သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီ-ေကာ့ကရိတ္လမ္း ယာဥ္တိုက္မႈေၾကာင့္ အနည္းဆုံး ၇ ဦးေသဆုံး


ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းသစ္မွာ ခရီးသည္တင္ကားတစီးနဲ႔ ကုန္စိမ္းကားတစီး တိုက္မိ (Photo- သင်္ကန်းညီနောင် မြို့သစ်လူမူ့ကယ်ဆယ်ရေးအဖွဲ)

ကရင္ျပည္နယ္၊ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းသစ္မွာ ခရီးသည္တင္ကားတစီးနဲ႔ ကုန္စိမ္းကားတစီး တိုက္မိၿပီး၊ ကားတိမ္းေမွာက္တာေၾကာင့္ လူ (၇) ဦး ေသဆုံးကာ ၁၄ ဦး ျပင္းထန္တဲ့ ဒဏ္ရာေတြရလို႔ ျမဝတီေဆး႐ုံႀကီးကိုပို႔ၿပီး ကုသမႈ႔ခံေနရပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္

ကရင္ျပည္နယ္ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းသစ္မွာ ေအာက္တိုဘာလ ၃၀ ရက္၊ ဒီကေန႔ ညေန ၄ နာရီဝန္းက်င္ေလာက္မွာ ခရီးသည္တင္ကားနဲ႔ ကုန္စိမ္းကားတိုက္မိၿပီး တိမ္းေမွာက္တာေၾကာင့္ လူ (၇) ဦး ေသဆုံးခဲ့တယ္လို႔ ျမဝတီခ႐ိုင္၊ သကၤန္းညီေနာင္ၿမိဳ႕သစ္ လူမူ႔ကယ္ဆယ္ေရးအဖြဲ႔က ဦးခ်န္းေျမ့က ေျပာျပပါတယ္။

"ေသဆုံးတာက ေနရာမွာတင္ပြဲခ်င္းၿပီး ေသတာက ၅ ေယာက္ပါ။ ေဆး႐ုံေရာက္ၿပီးမွ ေသဆုံးတာကေတာ့ ၂ ေယာက္ပါ။ စုစုေပါင္း (၇) ေယာက္ရွိတယ္။ ေဆး႐ုံ တက္ေနတာကေတာ့ အခုေလာေလာဆယ္ (၁၄) ေယာက္ တက္ေနပါတယ္။ ေသဆုံးသူေတြအပါအဝင္ဆိုရင္ ၂၁ ေယာက္ရွိပါတယ္။ ဟိုဘက္ဒီဘက္က စုစုေပါင္း ကားႏွစ္စီလုံးမွာပါတာက ၂၂ ေယာက္ပဲ ပါတာပါ။"

ေကာ့ကရိတ္ကေန ျမဝတီဘက္ကိုလာတဲ့ ခရီးသည္တင္ကားက ဘရိတ္ေပါက္ၿပီး တဘက္ကလာတဲ့ကားကို ဝင္တိုက္ရာကေန အခင္းျဖစ္ပြားခဲ့တာလို႔လည္း ဦးခ်မ္းေျမ့က ေျပာပါတယ္။

"ျဖစ္စဥ္က တဘက္လမ္းက ခရီးသည္တင္ကားက ဘရိတ္ေပါက္ၿပီး၊ ဒီဘက္က ကုန္စိမ္းကားကို ဝင္တိုက္တာပါ က်ေနာ္တို႔ ကြမ္းၿခံကုန္းထိပ္က ေစတီေလးတဆူ ရွိတယ္။ အဲဒီေစတီေလးနားမွာ ျဖစ္တာပါ။ ဝင္တိုက္တဲ့ ခရီးသည္တင္ကားက ေကာ့ကရိတ္ဘက္ကေန ျမဝတီၿမိဳ႕ကို လာတာပါ၊ အႀကီးကား ကုန္စိမ္းကားကေတာ့ ျမဝတီကေန ေကာ့ကရိတ္ကို သြားတာပါ။"

ဒဏ္ရာရသူေတြကိုေတာ့ ျမဝတီေဆး႐ုံႀကီးကို ပို႔ေပးခဲ့တယ္လို႔လည္း ေျပာျပပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၅ ရက္ေန႔တုန္းကလည္း အခု ယာဥ္တိုက္မူ ျဖစ္ပြားခဲ့တဲ့ေနရာ အနီးတဝိုက္ ေတာင္ကုန္းအဆင္းမွာပဲ ပြင့္ေနျခည္ဇာတ္သတင္းအဖြဲ႔ လိုက္ပါလာတဲ့ ကားတိမ္းေမွာက္မူ ျဖစ္ပြားခဲ့ၿပီး လူ ၁၀ ဦးေက်ာ္ ေသဆုံးသြားခဲ့ပါတယ္ရွင္။

==== Unicode =====

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ ခရီးသည်တင်ကားတစီးနဲ့ ကုန်စိမ်းကားတစီး တိုက်မိပြီး၊ ကားတိမ်းမှောက်တာကြောင့် လူ (၇) ဦး သေဆုံးကာ ၁၄ ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေရလို့ မြဝတီဆေးရုံကြီးကိုပို့ပြီး ကုသမှု့ခံနေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ အောက်တိုဘာလ ၃၀ ရက်၊ ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ခရီးသည်တင်ကားနဲ့ ကုန်စိမ်းကားတိုက်မိပြီး တိမ်းမှောက်တာကြောင့် လူ (၇) ဦး သေဆုံးခဲ့တယ်လို့ မြဝတီခရိုင်၊ သင်္ကန်းညီနောင်မြို့သစ် လူမူ့ကယ်ဆယ်ရေးအဖွဲ့က ဦးချန်းမြေ့က ပြောပြပါတယ်။

"သေဆုံးတာက နေရာမှာတင်ပွဲချင်းပြီး သေတာက ၅ ယောက်ပါ။ ဆေးရုံရောက်ပြီးမှ သေဆုံးတာကတော့ ၂ ယောက်ပါ။ စုစုပေါင်း (၇) ယောက်ရှိတယ်။ ဆေးရုံ တက်နေတာကတော့ အခုလောလောဆယ် (၁၄) ယောက် တက်နေပါတယ်။ သေဆုံးသူတွေအပါအဝင်ဆိုရင် ၂၁ ယောက်ရှိပါတယ်။ ဟိုဘက်ဒီဘက်က စုစုပေါင်း ကားနှစ်စီလုံးမှာပါတာက ၂၂ ယောက်ပဲ ပါတာပါ။"

ကော့ကရိတ်ကနေ မြဝတီဘက်ကိုလာတဲ့ ခရီးသည်တင်ကားက ဘရိတ်ပေါက်ပြီး တဘက်ကလာတဲ့ကားကို ဝင်တိုက်ရာကနေ အခင်းဖြစ်ပွားခဲ့တာလို့လည်း ဦးချမ်းမြေ့က ပြောပါတယ်။

"ဖြစ်စဉ်က တဘက်လမ်းက ခရီးသည်တင်ကားက ဘရိတ်ပေါက်ပြီး၊ ဒီဘက်က ကုန်စိမ်းကားကို ဝင်တိုက်တာပါ ကျနော်တို့ ကွမ်းခြံကုန်းထိပ်က စေတီလေးတဆူ ရှိတယ်။ အဲဒီစေတီလေးနားမှာ ဖြစ်တာပါ။ ဝင်တိုက်တဲ့ ခရီးသည်တင်ကားက ကော့ကရိတ်ဘက်ကနေ မြဝတီမြို့ကို လာတာပါ၊ အကြီးကား ကုန်စိမ်းကားကတော့ မြဝတီကနေ ကော့ကရိတ်ကို သွားတာပါ။"

ဒဏ်ရာရသူတွေကိုတော့ မြဝတီဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့လည်း ပြောပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့တုန်းကလည်း အခု ယာဉ်တိုက်မူ ဖြစ်ပွားခဲ့တဲ့နေရာ အနီးတဝိုက် တောင်ကုန်းအဆင်းမှာပဲ ပွင့်နေခြည်ဇာတ်သတင်းအဖွဲ့ လိုက်ပါလာတဲ့ ကားတိမ်းမှောက်မူ ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးကျော် သေဆုံးသွားခဲ့ပါတယ်ရှင်။

XS
SM
MD
LG