သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကိစ္စ ရှမ်းမြောက်အဖွဲ့တွေနဲ့ စစ်ကောင်စီဆွေးနွေး


စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ ၊ မိုင်းလားနဲ့ ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တို့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒုတိယနေ့ ဆွေးနွေးပွဲကျင်းပစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၂၃/ တပ်မတော်သတင်းမှန်ပြန်ကြားရေး)
စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ ၊ မိုင်းလားနဲ့ ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တို့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒုတိယနေ့ ဆွေးနွေးပွဲကျင်းပစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၂၃/ တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ ၊ မိုင်းလားနဲ့ ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တို့က ကိုယ်စားလှယ်တွေ ဒုတိယနေ့ ဆွေးနွေးရာမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စတွေ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ဝနဲ့ မိုင်းလားဒေသမှာတော့ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ ဆွေးနွေးပွဲ ပါဝင်တက်ရောက်သူတဦးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စရပ်တွေကို မနက်ဖြန်မှာ အဓိကထား ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းကို ကိုရန်နိုင်က တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA ခေါ် မိုင်းလားနဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီလ ၅ ရက်နေ့ကနေ စတင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးရာမှာ လာမယ့် သြဂုတ်လမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဗိုလ်မှူးကြီး စိုင်းဆုက VOA ကို ပြောပါတယ်။

“သူတို့ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အကူအညီတောင်းတာပေါ့။ ဒီနှစ်လည်း ကျနော်တို့ကဘာမှလည်း သိပ်ကူညီနိုင်တာ မရှိဘူး။ အဲဒါ သူတို့ လုပ်ရင်၊ လုပ်ချင်ရင်တော့ ထုံးစံအတိုင်းပဲလေ။ ကျနော်တို့ ဝင်ပြီးတော့ ခြယ်လှယ် တာမျိုး၊ ပိတ်ဆို့တာမျိုး၊ ဘက်လိုက်တာမျိုး ကျနော်တို့လည်း မလုပ်ခဲ့ဖူးဘူး။ မြို့ပေါ်က သူတို့ရှိတယ်။ တောမှာက ကျနော်တို့ ရှိတယ်ဆိုပေမဲ့လည်း ကျနော်တို့က ပဋိပက္ခဖြစ်စေတဲ့ဟာတွေ မရှိပါဘူးလို့။ အဲလိုမျိုးပေါ့-ညှိနှိုင်းဆွေးနွေးတာမျိုးတော့ ရှိပါတယ်ဗျာ။ အဲဒါတွေလည်း ကျနော်တို့က ကောင်းတယ်၊ မကောင်းဘူး။ လုပ်ပါ၊ မလုပ်နဲ့ ဆိုတာမျိုးလည်း ကျနော်တို့က မပြောသေးဘူးပေါ့ဗျာ။ ကျနော်တို့ကျတော့။ အစည်းအဝေးလည်း ဆုံးဖြတ်ချက် မကျသေးဘူးဆိုတော့ ဆွေးနွေးတဲ့အပိုင်းတွေတော့ ရှိတာပေ့ါ။ ”

UWSP ဝနဲ့ NDAA မိုင်းလား ထိန်းချုပ်နယ်မြေတွေမှာတော့ ရွေးကောက်ပွဲလုပ်နိုင်မဲ့အခြေအနေ မရှိသေးကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းဆုက ဆက်ပြောပါတယ်။

“ လောလောဆယ်မှာ သူတို့မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အခြေအနေ မရှိသေးဘူး။ ဘာကြောင့်လဲ၊ လူတွေကလည်း ဝေးလံခေါင်ဖျားတဲ့ တရုတ်နယ်စပ်မှာ၊ တောတွေ တောင်တွေ ကြားထဲမှာ ရှိနေတဲ့ဟာကျတော့၊ မှတ်ပုံတင်တွေလည်း မရှိသေးဘူးလေ။ နောက်ပြီးသူတို့ နယ်မြေဒေသထဲမှာလည်း အုပ်ချုပ်ရေးယန္တရားတွေ အစိုးရမှာ မရှိဘူးဆိုတော့။ သူတို့က ကိုယ်ပိုင်ပြဌာန်းခွင့်ရှိထားပြီးသားတွေ။ မိုင်းလားနဲ့ ပန်ဆန်းနဲ့ကျတော့ မတူဘူး။ ကျနော်တို့နဲ့ ။ သူတို့ကျတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ အခြေအနေ မရှိသေးဘူးခင်ဗျ။ ”

UWSP ဝနဲ့ NDAA မိုင်းလား ထိန်းချုပ်နယ်မြေတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၃ ကြိမ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ တကြိမ်မှ ကျင်းပနိုင်တာမရှိသေးပါဘူး။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။ ဒီလ ၇ ရက်နေ့မှာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။

ဆွေးနွေးပွဲ စတင်တဲ့နေ့ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ၊ မိုင်းလား၊ ရှမ်းမြောက် သုံးပါတီတို့ဟာ ဆွေးနွေးမယ့်အကြောင်းအရာတွေညှိနှိုင်းခဲ့သလို အရင် ဒုတိယအကြိမ်ဆွေးနွေးပွဲတုံးက ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိတဲ့အကြောင်းအရာတွေ ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြင်ဆင်သင့်တဲ့ပုဒ်မတွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ တတိယအကြိမ် ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA – PC ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့တက်ရောက်ခဲ့ပြီး အရင်ဆွေးနွေးပွဲတွေမှာ တက်ရောက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ကတော့ တက်ရောက်တာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]














XS
SM
MD
LG