သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီ- ေကာ့ကရိတ္ အာရွအေဝးေျပးလမ္းမ ကားေမွာက္မႈ ၈ ဦးေသဆံုး


Photo-ပုလဲဲျဖဴ လူမႈ ကယ္ဆယ္ေရး အဖဲြ ့

(Zawgyi / Unicode)

အာရွ အေဝးေျပးလမ္းမႀကီးရဲ႕ ကရင္ျပည္နယ္ ေကာ့ကရိတ္ - ျမ၀တီ အပိုင္းထဲမွာ ကားတိမ္းေမွာက္မႈေၾကာင့္ ကားေပၚပါသူ ၈ ဦးလံုး ေသဆံုးသြားပါတယ္။ ကားေပၚမွာ တင္ေဆာင္လာတဲ့ ဝန္ေတြမ်ားသလို အရွိန္မထိန္းႏိုင္ဘဲ တိုက္မိပံုရတယ္လို႔ ပုလဲျဖဴ လူမႈကယ္ဆယ္ေရးအဖဲြ႔က ေျပာပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းပို႔ထားပါတယ္။

ကရင္ျပည္နယ္ထဲက ေကာ့ကရိတ္၊ ျမဝတီ အာရွလမ္းမႀကီးေပၚမွာ သြားေနတဲ့ အံစာတံုး ကားတစီး ေတာေနာ္ေရတံခြန္အနီးမွာ ႏို၀င္ဘာလ ၉ ရက္ေန႔က တိမ္းေမွာက္ခဲ့ပါတယ္။ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚပါလာသူ ၈ ဦးစလံုးေနရာမွာပဲ ပဲြခ်င္းျပီးေသဆံုးသြားတယ္လို႔ လူမႈကယ္ဆယ္ေရး လုပ္ငန္းေတြကုိ လုပ္ကိုင္ေနတဲ့ ပုလဲျဖဴ လူမႈကယ္ဆယ္ေရးအဖဲြ႔ ဥကၠ႒ ဦးလွေရႊက အခုလိုေျပာျပပါတယ္။

“ ကားတိမ္းေမွာက္မႈေပါ့။ ျမ၀တီကေန ပဲခူးကိုျပန္မယ့္ ကားေပါ့။ အံစာတံုးကားက ဘန္ကာႀကီးကု ိတုိက္ျပီး ေက်ာ္ျပီးမွ အရွိန္မ်ားျပီး ေတာေနာ္ေရတံခြန္ဆိုင္းဘုတ္ကို ျပန္တုိက္တယ္။ ေတာေနာ္ေရတံခြန္ အဆင္းမွာ ကားမွာ လူ ၈ ေယာက္ပါတယ္။ က်ား ၆ ေယာက္၊ မ ၂ ေယာက္ ပါတယ္။ ကားထဲမွာ ယုိးဒယားပစၥည္းေတြလဲ ပါတယ္။ ၀ိတ္ကလည္း မတရားတင္လာတယ္။ ဒီလမ္းေႀကာင္းမွာလဲ အဲဒီကိစၥေတြပဲ။ အရွိန္နဲ႔ေမာင္းတယ္။ ၀ိတ္ေတြ မတရားတင္လာတယ္။ တိမ္းေမွာက္တယ္။ ဒီလိုမ်ိဳးက အျမဲတမ္းျဖစ္ေနႀကပဲ။ ယဥ္ေပၚမွာပါတဲ့ အမ်ိဳးသား ၆ ဦး၊ အမ်ိဳးသမီး၂ ဦး အားလံုး ေသသြားပါတယ္။ ”

ေသဆံုးသူေတြရဲ႕ ရုပ္အေလာင္းေတြကိုေတာ့ ေကာ့ကရိတ္ ျပည္သူ႔ ေဆးရံုႀကီးကို ပို႔ထားရတယ္လို႔ ေျပာျပပါတယ္။

“ ေဘာ္ဒီေတြကိုေတာ့ ေကာ့ကရိတ္ ျပည္သူ႔ေဆးရံုႀကီးကို ပုိ႔ထားရပါတယ္။ ”

ကရင္ျပည္နယ္ ေကာ့ကရိတ္-ျမ၀တီ အာရွလမ္းသစ္မွာပဲ ေအာက္တိုဘာလ ၃၀ ရက္ေန႔ ညေန ၄ နာရီ၀န္းက်င္ေလာက္မွာ ခရီးသည္တင္ကားနဲ႔ ကုန္စိမ္းကား တိုက္မိျပိီး တိ္မ္းေမွာက္တာေၾကာင့္ လူ (၇) ဦး ေသဆံုးခဲ့တယ္လို႔ ျမ၀တီခရို္င္ သကၤန္းညီေနာင္ ၿမိဳ႕သစ္လူမႈကယ္ဆယ္ေရးအဖဲြ႔က ေျပာပါတယ္။ ေအာက္တုိဘာလ ၅ ရက္ေန႔တုန္းကလဲ ေကာ့ကရိတ္- ျမ၀တီ အာရွလမ္းသစ္မွာပဲ ပြင့္ေနျခည္ဇာတ္သဘင္အဖဲြ႔ လိုက္ပါလာတဲ့ ကား တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ျပီး လူ ၁၀ ဦးေက်ာ္ ေသဆံုးသြားခဲ့ပါတယ္။ တလေက်ာ္အတြင္း ျမ၀တီ- ေကာ့ကရိတ္ အာရွလမ္းမွာ ယာဥ္တိုက္မႈ၊ ယာဥ္တိမ္းေမွာက္မႈ ့ ၃ ႀကိမ္ျဖစ္ပြားခဲ့ျပီး အစုလုိက္ အၿပံဳလိုက္ လူေသဆံုးမႈေတြ ျဖစ္ခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြဝတီ- ကော့ကရိတ် အာရှအဝေးပြေးလမ်းမ ကားမှောက်မှု ၈ ဦးသေဆုံး

အာရှ အဝေးပြေးလမ်းမကြီးရဲ့ ကရင်ပြည်နယ် ကော့ကရိတ် - မြဝတီ အပိုင်းထဲမှာ ကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါသူ ၈ ဦးလုံး သေဆုံးသွားပါတယ်။ ကားပေါ်မှာ တင်ဆောင်လာတဲ့ ဝန်တွေများသလို အရှိန်မထိန်းနိုင်ဘဲ တိုက်မိပုံရတယ်လို့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပို့ထားပါတယ်။

ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ မြဝတီ အာရှလမ်းမကြီးပေါ်မှာ သွားနေတဲ့ အံစာတုံး ကားတစီး တောနော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၉ ရက်နေ့က တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသူ ၈ ဦးစလုံးနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေက အခုလိုပြောပြပါတယ်။

“ ကားတိမ်းမှောက်မှုပေါ့။ မြဝတီကနေ ပဲခူးကိုပြန်မယ့် ကားပေါ့။ အံစာတုံးကားက ဘန်ကာကြီးကု ိတိုက်ပြီး ကျော်ပြီးမှ အရှိန်များပြီး တောနော်ရေတံခွန်ဆိုင်းဘုတ်ကို ပြန်တိုက်တယ်။ တောနော်ရေတံခွန် အဆင်းမှာ ကားမှာ လူ ၈ ယောက်ပါတယ်။ ကျား ၆ ယောက်၊ မ ၂ ယောက် ပါတယ်။ ကားထဲမှာ ယိုးဒယားပစ္စည်းတွေလဲ ပါတယ်။ ဝိတ်ကလည်း မတရားတင်လာတယ်။ ဒီလမ်းကြောင်းမှာလဲ အဲဒီကိစ္စတွေပဲ။ အရှိန်နဲ့မောင်းတယ်။ ဝိတ်တွေ မတရားတင်လာတယ်။ တိမ်းမှောက်တယ်။ ဒီလိုမျိုးက အမြဲတမ်းဖြစ်နေကြပဲ။ ယဉ်ပေါ်မှာပါတဲ့ အမျိုးသား ၆ ဦး၊ အမျိုးသမီး၂ ဦး အားလုံး သေသွားပါတယ်။ ”

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ကော့ကရိတ် ပြည်သူ့ ဆေးရုံကြီးကို ပို့ထားရတယ်လို့ ပြောပြပါတယ်။

“ ဘော်ဒီတွေကိုတော့ ကော့ကရိတ် ပြည်သူ့ဆေးရုံကြီးကို ပို့ထားရပါတယ်။ ”

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်မှာပဲ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ခရီးသည်တင်ကားနဲ့ ကုန်စိမ်းကား တိုက်မိပြီး တိမ်းမှောက်တာကြောင့် လူ (၇) ဦး သေဆုံးခဲ့တယ်လို့ မြဝတီခရိုင် သင်္ကန်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့တုန်းကလဲ ကော့ကရိတ်- မြဝတီ အာရှလမ်းသစ်မှာပဲ ပွင့်နေခြည်ဇာတ်သဘင်အဖွဲ့ လိုက်ပါလာတဲ့ ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးကျော် သေဆုံးသွားခဲ့ပါတယ်။ တလကျော်အတွင်း မြဝတီ- ကော့ကရိတ် အာရှလမ်းမှာ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု့ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အစုလိုက် အပြုံလိုက် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG