သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အပစ္ရပ္အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီ ေနျပည္ေတာ္မွာ ေဆြးေႏြးဖို႔ျပင္ 


NCA-S EAO (မွတ္တမ္းဓါတ္ပုံ)

စစ္ေကာင္စီရဲ႕ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီရဲ႕ ဖိတ္ၾကားမႈနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ေတြ႕ဆုံၾကၿပီး ေဆြးေႏြးမယ့္ အေၾကာင္းအရာတခ်ိဳ႕ကို ညႇိႏႈိင္းေျပာဆိုခဲ့ၾကပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုရဲမြန္ က ေျပာျပမွာပါ။

အပစ္ရပ္အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီ ေနျပည္ေတာ္မွာ ေဆြးေႏြးဖို႔ျပင္

{{Zawgyi/Unicode}}
စစ္ေကာင္စီရဲ႕ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီရဲ႕ ဖိတ္ၾကားမႈနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ တနလၤာေန႔ ညပိုင္းမွာ ေတြ႕ဆုံၾကၿပီး ေနာက္ရက္ေတြမွာ ေဆြးေႏြးမယ့္ အေၾကာင္းအရာတခ်ိဳ႕ကို အၾကမ္းဖ်င္း ညႇိႏႈိင္းေျပာဆိုခဲ့ၾကပါတယ္။ စစ္ေကာင္စီက NCA လက္မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္၇ ဖြဲ႕ကို ဖိတ္ၾကားခဲ့ေပမဲ့ မြန္ျပည္သစ္ပါတီ NMSP နဲ႔ ရွမ္းျပည္ ျပည္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA တို႔ကေတာ့ မတက္ေရာက္ခဲ့ပါဘူး။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္း ကိုရဲမြန္ က ေျပာျပမွာပါ။

တႏိုင္ငံလုံးအပစ္ရပ္ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ငါးခုနဲ႔ စစ္ေကာင္စီတို႔ တနလၤာေန႔က ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့ၿပီး ေနာက္ရက္ေတြမွာ ေျပာဆိုမဲ့ ကိစၥေတြနဲ႔ပတ္သက္လို႔ အၾကမ္းဖ်င္း ေျပာဆိုခဲ့ေၾကာင္း ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီ ALP ရဲ႕ ဒုတိယဥကၠ႒ ေဒၚေစာျမရာဇာလင္းက ဗြီအိုေအကို ေျပာပါတယ္။ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ဆိုၿပီး စစ္ေကာင္စီဘက္က NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ၇ခုကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ဖိတ္ၾကားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ မြန္ျပည္သစ္ပါတီ NMSP နဲ႔ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA တို႔ေတာ့ တက္ေရာက္လာတာ မရွိေၾကာင္း သူကေျပာပါတယ္။

" ေဆြးေႏြးပြဲကို ဖိတ္ထားတာက ၇ဖြဲ႕ကို ဖိတ္ထားတာပါ။ ဒီမွာေရာက္ေနတာက ၅ဖြဲ႕ေရာက္ေနၿပီလို႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ ေဆြးေႏြးဖို႔ ေခါင္းစဥ္ေတြကိုေတာ့ က်မတို႔ ညႇိႏႈိင္းရဦးမွာပါ။ ဒီေန႔ကေတာ့ ေထြေထြထူးထူး ေျပာတာေတာ့ မဟုတ္ပါဘူး။ က်မတို႔ကို လာေရာက္ႏႈတ္ဆက္တဲ့ သေဘာနဲ႔ အစည္းအေဝးရဲ႕ အခင္းအက်င္းက ဘယ္လိုပုံစံမ်ိဳး ျဖစ္ၾကမလဲေပါ့ေနာ္ ။ အဲဒါေတြကို တဖက္နဲ႔တဖက္ အျပန္အလွန္ညႇိႏႈိင္းဖို႔ အတြက္ပဲ ဒီေန႔ကလာေရာက္ ေတြ႕ဆုံတဲ့သေဘာပဲ ျဖစ္ပါတယ္။"

စစ္ေကာင္စီဘက္ကေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ ေဆြးေႏြးဖို႔ လက္နက္ကိုင္ ၇ဖြဲ႕ကို ဖိတ္ၾကားခဲ့တာ ျဖစ္ပါတယ္။ ဒီဇင္ဘာ ၂၇ရက္ကေန ၂၉ရက္အထိ ဖိတ္ၾကားထားတာ ျဖစ္ေပမဲ့ ေဆြးေႏြးမယ့္ရက္ကေတာ့ အေၾကာင္းအရာေပၚ မူတည္လိမ့္မယ္လို႔ ေဒၚေစာျမရာဇာလင္းက ေျပာပါတယ္။

" က်မတို႔ကေတာ့ မနက္ျဖန္ အၾကမ္းဖ်င္းကေတာ့ opening ceremony အတြက္ပဲ ျဖစ္သြားမွာေပါ့။ အျပန္အလွန္ စကာေျပာတာတို႔ ဘာတို႔ေတာ့ ျဖစ္မယ္။ အေျခအေနကေတာ့ မနက္ျဖန္မွာပဲ က်မအတိအက် ေျပာလို႔ရမွာပါ။"

NCA အပစ္ရပ္၇ဖြဲ႕နဲ႔ ဗိုလ္ခ်ဳပ္ရာျပည့္ဦးေဆာင္တဲ့ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ေကာ္မတီ (NSPNC) မၾကာေသးခင္က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ က ေတြ႕ဆုံပြဲအပါအဝင္ ၂ႀကိမ္ေတြ႕ဆုံခဲ့ၿပီး ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၁၅ရက္ကေန ၁၇ရက္အထိ ေနာက္တႀကိမ္ေတြ႕ဆုံဖို႔ NCA ၇ဖြဲ႕က ကမ္းလွမ္းခဲ့ေပမဲ့ စစ္ေကာင္စီဘက္က ျငင္းဆိုခဲ့တာပါ။ အခုတႀကိမ္မွာေတာ့ စစ္ေကာင္စီရဲ႕ ကမ္းလွမ္းမႈနဲ႔ တတိယအႀကိမ္ေျမာက္ ေတြ႕ဆုံေနၾကတာ ျဖစ္ပါတယ္။

အခုႏွစ္ ေအာက္တိုဘာလ ၁၅ရက္မွာ က်ေရာက္တဲ့ NCA စာခ်ဳပ္ ၇ႏွစ္ျပည့္တဲ့ေန႔မွာ စစ္တပ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က တိုင္းရင္းသားေတြ ေတာင္းဆိုတာကို အေကာင္အထည္ေဖာ္ဖို႔ ဖြဲ႕စည္းပုံကို ျပင္ဆင္ရမယ္လို႔ ေျပာဆိုခဲ့တာပါ။ ဒါေပမဲ့ တိုင္းရင္းသား လက္နက္ကိုင္တခ်ိဳ႕ကေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ဖြဲ႕စည္းပုံဥပေဒဟာ ပ်က္ျပယ္သြားၿပီလို႔ ေျပာပါတယ္။ ဒါေၾကာင့္ အပစ္ရပ္ NCA ဟာလည္း အလားတူ ပယ္ဖ်က္ၿပီးသားျဖစ္ေၾကာင္း လက္နက္ကိုင္အဖြဲ႕ေတြက ေျပာေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

အပစ်ရပ်အဖွဲ့တွေနဲ့ စစ်ကောင်စီ နေပြည်တော်မှာ ဆွေးနွေးဖို့ပြင်

{{Zawgyi/Unicode}}
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီရဲ့ ဖိတ်ကြားမှုနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ တနင်္လာနေ့ ညပိုင်းမှာ တွေ့ဆုံကြပြီး နောက်ရက်တွေမှာ ဆွေးနွေးမယ့် အကြောင်းအရာတချို့ကို အကြမ်းဖျင်း ညှိနှိုင်းပြောဆိုခဲ့ကြပါတယ်။ စစ်ကောင်စီက NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်၇ ဖွဲ့ကို ဖိတ်ကြားခဲ့ပေမဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့ကတော့ မတက်ရောက်ခဲ့ပါဘူး။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်း ကိုရဲမွန် က ပြောပြမှာပါ။

တနိုင်ငံလုံးအပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးခုနဲ့ စစ်ကောင်စီတို့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နောက်ရက်တွေမှာ ပြောဆိုမဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အကြမ်းဖျင်း ပြောဆိုခဲ့ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဗွီအိုအေကို ပြောပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ဆိုပြီး စစ်ကောင်စီဘက်က NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့တော့ တက်ရောက်လာတာ မရှိကြောင်း သူကပြောပါတယ်။

" ဆွေးနွေးပွဲကို ဖိတ်ထားတာက ၇ဖွဲ့ကို ဖိတ်ထားတာပါ။ ဒီမှာရောက်နေတာက ၅ဖွဲ့ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဆွေးနွေးဖို့ ခေါင်းစဉ်တွေကိုတော့ ကျမတို့ ညှိနှိုင်းရဦးမှာပါ။ ဒီနေ့ကတော့ ထွေထွေထူးထူး ပြောတာတော့ မဟုတ်ပါဘူး။ ကျမတို့ကို လာရောက်နှုတ်ဆက်တဲ့ သဘောနဲ့ အစည်းအဝေးရဲ့ အခင်းအကျင်းက ဘယ်လိုပုံစံမျိုး ဖြစ်ကြမလဲပေါ့နော် ။ အဲဒါတွေကို တဖက်နဲ့တဖက် အပြန်အလှန်ညှိနှိုင်းဖို့ အတွက်ပဲ ဒီနေ့ကလာရောက် တွေ့ဆုံတဲ့သဘောပဲ ဖြစ်ပါတယ်။"

စစ်ကောင်စီဘက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆွေးနွေးဖို့ လက်နက်ကိုင် ၇ဖွဲ့ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၇ရက်ကနေ ၂၉ရက်အထိ ဖိတ်ကြားထားတာ ဖြစ်ပေမဲ့ ဆွေးနွေးမယ့်ရက်ကတော့ အကြောင်းအရာပေါ် မူတည်လိမ့်မယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

" ကျမတို့ကတော့ မနက်ဖြန် အကြမ်းဖျင်းကတော့ opening ceremony အတွက်ပဲ ဖြစ်သွားမှာပေါ့။ အပြန်အလှန် စကာပြောတာတို့ ဘာတို့တော့ ဖြစ်မယ်။ အခြေအနေကတော့ မနက်ဖြန်မှာပဲ ကျမအတိအကျ ပြောလို့ရမှာပါ။"

NCA အပစ်ရပ်၇ဖွဲ့နဲ့ ဗိုလ်ချုပ်ရာပြည့်ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) မကြာသေးခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က တွေ့ဆုံပွဲအပါအဝင် ၂ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ရက်ကနေ ၁၇ရက်အထိ နောက်တကြိမ်တွေ့ဆုံဖို့ NCA ၇ဖွဲ့က ကမ်းလှမ်းခဲ့ပေမဲ့ စစ်ကောင်စီဘက်က ငြင်းဆိုခဲ့တာပါ။ အခုတကြိမ်မှာတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုနဲ့ တတိယအကြိမ်မြောက် တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။

အခုနှစ် အောက်တိုဘာလ ၁၅ရက်မှာ ကျရောက်တဲ့ NCA စာချုပ် ၇နှစ်ပြည့်တဲ့နေ့မှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုင်းရင်းသားတွေ တောင်းဆိုတာကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းပုံကို ပြင်ဆင်ရမယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖွဲ့စည်းပုံဥပဒေဟာ ပျက်ပြယ်သွားပြီလို့ ပြောပါတယ်။ ဒါကြောင့် အပစ်ရပ် NCA ဟာလည်း အလားတူ ပယ်ဖျက်ပြီးသားဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့တွေက ပြောနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG