သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေျပးဒုကၡသည္ေတြရွိတဲ့ ပလက္ဝမွာ ကိုဗစ္ကူးစက္သူေတြ႔လို႔ စိုးရိမ္ေနၾက


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ (ဓာတ္ပံု - Peter Lawilu, CUSF - Paletwa)

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ပထမဆံုး ကုိဗစ္ေရာဂါပုိး ကူးစက္သူ အတည္ျပဳလူနာတခ်ဳိ႕ ေတြ႔ရွိခဲ့ၿပီးေနာက္ စုိးရိမ္မႈေတြ ထြက္ေပၚလာေနတဲ့အထဲ က်န္းမာေရးေစာင့္ေရွာက္မႈအားနည္းတဲ့ စစ္ေရွာင္စခန္းေတြက ဒုကၡသည္ေတြလည္း ပါ၀င္ေနတဲ့အေၾကာင္း ေအဂၢႏြန္ သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံအႏွံ႔ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တုိးလာႏုိင္တဲ့ အႏၱရာယ္အတြက္ က်န္းမာေရးတာ၀န္ရွိသူေတြ သတိေပးေနခ်ိန္မွာပဲ ခ်င္းျပည္နယ္မွာ ပလက္၀ျမိဳ႕နယ္မွာ ပထမဆုံး ကူးစက္သူ ၄ ေယာက္ကုိ အတည္ျပဳလုိက္တာပါ။ ေရာဂါကူးစက္ခံေနရေၾကာင္း မေန႔တုန္းကပဲ အတည္ျပဳလုိက္တဲ့ လူနာဟာ ကပ္ေရာဂါကူးစက္မႈ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္းက ျပန္ေရာက္လာသူ ျဖစ္တယ္လုိ႔လည္း ပလက္ဝၿမိဳ႕နယ္က်န္းမာေရးဌာန ဦးစီးမွဴး ေဒါက္တာစိုးသက္ဝင္းကေျပာပါတယ္။

“သူတို႔က စုစုေပါင္း ၇ ေယာက္ျပန္လာတယ္ဗ်၊ ၇ ေယာက္ျပန္လာတာ ၇ ေယာက္လံုးကိုစစ္တာမွာ အဲဒီ ေလးေယာက္ positive ျဖစ္တာေပါ့ေနာ္၊ ဟုတ္တယ္။ ပထမဆံုး ဟုတ္။ guideline အရ စစ္လိုက္လို႔ေတာ့ positive ေတြ႕ရတယ္ေပါ့ေနာ္၊ လကၡဏာရွိလို႔ စစ္တာမဟုတ္ဘူးခင္ဗ်။”

ကူးစက္မႈ အတည္ျပဳလူနာနဲ႔ ထိေတြ႔ဆက္ဆံခဲ့သူေတြကိုလည္း အသြားအလာကန္႔သတ္ၿပီး ေရာဂါရွိမရွိ စစ္ေဆးသြားမယ္လို႔ ေဒါက္တာစုိးသက္ဝင္းက ေျပာပါတယ္။

ဖြံ႔ၿဖိဳးတုိးတက္မႈ နိမ့္က်ၿပီး လမ္းပမ္းဆက္သြယ္ေရး ခက္ခဲတဲ့ ခ်င္းျပည္နယ္မွာ ပထမဆုံးအႀကိမ္ ကုိဗစ္ကူးစက္သူ အတည္ျပဳခဲ့ၿပီးေနာက္ ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ စုိးရိမ္မႈေတြလည္း ထြက္ေပၚလာပါတယ္။ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ေနရတဲ့ စစ္ေရွာင္ဒုကၡသည္ေတြ အမ်ားအျပားၾကားမွာလည္း ေရာဂါကူးစက္မွာ စုိးရိမ္ေနၾကတာပါ။ ၿမိဳ႕ခံေတြ သာမက ဒုကၡသည္ေတြ ၾကားမွာပါ ေရာဂါကူးစက္မယ့္ အႏၱရာယ္ကုိ စုိးရိမ္ေနၾကတာလုိ႔လည္း ပလက္ဝၿမိဳ႕မွာ ခုိလႈံေနတဲ့ စစ္ေရွာင္ဒုကၡသည္ ဦးတင္ဦး က ေျပာပါတယ္။

“ဒီၿမိဳ႕သူၿမိဳ႕သားအပါအဝင္ က်ေနာ္တို႔ စစ္ေဘးေရွာင္ျပည္သူေတြကလည္း နည္းနည္းထိပ္လန္႔ခ်င္ၾကတာေပါ့၊ ဒီေရာဂါဘယ္လိုျမင္လာမလဲ တအားႀကီးစိုးရိမ္းတာေပါ့၊ ဘာျဖစ္လို႔စိုးရိမ္တာလဲ ဒီဘက္မွာက တကယ္လို႔မ်ားျဖစ္လာမယ္ဆိုရင္ မလြယ္ဘူးလို႔။ က်ေနာ္တို႔က စစ္ေရွာင္စခန္းမွာ ေနတယ္ဆိုေပမယ့္ က်ေနာ္တို႔က ၆ ေပ လံုးလံုးမခြာႏိုင္ဘူးေလး။”

ဒုကၡသည္စခန္းေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းၿပီး စုၿပံဳေနထုိင္ေနၾကရတဲ့အတြက္ ေရာဂါကူးစက္မွာကုိ စုိးရိမ္ေနရတာလုိ႔လည္း အကူအညီေပးေနသူ တစ္ဦးက ေျပာပါတယ္။

“သံုးေပအကြာေတာ့ ရွိတာေပါ့ေနာ္၊ ယာယီတဲေဆာင္ က်ေနာ္တို႔ ေဆာက္ထားတာေတြကေတာ့ သံုးေပအကြာလုပ္ထားတယ္ေပါ့ေနာ္၊ ဒါေပမယ့္လည္း အဲ့ဒီမွာ တစ္စုတစ္စည္းေနတာ ခ်က္ျပဳတ္တာ ဘာညာဆိုရင္လည္း တစ္ေနရာထဲမွာ စုၿပီးခ်က္ရတာကို အဲ့ေတာ့ နည္းနည္းေလး ျဖစ္ႏိုင္ေခ်ကေတာ့ ျဖစ္ရင္ အကုန္ေတာ့မလြယ္ဘူးေပါ့ေနာ္၊ ကူးစက္လြယ္ကူးတာေပါ့ေနာ္၊ အဲ့လိုေလးေတာ့ျဖစ္မွာေပါ့။”

လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္မွာ ခုိလႈံေနၾကသူ ၁ ေသာင္းေက်ာ္ ရွိေနတယ္လုိ႔လည္း ေဒသခံအကူအညီေပးေရး အဖဲြ႔တခုျဖစ္တဲ့ ခူမီးခ်င္းမ်ဳိးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညိွႏိႈင္းေရးေကာင္စီက ခန္႔မွန္းထားပါတယ္။ ပလက္ဝၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေလာဟာကေတာ့ စစ္ေရွာင္ဒုကၡသည္စခန္းေတြမွာ ေရာဂါကူးစက္မႈ ကာကြယ္ေရး အစီအမံေတြနဲ႔ လုိအပ္တဲ့ပစၥည္းေထာက္ပံ့ထားတယ္လုိ႔. ေျပာပါတယ္။

“တိုက္ပြဲေရွာင္ေတြ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ က်ေနာ္တို႔ဖြဲ႕ထားတာရွိတယ္၊ IDP camps စခန္းအလိုက္ သူတို႔ိကုိေခၚၿပီးမွ အဖြဲ႕ေခါင္းေဆာင္ေတြကို အျပင္မထြက္ဖို႔ေနာ္ အျပင္ထြက္ရင္လည္းပဲ အျမဲတမ္းလက္ေဆးဖို႔ ၿပီးရင္ Mask တပ္ဆင္ၿပီးမွ အျပင္ထြက္ဖို႔ ျပန္ေရာက္ရင္လည္းပဲ လက္ေဆးၿပီးမွ အိမ္ထဲျပန္ဝင္ဖို႔ အဓိကေတာ့ မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔ ေဆးသြားကုရင္လည္းပဲ တစ္အိမ္ကိုတစ္ေယာက္ႏႈန္းနဲ႔ မျဖစ္မေနသြားရရင္ သြားဖို႔ အဲ့ဒါ အကုန္လံုး ကိုဗစ္စည္းကမ္းခ်က္နဲ႔အညီ ေနထိုင္ဖို႔ မွာၾကားၿပီးပါၿပီခင္ဗ်။”

