊ အခုတကြိမ်မှာတော့ မြန်မာစစ်တပ် တပ်စွဲထားတဲ့နေရာကို ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အထိ ဖြစ်ခဲ့တာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

အခုနှစ် ၂၀၂၃ အစပိုင်းကစလို့ ထန်တလန်မြို့နဲ့ ဟားခါးမြို့မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတာတွေ ပိုမိုပြုလုပ်လာနေပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကလည်း ချင်းအမျိုးသားတပ်ဦး CNA ရဲ့ ဌာနချုပ်ဖြစ်တဲ့ ဗစ်တိုးရီးယား စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CNA တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။ မင်းတပ်မြို့က စစ်ရှောင်စခန်းတွေဘက်ကိုလည်း မြန်မာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG