သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA ဖမ္းဆီးထားတဲ့ ပလက္၀ေဒသခံ တဒါဇင္နီးပါး အျမန္ဆံုး ျပန္လႊတ္ေပးဖို႔ ခ်င္းမ်ဳိးႏြယ္စုအဖဲြ႕ေတြ ေတာင္းဆို


ပလက္၀ၿမိဳ႕ (CUSF - Paletwa)

(Zawgyi/Unicode)

ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ၾကား ပဋိပကၡျဖစ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝမွာ အရပ္သားေတြကို AA ရခိုင္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ေနတဲ့ လုပ္ရပ္ေတြ ရပ္တန႔္ၿပီး အျပစ္မရွိပဲ ဖမ္းဆီးထားသူေတြကို အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ CNLD ခ်င္းႏိုင္ငံေရးပါတီအပါအဝင္ ခူမီးခ်င္းမ်ိဳးႏြယ္စု အဖြဲ႕ေတြက တိုက္တြန္းလိုက္ပါတယ္။

ခူမီးခ်င္း မ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိဳႏႈိင္းေရးေကာင္စီ ရဲ႕ေၾကညာခ်က္မွာ AA ဖမ္းဆီးထားတဲ့ ပလက္၀ ေဒသခံ အရပ္သား စုစုေပါင္း (၁၂)ဦးထိ ရွိေနေၾကာင္းေဖၚျပထားပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစုံကို တင္ျပမွာပါ။

ဇူလိုင္လ ၂၉ရက္ေန႔က ပလက္ဝကို စက္ေလွနဲ႔ ေရေၾကာင္းခရီးသြားေနတဲ့ခူမီးလူငယ္ေတြျဖစ္တဲ့ ကိုေအာင္စိုးအပါအဝင္ အျခားလူငယ္ သုံးဦးကို AA လို႔ ယူဆရတဲ့ လက္နက္ကိုင္အဖြဲ႕ကေန စက္ေလွနဲ႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။ အဲဒီေနာက္ တလနီးပါးအၾကာမွာေတာ့ ကိုေအာင္စိုးက လြဲၿပီး က်န္တဲ့ လူငယ္သုံးဦးကို AA လက္နက္ကိုင္အဖြဲ႕က ျပန္လႊတ္ေပးခဲ့ေၾကာင္း ခူမီးခ်င္း မ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိဳႏႈိင္းေရးေကာင္စီ KACC ေျပာခြင့္ရ မိုင္နန္းေ၀ က ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ကိုေအာင္စိုးမပါပဲနဲ႔ ေနာက္ထပ္ ၃ ေယာက္ေပါ့ေနာ္ ဆလိုင္းဘန္ဂ်ာမန္ရယ္၊ ဆလိုင္းခင္ေမာင္ထြန္း၊ ဆလိုင္းေအာင္ထြန္းကို သူတို႔ ၃ ေယာက္ကိုေတာ့ လႊတ္ေပးလိုက္တယ္ေပါ့ေနာ္။ အဲလိုလႊတ္ေပးလိုက္တဲ့အေနအထားမွာ သူတို႔ ကို ျပန္တဲ့အခါမွာေတာ့ ေအာင္စိုးကို သြားၿပီးႏႈတ္ဆက္ဖို႔အခြင့္ေတာ့ ေပးတယ္လို႔ေျပာတယ္။ ေအာင္စိုးက သူတေယာက္တည္းက်န္ေနခဲ့တယ္ ဆိုတာမ်ိဳးေပးသိတဲ့အေနအထားမ်ိဳး လို႔ေတာ့ က်မတို႔ယူဆပါတယ္။”

ေမး။ ။ အဲဒီေတာ့ ဆလိုင္းေအာင္စိုးကို ေနာက္ဆံုးေတြ႔ခဲ့တဲ့လူေတြ ေျပာျပခ်က္အရဆိုရင္ သူတို႔က အဓိက ဘာေၾကာင့္ဖမ္းထားတယ္လို႔ ယူဆမိလဲရွင့္။

ေျဖ။ ။ သူတို႔ကေတာ့ ဘာမွမေျပာဘူး ေအာင္စိုးနဲ႔ ပတ္သက္တာပဲ သူတို႔ကို ေမးတယ္လို႔ေျပာတယ္။ ဒါေပမယ့္ က်မတို႔က CHR ရဲ႕ ဒုတိယအႀကိမ္ေျမာက္ ထုတ္ျပန္ခ်က္အရေျပာမယ္ဆိုရင္ေတာ့ CNLD ရဲ႕ စည္းရံုးေရးမွဴးတဦးျဖစ္တယ္။ အဲလိုျဖစ္တဲ့အတြက္ ေအာင္စိုးကို အခုလိုမ်ိဳးေမးစရာရွိေနလို႔ သူတို႔ ျပန္မလႊတ္ေသးဘူး အဲဒါေၾကာင့္ဖမ္းတယ္လို႔ ။ ဒါေပမယ့္ ခတ္တာက အခုအထိ AA က ဟို ၃ ေယာက္ကိုသာ လႊတ္တာ ၊ ဖမ္းတုန္းကလည္း AA က ဖမ္းတယ္၊ ျပန္လႊတ္တဲ့လူေတြက AA က ဖမ္းတယ္ ဆိုတာကို ဒီ ၃ ေယာက္ထြက္ဆိုတယ္ေပါ့ေနာ္။ ဒါေပမယ့္ AA က အခုထိ ကိုေအာင္စိုး ကို ဖမ္းတဲ့အေပၚမွာ အခုအထိ ၀န္ခံထားျခင္း၊ ျငင္းဆိုထားျခင္းလည္းမရွိဘူးေပါ့ေနာ္။

ဆလိုင္းေအာင္စိုးကို ဖမ္းဆီးခဲ့တဲ့ အေၾကာင္းအရင္းကို အေသအခ်ာမသိရေပမဲ့ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CNLD ရဲ႕ စည္း႐ုံးေရးမႉးတဦးျဖစ္လို႔ AA က ဖမ္းဆီးခဲ့တယ္ဆိုတဲ့ သတင္းေတြနဲ႔႔ပတ္သက္လို႔ CNLD ပါတီရဲ႕ ပလက္၀ မဲဆႏၵနယ္ေျမ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ခ်င္းျပည္နယ္ သတၱဳဝန္ႀကီးေဟာင္း ဦးေက်ာ္ၿငိမ္းကိုေမးၾကည့္ေတာ့

“တခ်ိဳ႕ကေလ CNLD က လူငယ္ေတြလို႔ေျပာတယ္။ သို႔ေသာ္ CNLD က လူငယ္မဟုတ္ေပမယ့္ ဒီလိုလုပ္တာက မလုပ္သင့္ဘူး။ သူကေတာ့ ခူမီးလူငယ္ေခါင္းေဆာင္ပါခင္ဗ်။

ေမး။ ။ ဒါဆိုရင္ သူက CNLD ရဲ႕ စည္းရံုးေရးမွဴး အဖြဲ႔၀င္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။

ေျဖ။ ။ မဟုတ္ဘူးခင္ဗ်။

ေမး။ ။ CNLD ရဲ႕ အဖြဲ႔၀င္မဟုတ္ဘူးဆိုတာကေတာ့ ေသခ်ာတယ္ဆိုေတာ့ အခုလို AA ရဲ႕ ဖမ္းဆီးတဲ့ လုပ္ရပ္ေပၚမွာ ဘယ္လိုျမင္သလဲရွင့္။

ေျဖ။ ။ အဲဒါကေတာ့ က်ေနာ္တို႔က ပလက္၀နဲ႔ နီးနီးေလးပါ။ အရင္ကတည္းက ခူမီးနဲ႔ ရခိုင္က စည္းစည္းလံုးလံုးေနၾကတာ ။ တဦးတေယာက္က ေသြးထိုးတာ ျဖစ္ႏိုင္တယ္ဆိုတာ က်ေနာ္သံုးသပ္ပါတယ္ခင္ဗ်။"

ပလက္ဝေဒသမွာ အျပစ္မဲ့ အရပ္သားေတြကို လက္နက္နဲ႔ ျပန္ေပးဆြဲ ဖမ္းဆီးေခၚေဆာင္ေနတဲ့ ျဖစ္ရပ္မ်ိဳးကို သူ႔အေနနဲ႔ ကန႔္ကြက္ေၾကာင္းနဲ႔ အျမန္ဆုံးျပန္လႊတ္ေပးသင့္တယ္လို႔ ျမင္ေၾကာင္း ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

“ ဟုတ္က့ဲ က်ေနာ္တို႔က မမွန္ပဲနဲ႔ အမႈအမွန္ ျဖစ္ရပ္မွန္ေပၚရင္ လႊတ္ေပးသင့္ပါတယ္။ ေနာက္တခါ ေရြးေကာက္ပြဲကလည္း တဖက္ကေတာ့ ေၾကညာထားတယ္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔ေပါ့။ ေၾကညာထားေပမယ့္ သူတို႔တပ္နဲ႔က အဆင္မေျပဘူးဆိုရင္ အဓိကတာ၀န္ခံကေတာ့ တပ္နဲ ႔AA ပဲ အဓိကတာ၀န္ရွိပါတယ္။ သူတို႔ ႏွစ္ဦးေျပရင္ ေရြးေကာက္ပြဲ ျဖစ္လာႏိုင္ပါတယ္။”

ဆလိုင္းေအာင္စိုး အပါအ၀င္ အရပ္သားေတြကို ဖမ္းဆီးထိန္းသိမ္းထားတဲ့ သတင္းနဲ႔ ပတ္သက္လို႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ရဲ႕ တာဝန္ရွိသူေတြကို ေမးျမန္းဖို႔ ဗြီအိုေအက အႀကိမ္မ်ားစြာ ႀကိဳးစားဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖဆိုမယ့္သူ မရွိျဖစ္ေနပါတယ္။

ဆလိုင္းေအာင္စိုးရဲ႕ မိသားစုဝင္ေတြကေတာ့ ဘာေၾကာင့္ဖမ္းဆီးထားသလဲဆိုတာ မသိရေသးတဲ့အတြက္ အေျခအေနေတြကို အလြန္စိုးရိမ္ေနတယ္လို႔ မိုင္နန္းေဝက ေျပာပါတယ္။

“ က်မတို႔ KACC အေနနဲ႔ကလည္း မိသားစုနဲ႔ ထပ္တူ ဒီ ခ်င္းလူငယ္တဦး၊ တကၠသိုလ္ေက်ာင္းသားတဦး လည္းျဖစ္တယ္။ က်မတို႔ ပလက္၀ၿမိဳ႕နယ္ အတြက္လည္း ဘယ္လိုျဖစ္ျဖစ္ တေထာင့္တေနရာကေန အားကိုးရတဲ့လူငယ္ တဦးျဖစ္တယ္ေပါ့ေနာ္။ အားကိုးရတယ္ဆိုတာက စစ္ေဘးေရွာင္အေရးမွာလည္း data ေကာက္ယူတဲ့အပိုင္းေတြမွာ ၊ ေနာက္ စစ္ေဘးေရွာင္စခန္းေတြမွာ ၀င္ထြက္သြားလာၿပီးေတာ့ က်မတို႔လိုခ်င္တဲ့ data အခ်က္အလက္ေတြ ယူတဲ့အကူအညီေတြ ေနာက္ဆန္၊ဆီ၊ဆားေပးေ၀တဲ့ကိစၥေတြမွာ Logistic အပိုင္းေပါ့ေနာ္ အဲလိုေနရာေတြမွာ distribution ျဖန္႔ျဖဴးတဲ့အပိုင္းေတြမွာဆိုရင္ သူက တကယ္ကို တက္တက္ၾကြၾကြနဲ႔ လုပ္ေဆာင္ေပးတဲ့ လူငယ္တဦးျဖစ္တယ္ေပါ့ေနာ္။”

စက္တင္ဘာလ (၅) ရက္ေန႔ ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ KACC ရဲ႕ေၾကညာခ်က္မွာ ဆလိုင္းေအာင္စိုးအပါအ၀င္ ဖမ္းဆီးခံထားရတဲ့ ပလက္၀ ေဒသခံ အရပ္သား စုစုေပါင္း (၁၂)ဦးထိ ရွိေနေၾကာင္းေဖၚျပထားပါတယ္။အခုလို ေဒသခံခ်င္းလူမ်ဳိးႏြယ္စု ေတြ၊ အရပ္သားေတြကို ဖမ္းဆီးထိန္းသိမ္းထားတဲ့ AA လက္နက္ကိုင္အဖဲြ႕ရဲ႕ လုပ္ရပ္ကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေၾကာင္းနဲ႔ သူတို႔အားလံုး အျမန္ဆံုးျပန္လႊတ္ေပးဖို႔ ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

AA ဖမ်းဆီးထားတဲ့ ပလက်ဝဒေသခံ တဒါဇင်နီးပါး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ချင်းမျိုးနွယ်စုအဖွဲ့တွေ တောင်းဆို

(Unicode)

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမှာ အရပ်သားတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်နေတဲ့ လုပ်ရပ်တွေ ရပ်တန့်ပြီး အပြစ်မရှိပဲ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ CNLD ချင်းနိုင်ငံရေးပါတီအပါအဝင် ခူမီးချင်းမျိုးနွယ်စု အဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ ရဲ့ကြေညာချက်မှာ AA ဖမ်းဆီးထားတဲ့ ပလက်၀ ဒေသခံ အရပ်သား စုစုပေါင်း (၁၂)ဦးထိ ရှိနေကြောင်းဖေါ်ပြထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဇူလိုင်လ ၂၉ရက်နေ့က ပလက်ဝကို စက်လှေနဲ့ ရေကြောင်းခရီးသွားနေတဲ့ခူမီးလူငယ်တွေဖြစ်တဲ့ ကိုအောင်စိုးအပါအဝင် အခြားလူငယ် သုံးဦးကို AA လို့ ယူဆရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ စက်လှေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီနောက် တလနီးပါးအကြာမှာတော့ ကိုအောင်စိုးက လွဲပြီး ကျန်တဲ့ လူငယ်သုံးဦးကို AA လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ KACC ပြောခွင့်ရ မိုင်နန်းေ၀ က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကိုအောင်စိုးမပါပဲနဲ့ နောက်ထပ် ၃ ယောက်ပေါ့နော် ဆလိုင်းဘန်ဂျာမန်ရယ်၊ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းအောင်ထွန်းကို သူတို့ ၃ ယောက်ကိုတော့ လွှတ်ပေးလိုက်တယ်ပေါ့နော်။ အဲလိုလွှတ်ပေးလိုက်တဲ့အနေအထားမှာ သူတို့ ကို ပြန်တဲ့အခါမှာတော့ အောင်စိုးကို သွားပြီးနှုတ်ဆက်ဖို့အခွင့်တော့ ပေးတယ်လို့ပြောတယ်။ အောင်စိုးက သူတယောက်တည်းကျန်နေခဲ့တယ် ဆိုတာမျိုးပေးသိတဲ့အနေအထားမျိုး လို့တော့ ကျမတို့ယူဆပါတယ်။”

မေး။ ။ အဲဒီတော့ ဆလိုင်းအောင်စိုးကို နောက်ဆုံးတွေ့ခဲ့တဲ့လူတွေ ပြောပြချက်အရဆိုရင် သူတို့က အဓိက ဘာကြောင့်ဖမ်းထားတယ်လို့ ယူဆမိလဲရှင့်။

ဖြေ။ ။ သူတို့ကတော့ ဘာမှမပြောဘူး အောင်စိုးနဲ့ ပတ်သက်တာပဲ သူတို့ကို မေးတယ်လို့ပြောတယ်။ ဒါပေမယ့် ကျမတို့က CHR ရဲ့ ဒုတိယအကြိမ်မြောက် ထုတ်ပြန်ချက်အရပြောမယ်ဆိုရင်တော့ CNLD ရဲ့ စည်းရုံးရေးမှူးတဦးဖြစ်တယ်။ အဲလိုဖြစ်တဲ့အတွက် အောင်စိုးကို အခုလိုမျိုးမေးစရာရှိနေလို့ သူတို့ ပြန်မလွှတ်သေးဘူး အဲဒါကြောင့်ဖမ်းတယ်လို့ ။ ဒါပေမယ့် ခတ်တာက အခုအထိ AA က ဟို ၃ ယောက်ကိုသာ လွှတ်တာ ၊ ဖမ်းတုန်းကလည်း AA က ဖမ်းတယ်၊ ပြန်လွှတ်တဲ့လူတွေက AA က ဖမ်းတယ် ဆိုတာကို ဒီ ၃ ယောက်ထွက်ဆိုတယ်ပေါ့နော်။ ဒါပေမယ့် AA က အခုထိ ကိုအောင်စိုး ကို ဖမ်းတဲ့အပေါ်မှာ အခုအထိ ဝန်ခံထားခြင်း၊ ငြင်းဆိုထားခြင်းလည်းမရှိဘူးပေါ့နော်။

ဆလိုင်းအောင်စိုးကို ဖမ်းဆီးခဲ့တဲ့ အကြောင်းအရင်းကို အသေအချာမသိရပေမဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ရဲ့ စည်းရုံးရေးမှူးတဦးဖြစ်လို့ AA က ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ CNLD ပါတီရဲ့ ပလက်၀ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ချင်းပြည်နယ် သတ္တုဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကိုမေးကြည့်တော့

“တချို့ကလေ CNLD က လူငယ်တွေလို့ပြောတယ်။ သို့သော် CNLD က လူငယ်မဟုတ်ပေမယ့် ဒီလိုလုပ်တာက မလုပ်သင့်ဘူး။ သူကတော့ ခူမီးလူငယ်ခေါင်းဆောင်ပါခင်ဗျ။

