သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက ေလေၾကာင္းသုံးပစ္မွတ္ထားတိုက္ခိုက္မႈ တိုးလုပ္လာ


ျမန္မာစစ္တပ္ ဂ်က္တိုက္ေလယာဥ္ ထိုင္းနယ္စပ္မွာ ထိုးစစ္ဆင္ (ယခင္မွတ္တမ္းဓာတ္ပုံ)

စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ေတာ္လွန္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို ပစ္မွတ္ထားၿပီး၊ စစ္ေကာင္စီဟာ ဒီလပိုင္းအတြင္း ေလေၾကာင္းတိုက္ခိုက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္လာပါတယ္။ မေန႔က ခ်င္းအမ်ိဳးသားတပ္ဦး CNF ရဲ႕ ဌာနခ်ဳပ္ကို စစ္ေကာင္စီက ေလေၾကာင္းသုံးတိုက္ခိုက္တာဟာ၊ CNF ရဲ႕ ေႏြဦးေတာ္လွန္ေရးတြင္း ပါဝင္ပတ္သက္မႈေၾကာင့္ျဖစ္တယ္လို႔ CNF ဒုဥကၠဌက သုံးသပ္ေျပာဆိုပါတယ္။ ဒီလိုေလေၾကာင္းတိုက္ခိုက္မႈေတြျမင့္တက္လာတဲ့အေျခအေနနဲ႔ပတ္သက္လို႔ သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ဒီလ ၁၀ရက္ေန႔ ညေနပိုင္းက အိႏၵိယ-ျမန္မာနယ္စပ္မွာ ခ်င္းအမ်ိဳးသားတပ္ဦး CNF ရဲ႕ ဌာနခ်ဳပ္ ဝိတိုရိယစခန္းကို စစ္ေကာင္စီက ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တာပါ။ ဒီတိုက္ခိုက္မႈေၾကာင့္ ရဲေဘာ္၊ရဲေမ ၅ဦးေသဆုံးၿပီး လူ ၁၀ဦးေလာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

CNF ရဲ႕ ဒုဥကၠဌ ၂ ေဒါက္တာ လ်ံမႈန္းဆာေခါင္းက ဒီလို တိုက္ခိုက္တာဟာ CNF ဟာ ေႏြဦးေတာ္လွန္ေရးမွာ ျပည္သူနဲ႔အတူ ရပ္တည္တိုက္ပြဲဝင္တာေၾကာင့္ ျဖစ္တယ္လို႔ တုန႔္ျပန္ေျပာဆိုပါတယ္။

“က်ေနာ္တု႔ိ ခ်င္းအမ်ိဳးသားတပ္ဦးသည္ ျပည္သူလူထုနဲ႔ တစ္သားတည္း လက္တြဲတိုက္ပြဲဝင္ေနတဲ့ ေတာ္လွန္ေရးအဖြဲ႕အစည္းျဖစ္တယ္။ ဒီေႏြဦးေတာ္လွန္ေရးဆိုတာ ျပည္သူ႔ ေတာ္လွန္ေရးျဖစ္တယ္။ ျပည္ေထာင္စု ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးမွာရွိတဲ့ ျပည္သူလူထုကေနၿပီးေတာ့ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ ကန႔္ကြက္တဲ့ ေတာ္လွန္ေရးျဖစ္တယ္။ ဒီေတာ္လွန္ေရးထဲမွာ က်ေနာ္တို႔ CNF က တစ္တပ္တစ္အားအေနနဲ႔ ပါဝင္ေနတာျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ သူတို႔အေနနဲ႔ က်ေနာ္တို႔ CNF ပါဝင္မႈကို ရန္သူလို သေဘာထားၿပီး တိုက္ခိုက္ေနတာျဖစ္တယ္ဆိုၿပီးေတာ့ ေျပာခ်င္ပါတယ္။”

ခ်င္းလူထုကို အလားတူ တိုက္ခိုက္မႈေတြ မီးရႈိ႕ဖ်က္ဆီးမႈေတြေၾကာင့္ စစ္ေကာင္စီအေပၚ ဆန႔္က်င္လိုစိတ္ေတြပဲ ပိုႀကီးမားလာလိမ့္မယ္လို႔လည္း ေဒါက္တာ လ်ံမႈန္းဆာေခါင္းက သတိေပးပါတယ္။

“ က်ေနာ္တို႔ CNF ဌာနခ်ဳပ္ကို လာတိုက္တယ္။ က်ေနာ္တို႔ ထန္တလန္ကို မီးရႈိ႕ဖ်က္ဆီးတယ္။ ဒီလို မီးရႈိ႕ဖ်က္ဆီးလို႔ ၊ ေလယာဥ္နဲ႔ လာတိုက္လို႔ ျပည္သူလူထုက အရႈံးေပးမလား။ ခ်င္းျပည္သူလူထုကလည္း အရႈံးမေပးႏိုင္ဘူး။ ခ်င္းတစ္မ်ိဳးသားလုံးကလည္း အရႈံးမေပးႏိုင္ဘူး။ ျမန္မာႏိုင္ငံမွာရွိတဲ့ ျပည္သူလူထု တစ္ရပ္လုံးကလည္း အရႈံး ေပးမွာ မဟုတ္ဘူး။ ဒါ မင္းေအာင္လႈိင္ရဲ႕ မတရားလုပ္ရပ္ေတြဟာ ျပည္သူလူထုကို ပိုၿပီးေတာ့ ရင္နာေစတယ္။ အဲဒီအတြက္ေၾကာင့္ က်ေနာ္တို႔ ပိုၿပီးေတာ့ အုံႂကြမယ္။ ပိုၿပီးေတာ့ ပုန္ကန္မယ္။ တစ္ႏိုင္ငံလုံးအေနနဲ႔ မင္းေအာင္လႈိင္ျပဳတ္က်တဲ့အထိ လက္တြဲၿပီးေတာ့ တိုက္ပြဲဝင္သြားမယ္။ ”

CNF အဖြဲ႕ဟာ ၂၀၁၅ခုႏွစ္က NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ျဖစ္ပါတယ္။ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းတာကို CNF က ကန႔္ကြက္ခဲ့ၿပီးေနာက္ ခ်င္းျပည္နယ္မွာ တိုက္ပြဲေတြ ျပင္းထန္လာခဲ့ပါတယ္။

ဒီဇင္ဘာလ ၉ရက္ေန႔ကလည္း ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA ရဲ႕ တပ္မဟာ ၂ ဌာနခ်ဳပ္နဲ႔ တပ္မဟာ ၉ ရဲ႕ တပ္ရင္း စခန္း ၂ခု ကိုလည္း စစ္ေကာင္စီဘက္က ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ ၂၃ရက္က ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္က KIA တပ္မဟာ၉ နယ္ေျမ အနန႔္ပါမွာ စစ္ေကာင္စီတပ္က ဗုံးႀကဲတိုက္ခိုက္ခဲ့သလို ဒီဇင္ဘာလ ၇ရက္ေန႔မွာ ရွမ္းျပည္နယ္ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ နမ့္ဆန္ၿမိဳ႕နယ္ ကုန္းသာ႐ြာအနီးက TNLA တအန္း(ပေလာင္) တပ္စခန္းကို ရဟတ္ယာဥ္နဲ႔ ပို႔ေဆာင္ တိုက္ခိုက္တာေတြ ျဖစ္ခဲ့ပါတယ္။

ပုံမွန္အားျဖင့္ေတာ့ ႏွစ္ဖက္တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ေတြနိမ့္ပါးခ်ိန္မွာ စစ္ေကာင္စီတပ္က ေလေၾကာင္းက စစ္ကူေပး တိုက္ခိုက္တာရွိေပမဲ့၊ ဒီလပိုင္းမွာေတာ့ လက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ အေျခစိုက္စခန္းေတြကို ပစ္မွတ္ထားတိုက္ခိုက္လာပါတယ္။

ဒီလို တိုက္ခိုက္တဲ့အေပၚမွာေတာ့ စစ္ေကာင္စီတပ္ဟာ ေျမျပင္စိုးမိုးမႈအားနည္းလာတာ၊ ေျမျပင္တပ္ေတြမွာ အင္အားအကန႔္အသတ္ရွိလာတာေၾကာင့္လို႔ ေလ့လာသူေတြက သုံးသပ္ပါတယ္။

ႏိုင္ငံေရးသုံးသပ္သူ ဦးသန္းစိုးႏိုင္ကေတာ့ ေလေၾကာင္းက အခုလို ထိုးစစ္ဆင္လာတာနဲ႔ ပတ္သက္ၿပီး သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“တစ္ဖက္က ၿငိမ္းခ်မ္းေရးအလံေထာင္၊ တစ္ဖက္က စစ္ေရးအရ ဖိအားေပး။ အဲဒီ မဟာဗ်ဴဟာကို က်င့္သုံးေနတာ။ အဲဒီ မဟာဗ်ဴဟာကို က်င့္သုံးရျခင္းရဲ႕ အေၾကာင္းက တစ္ျပည္လုံး က်ယ္ျပန႔္တဲ့ ေ႐ြးေကာက္ပြဲ ႀကီး က်င္းပေပးေရးဆိုတဲ့ သူ႔ရဲ႕ ႏိုင္ငံေရး မဟာဗ်ဴဟာေအာင္မွာ ဒါေတြ လုပ္တာေပါ့။ အဲဒီအခါက် အရင္လို စစ္ပြဲ တစ္ပြဲခ်င္း အဆုံးအျဖတ္ေပးႏိုင္ဖို႔အတြက္ ေလေၾကာင္းအင္အားကို သုံးတာမဟုတ္ေတာ့ဘူး။ အခုကေတာ့ သူနဲ႔ စစ္ရပ္စဲလို႔ ရႏိုင္တဲ့အင္အားစုကို စစ္ရပ္စဲမယ္။ ဥပမာအားျဖင့္ ရခိုင္မွာေပါ့ဗ်ာ။ အဲဒီလို မဟုတ္ဘဲနဲ႔ တင္းမာေနတဲ့ အင္အားစုေတြ ဆိုလို႔ ရွိရင္ အဲဒီ အင္အားစုေတြရဲ႕ အေရးႀကီးတဲ့ ဌာနခ်ဳပ္ စစ္ေနရာေတြကို တိုက္ခိုက္တာ။ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔အတြက္ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေနတာျဖစ္တဲ့အတြက္ အဲလို ျဖစ္ေနတာ။ ”

ေနာက္တစ္ခ်က္အေနနဲ႔ ၂၀၂၃မွာ ဘက္အသီးသီးက ႏိုင္ငံေရး၊စစ္ေရးနည္းဗ်ဴဟာေတြ ေျပာင္းလဲလာတဲ့ အတြက္ စစ္ေကာင္စီဘက္ကလည္း ေျပာင္းလဲလာတာ ျဖစ္ႏိုင္ေၾကာင္း ဆက္ေျပာပါတယ္။ ဒီလို တိုက္ခိုက္မႈေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့အက်ိဳးဆက္နဲ႔ ပတ္သက္လို႔ ----

“ အဲဒီအင္အားစုေတြကေတာ့ က်ေနာ္ထင္တာ တုံျပန္လက္စားေခ်မႈေတြနဲ႔ NUG နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုၿပီးေတာ့ အားေကာင္းလာလိမ့္မယ္။ ပိုၿပီးေတာ့ နီးကပ္ ထိစပ္လာလိမ့္မယ္လို႔ က်ေနာ္ကေတာ့ သုံးသပ္ပါတယ္။ ”

ေလာေလာဆည္မွာေတာ့ ကရင္ KNU၊ ကခ်င္ KIA ၊ ကရင္နီ KNPP စတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္အၾကားမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး ေလေၾကာင္းတိုက္ခိုက္တာေတြလည္း ေန႔စဥ္လိုျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

စစ်ကောင်စီက လေကြောင်းသုံးပစ်မှတ်ထားတိုက်ခိုက်မှု တိုးလုပ်လာ
ဇန်နဝါရီ ၁၁၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)


စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားပြီး၊ စစ်ကောင်စီဟာ ဒီလပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။ မနေ့က ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာဟာ၊ CNF ရဲ့ နွေဦးတော်လှန်ရေးတွင်း ပါဝင်ပတ်သက်မှုကြောင့်ဖြစ်တယ်လို့ CNF ဒုဥက္ကဌက သုံးသပ်ပြောဆိုပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေမြင့်တက်လာတဲ့အခြေအနေနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဒီလ ၁၀ရက်နေ့ ညနေပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ရဲဘော်၊ရဲမေ ၅ဦးသေဆုံးပြီး လူ ၁၀ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

CNF ရဲ့ ဒုဥက္ကဌ ၂ ဒေါက်တာ လျံမှုန်းဆာခေါင်းက ဒီလို တိုက်ခိုက်တာဟာ CNF ဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ ရပ်တည်တိုက်ပွဲဝင်တာကြောင့် ဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုပါတယ်။

“ကျနော်တု့ိ ချင်းအမျိုးသားတပ်ဦးသည် ပြည်သူလူထုနဲ့ တစ်သားတည်း လက်တွဲတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်။ ဒီနွေဦးတော်လှန်ရေးဆိုတာ ပြည်သူ့ တော်လှန်ရေးဖြစ်တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်သူလူထုကနေပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်တဲ့ တော်လှန်ရေးဖြစ်တယ်။ ဒီတော်လှန်ရေးထဲမှာ ကျနော်တို့ CNF က တစ်တပ်တစ်အားအနေနဲ့ ပါဝင်နေတာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် သူတို့အနေနဲ့ ကျနော်တို့ CNF ပါဝင်မှုကို ရန်သူလို သဘောထားပြီး တိုက်ခိုက်နေတာဖြစ်တယ်ဆိုပြီးတော့ ပြောချင်ပါတယ်။”

ချင်းလူထုကို အလားတူ တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကောင်စီအပေါ် ဆန့်ကျင်လိုစိတ်တွေပဲ ပိုကြီးမားလာလိမ့်မယ်လို့လည်း ဒေါက်တာ လျံမှုန်းဆာခေါင်းက သတိပေးပါတယ်။

“ ကျနော်တို့ CNF ဌာနချုပ်ကို လာတိုက်တယ်။ ကျနော်တို့ ထန်တလန်ကို မီးရှို့ဖျက်ဆီးတယ်။ ဒီလို မီးရှို့ဖျက်ဆီးလို့ ၊ လေယာဉ်နဲ့ လာတိုက်လို့ ပြည်သူလူထုက အရှုံးပေးမလား။ ချင်းပြည်သူလူထုကလည်း အရှုံးမပေးနိုင်ဘူး။ ချင်းတစ်မျိုးသားလုံးကလည်း အရှုံးမပေးနိုင်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးကလည်း အရှုံး ပေးမှာ မဟုတ်ဘူး။ ဒါ မင်းအောင်လှိုင်ရဲ့ မတရားလုပ်ရပ်တွေဟာ ပြည်သူလူထုကို ပိုပြီးတော့ ရင်နာစေတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ပိုပြီးတော့ အုံကြွမယ်။ ပိုပြီးတော့ ပုန်ကန်မယ်။ တစ်နိုင်ငံလုံးအနေနဲ့ မင်းအောင်လှိုင်ပြုတ်ကျတဲ့အထိ လက်တွဲပြီးတော့ တိုက်ပွဲဝင်သွားမယ်။ ”

CNF အဖွဲ့ဟာ ၂၀၁၅ခုနှစ်က NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းတာကို CNF က ကန့်ကွက်ခဲ့ပြီးနောက် ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၂ ဌာနချုပ်နဲ့ တပ်မဟာ ၉ ရဲ့ တပ်ရင်း စခန်း ၂ခု ကိုလည်း စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၃ရက်က ကချင်ပြည်နယ် ဖားကန့်မြို့နယ်က KIA တပ်မဟာ၉ နယ်မြေ အနန့်ပါမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၇ရက်နေ့မှာ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးက TNLA တအန်း(ပလောင်) တပ်စခန်းကို ရဟတ်ယာဉ်နဲ့ ပို့ဆောင် တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေနိမ့်ပါးချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းက စစ်ကူပေး တိုက်ခိုက်တာရှိပေမဲ့၊ ဒီလပိုင်းမှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။

ဒီလို တိုက်ခိုက်တဲ့အပေါ်မှာတော့ စစ်ကောင်စီတပ်ဟာ မြေပြင်စိုးမိုးမှုအားနည်းလာတာ၊ မြေပြင်တပ်တွေမှာ အင်အားအကန့်အသတ်ရှိလာတာကြောင့်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လေကြောင်းက အခုလို ထိုးစစ်ဆင်လာတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“တစ်ဖက်က ငြိမ်းချမ်းရေးအလံထောင်၊ တစ်ဖက်က စစ်ရေးအရ ဖိအားပေး။ အဲဒီ မဟာဗျူဟာကို ကျင့်သုံးနေတာ။ အဲဒီ မဟာဗျူဟာကို ကျင့်သုံးရခြင်းရဲ့ အကြောင်းက တစ်ပြည်လုံး ကျယ်ပြန့်တဲ့ ရွေးကောက်ပွဲ ကြီး ကျင်းပပေးရေးဆိုတဲ့ သူ့ရဲ့ နိုင်ငံရေး မဟာဗျူဟာအောင်မှာ ဒါတွေ လုပ်တာပေါ့။ အဲဒီအခါကျ အရင်လို စစ်ပွဲ တစ်ပွဲချင်း အဆုံးအဖြတ်ပေးနိုင်ဖို့အတွက် လေကြောင်းအင်အားကို သုံးတာမဟုတ်တော့ဘူး။ အခုကတော့ သူနဲ့ စစ်ရပ်စဲလို့ ရနိုင်တဲ့အင်အားစုကို စစ်ရပ်စဲမယ်။ ဥပမာအားဖြင့် ရခိုင်မှာပေါ့ဗျာ။ အဲဒီလို မဟုတ်ဘဲနဲ့ တင်းမာနေတဲ့ အင်အားစုတွေ ဆိုလို့ ရှိရင် အဲဒီ အင်အားစုတွေရဲ့ အရေးကြီးတဲ့ ဌာနချုပ် စစ်နေရာတွေကို တိုက်ခိုက်တာ။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ လုပ်နေတာဖြစ်တဲ့အတွက် အဲလို ဖြစ်နေတာ။ ”

နောက်တစ်ချက်အနေနဲ့ ၂၀၂၃မှာ ဘက်အသီးသီးက နိုင်ငံရေး၊စစ်ရေးနည်းဗျူဟာတွေ ပြောင်းလဲလာတဲ့ အတွက် စစ်ကောင်စီဘက်ကလည်း ပြောင်းလဲလာတာ ဖြစ်နိုင်ကြောင်း ဆက်ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်နဲ့ ပတ်သက်လို့ ----

“ အဲဒီအင်အားစုတွေကတော့ ကျနော်ထင်တာ တုံပြန်လက်စားချေမှုတွေနဲ့ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။ ပိုပြီးတော့ နီးကပ် ထိစပ်လာလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ”

လောလောဆည်မှာတော့ ကရင် KNU၊ ကချင် KIA ၊ ကရင်နီ KNPP စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်တာတွေလည်း နေ့စဉ်လိုဖြစ်ပွားနေပါတယ်။

XS
SM
MD
LG