သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်း လေကြောင်းက တိုက်ခိုက်ခံရ


ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က ထုတ်ပြန်ထားတဲ့ တိုက်ခိုက်ခံရသောတည်နေရာနဲ့ သတင်းဓါတ်ပုံ
ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က ထုတ်ပြန်ထားတဲ့ တိုက်ခိုက်ခံရသောတည်နေရာနဲ့ သတင်းဓါတ်ပုံ

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ဖြစ်တဲ့ ဗစ်တိုးရီးယားစခန်း (Camp Victoria) ကို မြန်မာစစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူသေဆုံးတာတွေရှိခဲ့ပြီး အဆောက်အဦးတချို့လည်း ပျက်ဆီးသွားခဲ့ပါတယ်။ သေဆုံးသူတွေဟာ စစ်ဘေးရှောင်စခန်းတွေထဲက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ အခြေအနေကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိတဲ့ ဗစ်တိုးရီယားစခန်းကို ဇန်နဝါရီ ၁၀ ရက်၊ ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ မြန်မာစစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အခုလို တိုက်ခိုက်တာကြောင့် ဌာနချုပ်မှာရှိတဲ့ အဆောက်အဦးအချို့ ပျက်စီးခဲ့ပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ မြန်မာစံတော်ချိန် ၄ နာရီပတ်ဝန်းကျင်လောက်မှာဖြစ်မယ်။ လေယာဉ်ကတော့ ၅ စီးလာတယ်လို့ ကျွန်တော်တို့ ကြားပါတယ်။ ၃ ကြိမ်ကြဲတယ်လို့ ကျွန်တော်တို့ကြားတယ်။ သူတို့ CNF Camp ထဲမှာပေါ့နော်။ နောက်ပြီးတော့ အကျအဆုံးကတော့ ၃ ယောက်အထိတော့ ကျွန်တော်တို့ကြားထားတယ်။ လေယာဉ်တွေကတော့ ပြန်ခေါက်သွားပြီ၊ ပြန်ဆုတ်သွားပြီ။ အကျအဆုံးကတော့ ၃ ယောက်လောလောဆယ်ရှိတယ်လို့ ကျွန်တော်တို့ကြားထားတယ်။ အပျက်အစီးတွေတော့ တော်တော်များတယ်လို့ ကျွန်တော်တို့ကြားထားတယ်၊ အိမ်တို့ဘာတို့ပေါ့နော်။”

သေဆုံးသွားသူတွေဟာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်တယ်လို့လည် နောက်ထပ် ဒေသခံတဦးကလည်း အခုလို ပြောပါသေးတယ်။

“အဲ့မှာ Camp တွေမှာ စစ်ဘေးရှောင်တွေ အများကြီးရှိတယ်လေ။ အဲ့မှာပဲ သွားခိုလှုံကြတာလေ။ အဲ့နေရာလုံခြုံတယ်ဆိုပြီးတော့လေ။ အဲ့အထဲက ၃ ယောက် ယောက်ကျားလေး ၁ ယောက်နဲ့ မိန်းကလေး ၂ ယောက်ပေါ့ အဲ့မှာသေတယ်။”

ဒီ CNF စခန်းဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာ တည်ရှိတာဖြစ်ပြီး အိန္ဒိယနိုင်ငံ နယ်နိမိတ်နဲ့ ချောင်းတခုသာခြားတဲ့အတွက် အခုလို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အိန္ဒိယဘက်ကိုလည်း ဗုံးသီးတွေ ကျတာတွေရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ အခုလို CNF စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၂ ခုနှစ်နိုဝင်ဘာလထဲမှာ CNF ဌာနချုပ်စခန်းရှိတဲ့ နေရာတွေကို ဖော်ပြထားတဲ့ လေကြောင်းဆိုင်ရာ အမှတ်အသား မြေပုံတွေ လူမှုကွန်ရက် စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပြီး၂ လ နီးပါးအကြာမှာ CNF ဌာနချုပ်ဖြစ်တဲ့ ဗစ်တိုးရီးယား Camp ကို အခုလို ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

============================================

[Unicode]









XS
SM
MD
LG