ခ်င္းအမ်ိဳးသားတပ္မေတာ္ CNA နဲ႔ ခ်င္းနယ္ေျမကာကြယ္ေရးတပ္ CDF တို႔က အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ ျပည္နယ္နဲ႔ နယ္စပ္က ျမန္မာတပ္စခန္းေပၚကို ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ဒ႐ုန္းနဲ႔ ဗုံးသုံးလုံး ႀကဲခ်ခဲ့တယ္လို႔ အိႏၵိယနယ္ျခားေစာင့္တပ္ သတင္းအရင္းအျမစ္ေတြကို ကိုးကားၿပီး The Asian Age အင္တာနက္သတင္းစာမ်က္ႏွာက ေျပာလိုက္ပါတယ္။
ထန္တလန္ၿမိဳ႕ နားက ႐ြာတစ္႐ြာမွာ တပ္စြဲထားခဲ့တဲ့ ျမန္မာစစ္တပ္စခန္းတစ္ခုကို တိုက္ခိုက္ခဲ့တာ ျဖစ္တယ္လို႔ အဆိုပါ သတင္းအရင္းအျမစ္ေတြက ေျပာၾကားပါတယ္။ အဲဒီေနရာဟာ အိႏၵိယနယ္စပ္နဲ႔နီးၿပီး အိႏၵိယအေရွ႕ပိုင္း တပ္မေတာ္နဲ႔ ၆ မိုင္ကေန ၉ မိုင္ အၾကား ေဝးကြာလိမ့္မယ္လို႔ ခန႔္မွန္းပါတယ္။ ခ်င္းျပည္နယ္က ၿမိဳ႕နယ္ ခုနစ္ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးနယ္ေျမအျဖစ္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ က ေၾကညာခဲ့ၿပီးတဲ့ေနာက္ ၄၈ နာရီအတြင္းမွာ ခုလို တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။
ခ်င္းျပည္နယ္မွာ ဒ႐ုန္း နဲ႔ တိုက္ခိုက္တာကို ပထမဆုံး ျမင္ရတာ ျဖစ္တယ္လို႔ အိႏၵိယ စစ္တပ္ သတင္းအရင္းအျမစ္ေတြက The Asian Age အင္တာနက္ သတင္းကို ေျပာပါတယ္။ ကမာၻရဲ႕ အျခားေနရာေတြမွာ ဒ႐ုန္းအသုံးျပဳ တိုက္ခိုက္တာေတြရွိေပမယ့္ ခုလိုနည္းပညာကို တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ေတြက ဘယ္လိုရရွိခဲ့ၾကသလဲဆိုတာကို အိႏၵိယစစ္တပ္က စိတ္ဝင္စားေနတယ္လို႔ သတင္းက ဆိုပါတယ္။
ခ်င္းအမ်ိဳးသားတပ္ဦး (CNF) ဌာနခ်ဳပ္ရွိရာ ဝိတိုရိယစခန္းကို ဇန္နဝါရီလ ၁၀ ရက္ေန႔က စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့လို႔ တပ္ဖြဲ႕ဝင္ ၅ ဦး ေသဆုံးၿပီး ၁၀ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့သလို၊ ဝိတိုရိယစခန္းနဲ႔ ဖလမ္းၿမိဳ႕နယ္အစပ္ကို ေနာက္တေန႔ ဇန္နဝါရီ ၁၁ ရက္ေန႔ ညေနပိုင္းေလာက္မွာ ျမန္မာစစ္ေကာင္စီက ေလေၾကာင္းကေန ၃ႀကိမ္ ထပ္မံဗုံးႀကဲတိုက္ခိုက္ခဲ့အတြက္ အေဆာက္အဦး အေတာ္မ်ားမ်ား ပ်က္ဆီးသြားခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ အဲဒီေလေၾကာင္း တိုက္ခိုက္မႈေတြအတြင္း အိႏၵိယႏိုင္ငံနယ္နိမိတ္ကို ျဖတ္ေက်ာ္၀င္ေရာက္ခဲ့တဲ့အျပင္ အိႏၵိယဘက္အျခမ္း၊ မီဇိုးရမ္းျပည္နယ္အတြင္းမွာ ထိခိုက္ပ်က္ဆီးမႈေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာေပမယ့္ အိႏၵိယဘက္အျခမ္းကို က်ည္ က်ေရာက္ခဲ့ျခင္းမရွိဘူးလို႔ မီဇိုးရမ္းအစိုးရက ေျပာပါတယ္။
[Unicode]
နယ်စပ်မှာ စစ်ကောင်စီစခန်းကို CNA နဲ့ CDF တို့ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုအပေါ် အိန္ဒိယစိုးရိမ်
ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းနယ်မြေကာကွယ်ရေးတပ် CDF တို့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်နဲ့ နယ်စပ်က မြန်မာတပ်စခန်းပေါ်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ဒရုန်းနဲ့ ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ အိန္ဒိယနယ်ခြားစောင့်တပ် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး The Asian Age အင်တာနက်သတင်းစာမျက်နှာက ပြောလိုက်ပါတယ်။
ထန်တလန်မြို့ နားက ရွာတစ်ရွာမှာ တပ်စွဲထားခဲ့တဲ့ မြန်မာစစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဆိုပါ သတင်းအရင်းအမြစ်တွေက ပြောကြားပါတယ်။ အဲဒီနေရာဟာ အိန္ဒိယနယ်စပ်နဲ့နီးပြီး အိန္ဒိယအရှေ့ပိုင်း တပ်မတော်နဲ့ ၆ မိုင်ကနေ ၉ မိုင် အကြား ဝေးကွာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ချင်းပြည်နယ်က မြို့နယ် ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ က ကြေညာခဲ့ပြီးတဲ့နောက် ၄၈ နာရီအတွင်းမှာ ခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ဒရုန်း နဲ့ တိုက်ခိုက်တာကို ပထမဆုံး မြင်ရတာ ဖြစ်တယ်လို့ အိန္ဒိယ စစ်တပ် သတင်းအရင်းအမြစ်တွေက The Asian Age အင်တာနက် သတင်းကို ပြောပါတယ်။ ကမ္ဘာရဲ့ အခြားနေရာတွေမှာ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေရှိပေမယ့် ခုလိုနည်းပညာကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လိုရရှိခဲ့ကြသလဲဆိုတာကို အိန္ဒိယစစ်တပ်က စိတ်ဝင်စားနေတယ်လို့ သတင်းက ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိရာ ဝိတိုရိယစခန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို၊ ဝိတိုရိယစခန်းနဲ့ ဖလမ်းမြို့နယ်အစပ်ကို နောက်တနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းလောက်မှာ မြန်မာစစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့အတွက် အဆောက်အဦး အတော်များများ ပျက်ဆီးသွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလေကြောင်း တိုက်ခိုက်မှုတွေအတွင်း အိန္ဒိယနိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အပြင် အိန္ဒိယဘက်အခြမ်း၊ မီဇိုးရမ်းပြည်နယ်အတွင်းမှာ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် အိန္ဒိယဘက်အခြမ်းကို ကျည် ကျရောက်ခဲ့ခြင်းမရှိဘူးလို့ မီဇိုးရမ်းအစိုးရက ပြောပါတယ်။