=== [[ ZAWGYI ]] ===
အပစ္ရပ္အဖြဲ႔ ေခါင္းေဆာင္မ်ား ေဆြးေႏြး
စစ္တပ္က အာဏာသိမ္းၿပီး ၂ ႏွစ္ၾကာသည့္တိုင္ ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္းေတြ ေျဖရွင္းႏိုင္ျခင္း မရွိေၾကာင္း NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္ ၈ ဖြဲ႕က သုံးသပ္ၿပီး၊ ႏိုင္ငံေရးနည္းအရ ေဆြးေႏြး အေျဖရွာေရးကို ဆက္လက္ႀကိဳးပမ္းသြားဖို႔ ၾကာသပေတးေန႔ ၿပီးဆုံးတဲ့ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ပါတယ္။ ၂ ရက္ၾကာ အစည္းအေဝးမွာ မူလရည္မွန္းခ်က္အတိုင္း သက္ဆိုင္သူအားလုံး ပါဝင္ေရးကို ဆက္လက္ႀကိဳးပမ္းသြားဖို႔နဲ႔ လာမယ့္ မတ္လအတြင္းမွာ အပစ္ရပ္ ၁၀ ဖြဲ႕ ပါဝင္တဲ့ ထိပ္သီးေဆြးေႏြးပြဲ ဒါမွမဟုတ္ ညီလာခံကို က်င္းပဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီသတင္းကို ကိုခင္ေမာင္စိုးမင္းက တင္ျပထားပါတယ္။
လက္ရွိ စစ္ေကာင္စီနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေနတဲ့ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST အစည္းအေဝးကို Video Conferencing နဲ႔ ၂ ရက္ၾကာ က်င္းပခဲ့တာပါ။
ဒီအစည္းအေဝးမွာ လက္ရွိ ျပည္တြင္းႏိုင္ငံေရး အက်ပ္အတည္းေတြဟာ ဆက္လက္ ျမင့္တက္ဆဲရွိေနၿပီး ဒါကို ေဆြးေႏြးအေျဖရွာေရးအတြက္ ဆက္လက္ႀကိဳးပမ္းဖို႔ ေဆြးေႏြးခဲ့ၾကေၾကာင္း PPST ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫႊန႔္က VOA ကို ေျပာပါတယ္။
“ က်ေနာ္တို႔ ၂ ႏွစ္တာကာလ ျဖတ္ေက်ာ္ခဲ့ၿပီ။ အခက္အခဲ အက်ပ္အတည္းေတြက တျဖည္းျဖည္း ေလ်ာ့ပါးသြားတဲ့ အရိပ္အေယာင္ကို မေတြ႕ရေသးဘဲနဲ႔ ဆက္လက္ ရွိေနမယ္ဆိုတာကို က်ေနာ္တို႔ အားလုံးက သုံးသပ္ၾကတယ္။ သို႔ေသာ္လည္းပဲ က်ေနာ္တို႔ PPST အေနနဲ႔ကေတာ့ ဒါ ႏိုင္ငံေရးျပႆနာျဖစ္တယ္။ ဒီဥစၥာေတြကို စစ္ေရးနည္းလမ္းနဲ႔ ေျဖရွင္းတာထက္ေပ့ါေလ။ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးေရးနည္းနဲ႔ ေျဖရွင္းႏိုင္တဲ့လမ္းေၾကာင္း ျပန္တည့္မတ္ႏိုင္ေအာင္ေတာ့ ဆက္လက္ၿပီးေတာ့ ႀကိဳးပမ္းလုပ္ေဆာင္ဖို႔ လိုအပ္မယ္ဆိုတာကိုေတာ့ က်ေနာ္တို႔ ဒီအစည္းအေဝးမွာလည္း သုံးသပ္ ေဆြးေႏြးမႈေတြ ရွိခဲ့ပါတယ္။”
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ PPST အဖြဲ႕မွာ မူလက NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕ပါဝင္တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS နဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး CNF တို႔က PPST မွာ အဖြဲ႕ဝင္အျဖစ္ မပါဝင္ေတာ့ဘဲ ပူးေပါင္းအဖြဲ႕အျဖစ္သာ ရပ္တည္ခဲ့ပါတယ္။
ဒါေၾကာင့္ မူလ ၁၀ဖြဲ႕ပါဝင္တဲ့ ထိပ္သီးအစည္းအေဝး ဒါမွမဟုတ္ ညီလာခံတရပ္ ျပန္လည္က်င္းပဖို႔လည္း ဆုံးျဖတ္ခဲ့ေၾကာင္းလည္း ဗိုလ္မႈးႀကီး ေစာေက်ာ္ၫႊန႔္က ဆက္ေျပာပါတယ္။
“ PPST အဖြဲ႕ဝင္ေပါ့ေလ၊ NCA လက္မွတ္ ေရးထိုးထားတဲ့ တိုင္းရင္းသားလက္ႏိုင္ကိုင္ ၁၀ ဖြဲ႕ မ်က္ႏွာစုံညီအစည္းအေဝးလို႔ ေခၚမလား Summit လို႔ ေခၚမလား ။ အဲဒါကလည္း ဟိုးမႏွစ္တည္းက ဆုံးျဖတ္ထားတယ္ေလ။ သို႔ေသာ္လည္း မႏွစ္က က်ေနာ္တို႔ မလုပ္ႏိုင္ခဲ့ဘူး။ ဒါေပမဲ့ ဒီႏွစ္ထဲမွာေတာ့ မတ္လအတြင္းမွာ လုပ္ႏိုင္ေအာင္လို႔ က်ေနာ္တို႔ ျပန္လည္ဆုံးျဖတ္တာတို႔ ဘာတို႔ ရွိတယ္ခင္ဗ်။”
PPST အဖြဲ႕ဟာ NCA အႏွစ္သာရေတြျဖစ္တဲ့ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ေျဖရွင္းဖို႔၊ သက္ဆိုင္သူ အားလုံးပါဝင္ၿပီး အဓိပၸါယ္ရွိတဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ျဖစ္ေျမာက္ဖို႔နဲ႔ အရပ္သားမ်ားအေပၚ အကာအကြယ္ေပးေရးဆိုတဲ့မူကို ကိုင္စြဲထားေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။
ေဖေဖၚဝါရီ(၂)ရက္ေန႔ က်င္းပတဲ့အစည္းအေဝးမွာေတာ့ လက္ရွိ PPST အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ေက်ာင္းသားတပ္မေတာ္ ABSDF ၊ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNU_PC ၊ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU၊ မြန္ျပည္သစ္ပါတီ NMSP ၊ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO ၇ ဖြဲ႕နဲ႔ ပူးေပါင္းအဖြဲ႕ျဖစ္တဲ့ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS တို႔ တက္ေရာက္ခဲ့ပါတယ္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU နဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး CNF တို႔ကေတာ့ စစ္ေကာင္စီက ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ပါဝင္ တက္ေရာက္တာ မရွိသလို စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနပါတယ္။
=== {{ UNICODE }} ===
အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များ ဆွေးနွေး
စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကြာသည့်တိုင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ ဖြေရှင်းနိုင်ခြင်း မရှိကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က သုံးသပ်ပြီး၊ နိုင်ငံရေးနည်းအရ ဆွေးနွေး အဖြေရှာရေးကို ဆက်လက်ကြိုးပမ်းသွားဖို့ ကြာသပတေးနေ့ ပြီးဆုံးတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ၂ ရက်ကြာ အစည်းအဝေးမှာ မူလရည်မှန်းချက်အတိုင်း သက်ဆိုင်သူအားလုံး ပါဝင်ရေးကို ဆက်လက်ကြိုးပမ်းသွားဖို့နဲ့ လာမယ့် မတ်လအတွင်းမှာ အပစ်ရပ် ၁၀ ဖွဲ့ ပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲ ဒါမှမဟုတ် ညီလာခံကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းကို ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို Video Conferencing နဲ့ ၂ ရက်ကြာ ကျင်းပခဲ့တာပါ။
ဒီအစည်းအဝေးမှာ လက်ရှိ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းတွေဟာ ဆက်လက် မြင့်တက်ဆဲရှိနေပြီး ဒါကို ဆွေးနွေးအဖြေရှာရေးအတွက် ဆက်လက်ကြိုးပမ်းဖို့ ဆွေးနွေးခဲ့ကြကြောင်း PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က VOA ကို ပြောပါတယ်။
“ ကျနော်တို့ ၂ နှစ်တာကာလ ဖြတ်ကျော်ခဲ့ပြီ။ အခက်အခဲ အကျပ်အတည်းတွေက တဖြည်းဖြည်း လျော့ပါးသွားတဲ့ အရိပ်အယောင်ကို မတွေ့ရသေးဘဲနဲ့ ဆက်လက် ရှိနေမယ်ဆိုတာကို ကျနော်တို့ အားလုံးက သုံးသပ်ကြတယ်။ သို့သော်လည်းပဲ ကျနော်တို့ PPST အနေနဲ့ကတော့ ဒါ နိုင်ငံရေးပြဿနာဖြစ်တယ်။ ဒီဥစ္စာတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာထက်ပေ့ါလေ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့လမ်းကြောင်း ပြန်တည့်မတ်နိုင်အောင်တော့ ဆက်လက်ပြီးတော့ ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်မယ်ဆိုတာကိုတော့ ကျနော်တို့ ဒီအစည်းအဝေးမှာလည်း သုံးသပ် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။”
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အဖွဲ့မှာ မူလက NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ပါဝင်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့က PPST မှာ အဖွဲ့ဝင်အဖြစ် မပါဝင်တော့ဘဲ ပူးပေါင်းအဖွဲ့အဖြစ်သာ ရပ်တည်ခဲ့ပါတယ်။
ဒါကြောင့် မူလ ၁၀ဖွဲ့ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ဒါမှမဟုတ် ညီလာခံတရပ် ပြန်လည်ကျင်းပဖို့လည်း ဆုံးဖြတ်ခဲ့ကြောင်းလည်း ဗိုလ်မှုးကြီး စောကျော်ညွှန့်က ဆက်ပြောပါတယ်။
“ PPST အဖွဲ့ဝင်ပေါ့လေ၊ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နိုင်ကိုင် ၁၀ ဖွဲ့ မျက်နှာစုံညီအစည်းအဝေးလို့ ခေါ်မလား Summit လို့ ခေါ်မလား ။ အဲဒါကလည်း ဟိုးမနှစ်တည်းက ဆုံးဖြတ်ထားတယ်လေ။ သို့သော်လည်း မနှစ်က ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ မတ်လအတွင်းမှာ လုပ်နိုင်အောင်လို့ ကျနော်တို့ ပြန်လည်ဆုံးဖြတ်တာတို့ ဘာတို့ ရှိတယ်ခင်ဗျ။”
PPST အဖွဲ့ဟာ NCA အနှစ်သာရတွေဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့နဲ့ အရပ်သားများအပေါ် အကာအကွယ်ပေးရေးဆိုတဲ့မူကို ကိုင်စွဲထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဖေဖေါ်ဝါရီ(၂)ရက်နေ့ ကျင်းပတဲ့အစည်းအဝေးမှာတော့ လက်ရှိ PPST အဖွဲ့ဝင်တွေ ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ကျောင်းသားတပ်မတော် ABSDF ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU_PC ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၇ ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ တက်ရောက်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါဝင် တက်ရောက်တာ မရှိသလို စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။