ျမန္မာႏုိင္ငံအ၀န္း ႏုိ၀င္ဘာလ ၈ ရက္ေန႔က ေရြးေကာက္ပဲြေတြ က်င္းပခဲ့ရာမွာ လူစုလူေ၀းနဲ႔ ထိေတြ႔ဆက္ဆံမႈေတြ ရွိခဲ့တာေၾကာင့္ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာႏိုင္တဲ့ အႏၱရာယ္ကုိ သတိထားဖုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနနဲ႔ အစုိးရတာ၀န္ရွိသူေတြကလည္း သတိေပးထားပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္းအထိ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၁,၆၀၀ ေက်ာ္နဲ႔ ကူးစက္သူအတည္ျပဳလူနာ ၇၄၀၀၀ ေက်ာ္ ရွိေနပါတယ္။

..........................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပထမဆုံး ကိုဗစ်ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာတချို့ တွေ့ရှိခဲ့ပြီးနောက် စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတဲ့အထဲ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ စစ်ရှောင်စခန်းတွေက ဒုက္ခသည်တွေလည်း ပါဝင်နေတဲ့အကြောင်း အေဂ္ဂနွန် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအနှံ့ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနိုင်တဲ့ အန္တရာယ်အတွက် ကျန်းမာရေးတာဝန်ရှိသူတွေ သတိပေးနေချိန်မှာပဲ ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်မှာ ပထမဆုံး ကူးစက်သူ ၄ ယောက်ကို အတည်ပြုလိုက်တာပါ။ ရောဂါကူးစက်ခံနေရကြောင်း မနေ့တုန်းကပဲ အတည်ပြုလိုက်တဲ့ လူနာဟာ ကပ်ရောဂါကူးစက်မှု အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းက ပြန်ရောက်လာသူ ဖြစ်တယ်လို့လည်း ပလက်ဝမြို့နယ်ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာစိုးသက်ဝင်းကပြောပါတယ်။

“သူတို့က စုစုပေါင်း ၇ ယောက်ပြန်လာတယ်ဗျ၊ ၇ ယောက်ပြန်လာတာ ၇ ယောက်လုံးကိုစစ်တာမှာ အဲဒီ လေးယောက် positive ဖြစ်တာပေါ့နော်၊ ဟုတ်တယ်။ ပထမဆုံး ဟုတ်။ guideline အရ စစ်လိုက်လို့တော့ positive တွေ့ရတယ်ပေါ့နော်၊ လက္ခဏာရှိလို့ စစ်တာမဟုတ်ဘူးခင်ဗျ။”

ကူးစက်မှု အတည်ပြုလူနာနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း အသွားအလာကန့်သတ်ပြီး ရောဂါရှိမရှိ စစ်ဆေးသွားမယ်လို့ ဒေါက်တာစိုးသက်ဝင်းက ပြောပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ပထမဆုံးအကြိမ် ကိုဗစ်ကူးစက်သူ အတည်ပြုခဲ့ပြီးနောက် ရောဂါကူးစက်မှု အန္တရာယ်ကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အများအပြားကြားမှာလည်း ရောဂါကူးစက်မှာ စိုးရိမ်နေကြတာပါ။ မြို့ခံတွေ သာမက ဒုက္ခသည်တွေ ကြားမှာပါ ရောဂါကူးစက်မယ့် အန္တရာယ်ကို စိုးရိမ်နေကြတာလို့လည်း ပလက်ဝမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ဒုက္ခသည် ဦးတင်ဦး က ပြောပါတယ်။

“ဒီမြို့သူမြို့သားအပါအဝင် ကျနော်တို့ စစ်ဘေးရှောင်ပြည်သူတွေကလည်း နည်းနည်းထိပ်လန့်ချင်ကြတာပေါ့၊ ဒီရောဂါဘယ်လိုမြင်လာမလဲ တအားကြီးစိုးရိမ်းတာပေါ့၊ ဘာဖြစ်လို့စိုးရိမ်တာလဲ ဒီဘက်မှာက တကယ်လို့များဖြစ်လာမယ်ဆိုရင် မလွယ်ဘူးလို့။ ကျနော်တို့က စစ်ရှောင်စခန်းမှာ နေတယ်ဆိုပေမယ့် ကျနော်တို့က ၆ ပေ လုံးလုံးမခွာနိုင်ဘူးလေး။”

ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး စုပြုံနေထိုင်နေကြရတဲ့အတွက် ရောဂါကူးစက်မှာကို စိုးရိမ်နေရတာလို့လည်း အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“သုံးပေအကွာတော့ ရှိတာပေါ့နော်၊ ယာယီတဲဆောင် ကျနော်တို့ ဆောက်ထားတာတွေကတော့ သုံးပေအကွာလုပ်ထားတယ်ပေါ့နော်၊ ဒါပေမယ့်လည်း အဲ့ဒီမှာ တစ်စုတစ်စည်းနေတာ ချက်ပြုတ်တာ ဘာညာဆိုရင်လည်း တစ်နေရာထဲမှာ စုပြီးချက်ရတာကို အဲ့တော့ နည်းနည်းလေး ဖြစ်နိုင်ချေကတော့ ဖြစ်ရင် အကုန်တော့မလွယ်ဘူးပေါ့နော်၊ ကူးစက်လွယ်ကူးတာပေါ့နော်၊ အဲ့လိုလေးတော့ဖြစ်မှာပေါ့။”

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပလက်ဝမြို့နယ်မှာ ခိုလှုံနေကြသူ ၁ သောင်းကျော် ရှိနေတယ်လို့လည်း ဒေသခံအကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ခန့်မှန်းထားပါတယ်။ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လောဟာကတော့ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ရောဂါကူးစက်မှု ကာကွယ်ရေး အစီအမံတွေနဲ့ လိုအပ်တဲ့ပစ္စည်းထောက်ပံ့ထားတယ်လို့. ပြောပါတယ်။

“တိုက်ပွဲရှောင်တွေ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ကျနော်တို့ဖွဲ့ထားတာရှိတယ်၊ IDP camps စခန်းအလိုက် သူတို့ိကိုခေါ်ပြီးမှ အဖွဲ့ခေါင်းဆောင်တွေကို အပြင်မထွက်ဖို့နော် အပြင်ထွက်ရင်လည်းပဲ အမြဲတမ်းလက်ဆေးဖို့ ပြီးရင် Mask တပ်ဆင်ပြီးမှ အပြင်ထွက်ဖို့ ပြန်ရောက်ရင်လည်းပဲ လက်ဆေးပြီးမှ အိမ်ထဲပြန်ဝင်ဖို့ အဓိကတော့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ဆေးသွားကုရင်လည်းပဲ တစ်အိမ်ကိုတစ်ယောက်နှုန်းနဲ့ မဖြစ်မနေသွားရရင် သွားဖို့ အဲ့ဒါ အကုန်လုံး ကိုဗစ်စည်းကမ်းချက်နဲ့အညီ နေထိုင်ဖို့ မှာကြားပြီးပါပြီခင်ဗျ။”

မြန်မာနိုင်ငံအဝန်း နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့ရာမှာ လူစုလူဝေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် ကပ်ရောဂါကူးစက်မှုတွေ တိုးလာနိုင်တဲ့ အန္တရာယ်ကို သတိထားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ အစိုးရတာဝန်ရှိသူတွေကလည်း သတိပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၆၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၇၄၀၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG