သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပလက္၀ ဒုကၡသည္စခန္းမ်ား စားနပ္ရိကၡာအခက္ႀကဳံ


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ (CUSF - Paletwa)

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႔ တိုက္ပြဲ အႀကီးအက်ယ္ျဖစ္ပြားခဲ့တဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က စစ္ေျပးဒုကၡသည္စခန္းေတြမွာ စားနပ္ရိကၡာျပတ္လပ္မႉေတြနဲ႔ က်န္းမာေရးအခက္ႀကဳံေနရတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကေျပာပါတယ္။ ပလက္ဝၿမိဳ႕ နယ္တြင္း စစ္ေျပးဒုကၡသည္စခန္း ၅ခုအထိရွိၿပီး WFP က ဆန္ရိကၡာ အနည္းငယ္ေထာက္ပံ့ေနေပမယ့္ စားဝတ္ေနေရးခက္ခဲေနဆဲျဖစ္တယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုစည္သူေျပာျပမွာပါ။

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကား လူသားခ်င္းစားနာေထာက္ထားတဲ့အေနနဲ႔ အပစ္ရပ္ထားတယ္လို႔ဆိုေပမယ့္၊ တိုက္ပြဲေတြျဖစ္ခဲ့တဲ့ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္မွာ လူသားခ်င္းစာနာမႈအကူအညီေတြ မရရွိၾကဘူးလို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာပါတယ္။

ပလက္ဝၿမိဳ႕ေပၚက ေဘာလုံးကြင္းစစ္ေျပးဒုကၡသည္စခန္းမွာဆိုရင္လည္း ဒီလအတြင္း WFPက စားနပ္ရိကၡာေထာက္ပံ့တာေတြမရွိေသးတာေၾကာင့္ စားဝတ္ေနေရးအခက္ႀကဳံေနရတယ္လို႔ စစ္ေဘးဒုကၡသည္ အမ်ိဳးသားတဦးကေျပာပါတယ္။

“ ပလက္ဝၿမိဳ႕နယ္ စစ္ေဘးဒုကၡသည္ေတြက စားနပ္ရိကၡာမဖူလုံျဖစ္ေနတယ္၊ WFPကလဲ ဘယ္ေန႔ေပးမယ္ဆိုတာလဲ အေျဖလဲမလာဘူးမသိဘူး။ အလုပ္အကိုင္ေတြလဲ အဆင္မေျပဘူး ဟိုသြား ဒီသြားကလဲ အဆင္မေျပဘူး၊ သူမ်ားဆီမွာ ဝါးခုတ္ထင္းခုတ္ေတြလဲ အဆင္မေျပဘူး၊ အခက္အခဲေတာ္ေတာ္ႀကဳံေတြ႕ေနရပါတယ္ က်ေနာ္တို႔ ဒုကၡသည္ေတြက။”

ပလက္ဝမွာလက္ရွိတိုက္ပြဲေတြ ရပ္တန႔္ထားတယ္ဆိုေပမယ့္ သြားေရးလာေရးအတြက္ လမ္းပန္းဆက္သြယ္ ေရးခက္ခဲသလို ေနရာေတာ္ေတာ္မ်ားမ်ားမွာ ႏွစ္ဖက္လက္နက္ကိုင္တပ္စြဲထားတာပါ။ အဲလို တပ္ဂိတ္ေတြမွာ စစ္ေဆးမႈေတြရွိတာေၾကာင့္ စားနပ္ရိကၡာေထာက္ပံ့ေရးအခက္ႀကဳံၾကရတယ္လို႔ဆိုပါတယ္။

ပလက္ဝၿမိဳ႕ေပၚက စစ္ေဘးဒုကၡသည္စခန္းေတြကို ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP က ဆန္ရိကၡာေထာက္ပံ့တာေတြရွိေပမယ့္ လုံေလာက္မႈမရွိသလို၊ မေထာက္ပံ့တဲ့လေတြလဲ ရွိတာေၾကာင့္ ဒုကၡသည္ေတြအေနနဲ႔ျဖစ္သလို ရွာႀကံစားေသာက္ေနရတယ္လို႔ ေဘာလုံးကြင္းစစ္ေျပးဒုကၡသည္စခန္းက ဒုကၡသည္တဦးကေျပာပါတယ္။

“ စားဝတ္ေနေရးကေတာ့ ဘယ္လိုရွိမလဲ WFPက တစ္လကို ဆန္ ၆ျပည္ေလာက္ ေပးတယ္၊ ေနာက္အျပင္မွာ အငွားလိုက္ၿပီးေတာ့ ျဖစ္သလို ရွာစားၾကတယ္၊ အခုလမွာေတာ့ ဘာမွ မရ ဆန္လဲမရ ေငြဘာညာလဲမရ၊ တျခားက လႉမယ့္အလႉရွင္လဲ မရွိဘူးဆိုေတာ့၊လက္ရွိမွာေတာ့ အခက္အခဲရွိပါတယ္၊ နည္းနည္းပါးပါး ရွိတဲ့သူေတြကလဲ ပါလာတဲ့ ပစၥည္းေတြကို ထုခြဲေရာင္းခ်ၿပီးေတာ့ စားၾကပါတယ္။”

စစ္ေျပးဒုကၡသည္စခန္းေတြမွာ စားနပ္ရိကၡာအျပင္ က်န္းမာေရးဆိုင္ရာ အခက္အခဲေတြလဲရွိေနတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကေျပာပါတယ္။ ေဆးဝါးသယ္ယူခြင့္ ကန႔္သတ္ခ်က္ေတြေၾကာင့္ ေဆးဝါးရွားပါးလာၿပီး ေဆးကုသဖို႔ မတတ္ႏိုင္ၾကဘူးလို႔ စစ္ေဘးဒုကၡသည္တဦးကေျပာပါတယ္။

“ က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး က်ေနာ္တို႔ေတာ္ေတာ္အခက္ႀကဳံေနရတယ္၊ ေဆး႐ုံေဆး ခန္းသြားဖို႔လဲ အဆင္မေျပဘူး၊ ၿမိဳ႕ေပၚက ဆိုင္ပိုင္ရွင္ေတြ ကုမၺဏီပိုင္ရွင္ ေတြကေတာ့ အဆင္ေျပတယ္ က်ေနာ္တို႔ဒုကၡသည္ေတြက ဘယ္သူမွအဆင္မေျပဘူး၊ ေဆးတခါးထိုးရင္ ၇ေထာင္ ၈ေထာင္နဲ႔ တစ္ေန႔ကို သုံးေလးေထာင္ေတာင္ရွာမရဘူး။ ဟင္းသီးဟင္း႐ြက္ ဝယ္စားဖို႔ေတာင္ ဒုကၡႀကဳံေနရတယ္။”

လက္ရွိမွာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႔ ႏႈတ္ကတိနဲ႔ အပစ္ရပ္ထားၾကတယ္ဆိုေပမယ့္ အခ်ိန္မေ႐ြးတိုက္ပြဲေတြ ျပန္ျဖစ္လာႏိုင္တာကိုစိုးရိမ္ၿပီး၊ ပလက္ဝၿမိဳ႕ေပၚက စစ္ေျပးဒုကၡသည္စခန္းေတြမွာ ေနထိုင္တဲ့ ဒုကၡသည္ေတြအေနနဲ႔ ေနရပ္ျပန္ဖို႔ခက္ခဲေနၾကပါတယ္။

ပလက္၀ ဒုကၡသည္စခန္းမ်ား စားနပ္ရိကၡာအခက္ႀကဳံ
please wait

No media source currently available

0:00 0:03:10 0:00
တိုက္႐ိုက္ လင့္ခ္

{Unicode}

ပလက်၀ ဒုက္ခသည်စခန်းများ စားနပ်ရိက္ခာအခက်ကြုံ
ဇန်နဝါရီ ၂၅၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှူတွေနဲ့ ကျန်းမာရေးအခက်ကြုံနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကပြောပါတယ်။ ပလက်ဝမြို့ နယ်တွင်း စစ်ပြေးဒုက္ခသည်စခန်း ၅ခုအထိရှိပြီး WFP က ဆန်ရိက္ခာ အနည်းငယ်ထောက်ပံ့နေပေမယ့် စားဝတ်နေရေးခက်ခဲနေဆဲဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုစည်သူပြောပြမှာပါ။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား လူသားချင်းစားနာထောက်ထားတဲ့အနေနဲ့ အပစ်ရပ်ထားတယ်လို့ဆိုပေမယ့်၊ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ လူသားချင်းစာနာမှုအကူအညီတွေ မရရှိကြဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ပလက်ဝမြို့ပေါ်က ဘောလုံးကွင်းစစ်ပြေးဒုက္ခသည်စခန်းမှာဆိုရင်လည်း ဒီလအတွင်း WFPက စားနပ်ရိက္ခာထောက်ပံ့တာတွေမရှိသေးတာကြောင့် စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည် အမျိုးသားတဦးကပြောပါတယ်။

“ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည်တွေက စားနပ်ရိက္ခာမဖူလုံဖြစ်နေတယ်၊ WFPကလဲ ဘယ်နေ့ပေးမယ်ဆိုတာလဲ အဖြေလဲမလာဘူးမသိဘူး။ အလုပ်အကိုင်တွေလဲ အဆင်မပြေဘူး ဟိုသွား ဒီသွားကလဲ အဆင်မပြေဘူး၊ သူများဆီမှာ ဝါးခုတ်ထင်းခုတ်တွေလဲ အဆင်မပြေဘူး၊ အခက်အခဲတော်တော်ကြုံတွေ့နေရပါတယ် ကျနော်တို့ ဒုက္ခသည်တွေက။”

ပလက်ဝမှာလက်ရှိတိုက်ပွဲတွေ ရပ်တန့်ထားတယ်ဆိုပေမယ့် သွားရေးလာရေးအတွက် လမ်းပန်းဆက်သွယ် ရေးခက်ခဲသလို နေရာတော်တော်များများမှာ နှစ်ဖက်လက်နက်ကိုင်တပ်စွဲထားတာပါ။ အဲလို တပ်ဂိတ်တွေမှာ စစ်ဆေးမှုတွေရှိတာကြောင့် စားနပ်ရိက္ခာထောက်ပံ့ရေးအခက်ကြုံကြရတယ်လို့ဆိုပါတယ်။

ပလက်ဝမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆန်ရိက္ခာထောက်ပံ့တာတွေရှိပေမယ့် လုံလောက်မှုမရှိသလို၊ မထောက်ပံ့တဲ့လတွေလဲ ရှိတာကြောင့် ဒုက္ခသည်တွေအနေနဲ့ဖြစ်သလို ရှာကြံစားသောက်နေရတယ်လို့ ဘောလုံးကွင်းစစ်ပြေးဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကပြောပါတယ်။

“ စားဝတ်နေရေးကတော့ ဘယ်လိုရှိမလဲ WFPက တစ်လကို ဆန် ၆ပြည်လောက် ပေးတယ်၊ နောက်အပြင်မှာ အငှားလိုက်ပြီးတော့ ဖြစ်သလို ရှာစားကြတယ်၊ အခုလမှာတော့ ဘာမှ မရ ဆန်လဲမရ ငွေဘာညာလဲမရ၊ တခြားက လှူမယ့်အလှူရှင်လဲ မရှိဘူးဆိုတော့၊လက်ရှိမှာတော့ အခက်အခဲရှိပါတယ်၊ နည်းနည်းပါးပါး ရှိတဲ့သူတွေကလဲ ပါလာတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချပြီးတော့ စားကြပါတယ်။”

စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာအပြင် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေလဲရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကပြောပါတယ်။ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ချက်တွေကြောင့် ဆေးဝါးရှားပါးလာပြီး ဆေးကုသဖို့ မတတ်နိုင်ကြဘူးလို့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကျနော်တို့တော်တော်အခက်ကြုံနေရတယ်၊ ဆေးရုံဆေး ခန်းသွားဖို့လဲ အဆင်မပြေဘူး၊ မြို့ပေါ်က ဆိုင်ပိုင်ရှင်တွေ ကုမ္ဗဏီပိုင်ရှင် တွေကတော့ အဆင်ပြေတယ် ကျနော်တို့ဒုက္ခသည်တွေက ဘယ်သူမှအဆင်မပြေဘူး၊ ဆေးတခါးထိုးရင် ၇ထောင် ၈ထောင်နဲ့ တစ်နေ့ကို သုံးလေးထောင်တောင်ရှာမရဘူး။ ဟင်းသီးဟင်းရွက် ဝယ်စားဖို့တောင် ဒုက္ခကြုံနေရတယ်။”

လက်ရှိမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ နှုတ်ကတိနဲ့ အပစ်ရပ်ထားကြတယ်ဆိုပေမယ့် အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တာကိုစိုးရိမ်ပြီး၊ ပလက်ဝမြို့ပေါ်က စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့ခက်ခဲနေကြပါတယ်။

XS
SM
MD
LG