သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းေတာင္ပိုင္းက ဆုတ္ေပးဖို႔  စစ္ေကာင္စီ ေတာင္းဆိုခ်က္ SSPP လက္ခံမည္မဟုတ္ 


SSPP/ SSA

ရွမ္းျပည္နယ္ေတာင္ပိုင္း စစ္ေရးအရအခ်က္ခ်ာက်တဲ့ နယ္ေျမတခ်ိဳ႕ကို တပ္ေနာက္ဆုတ္ေပးဖို႕ စစ္ေကာင္စီနဲ႕ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSAကိုယ္စားလွယ္အဖြဲ႕တို႕ေတြ႕ဆုံစဥ္ေတာင္းဆိုခ်က္ကို SSPPဘက္က လက္မခံဘူးလို႕ SSPPဘက္ကေျပာပါတယ္။ ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုရဲမြန္ ကေျပာျပေပးမွာပါ။

ရွမ္းေတာင္ပိုင္းက ဆုတ္ေပးဖို႔ စစ္ေကာင္စီ ေတာင္းဆိုခ်က္ SSPP လက္ခံမည္မဟုတ္

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေတာင္ပိုင္း စစ္ေရးအရအခ်က္ခ်ာက်တဲ့ နယ္ေျမတခ်ိဳ႕ကို တပ္ေနာက္ဆုတ္ေပးဖို႕ စစ္ေကာင္စီနဲ႕ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSAကိုယ္စားလွယ္အဖြဲ႕တို႕ေတြ႕ဆုံစဥ္ေတာင္းဆိုခ်က္ကို SSPPဘက္က လက္မခံဘူးလို႕ SSPPဘက္ကေျပာပါတယ္။ စစ္ေကာင္စီေျပာခြင့္ရကေတာ့ ရွမ္းျပည္နယ္အတြင္း လက္နက္ကိုင္ အဖြဲ႕ေတြအေနနဲ႕ နဂိုမူလေနရာမွာဘဲေနၿပီး မလိုလားအပ္တဲ့ပဋိပကၡေတြ ေလ်ာ့ခ်နိုင္ဖို႕အတြက္ တခ်ိဳကေနရာေတြမွာ တပ္ဆုတ္ခိုင္းတာလို႕ေျပာပါတယ္။ ရွမ္းျပည္နယ္အတြင္း နယ္ေျမနဲ႕ပက္သက္ၿပီး အျငင္းပြါးမွဳျဖစ္ေနတဲ့ အေျခအေန ကို ေတာ့ ရန္ကုန္ကေပးပို႕တဲ့သတင္းကို ကိုရဲမြန္ ကေျပာျပေပးမွာပါ။

ရွမ္းျပည္ေတာင္ပိုင္း မိုင္းရႉးၿမိဳ႕ သံလြင္ျမစ္ကမ္းတစ္ေလၽွာက္နဲ႕ လြိဳင္လင္ၿမိဳ႕နယ္ ပင္လုံၿမိဳ႕ ဆနင္းေဒသတေၾကာကို ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSAတပ္ဆုတ္ေပးဖို႕ စစ္ေကာင္စီကေတာင္းဆို ထားတာပါ။

အဲဒီေဒသမွာရွိတဲ့ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP တပ္စခန္းေတြ ဆုတ္ေပးဖို႕စစ္ေကာင္စီက ေတာင္းဆိုထာ းတဲ့ အေၾကာင္းကိုေတာ့ အမည္မေဖာ္လိုသူ SSPPတပ္မွဴးတဦးကအခုလိုေျပာပါတယ္။

“ တခုထဲမဟုတ္ဘူး ႏွစ္ခုဘဲေလ ။ ဆႏွင္းေတာင္ေၾကာ အရင္တုန္းကတိုက္ေနတာ လြယ္ဟုန္းေတာေၾကာ ေခၚ တယ္ပါ့ေလ ။ အဲဒီလြယ္ဟုန္းကို SSPPသိမ္းထားတာကိုး။ ေနာက္ၿပီးမွ မိုင္းရွဴးဖက္ကသံလြင္ျမစ္နဲ႕ ကပ္ေနတဲ့ေနရာကို အဲဒါဆုတ္ခိုင္းတယ္။ နဂိုကတည္းက မိုင္းရွဴးက SSPPေနရာဘဲ။ ေရွးတုန္းကဟိုး ယူဂ်င္းသိုက္တို႕ လက္ထက္ကတည္းက SSAရွမ္းတပ္ဖြဲ႕က မိုင္းရွဴးကSSPPဘဲေလ။ မိုင္းရွဴးေဒသက နန္႕ပန္ေခ်ာင္း နဲ႕သံလြင္ျမစ္ဆုံတဲ့ ေနရာေပါ့ဗ်ာ။ ”

စစ္ေကာင္စီရဲ႕အမ်ိဳးသားစည္းလုံးညီညြတ္ေရးနဲ႕ျငိမ္းခ်မ္းေရးေဖာ္ေဆာင္မွဳ ညိွႏွိဳင္မွဳေကာ္မီတီအဖြဲ႕ဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ဦးေဆာင္အဖြဲ႕နဲ႕ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPPဘက္က ဒုတိယဥကၠဌ (၂)စဝ္ခြန္ဆိုင္ အတြင္းေရးမွဴး(၂) စဝ္စိုင္းဆုဦးေဆာင္တဲ့အဖြဲ႕တို႕ကေန မတ္လ(၃၁)ရက္ေန႕မွာ ေတြ႕ဆုံစဥ္ စစ္ေကာင္စီဘက္ကေတာင္းဆိုခဲ့တယ္လို႕ သူကဆိုပါတယ္။

SSPPေဆြးေႏြးေရး ကိုယ္စားလွယ္အဖြဲ႕ေတြ ဝမ္ဟိုင္းဌာနခ်ဳပ္ကို မေရာက္ေသးလို႕ အေျခအေနကိုမသိရေသးေပမဲ့ စစ္ေကာင္စီရဲ႕ေတာင္းဆိုခ်က္ကို ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP လိုက္ေလ်ာဖို႕မျဖစ္နို္င္ဘူးလို႕ အဆိုပါ တပ္မွဴးကဘဲ ဆက္ေျပာပါတယ္။

“ မိုင္းရွဴးမွာ SSPPက ဗဟိုထားတယ္ေလ။ မိုင္းရွဴးနဲ႕ေက်းသီးနယ္စပ္တည့္တည့္မွာဘဲ ဗဟိုရွိတယ္။ ဝမ္ဟိုင္းဆိုတာ။ မိုင္းရွဴးတပ္ကို ဆုတ္ခိုင္ၿပီးမွ ေနာက္စကစ ကလာထိုင္မွာ။ အဲတာထိုင္လို႕ရရင္ တန္႕ယန္းရသြားမယ္ေနာ္ စစ္ေၾကာင္းက။ အဲဒီတန္႕ယန္းမွာ အျမင့္ဆုံးေတာင္တေတာင္ရွိတယ္။ အဲဒီေတာင္ထိပ္ကို ဗမာရသြားၿပီဆိုလို႕ရွိရင္ SSPPလည္းမလြယ္ေတာ့ဘူး။ ပန္ဆန္း အခုဝကိုေရာ ခ်ိန္လို႕ရၿပီး။ အဲဒီေတာင္ေပၚက အေျမာက္ႀကီးနဲ႕ခ်ထည့္မွာေပါ့။ အဲတာတကယ့္ မဟာဗ်ဴဟာလမ္းေပါ့။ အဲတာကို ဗမာ ရခ်င္တာ SSPPကမေပးဘူး။ မေပးရင္တိုက္မယ္။ တိုက္ရင္လဲ တိုက္ဆိုၿပီးေတာ့ သူက(၆)ခါ (၇)ခါတိုက္ၿပီးၿပီး။ ”