မေး။ ။ ဒါဆိုရင် သူက CNLD ရဲ့ စည်းရုံးရေးမှူး အဖွဲ့ဝင်တော့ မဟုတ်ဘူးပေါ့နော်။

ဖြေ။ ။ မဟုတ်ဘူးခင်ဗျ။

မေး။ ။ CNLD ရဲ့ အဖွဲ့ဝင်မဟုတ်ဘူးဆိုတာကတော့ သေချာတယ်ဆိုတော့ အခုလို AA ရဲ့ ဖမ်းဆီးတဲ့ လုပ်ရပ်ပေါ်မှာ ဘယ်လိုမြင်သလဲရှင့်။

ဖြေ။ ။ အဲဒါကတော့ ကျနော်တို့က ပလက်ဝနဲ့ နီးနီးလေးပါ။ အရင်ကတည်းက ခူမီးနဲ့ ရခိုင်က စည်းစည်းလုံးလုံးနေကြတာ ။ တဦးတယောက်က သွေးထိုးတာ ဖြစ်နိုင်တယ်ဆိုတာ ကျနော်သုံးသပ်ပါတယ်ခင်ဗျ။"

ပလက်ဝဒေသမှာ အပြစ်မဲ့ အရပ်သားတွေကို လက်နက်နဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်နေတဲ့ ဖြစ်ရပ်မျိုးကို သူ့အနေနဲ့ ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ မြင်ကြောင်း ဦးကျော်ငြိမ်းက ပြောပါတယ်။

“ ဟုတ်ကဲ့ ကျနော်တို့က မမှန်ပဲနဲ့ အမှုအမှန် ဖြစ်ရပ်မှန်ပေါ်ရင် လွှတ်ပေးသင့်ပါတယ်။ နောက်တခါ ရွေးကောက်ပွဲကလည်း တဖက်ကတော့ ကြေညာထားတယ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ပေါ့။ ကြေညာထားပေမယ့် သူတို့တပ်နဲ့က အဆင်မပြေဘူးဆိုရင် အဓိကတာဝန်ခံကတော့ တပ်နဲ့AA ပဲ အဓိကတာဝန်ရှိပါတယ်။ သူတို့ နှစ်ဦးပြေရင် ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါတယ်။”

ဆလိုင်းအောင်စိုး အပါအဝင် အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းနဲ့ ပတ်သက်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တာဝန်ရှိသူတွေကို မေးမြန်းဖို့ ဗွီအိုအေက အကြိမ်များစွာ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ မရှိဖြစ်နေပါတယ်။

ဆလိုင်းအောင်စိုးရဲ့ မိသားစုဝင်တွေကတော့ ဘာကြောင့်ဖမ်းဆီးထားသလဲဆိုတာ မသိရသေးတဲ့အတွက် အခြေအနေတွေကို အလွန်စိုးရိမ်နေတယ်လို့ မိုင်နန်းဝေက ပြောပါတယ်။

“ ကျမတို့ KACC အနေနဲ့ကလည်း မိသားစုနဲ့ ထပ်တူ ဒီ ချင်းလူငယ်တဦး၊ တက္ကသိုလ်ကျောင်းသားတဦး လည်းဖြစ်တယ်။ ကျမတို့ ပလက်ဝမြို့နယ် အတွက်လည်း ဘယ်လိုဖြစ်ဖြစ် တထောင့်တနေရာကနေ အားကိုးရတဲ့လူငယ် တဦးဖြစ်တယ်ပေါ့နော်။ အားကိုးရတယ်ဆိုတာက စစ်ဘေးရှောင်အရေးမှာလည်း data ကောက်ယူတဲ့အပိုင်းတွေမှာ ၊ နောက် စစ်ဘေးရှောင်စခန်းတွေမှာ ဝင်ထွက်သွားလာပြီးတော့ ကျမတို့လိုချင်တဲ့ data အချက်အလက်တွေ ယူတဲ့အကူအညီတွေ နောက်ဆန်၊ဆီ၊ဆားပေးဝေတဲ့ကိစ္စတွေမှာ Logistic အပိုင်းပေါ့နော် အဲလိုနေရာတွေမှာ distribution ဖြန့်ဖြူးတဲ့အပိုင်းတွေမှာဆိုရင် သူက တကယ်ကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်ပေးတဲ့ လူငယ်တဦးဖြစ်တယ်ပေါ့နော်။”

စက်တင်ဘာလ (၅) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ KACC ရဲ့ကြေညာချက်မှာ ဆလိုင်းအောင်စိုးအပါအဝင် ဖမ်းဆီးခံထားရတဲ့ ပလက်၀ ဒေသခံ အရပ်သား စုစုပေါင်း (၁၂)ဦးထိ ရှိနေကြောင်းဖေါ်ပြထားပါတယ်။အခုလို ဒေသခံချင်းလူမျိုးနွယ်စု တွေ၊ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ AA လက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ သူတို့အားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG