သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္ၿမိဳ႕နယ္မွာ စစ္ေကာင္စီ ေလေၾကာင္းက တိုက္ခိုက္


(Zawgyi / Unicode)

စစ္ေရးတင္းမာေနတဲ့ ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ဖဲြ႕ေတြက တနဂၤေႏြေန႔မွာ ေလေၾကာင္းက တိုက္ခိုက္မႈေတြ လုပ္ခဲ့ေၾကာင္း PDF ကာကြယ္ေရးတပ္ဖဲြ႕ တာ၀န္ရွိသူ တေယာက္က ေျပာပါတယ္။ ေကာ့ကရိတ္အေျခစိုက္ စစ္ေကာင္စီ တပ္ဖဲြ႕ေတြကို ၿပီးခဲ့တဲ့ ေသာၾကာေန႔က ကရင္လက္နက္ကိုင္တပ္ဖဲြ႕နဲ႔ PDF တို႔က တိုက္ခိုက္ခဲ့ၿပီးေနာက္ ေလေၾကာင္းကေန လက္တုံ႔ျပန္ခဲ့တာပါ။ အျပည့္အစုံကိုေတာ့ ဗြီအုိေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ ထားပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ လိႈင္၀ ေက်းရြာ အနားမွာရွိတဲ့ စစ္ေကာင္စီတပ္စခန္းကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္နဲ႔ ပူးေပါင္းတပ္ဖဲြ႔ေတြ ဘက္က ၀င္ေရာက္တိုက္ခိုက္မႈ အၿပီး တရက္အႀကာ ဒီဇင္ဘာလ ၁၈ ရက္ေန႔ မနက္ တနာရီ မထိုးခင္မွာ တိုက္ပဲြမျဖစ္ဘဲ ေကာ့ႏဲြ ့ေက်းရြာဘက္ကို ဗံုးႀကဲတိုက္ခိုက္မႈေတြ လုပ္ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႕က ကုိေစာမြန္က ေျပာျပပါတယ္။

“ ဒီေန ၁၈ ရက္ေန႔ မနက္ အေစာပုိင္း ၁၂ နာရီ အစြန္း ၁ နာရီမထုိးခင္မွာ KNLA ရိွႏိုင္မယ္ထင္တဲ့ ေနရာကုိ ဗံုးႀကဲသြားတာေပါ့ေနာ္။ ေကာ့ႏဲြ႔ ေက်းရြာ အာရွလမ္း ဟိုဘက္ ဒီဘက္လမ္းေတြကို ဗံုးႀကဲသြားတာေပါ့ေနာ္။ ေကာ့ႏဲြ ့ဘက္ကုိ စစ္ေလယာဥ္နဲ႔လာႀကဲတာ ၆လံုးက်သြားတယ္။ တိုက္ပဲြမျဖစ္ဘဲ အလြတ္ႀကီး လာႀကဲသြားတာေပါ့ေနာ္။ သူႀကဲသြားတဲ့ ေနရာမွာေတာ့ အိမ္ေတြရွိတယ္။ ေကာ့ႏဲြ ့ရြာကုိေရာက္ဖို ့က အာရွလမ္းမွာ လယ္ကြင္းေတြ ခံေနေတာ့ လယ္ကြင္းေတြဘက္ကိုသြားက်တယ္။
အဲဒီဘက္က ထိခိုက္မႈေတာ့ မရွိဘူး။ စစ္ေရးအရ တင္းမားေနတယ္။ စစ္ေကာင္စီဘက္က လိႈင္၀ဘက္မွာ အင္အား ၁၀၀ ေက်ာ္နဲ႔ စစ္ျပင္ေနတယ္လို႔ သိရပါတယ္။”

ဒီဇင္ဘာလ ၁၆ ရက္ေန႔က ႏွစ္ဖက္တုိက္ပဲြေတြအတြင္း ေသဆံုဒဏ္ရာရမႈ ရွိတယ္လို႔လည္း ေျပာပါတယ္။

“ ခလရ ၂၃၁ ဘက္က ၇ ဦးေသဆံုးၿပီး ၉ဦးဒဏ္ရာရတယ္။ က်ေနာ္တို ့ဘက္ကလည္း တေယာက္က်ဆံုးၿပီး ႏွစ္ဦးဒဏ္ရာရတာေပါ့ေနာ္။ ”

ေသဆံုး ဒဏ္ရာရမႈေတြနဲ႔ ပတ္သက္လို႔ေတာ့ သီးျခား အတည္မျပဳႏိုင္ပါဘူး။
ေကာ့ကရိတ္ၿမိဳ ့နယ္ထဲက ျပည္သူေတြကေတာ့ ႏွစ္ဖက္တုိက္ပဲြေတြေၾကာင့္ လက္နက္ႀကီးေတြက်လို ့ထြက္ေျပးတိမ္းေရွာင္ ေနရသလို အခ်ိန္မေတာ္မွာ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တုိက္ပဲြမျဖစ္ဘဲ ဗံုးႀကဲတိုက္ခိုက္မူေတြေၾကာင့္လည္း စိုးရိမ္စိတ္ေတြ ျဖစ္ေနၿပီး ေက်းရြာေတြထဲ မေနရဲဘဲ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔လည္း ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း PDF ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ကရင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ PDF တို့က တိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းကနေ လက်တုံ့ပြန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လှိုင်၀ ကျေးရွာ အနားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က ဝင်ရောက်တိုက်ခိုက်မှု အပြီး တရက်အကြာ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် တနာရီ မထိုးခင်မှာ တိုက်ပွဲမဖြစ်ဘဲ ကော့နွဲ့ကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုစောမွန်က ပြောပြပါတယ်။

“ ဒီနေ ၁၈ ရက်နေ့ မနက် အစောပိုင်း ၁၂ နာရီ အစွန်း ၁ နာရီမထိုးခင်မှာ KNLA ရှိနိုင်မယ်ထင်တဲ့ နေရာကို ဗုံးကြဲသွားတာပေါ့နော်။ ကော့နွဲ့ ကျေးရွာ အာရှလမ်း ဟိုဘက် ဒီဘက်လမ်းတွေကို ဗုံးကြဲသွားတာပေါ့နော်။ ကော့နွဲ့ဘက်ကို စစ်လေယာဉ်နဲ့လာကြဲတာ ၆လုံးကျသွားတယ်။ တိုက်ပွဲမဖြစ်ဘဲ အလွတ်ကြီး လာကြဲသွားတာပေါ့နော်။ သူကြဲသွားတဲ့ နေရာမှာတော့ အိမ်တွေရှိတယ်။ ကော့နွဲ့ရွာကိုရောက်ဖို့က အာရှလမ်းမှာ လယ်ကွင်းတွေ ခံနေတော့ လယ်ကွင်းတွေဘက်ကိုသွားကျတယ်။

အဲဒီဘက်က ထိခိုက်မှုတော့ မရှိဘူး။ စစ်ရေးအရ တင်းမားနေတယ်။ စစ်ကောင်စီဘက်က လှိုင်ဝဘက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ပြင်နေတယ်လို့ သိရပါတယ်။”
ဒီဇင်ဘာလ ၁၆ ရက်နေ့က နှစ်ဖက်တိုက်ပွဲတွေအတွင်း သေဆုံဒဏ်ရာရမှု ရှိတယ်လို့လည်း ပြောပါတယ်။

“ ခလရ ၂၃၁ ဘက်က ၇ ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကလည်း တယောက်ကျဆုံးပြီး နှစ်ဦးဒဏ်ရာရတာပေါ့နော်။ ”

သေဆုံး ဒဏ်ရာရမှုတွေနဲ့ ပတ်သက်လို့တော့ သီးခြား အတည်မပြုနိုင်ပါဘူး။
ကော့ကရိတ်မြို့နယ်ထဲက ပြည်သူတွေကတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်နက်ကြီးတွေကျလို့ထွက်ပြေးတိမ်းရှောင် နေရသလို အချိန်မတော်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်လည်း စိုးရိမ်စိတ်တွေ ဖြစ်နေပြီး ကျေးရွာတွေထဲ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ပြောကြပါတယ်။

XS
SM
MD
LG