SSPPရဲ႕တပ္စခန္းေနရာကိုဆုတ္ခိုင္းတယ္လို႕ သတင္းထြက္ေနတဲ့အေပၚ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းကအခုလိုေျပာပါတယ္။

“ SSPPနဲ႕ေတြ႕ဆုံတဲ့ေနရာမွာလဲ အဲတာဘဲအေျခခံၿပီးေဆြးေႏြးခဲ့တယ္။ အဲဒီမွာသတင္းေတြအေပၚမွာလဲ ကြ်န္ေတာ္ တို႕ျမင္ေနတာဘဲ။ SSPPအဖြဲ႕အေနနဲ႕က တပ္ကေနၿပီးသူတို႕ ရွမ္းျပည္ေတာင္ပိုင္း ေနရာကေနၿပီး တပ္ကေနၿပီး ဆုတ္ခိုင္းတယ္။ မဆုတ္ဘူးဆိုတဲ့ဟာမ်ိဳးေတြ ထြက္ေပၚေနတာလဲခင္ဗ်ားတို႕ျမင္တာဘဲ။ အဓိကေတာ့ဘာကိုေဆြးေႏြးသလဲဆိုေတာ့က် ကြ်န္ေတာ္တို႕က ယခင္တပ္မေတာ္အစိုးရလက္ထက္ နဝတေခတ္ နယကေခတ္ေပါ့ဗ်ာ။ ဒီအဖြဲ႕ေတြနဲ႕ကြ်န္ေတာ္တို႕ေတြ႕ဆုံေဆြးေႏြးခဲ့တာရွိတယ္ဗ်ာ။ သေဘာတူညီခဲ့တာရွိတယ္။ အဲဒီသေဘာတူညီခ်က္ေတြက စာခ်ဳပ္အေနနဲ႕သေဘာတူညီထားတာမရွိဘူး။ သို႕ေသာ္ ႏွစ္ဖက္ေတြ႕ဆုံၿပီးေတာ့က် သေဘာတူညီတာေတြလက္မွတ္ထိုးထားတဲ့ သေဘာတူညီခ်က္ေတြေပါ့ဗ်ာ။ Agreement ေတြကြ်န္ေတာ္တို႕ရွိၿပီး သားျဖစ္တယ္။ အဓိကပဋိပကၡကဘာေၾကာင့္ျဖစ္ေနတယ္ဆိုေတာ့ သူကRCSSနဲ႕ SSPPတိုက္ပြဲျဖစ္ေနတာမ်ားတယ္။ ရွမ္းျပည္ေျမာက္ပိုင္းေပၚမွာ တခ်ိဳ႕ေနရာေတြမွာ RCSSဝင္တာရွိတယ္။ ရွမ္းျပည္ေတာင္ပိုင္းကိုလဲ SSPPဝင္တာရွိတယ္။ ဒါေတြနဲ႕ပက္သက္ၿပီးေတာ့ က်ေနာ္တို႕က ေဆြးေႏြးခဲ့တယ္။ သူ႕ေနရာသူေပါ့ေနာ္။ သူတို႕နဂိုမူလသတ္မွတ္ထား တဲ့ ေနရာမွာဘဲေနၾကဖို႕ ။ မဆိုင္တဲ့ေနရာေတြကေန တပ္ေတြရုတ္ေပးဖို႕ ဆိုၿပီး ေဆြးေႏြးခဲ့တယ္။ ေဆြးေႏြးခဲ့တဲ့ အဓိက ရည္ရြယ္ခ်က္က ရွမ္းျပည္မွာေပါ့ေနာ္ မလိုလားအပ္တဲ့ပဋိပကၡေတြ ေလ်ာ့ခ်နိုင္ဖို႕အတြက္ဘဲျဖစ္တယ္။ ”

SSPP/SSAအဖြဲ႕ဟာ ၿပီးခဲ့တဲ့၂၀၁၂ ခုႏွစ္ ဇႏၷာဝါရီ(၂၈)ရက္ေန႕မွာ ျမန္မာအစိုးရနဲ႕ျပည္နယ္အဆင့္ ျပည္ေထာင္စုအဆင့္ အပစ္ရပ္စဲေရး ေဆြးေႏြးၿပီးသေဘာတူညီလက္မွတ္ေရးထိုးနိုင္ခဲ့ေပမဲ့ တပ္တည္ေနရာကို တိတိက်က် ေဆြးေႏြးသတ္မွတ္ခဲ့တာမရွိတဲ့အတြက္ နယ္ေျမပိုင္ဆိုင္မွဳျပႆနာေတြျဖစ္ပြါးေနခဲ့တာပါ။
SSPP/SSA အတြင္းေရးမွဴး(၂) စဝ္စိုင္းဆုကလဲ စစ္ေကာင္စီတပ္ေတြအေနနဲ႕ သူတို႕မဆုတ္ေပးနိုင္တဲ့ေနရာေတြကို လိုက္ၿပီး အင္အားျဖည့္တင္းမႈေတြ ခ်ည္းကပ္မႈေတြ ထပ္လုပ္မယ္၊ SSPPအေနနဲ႕ေရွာင္လမ္းမရွိဘူးဆိုရင္ေတာ့ ထိပ္တိုက္ေတြ႕မႈေတြ ျဖစ္နိုင္မယ္လို႕ CNI သတင္းဌာနကို ေျဖဆိုထားပါတယ္။

တကယ္လို႕ စစ္ေကာင္စီတပ္ကသာ မိုင္းရႉးၿမိဳ႕ သံလြင္ျမစ္ကမ္းတစ္ေလၽွာက္နဲ႕ လြိဳင္လင္ၿမိဳ႕နယ္ ပင္လုံၿမိဳ႕ ဆနင္း ေဒသကို ရသြားရင္ SSPPဌာနခ်ဳပ္ရဲ႕လုံျခံဳေရးကိုျခိမ္းေျခာက္ေနသလို ဝေသြးစည္းညီညြတ္ေရးအဖြဲ႕ရဲ႕ တည္ရွိမွဳ ကိုျခိမ္းေျခာက္နိုင္တယ္လို႕ ရွမ္းနိုင္ငံေရးေလ့လာသူ စိုင္းထြန္းေအာင္လြင္ကေျပာပါတယ္။

“ မိုင္းရွဴးေဒသကေတာ့ သူတို႕အတြက္ေတာ္ေတာ္ေလးအေရးပါတာေပါ့ေနာ္။ မိုင္းရွဴးသံလြင္ေဒသကေတာ့ အဓိက အားျဖင့္ UWSAဝနယ္ျခားမွာရွိတဲ့ ေဒသျဖစ္တာေပါ့ေနာ္။ အဲဒီက သံလြင္ျမစ္တေလွ်ာက္ကုန္းေတြကေတာ့ UWSA ဝတို႕လုံျခံဳေရးအရ အေရးပါတယ္။ အဲဒီမွာ ႏွစ္ဖက္နားလည္မွဳနဲ႕ လုံျခံဳေရးအရလည္း အျပန္အလွန္ ႏွီးႏြယ္တဲ့ပုံစံဘဲ လွဳပ္ရွားေနၾကတယ္ေပါ့ေနာ္။ ၿပီးခဲ့တဲ့(၂၀၁၅)ခုႏွစ္ေတြက ကုန္းေျမကိုရဖို႕ တပ္မေတာ္က ၾကည္းေၾကာင္းေတြ ေလ ေၾကာင္းေတြနဲ႕ အျပင္းအထန္ထိုးစစ္ဆင္ခဲ့ဘူးပါတယ္။ ဒါေပမဲ့လဲမရဘူးေပါ့ေနာ္။ မဟာမိတ္ေတြဝိုင္းစုၿပီးတိုက္ၾက တယ္။ ေနာက္တေနရာက်ေတာ့ ဆနင္းေဒသၾကေတာ့ ေတာင္ကလဲ ေပေလး ငါးေထာင္ျမင့္ေတာ့ အဲဒီအေပၚမွာ လက္နက္ႀကီးေတြတင္ထားတဲ့အခါက်တာ့ ရပ္ေစာက္ရဲ႕အေရွ႕ျခမ္းတို႕ ဒီဘက္ဆိုရင္ ပင္လုံ လဲခ်ားလမ္းမတို႕ လႊမ္းမိုး နိုင္တဲ့ေနရာေပါ့ေနာ္။ အဲဒီေနရာမ်ိဳးျဖစ္ပါတယ္ခင္ဗ်။ ”

လက္ရွိရွမ္းျပည္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕၊ လြိဳင္လင္ခရိုင္ နမ့္စန္ၿမိဳ႕နယ္ဘက္မွာ စစ္ေကာင္စီတပ္ေတြ အင္အား ျဖည့္လာတယ္လို႕ SSPPတပ္မွဴးတဦးကအခုလိုေျပာပါတယ္။

“ တက္လာတာကသူတို႕ ကားအစီးေပါင္း(၇၀) (၈၀)ေလာက္ရွိတယ္။ အဲတာေတြဟာ စစ္အင္အားေရာ ရိကၡာလဲ ပါတာေပါ့ဗ်ာ။ အဲတာရပ္ေစာက္ဘက္မွာ အားပို႕တယ္။ ေနာက္နန္႕စမ္ ဘက္မွာအားပိုထားတယ္ေပါ့။ ”

SSPPအဖြဲ႕ဟာ NCAအပစ္ရပ္စာခ်ဳပ္လက္မွတ္မေရးထိုးနိုင္ေသးသလို စစ္ေကာင္စီတပ္နဲ႕ေရာ ေတာင္ပိုင္းရွမ္းျပည္ တပ္မေတာ္ RCSS/SSAနဲ႕ပါ စစ္ေရးပဋိပကၡျဖစ္ပြါးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

ရှမ်းတောင်ပိုင်းက ဆုတ်ပေးဖို့ စစ်ကောင်စီ တောင်းဆိုချက် SSPP လက်ခံမည်မဟုတ်

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်တောင်ပိုင်း စစ်ရေးအရအချက်ချာကျတဲ့ နယ်မြေတချို့ကို တပ်နောက်ဆုတ်ပေးဖို့ စစ်ကောင်စီနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSAကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ်တောင်းဆိုချက်ကို SSPPဘက်က လက်မခံဘူးလို့ SSPPဘက်ကပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရကတော့ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နဂိုမူလနေရာမှာဘဲနေပြီး မလိုလားအပ်တဲ့ပဋိပက္ခတွေ လျော့ချနိုင်ဖို့အတွက် တချိုကနေရာတွေမှာ တပ်ဆုတ်ခိုင်းတာလို့ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်း နယ်မြေနဲ့ပက်သက်ပြီး အငြင်းပွါးမှုဖြစ်နေတဲ့ အခြေအနေ ကို တော့ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ သံလွင်မြစ်ကမ်းတစ်လျှောက်နဲ့ လွိုင်လင်မြို့နယ် ပင်လုံမြို့ ဆနင်းဒေသတကြောကို မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSAတပ်ဆုတ်ပေးဖို့ စစ်ကောင်စီကတောင်းဆို ထားတာပါ။

အဲဒီဒေသမှာရှိတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP တပ်စခန်းတွေ ဆုတ်ပေးဖို့စစ်ကောင်စီက တောင်းဆိုထာ းတဲ့ အကြောင်းကိုတော့ အမည်မဖော်လိုသူ SSPPတပ်မှူးတဦးကအခုလိုပြောပါတယ်။

“ တခုထဲမဟုတ်ဘူး နှစ်ခုဘဲလေ ။ ဆနှင်းတောင်ကြော အရင်တုန်းကတိုက်နေတာ လွယ်ဟုန်းတောကြော ခေါ် တယ်ပါ့လေ ။ အဲဒီလွယ်ဟုန်းကို SSPPသိမ်းထားတာကိုး။ နောက်ပြီးမှ မိုင်းရှူးဖက်ကသံလွင်မြစ်နဲ့ ကပ်နေတဲ့နေရာကို အဲဒါဆုတ်ခိုင်းတယ်။ နဂိုကတည်းက မိုင်းရှူးက SSPPနေရာဘဲ။ ရှေးတုန်းကဟိုး ယူဂျင်းသိုက်တို့ လက်ထက်ကတည်းက SSAရှမ်းတပ်ဖွဲ့က မိုင်းရှူးကSSPPဘဲလေ။ မိုင်းရှူးဒေသက နန့်ပန်ချောင်း နဲ့သံလွင်မြစ်ဆုံတဲ့ နေရာပေါ့ဗျာ။ ”

စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်မှုကော်မီတီအဖွဲ့ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်အဖွဲ့နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPPဘက်က ဒုတိယဥက္ကဌ (၂)စဝ်ခွန်ဆိုင် အတွင်းရေးမှူး(၂) စဝ်စိုင်းဆုဦးဆောင်တဲ့အဖွဲ့တို့ကနေ မတ်လ(၃၁)ရက်နေ့မှာ တွေ့ဆုံစဉ် စစ်ကောင်စီဘက်ကတောင်းဆိုခဲ့တယ်လို့ သူကဆိုပါတယ်။

SSPPဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တွေ ဝမ်ဟိုင်းဌာနချုပ်ကို မရောက်သေးလို့ အခြေအနေကိုမသိရသေးပေမဲ့ စစ်ကောင်စီရဲ့တောင်းဆိုချက်ကို မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP လိုက်လျောဖို့မဖြစ်နိုင်ဘူးလို့ အဆိုပါ တပ်မှူးကဘဲ ဆက်ပြောပါတယ်။

“ မိုင်းရှူးမှာ SSPPက ဗဟိုထားတယ်လေ။ မိုင်းရှူးနဲ့ကျေးသီးနယ်စပ်တည့်တည့်မှာဘဲ ဗဟိုရှိတယ်။ ဝမ်ဟိုင်းဆိုတာ။ မိုင်းရှူးတပ်ကို ဆုတ်ခိုင်ပြီးမှ နောက်စကစ ကလာထိုင်မှာ။ အဲတာထိုင်လို့ရရင် တန့်ယန်းရသွားမယ်နော် စစ်ကြောင်းက။ အဲဒီတန့်ယန်းမှာ အမြင့်ဆုံးတောင်တတောင်ရှိတယ်။ အဲဒီတောင်ထိပ်ကို ဗမာရသွားပြီဆိုလို့ရှိရင် SSPPလည်းမလွယ်တော့ဘူး။ ပန်ဆန်း အခုဝကိုရော ချိန်လို့ရပြီး။ အဲဒီတောင်ပေါ်က အမြောက်ကြီးနဲ့ချထည့်မှာပေါ့။ အဲတာတကယ့် မဟာဗျူဟာလမ်းပေါ့။ အဲတာကို ဗမာ ရချင်တာ SSPPကမပေးဘူး။ မပေးရင်တိုက်မယ်။ တိုက်ရင်လဲ တိုက်ဆိုပြီးတော့ သူက(၆)ခါ (၇)ခါတိုက်ပြီးပြီး။ ”

SSPPရဲ့တပ်စခန်းနေရာကိုဆုတ်ခိုင်းတယ်လို့ သတင်းထွက်နေတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းကအခုလိုပြောပါတယ်။

“ SSPPနဲ့တွေ့ဆုံတဲ့နေရာမှာလဲ အဲတာဘဲအခြေခံပြီးဆွေးနွေးခဲ့တယ်။ အဲဒီမှာသတင်းတွေအပေါ်မှာလဲ ကျွန်တော် တို့မြင်နေတာဘဲ။ SSPPအဖွဲ့အနေနဲ့က တပ်ကနေပြီးသူတို့ ရှမ်းပြည်တောင်ပိုင်း နေရာကနေပြီး တပ်ကနေပြီး ဆုတ်ခိုင်းတယ်။ မဆုတ်ဘူးဆိုတဲ့ဟာမျိုးတွေ ထွက်ပေါ်နေတာလဲခင်ဗျားတို့မြင်တာဘဲ။ အဓိကတော့ဘာကိုဆွေးနွေးသလဲဆိုတော့ကျ ကျွန်တော်တို့က ယခင်တပ်မတော်အစိုးရလက်ထက် နဝတခေတ် နယကခေတ်ပေါ့ဗျာ။ ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့တွေ့ဆုံဆွေးနွေးခဲ့တာရှိတယ်ဗျာ။ သဘောတူညီခဲ့တာရှိတယ်။ အဲဒီသဘောတူညီချက်တွေက စာချုပ်အနေနဲ့သဘောတူညီထားတာမရှိဘူး။ သို့သော် နှစ်ဖက်တွေ့ဆုံပြီးတော့ကျ သဘောတူညီတာတွေလက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေပေါ့ဗျာ။ Agreement တွေကျွန်တော်တို့ရှိပြီး သားဖြစ်တယ်။ အဓိကပဋိပက္ခကဘာကြောင့်ဖြစ်နေတယ်ဆိုတော့ သူကRCSSနဲ့ SSPPတိုက်ပွဲဖြစ်နေတာများတယ်။ ရှမ်းပြည်မြောက်ပိုင်းပေါ်မှာ တချို့နေရာတွေမှာ RCSSဝင်တာရှိတယ်။ ရှမ်းပြည်တောင်ပိုင်းကိုလဲ SSPPဝင်တာရှိတယ်။ ဒါတွေနဲ့ပက်သက်ပြီးတော့ ကျနော်တို့က ဆွေးနွေးခဲ့တယ်။ သူ့နေရာသူပေါ့နော်။ သူတို့နဂိုမူလသတ်မှတ်ထား တဲ့ နေရာမှာဘဲနေကြဖို့ ။ မဆိုင်တဲ့နေရာတွေကနေ တပ်တွေရုတ်ပေးဖို့ ဆိုပြီး ဆွေးနွေးခဲ့တယ်။ ဆွေးနွေးခဲ့တဲ့ အဓိက ရည်ရွယ်ချက်က ရှမ်းပြည်မှာပေါ့နော် မလိုလားအပ်တဲ့ပဋိပက္ခတွေ လျော့ချနိုင်ဖို့အတွက်ဘဲဖြစ်တယ်။ ”

SSPP/SSAအဖွဲ့ဟာ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဇန္နာဝါရီ(၂၈)ရက်နေ့မှာ မြန်မာအစိုးရနဲ့ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး ဆွေးနွေးပြီးသဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ တပ်တည်နေရာကို တိတိကျကျ ဆွေးနွေးသတ်မှတ်ခဲ့တာမရှိတဲ့အတွက် နယ်မြေပိုင်ဆိုင်မှုပြဿနာတွေဖြစ်ပွါးနေခဲ့တာပါ။
SSPP/SSA အတွင်းရေးမှူး(၂) စဝ်စိုင်းဆုကလဲ စစ်ကောင်စီတပ်တွေအနေနဲ့ သူတို့မဆုတ်ပေးနိုင်တဲ့နေရာတွေကို လိုက်ပြီး အင်အားဖြည့်တင်းမှုတွေ ချည်းကပ်မှုတွေ ထပ်လုပ်မယ်၊ SSPPအနေနဲ့ရှောင်လမ်းမရှိဘူးဆိုရင်တော့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နိုင်မယ်လို့ CNI သတင်းဌာနကို ဖြေဆိုထားပါတယ်။

တကယ်လို့ စစ်ကောင်စီတပ်ကသာ မိုင်းရှူးမြို့ သံလွင်မြစ်ကမ်းတစ်လျှောက်နဲ့ လွိုင်လင်မြို့နယ် ပင်လုံမြို့ ဆနင်း ဒေသကို ရသွားရင် SSPPဌာနချုပ်ရဲ့လုံခြုံရေးကိုခြိမ်းခြောက်နေသလို ဝသွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ တည်ရှိမှု ကိုခြိမ်းခြောက်နိုင်တယ်လို့ ရှမ်းနိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်ကပြောပါတယ်။

“ မိုင်းရှူးဒေသကတော့ သူတို့အတွက်တော်တော်လေးအရေးပါတာပေါ့နော်။ မိုင်းရှူးသံလွင်ဒေသကတော့ အဓိက အားဖြင့် UWSAဝနယ်ခြားမှာရှိတဲ့ ဒေသဖြစ်တာပေါ့နော်။ အဲဒီက သံလွင်မြစ်တလျှောက်ကုန်းတွေကတော့ UWSA ဝတို့လုံခြုံရေးအရ အရေးပါတယ်။ အဲဒီမှာ နှစ်ဖက်နားလည်မှုနဲ့ လုံခြုံရေးအရလည်း အပြန်အလှန် နှီးနွယ်တဲ့ပုံစံဘဲ လှုပ်ရှားနေကြတယ်ပေါ့နော်။ ပြီးခဲ့တဲ့(၂၀၁၅)ခုနှစ်တွေက ကုန်းမြေကိုရဖို့ တပ်မတော်က ကြည်းကြောင်းတွေ လေ ကြောင်းတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့လဲမရဘူးပေါ့နော်။ မဟာမိတ်တွေဝိုင်းစုပြီးတိုက်ကြ တယ်။ နောက်တနေရာကျတော့ ဆနင်းဒေသကြတော့ တောင်ကလဲ ပေလေး ငါးထောင်မြင့်တော့ အဲဒီအပေါ်မှာ လက်နက်ကြီးတွေတင်ထားတဲ့အခါကျတာ့ ရပ်စောက်ရဲ့အရှေ့ခြမ်းတို့ ဒီဘက်ဆိုရင် ပင်လုံ လဲချားလမ်းမတို့ လွှမ်းမိုး နိုင်တဲ့နေရာပေါ့နော်။ အဲဒီနေရာမျိုးဖြစ်ပါတယ်ခင်ဗျ။ ”

လက်ရှိရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေ အင်အား ဖြည့်လာတယ်လို့ SSPPတပ်မှူးတဦးကအခုလိုပြောပါတယ်။

“ တက်လာတာကသူတို့ ကားအစီးပေါင်း(၇၀) (၈၀)လောက်ရှိတယ်။ အဲတာတွေဟာ စစ်အင်အားရော ရိက္ခာလဲ ပါတာပေါ့ဗျာ။ အဲတာရပ်စောက်ဘက်မှာ အားပို့တယ်။ နောက်နန့်စမ် ဘက်မှာအားပိုထားတယ်ပေါ့။ ”

SSPPအဖွဲ့ဟာ NCAအပစ်ရပ်စာချုပ်လက်မှတ်မရေးထိုးနိုင်သေးသလို စစ်ကောင်စီတပ်နဲ့ရော တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSAနဲ့ပါ စစ်ရေးပဋိပက္ခဖြစ်ပွါးနေပါတယ်။

XS
SM
MD
LG