သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NCA ကိစၥ စစ္ေကာင္စီဥကၠ႒ေျပာဆိုခ်က္ EAO တခ်ဳိ႕ သေဘာမတူ


တႏိုင္ငံလံုး အပစ္ရပ္စာခ်ဳပ္ ၆ ႏွစ္ျပည့္အခမ္းအနား (၁၀-၁၅-၂၁/ဓာတ္ပံု-Sao Sai Khun Tai's fb)

{{Zawgyi/Unicode}}

ဒီကေန႔က်ေရာက္တဲ့ တႏိုင္ငံလံုးပစ္ခတ္တိုက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုတဲ့ ၆ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔မွာ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္က လက္ရိွအစိုးရနဲ႔ ေဆြးေႏြးေရးအေပၚ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြအေနနဲ႔ လက္ေတြ႔က်က်သံုးသပ္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျမွင့္တင္ဖို႔ တိုက္တြန္းထားပါတယ္။ ဒီအေပၚမွာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြဘက္က ဘယ္လုိ သေဘာထားပါသလဲ။ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြရဲ့ သေဘာထားအျမင္ ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က NCA စာခ်ဳပ္ ခ်ဳပ္ဆိုတဲ့ ၆ ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကို ေပးပို႔တဲ့သဝဏ္လႊာမွာ လာမယ့္ႏွစ္မွာက်ေရာက္မယ့္ စိန္ရတု ျပည္ေထာင္စုေန႔နဲ႔ စိန္ရတု လြတ္လပ္ေရးေန႔ မတိုင္မီမွာ ျပည္ေထာင္စုစိတ္ဓါတ္ ခုိင္မာေစေရးလုပ္ငန္းစဥ္နဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ပိုမိုတိုးျမွင့္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့တာပါ။

ဒီလို ေဆာင္ရြက္ဖို႔ အခ်ဳိ႕ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြအေနနဲ႔ လက္ရိွအစိုးရနဲ႔ ေဆြးေႏြးဖို႔မလိုဘူးဆိုတဲ့အခ်က္ကို လက္ေတြ႔က်က်သံုးသပ္ဖို႔လည္း အခုလို ထည့္သြင္းေျပာဆိုပါတယ္။

“ဒီေနရာမွာ တခ်ဳိ႕ေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားအေနနဲ႔ လက္ရိွအစိုးရဟာ ေရြးေကာက္ခံအစိုးရမဟုတ္လို႔ ေတြ႔ဆံုေဆြးေႏြးစရာမလုိဘူးဆုိတဲ့ အယူအဆေတြ၊ ၿငိမ္းခ်မ္းေရးကို အျပည့္အဝ အေကာင္အထည္ေဖာ္ေပးႏိုင္မွ ာမဟုတ္ဘူးဆိုတဲ့ အယူအဆေတြနဲ႔ပတ္သက္ၿပီး စိတ္ကူးယဥ္မဆန္ဘဲ လက္ေတြ႔က်က် သံုးသပ္ဖုိ႔လိုပါတယ္။ ၁၉၈၈ ေနာက္ပိုင္းမွာ တပ္မေတာ္အစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈလုပ္ငန္းစဥ္ေတြ ဘယ္ေလာက္ ပစ္ခတ္တုိက္ခိုက္မႈ ေလ်ာ့နည္းခဲ့တယ္။ တိုင္းရင္းသားနယ္ေျမေတြမွာ ဖံြ႔ျဖိဳးေရးလုပ္ငန္းေတြ ဘယ္ေလာက္ တည္ေဆာက္ႏိုင္ခဲ့တယ္။ အဲဒီအဖဲြ႔ထဲက အမ်ားစုကပဲ NCA လက္မွတ္ ေရးထိုးႏိုင္ခဲ့တာဟာ လက္ေတြ႔ပဲ ျဖစ္ပါတယ္။”

လက္႐ွိၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ သူ႔အဆို NLD အစြန္းေရာက္ေတြ၊ CRPH၊ NUG နဲ႔ PDF အမည္ခံ အဖဲြ႔ေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အတိုင္းအတာတခုအထိ အဟန္႔အတားျဖစ္ေနတယ္လို႔လည္း ဆိုပါတယ္။ ၿငိမ္းခ်မ္းေရးတဆင့္တက္ႏိုင္ေအာင္ NCA လက္မွတ္ထိုးထားတဲ့အဖဲြ႔ေတြေရာ မထိုးရေသးတဲ့အဖဲြ႔ေတြပါ ေဆာင္႐ြက္ၾကပါလို႔လည္း ခုလိုတုိက္တြန္းပါတယ္။

“အစိုးရဆုိတာထက္ က်ေနာ္တုိ႔အားလံုး က်ေနာ္တုိ႔ ျပည္ေထာင္စုျမန္မာႏို္င္ငံအေပၚမွာ သစၥာရိွဖို႔၊ ႏိုင္ငံေတာ္ၿငိမ္းခ်မ္းေရးတြက္ ရိုးသားစစ္မွန္တဲ့ စိတ္ရင္းေစတနာနဲ႔ ေဆာင္ရြက္ဖို႔က အဓိကျဖစ္ပါတယ္။ ဒါေၾကာင့္ NCA လက္မွတ္ေရးထုိးၿပီး တုိင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားအေနနဲ႔ NCA စာခ်ဳပ္ကို ပိုမိုခိုင္မာေအာင္၊ NCA လက္မွတ္ေရးထိုးမထားရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔အစည္းမ်ားအေနနဲ႔လည္း လက္ရိွအေျခအေနထက္ ပိုမိုတဲ့ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးအဆင့္တဆင့္ တက္လွမ္းႏိုင္ေအာင္၊ ၎မွ NCA စာခ်ဳပ္ထဲမွာ ပါဝင္လက္မွတ္ေရးထိုးႏိုင္ေအာင္ စိန္ရတု ျပည္ေထာင္စုေန႔ သႏိၷ႒ာန္ျဖင့္ တိုက္တြန္းလိုပါတယ္။”

ဒီတိုက္တြန္းခ်က္အေပၚမွာေတာ့ NCA လက္မွတ္ေရးထိုးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖဲြ႔နဲ႔ ဖဲြ႔စည္းထားတဲ့ PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ခြန္ျမင့္ထြန္းက NCA ခိုင္မာေရးနဲ႔ပတ္သက္ၿပီး အခုလို ေျပာပါတယ္။

“NCA ရဲ့ႏိုင္ငံေရးအႏွစ္သာရကေတာ့ ႏိုင္ငံေရးျပႆနာေတြကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းရမယ္။ ႏိုင္ငံေရးယဥ္ေက်းမႈအသစ္ကို ထူေထာင္တဲ့အေနနဲ႔ က်ေနာ္တို႔ အင္အားသံုးၿပီးေတာ့ မေျဖရွင္းဘူးဆိုတာ NCA ရဲ့ အႏွစ္သာရျဖစ္တယ္။ ဒါေၾကာင့္မို႔ က်ေနာ္တုိ႔ တဦးနဲ႔တဦးၾကားမွာ၊ အစုအဖဲြ႔ တခုနဲ႔ တခုၾကားမွာ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ မေျဖရွင္းဘဲနဲ႔ အင္အားသံုး ေျဖရွင္းေနသေရြ႔ကေတာ့ NCA ခိုင္မာေအာင္လုပ္ေရးဆိုတာက ဒါ မျဖစ္ပါဘူး။ ေနာက္တခါ ႏိုင္ငံေရးေဆြးေႏြးပဲြေတြကေန အေျဖရွာရမယ္။ ေနာက္တခ်က္က NCA မွာ အခိုင္အမာျပဌာန္းထားတာကေတာ့ ျပည္သူလူထုရဲ့ အသက္အိုးအိမ္စည္းစိမ္ကို တပ္မေတာ္ဘက္ကေရာ၊ က်ေနာ္တို႔ဘက္ကေရာ၊ ဒါကို ကာကြယ္ေစာင့္ေရွာက္ပါမယ္လုိ႔ လက္မွတ္ေရးထိုးထားတာျဖစ္ပါတယ္။ အဲဒီအခ်က္ေတြခိုင္မာမွလည္း NCA က ခိုင္မာမွာျဖစ္ပါတယ္။”

NCA စာခ်ဳပ္ပါအခ်က္အရ ႏိုင္ငံေရးေဆြးေႏြးဖို႔ဆုိရင္ လူထုေရြးေကာက္တဲ့ အစိုးရနဲ႔ လႊတ္ေတာ္ပါဝင္ဖို႔ လိုအပ္ေၾကာင္းေျပာဆုိၿပီး လက္ရိွ ျမန္မာႏိုင္ငံရဲ့ အေထြေထြအက်ပ္အတည္းေတြကို ေျဖရွင္းေရးအတြက္ ဆုိရင္ေတာ့ PPST အေနနဲ႔ သက္ဆုိင္သူေတြအားလံုးပါ၀င္တဲ့ ႏိုင္ငံေရးေဆြးေႏြးပဲြလုပ္ဖို႔လိုေၾကာင္းလည္း ေျပာပါတယ္။ PPST က ရည္မွန္းခ်က္ ၇ ခ်က္ပါတဲ့ ေၾကညာခ်က္ကိုလည္း ဒီေန႔ထုတ္ျပန္ထားပါတယ္။

NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ ကရင္အမ်ိဳးသား အစည္းအရံုး KNU ကေတာ့ စစ္တပ္က အာဏာသိမ္းလုိက္တာေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ေရွ႕ဆက္သြားလို႔ မရေတာ့ဘူးလုိ႔ အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမူးက ေျပာပါတယ္။

“အခု ၂၀၂၁ အာဏာသိမ္းတဲ့ေနာက္ပိုင္းမွာက်ေတာ့ ျဖစ္သြားတဲ့ဟာေတြက အကုန္လံုးအတြက္ အႏုတ္လကၡာေတြျဖစ္သြားၿပီး ႏိုင္ငံေတာင္မွ က်ေနာ္တို႔ အေသးစိတ္ျဖစ္ဖို႔ အေနအထားကို ေရာက္ေနတာ။အရင္းစစ္လုိက္ရင္ အဓိကက တပ္မေတာ္ရဲ့ ႏိုင္ငံေရးမွာ ပါဝင္စြက္ဖက္မႈေတြက အဓိကပဲျဖစ္ပါတယ္။ Statement ထဲမွာလည္း ေဖာ္ျပထားတယ္ေလ။ စစ္အာဏာသိမ္းလိုက္တဲ့အတြက္ေၾကာင့္ ဘယ္လုိမွ ေရွ႕ဆက္သြားလုိ႔ မရေတာ့ဘူးဆုိတာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပထားတာရိွပါတယ္။”

KNU ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာလည္း တပ္မေတာ္အေနနဲ႔ ဖက္ဒရယ္ဒီမုိကေရစီႏိုင္ငံထူေထာင္ဖို႔ ကတိကဝတ္ျပဳၿပီး ႏိုင္ငံေရးထဲ ပါဝင္ေနမႈကေန ႏုတ္ထြက္ဖို႔ ေတာင္းဆိုထားပါတယ္။ လက္႐ွိမွာ KNU တပ္မဟာတခ်ဳိ႕နဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြလည္း ျဖစ္ပြားေနပါတယ္။

NCA စာခ်ဳပ္ကို လက္မွတ္မေရးထိုးေသးတဲ့ ကခ်င္လြတ္ေျမာက္ေရးအဖဲြ႔ KIO ကေတာ့ သူတို႔ရဲ့ သေဘာထားကို အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ တရားဝင္သေဘာထား ထုတ္ျပန္တဲ့ေနရာမွာ က်ေနာ္တုိ႔ ျမန္မာႏိုင္ငံရဲ့ ပဋိပကၡေတြ၊ ျမန္မာႏိုင္ငံရဲ့ ၿငိမ္းခ်မ္းေရးကို အေျဖရွာတဲ့ေနရာမွာ ျမန္မာႏိုင္ငံနဲ႔ သက္ဆုိင္ေနတဲ့ အဖဲြ႔ေတြအားလံုးနဲ႔ စုေပါင္းၿပီးမွ တရားမွ်တတဲ့နည္းလမ္းနဲ႔ အေျဖရွာမွသာလွ်င္ က်ေနာ္တုိ႔ ျမန္မာႏိုင္ငံရဲ့ ျပႆနာေျဖရွင္းလုိ႔ ရမယ္ဆုိတာကို က်ေနာ္တုိ႔ ထုတ္ျပန္ၿပီးသားျဖစ္ပါတယ္။ အဲဒီနည္းလမ္းအတိုင္းပဲ က်ေနာ္တုိ႔က ရပ္တည္ေနဆဲ ျဖစ္ပါတယ္ခင္ဗ်။”

NCA ခ်ဳပ္ဆိုတဲ့ ၆ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔အခမ္းအနားကို ဒီကေန႔ ေနျပည္ေတာ္မွာ အက်ဥ္းရံုးက်င္းပခဲ့ရာမွာ NCA လက္မွတ္ေရးထိုးထားတဲ့ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KUN/ KNLA –PC ၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမုိကရက္တစ္တပ္ဦး ABSDF၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS တို႔ တက္ေရာက္ၿပီး မြန္ျပည္သစ္ပါတီ NMSP၊ ပအို႔၀္ အမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ PNLO နဲ႔ လားဟူဒီမုိကရက္တစ္အစည္းအရံုး LDU တို႔ ကေတာ့ online ကေန တက္ေရာက္ပါတယ္။ ကရင္အမ်ိဳးသားအစည္းအရံုး KNU နဲ႔ ခ်င္းအမ်ိဳးသားတပ္ဦး CNF တို႔က မတက္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


------------

{{Unicode}}

NCA ကိစ္စ စစ်ကောင်စီဥက္ကဋ္ဌပြောဆိုချက် EAO တချို့ သဘောမတူ

ဒီကနေ့ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုတဲ့ ၆နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိအစိုးရနဲ့ ဆွေးနွေးရေးအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်တွေ့ကျကျသုံးသပ်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ဖို့ တိုက်တွန်းထားပါတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ဘယ်လို သဘောထားပါသလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားအမြင် ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA စာချုပ် ချုပ်ဆိုတဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ လာမယ့်နှစ်မှာကျရောက်မယ့် စိန်ရတု ပြည်ထောင်စုနေ့နဲ့ စိန်ရတု လွတ်လပ်ရေးနေ့ မတိုင်မီမှာ ပြည်ထောင်စုစိတ်ဓါတ် ခိုင်မာစေရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီလို ဆောင်ရွက်ဖို့ အချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအစိုးရနဲ့ ဆွေးနွေးဖို့မလိုဘူးဆိုတဲ့အချက်ကို လက်တွေ့ကျကျသုံးသပ်ဖို့လည်း အခုလို ထည့်သွင်းပြောဆိုပါတယ်။

“ဒီနေရာမှာ တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ လက်ရှိအစိုးရဟာ ရွေးကောက်ခံအစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးစရာမလိုဘူးဆိုတဲ့ အယူအဆတွေ၊ ငြိမ်းချမ်းရေးကို အပြည့်အဝ အကောင်အထည်ဖော်ပေးနိုင်မှ ာမဟုတ်ဘူးဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ဖို့လိုပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ တပ်မတော်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေ ဘယ်လောက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းခဲ့တယ်။ တိုင်းရင်းသားနယ်မြေတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လောက် တည်ဆောက်နိုင်ခဲ့တယ်။ အဲဒီအဖွဲ့ထဲက အများစုကပဲ NCA လက်မှတ် ရေးထိုးနိုင်ခဲ့တာဟာ လက်တွေ့ပဲ ဖြစ်ပါတယ်။”

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သူ့အဆို NLD အစွန်းရောက်တွေ၊ CRPH၊ NUG နဲ့ PDF အမည်ခံ အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အတိုင်းအတာတခုအထိ အဟန့်အတားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ငြိမ်းချမ်းရေးတဆင့်တက်နိုင်အောင် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော မထိုးရသေးတဲ့အဖွဲ့တွေပါ ဆောင်ရွက်ကြပါလို့လည်း ခုလိုတိုက်တွန်းပါတယ်။

“အစိုးရဆိုတာထက် ကျနော်တို့အားလုံး ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိဖို့၊ နိုင်ငံတော်ငြိမ်းချမ်းရေးတွက် ရိုးသားစစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ ဆောင်ရွက်ဖို့က အဓိကဖြစ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA စာချုပ်ကို ပိုမိုခိုင်မာအောင်၊ NCA လက်မှတ်ရေးထိုးမထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း လက်ရှိအခြေအနေထက် ပိုမိုတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအဆင့်တဆင့် တက်လှမ်းနိုင်အောင်၊ ၎င်းမှ NCA စာချုပ်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် စိန်ရတု ပြည်ထောင်စုနေ့ သန္နိဋ္ဌာန်ဖြင့် တိုက်တွန်းလိုပါတယ်။”

ဒီတိုက်တွန်းချက်အပေါ်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက NCA ခိုင်မာရေးနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“NCA ရဲ့နိုင်ငံရေးအနှစ်သာရကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ထူထောင်တဲ့အနေနဲ့ ကျနော်တို့ အင်အားသုံးပြီးတော့ မဖြေရှင်းဘူးဆိုတာ NCA ရဲ့ အနှစ်သာရဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ တဦးနဲ့တဦးကြားမှာ၊ အစုအဖွဲ့ တခုနဲ့ တခုကြားမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ အင်အားသုံး ဖြေရှင်းနေသရွေ့ကတော့ NCA ခိုင်မာအောင်လုပ်ရေးဆိုတာက ဒါ မဖြစ်ပါဘူး။ နောက်တခါ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အဖြေရှာရမယ်။ နောက်တချက်က NCA မှာ အခိုင်အမာပြဌာန်းထားတာကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော်ဘက်ကရော၊ ကျနော်တို့ဘက်ကရော၊ ဒါကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ အဲဒီအချက်တွေခိုင်မာမှလည်း NCA က ခိုင်မာမှာဖြစ်ပါတယ်။”

NCA စာချုပ်ပါအချက်အရ နိုင်ငံရေးဆွေးနွေးဖို့ဆိုရင် လူထုရွေးကောက်တဲ့ အစိုးရနဲ့ လွှတ်တော်ပါဝင်ဖို့ လိုအပ်ကြောင်းပြောဆိုပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အထွေထွေအကျပ်အတည်းတွေကို ဖြေရှင်းရေးအတွက် ဆိုရင်တော့ PPST အနေနဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့လိုကြောင်းလည်း ပြောပါတယ်။ PPST က ရည်မှန်းချက် ၇ ချက်ပါတဲ့ ကြေညာချက်ကိုလည်း ဒီနေ့ထုတ်ပြန်ထားပါတယ်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့ဆက်သွားလို့ မရတော့ဘူးလို့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

“အခု ၂၀၂၁ အာဏာသိမ်းတဲ့နောက်ပိုင်းမှာကျတော့ ဖြစ်သွားတဲ့ဟာတွေက အကုန်လုံးအတွက် အနုတ်လက္ခာတွေဖြစ်သွားပြီး နိုင်ငံတောင်မှ ကျနော်တို့ အသေးစိတ်ဖြစ်ဖို့ အနေအထားကို ရောက်နေတာ။အရင်းစစ်လိုက်ရင် အဓိကက တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်မှုတွေက အဓိကပဲဖြစ်ပါတယ်။ Statement ထဲမှာလည်း ဖော်ပြထားတယ်လေ။ စစ်အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် ဘယ်လိုမှ ရှေ့ဆက်သွားလို့ မရတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာရှိပါတယ်။”

KNU ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း တပ်မတော်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ကတိကဝတ်ပြုပြီး နိုင်ငံရေးထဲ ပါဝင်နေမှုကနေ နုတ်ထွက်ဖို့ တောင်းဆိုထားပါတယ်။ လက်ရှိမှာ KNU တပ်မဟာတချို့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

NCA စာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကတော့ သူတို့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့ တရားဝင်သဘောထား ထုတ်ပြန်တဲ့နေရာမှာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အဖြေရှာတဲ့နေရာမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ စုပေါင်းပြီးမှ တရားမျှတတဲ့နည်းလမ်းနဲ့ အဖြေရှာမှသာလျှင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြဿနာဖြေရှင်းလို့ ရမယ်ဆိုတာကို ကျနော်တို့ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ အဲဒီနည်းလမ်းအတိုင်းပဲ ကျနော်တို့က ရပ်တည်နေဆဲ ဖြစ်ပါတယ်ခင်ဗျ။”

NCA ချုပ်ဆိုတဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီကနေ့ နေပြည်တော်မှာ အကျဉ်းရုံးကျင်းပခဲ့ရာမှာ NCA လက်မှတ်ရေးထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KUN/ KNLA –PC ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ NMSP၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ကတော့ online ကနေ တက်ရောက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့က မတက်ခဲ့ပါဘူး။

#WhatIsHappeningInMyanmar #NCA #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ငြိမ်းချမ်းရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG