သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးေရွာင္တို႔ ေမွ်ာ္လင့္ခ်က္နဲ႔ လက္ေတြ႔အေျခအေန


ျမန္မာစစ္တပ္နဲ႔ ရခုိင္လက္နက္ကုိင္တပ္တုိ႔ရဲ႕ တုိက္ပြဲေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ဒုကၡသည္အခ်ဳိ႕။ (ဇြန္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္း စစ္ေဘးကေန တိမ္းေရွာင္ၾကတဲ့ ခရစ္ယာန္ အသိုင္းအဝုိင္းတခု ရန္ကုန္ ဆင္ေျခဖံုးမွာ လာၿပီး ခိုလံႈေနၾကပါတယ္။ လွ်ပ္စစ္မီးနဲ႔ ေရမရွိ၊ အလုပ္အကိုင္မရွိ၊ ေနာက္ အလွဴရွင္ေတြ အကူအညီကို မွီခိုေနရေပမယ့္လည္း စစ္ေဘးကင္းၿပီး လံုၿခံဳတဲ့ ရန္ကုန္မွာ အေျခခ်ႏုိင္ေရး ေမွ်ာ္လင့္ေနၾကပါတယ္။ အျပည့္အစုံကို မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

“က်မအိမ္ျဖစ္ေနလို႔ စိတ္လက္ ေပ်ာ္ရႊင္မႈ ရွိပါတယ္။ ဟိုမွာေရာက္ေတာ့ စိတ္လက္ ေပ်ာ္ရႊင္မႈ မရွိပါဘူးဆရာ။ ဒီမွာေရာက္ေတာ့ တသက္လံုးေနရမယ္ ထင္ပါတယ္။”

ခ်င္းျပည္နယ္ ပလက္ဝကေန စစ္ေဘးေရွာင္လာတဲ့ ေဒၚလွစိန္ပါ။ ပလက္ဝမွာ စစ္ေဘးေၾကာက္ေနရၿပီး ရန္ကုန္မွာက လံုၿခံဳလို႔ အၿမဲေနခြင့္ရဖို႔ ေမွ်ာ္လင့္ေနသူပါ။

မူလက ေခတၱ စစ္ေရွာင္ဖို႔ျဖစ္ေပမယ့္ ဌာေနျပန္ေရးက ပိုၿပီး မေရမရာ ျဖစ္ေနတာလို႔ စစ္ေရွာင္တဦးျဖစ္တဲ့ ဦးကန္လြပ္ကလည္း ေျပာပါတယ္။

“ဒီေလာက္ထိျဖစ္မယ္လို႔ေတာ့ မေမွ်ာ္လင့္ဘူးေပါ့။ ဆိုေတာ့ က်ေနာ္ ရန္ကုန္မွာ တလ ႏွစ္လ ေနၿပီးေတာ့မွ နည္းနည္း စစ္မရွိရင္ ျပန္လာခဲ့မယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း အခုအခ်ိန္ထိ စစ္ကလည္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မရွိေသးတဲ့ အေနအထားေတြ ရွိေနေတာ့လည္း က်ေနာ္တို႔က ျပန္လာေရး အလွမ္းေဝးသထက္ ေဝးေနတာျဖစ္တယ္။”

ျမန္မာစစ္တပ္နဲ႔ ရခုိင္လက္နက္ကိုင္တပ္ AA တို႔ရဲ႕ ေဒသတြင္း တုိက္ပြဲေတြေၾကာင့္ ခ်င္းျပည္နယ္ ပလက္ဝကေန ရန္ကုန္တုိင္း ေမွာ္ဘီမွာ လာၿပီး ခိုလံႈတဲ့ စစ္ေရွာင္ ၈၀ ေလာက္ကို ခရစ္ယာန္ သင္းအုပ္ဆရာ ဦးေအာင္ဖားက ဦးေဆာင္ခဲ့တာပါ။

“က်ေနာ္တို႔ အဲဒီမွာ တုိက္ပြဲက ခနခန ျဖစ္ပါတယ္။ လက္နက္ႀကီးသံေတြ ေန႔ေရာ ညေရာ အဆက္မျပတ္ ၾကားရပါတယ္။ တခ်ိန္လံုး က်ေနာ္တို႔ ေၾကာက္လန္႔ေနရပါတယ္။ ဒါေၾကာင့္ မခံမရပ္ႏုိင္လို႔ အဲဒီမွာ ေနထိုင္လို႔ လံုးဝ မေပ်ာ္ႏုိင္လို႔ က်ေနာ္တို႔ ထြက္ေျပးရျခင္း ျဖစ္ပါတယ္။”

ေမွာ္ဘီက ေျမေနရာေလးတခုမွာ အလွဴရွင္ေတြ အကူအညီနဲ႔ ဝါးၾကမ္းခင္း ထရံကာ အိမ္ေတြေဆာက္ေနၿပီး သူတို႔ရြာကို ေဗသလလို႔ နာမည္ေပးထားပါတယ္။ ဦးကန္လြပ္က ေဗသလ ရြာသူႀကီးပါ။

“ေဗသလရြာဆိုတာကေတာ့ က်ေနာ္တို႔ သမၼာက်မ္းစာအရေပါ့ေနာ္ ဘုရားသခင္ ေကာင္းခ်ီးေပးတဲ့ေနရာ၊ ဒုကၡေရာက္ေနသူေတြကို ဘုရားသခင္က ကူမတဲ့ေနရာ ဘုရားသခင္ မစတဲ့ေနရာ ေဗသလလို႔ ဒီလို နာမည္ေလးေပးထားတာ ျဖစ္ပါတယ္။ ဒီမွာေတာ့ က်ေနာ္တို႔ ဆက္ၿပီးေတာ့ပဲ ေနဖို႔ က်ေနာ္တို႔က ဆုေတာင္းထားပါတယ္။”

ပလက္ဝ စစ္ေရွာင္ေတြ ခိုလံႈေနတဲ့ ေမွာ္ဘီကေနရာမွာ ေရနဲ႔ လွ်ပ္စစ္မီး မရေသးပါဘူး။ အသက္ေမြးဝမ္းေက်ာင္း အပါအဝင္ ေရရွည္ရပ္တည္ေရး အတြက္လည္း အခက္အခဲေတြ ရွိတယ္လို႔ သင္းအုပ္ဆရာ ဦးေအာင္ဖားက ရွင္းျပပါတယ္။

“အလုပ္အကိုင္နဲ႔ ပညာေရး၊ စီးပြားေရး ဆိုတာက က်ေနာ္တို႔အတြက္ စိန္ေခၚမႈ ရွိပါတယ္။ အလုပ္ကလည္း က်ေနာ္တို႔ အိမ္ေဆာက္ၿပီးတာနဲ႔ ကိုဗစ္ကာလ ၿပီးတာနဲ႔ ဘယ္လိုမ်ိဳး အလုပ္လုပ္ရမလဲ၊ ဘယ္လိုမ်ိဳး က်ေနာ္တို႔ ႐ုန္းကန္ရမလဲ ဆိုတာ က်ေနာ္တို႔ စဥ္းစားလို႔မရဘူး။”

ရခုိင္လက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာ့တပ္မေတာ္ၾကား တိုက္ခုိက္မႈေတြေၾကာင့္ ခ်င္းျပည္နယ္ ပလက္ဝမွာ စစ္ေရွာင္ေနရသူ ေထာင္ခ်ီရွိပါတယ္။ ကုလသမဂၢ စားနပ္ရိကၡာအဖြဲ႔ (WFP) က ရိကၡာေထာက္ပံ့ေပးေနၿပီး ဒီ ရိကၡာေထာက္ပံ့တဲ့ ယာဥ္တန္းလည္း ၿပီးခဲ႔တဲ့ႏွစ္အတြင္း တိုက္ခုိက္ခံရေပမယ့္ ဘယ္သူ႔လက္ခ်က္ဆိုတာ မသိရပါဘူး။

စစ္ေဘးသင့္ ပလက္ဝကေန ရန္ကုန္မွာလာၿပီး ခိုလံႈၾကသူေတြကေတာ့ ေရရွည္ ရပ္တည္ေရးအတြက္ အခက္အခဲေတြ ရင္ဆိုင္ရမွာ ျဖစ္ေပမယ့္လည္း ကေလးေတြ ေရွ႕ေရးအတြက္ ရန္ကုန္မွာေနတာ ပိုေကာင္းမယ္လို႔ ယံုၾကည္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

စစ်ဘေးရှောင်တို့ မျှော်လင့်ချက်နဲ့ လက်တွေ့အခြေအနေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း စစ်ဘေးကနေ တိမ်းရှောင်ကြတဲ့ ခရစ်ယာန် အသိုင်းအဝိုင်းတခု ရန်ကုန် ဆင်ခြေဖုံးမှာ လာပြီး ခိုလှုံနေကြပါတယ်။ လျှပ်စစ်မီးနဲ့ ရေမရှိ၊ အလုပ်အကိုင်မရှိ၊ နောက် အလှူရှင်တွေ အကူအညီကို မှီခိုနေရပေမယ့်လည်း စစ်ဘေးကင်းပြီး လုံခြုံတဲ့ ရန်ကုန်မှာ အခြေချနိုင်ရေး မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

“ကျမအိမ်ဖြစ်နေလို့ စိတ်လက် ပျော်ရွှင်မှု ရှိပါတယ်။ ဟိုမှာရောက်တော့ စိတ်လက် ပျော်ရွှင်မှု မရှိပါဘူးဆရာ။ ဒီမှာရောက်တော့ တသက်လုံးနေရမယ် ထင်ပါတယ်။”

ချင်းပြည်နယ် ပလက်ဝကနေ စစ်ဘေးရှောင်လာတဲ့ ဒေါ်လှစိန်ပါ။ ပလက်ဝမှာ စစ်ဘေးကြောက်နေရပြီး ရန်ကုန်မှာက လုံခြုံလို့ အမြဲနေခွင့်ရဖို့ မျှော်လင့်နေသူပါ။

မူလက ခေတ္တ စစ်ရှောင်ဖို့ဖြစ်ပေမယ့် ဌာနေပြန်ရေးက ပိုပြီး မရေမရာ ဖြစ်နေတာလို့ စစ်ရှောင်တဦးဖြစ်တဲ့ ဦးကန်လွပ်ကလည်း ပြောပါတယ်။

“ဒီလောက်ထိဖြစ်မယ်လို့တော့ မမျှော်လင့်ဘူးပေါ့။ ဆိုတော့ ကျနော် ရန်ကုန်မှာ တလ နှစ်လ နေပြီးတော့မှ နည်းနည်း စစ်မရှိရင် ပြန်လာခဲ့မယ်ပေါ့နော်။ ဒါပေမယ့်လည်း အခုအချိန်ထိ စစ်ကလည်း ငြိမ်းငြိမ်းချမ်းချမ်း မရှိသေးတဲ့ အနေအထားတွေ ရှိနေတော့လည်း ကျနော်တို့က ပြန်လာရေး အလှမ်းဝေးသထက် ဝေးနေတာဖြစ်တယ်။”

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA တို့ရဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝကနေ ရန်ကုန်တိုင်း မှော်ဘီမှာ လာပြီး ခိုလှုံတဲ့ စစ်ရှောင် ၈၀ လောက်ကို ခရစ်ယာန် သင်းအုပ်ဆရာ ဦးအောင်ဖားက ဦးဆောင်ခဲ့တာပါ။

“ကျနော်တို့ အဲဒီမှာ တိုက်ပွဲက ခနခန ဖြစ်ပါတယ်။ လက်နက်ကြီးသံတွေ နေ့ရော ညရော အဆက်မပြတ် ကြားရပါတယ်။ တချိန်လုံး ကျနော်တို့ ကြောက်လန့်နေရပါတယ်။ ဒါကြောင့် မခံမရပ်နိုင်လို့ အဲဒီမှာ နေထိုင်လို့ လုံးဝ မပျော်နိုင်လို့ ကျနော်တို့ ထွက်ပြေးရခြင်း ဖြစ်ပါတယ်။”

မှော်ဘီက မြေနေရာလေးတခုမှာ အလှူရှင်တွေ အကူအညီနဲ့ ဝါးကြမ်းခင်း ထရံကာ အိမ်တွေဆောက်နေပြီး သူတို့ရွာကို ဗေသလလို့ နာမည်ပေးထားပါတယ်။ ဦးကန်လွပ်က ဗေသလ ရွာသူကြီးပါ။

“ဗေသလရွာဆိုတာကတော့ ကျနော်တို့ သမ္မာကျမ်းစာအရပေါ့နော် ဘုရားသခင် ကောင်းချီးပေးတဲ့နေရာ၊ ဒုက္ခရောက်နေသူတွေကို ဘုရားသခင်က ကူမတဲ့နေရာ ဘုရားသခင် မစတဲ့နေရာ ဗေသလလို့ ဒီလို နာမည်လေးပေးထားတာ ဖြစ်ပါတယ်။ ဒီမှာတော့ ကျနော်တို့ ဆက်ပြီးတော့ပဲ နေဖို့ ကျနော်တို့က ဆုတောင်းထားပါတယ်။”

ပလက်ဝ စစ်ရှောင်တွေ ခိုလှုံနေတဲ့ မှော်ဘီကနေရာမှာ ရေနဲ့ လျှပ်စစ်မီး မရသေးပါဘူး။ အသက်မွေးဝမ်းကျောင်း အပါအဝင် ရေရှည်ရပ်တည်ရေး အတွက်လည်း အခက်အခဲတွေ ရှိတယ်လို့ သင်းအုပ်ဆရာ ဦးအောင်ဖားက ရှင်းပြပါတယ်။

“အလုပ်အကိုင်နဲ့ ပညာရေး၊ စီးပွားရေး ဆိုတာက ကျနော်တို့အတွက် စိန်ခေါ်မှု ရှိပါတယ်။ အလုပ်ကလည်း ကျနော်တို့ အိမ်ဆောက်ပြီးတာနဲ့ ကိုဗစ်ကာလ ပြီးတာနဲ့ ဘယ်လိုမျိုး အလုပ်လုပ်ရမလဲ၊ ဘယ်လိုမျိုး ကျနော်တို့ ရုန်းကန်ရမလဲ ဆိုတာ ကျနော်တို့ စဉ်းစားလို့မရဘူး။”

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ် ပလက်ဝမှာ စစ်ရှောင်နေရသူ ထောင်ချီရှိပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (WFP) က ရိက္ခာထောက်ပံ့ပေးနေပြီး ဒီ ရိက္ခာထောက်ပံ့တဲ့ ယာဉ်တန်းလည်း ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ခိုက်ခံရပေမယ့် ဘယ်သူ့လက်ချက်ဆိုတာ မသိရပါဘူး။

စစ်ဘေးသင့် ပလက်ဝကနေ ရန်ကုန်မှာလာပြီး ခိုလှုံကြသူတွေကတော့ ရေရှည် ရပ်တည်ရေးအတွက် အခက်အခဲတွေ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့်လည်း ကလေးတွေ ရှေ့ရေးအတွက် ရန်ကုန်မှာနေတာ ပိုကောင်းမယ်လို့ ယုံကြည်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG