သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လား႐ႈိးၿမိဳ႕နယ္မွာ စစ္ေရွာင္ဒုကၡသည္ ၃ ေယာက္ မုိင္းနင္းမိေသဆုံး 


ရွမ္းျပည္နယ္ေျမက္ပိုင္းမွ စစ္ေဘးေရွာင္ဒုကၡသည္မ်ား(ယခင္မွတ္တမ္းဓါတ္ပုံ )

လား႐ႈိးၿမိဳ႕နယ္မွာ စစ္ေရွာင္ဒုကၡသည္ ၃ ေယာက္ မုိင္းနင္းမိေသဆုံး

{{Zawgyi/Unicode}}

ရွမ္းျပည္ေျမာက္ပိုင္း လားရွိုးၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြၾကားတိုက္ပြဲေၾကာင့္ အိုးအိမ္ျပစ္ထြက္ေျပးခဲ့ၾကတဲ့ မိုင္းေယာ္တိုက္နယ္ေဒသခံတခ်ဳိ႕ ၾကာသပေတးေန႔က ေနရပ္ျပန္စဥ္ မိုင္းနင္းမိလို႔ ကေလး ၁ ေယာက္အပါအဝင္ ၃ ေယာက္ေသဆံုးၿပီး ၅ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။ ဒဏ္ရာရသူေတြထဲက ျပင္းထန္သူ ၂ ေယာက္ကေတာ့ စစ္ေဆးရံုမွာ ကုသမႈခံယူေနၾကတယ္လို႔ က်န္းမာေရးဝန္ထမ္းက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုေဇာ္မိုးေက်ာ္ ကတင္ျပပါမယ္။

ရွမ္းျပည္ေျမာက္ပိုင္း လားရွိုးၿမိဳ႕နယ္ မိုင္းေယာ္တိုက္နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြၾကား အခုသီတင္းပါတ္အေစာပိုင္းက တိုက္ပြဲေတြျဖစ္ခဲ့လို႔ ေဒသခံတခ်ဳိ႔ ေဘးလြတ္ရာကို ထြက္ေျပးခဲ့ၾကပါတယ္။ ေဖေဖာ္ဝါရီ (၁၄)ရက္ေန႕က မိုင္းေယာ္တိုက္နယ္ထဲက ပန္သေျပေက်းရြာအုပ္စုနဲ႔ လြယ္စက္ေတာ္ ေက်းရြာအုပ္စုဘက္မွာ တိုက္ပြဲျပင္းထန္ခဲ့လို႔ လုံတပ္ရြာ ပါမုန္းရြာ ပန္ကိန္အြန္ရြာ လြယ္တပ္ေက်းရြာအစရွိတဲ့ ေက်းရြာေတြက ႐ြာသား ၈ဝဝ ေက်ာ္ဟာ မိုင္းေယာ္ေက်းရြာဘက္ကို လာေရာက္ ခိုလႈံခဲ့ၾကတာပါတယ္။

ဒီရက္ပိုင္း တုိက္ပဲြေတြ ျပန္ၿငိမ္သြားလို႔ စစ္ေျပးဒုကၡသည္တခ်ဳိ႕ ေနရပ္ျပန္ၾကစဥ္ ဝမ္လုံတတ္ႏွင့္ ပန္နန္းေက်းရြာၾကားမွာ မိုင္းနင္းမိခဲ့ၾကပါတယ္။ ကေလး ၁ ေယာက္နဲ႔ အမ်ဳိးသမီး ၂ ေယာက္ ေသဆံုးသြားတယ္လုိ႔ မိုင္းေယာ္ေဒသခံ နန္းရင္က ရွမ္းဘာသာနဲ႔အခုလိုေျပာပါတယ္။

"မိုင္းေယာ္ကေန အိမ္အျပန္ လမ္းမွာ မိုင္းနင္းမိတာ။ ၂ ေယာက္က ပြဲခ်င္းၿပီးေသတယ္။ ၂ ေယာက္လုံးက အမ်ိဳးသမီးေတြ။ အသက္ ၅ ႏွစ္ ကေလး ၁ ေယာက္လဲ မိုင္းေယာ္ေဆး႐ုံ ေရာက္ေတာ့ ေသသြားတယ္ မိန္းခေလးဘဲ။ ဒဏ္ရာရတဲ့ ၅ ေယာက္ လားရွိုးေဆး႐ုံမွာ အခု။ အမ်ိဳးသား ၁ ေယာက္နဲ႔ အမ်ိဳးသမီး ၄ ေယာက္ပါ။ တခ်ိဳ႕က ေျခေထာက္မွာ ထိတယ္၊ တခ်ိဳ႕က ဗိုက္မွာထိတယ္"

တိုက္ပြဲေတြျဖစ္ခဲ့လို႔ ေဘးလြတ္ရာ ထြက္ေျပးခဲ့သူ ၈ဝဝ ေလာက္႐ွိတယ္လို႔ ရွမ္းသံေတာ္ဆင့္ သတင္းဌာနအယ္ဒီတာ နန္းဟြန္က ေျပာပါတယ္။

“ အဲဒီမိုင္းေယာ္ရဲ႕အေရွ႕ဘက္ (၁ဝ)မိုင္ေက်ာ္ေက်ာ္ေလာက္မွာရွိတဲ့ ပန္ကိန္မြန္ ၊ ပန္ကိန္အြန္အုပ္စုထဲ ျမန္မာစစ္တပ္နဲ႕ ေျမာက္ပိုင္းမဟာမိတ္တပ္မေတာ္နဲ႕ သူတို႕ကတိုက္ပြဲျဖစ္တယ္။ ေဒသခံေတြက ေဖေဖာ္ဝါရီလ(၁၄)ရက္ ညကတည္းက ေရွာင္လာၾကတာ။ မိုင္းေယာ္ေစ်းထဲေရွာင္လာၾကတယ္။ အဲဒီညက(၃ဝဝ) ေလာက္ေရာက္တယ္။ ေနာက္(၁၅)ရက္ေန႕ မနက္က်ေတာ့ ေနာက္ထပ္(၅ဝဝ)ေလာက္ ထပ္ေရာက္လာတယ္။ အဲဒီစစ္ေရွာင္ေတြက မိုင္းေယာ္ထဲေနေနတာက ၃-၄ ရက္ေလာက္ၾကာေတာ့ တိုက္ပြဲကျငိမ္သြားၿပီးဆိုတဲ့အခါက်ေတာ့ သူတို႕က ျပန္သြားၾကတာ။ မေန႕က ျပန္သြားတဲ့အခ်ိန္ မွာ မိုင္းေယာ္ရဲ႕အေရွ႕ဘက္ အဲဒီလုံတပ္ရြာအလြန္က်ရင္ သူတို႕မိုင္းသြားနင္းမိတာ။ ”

မိုင္းေပါက္ပြဲခ်ိန္ စစ္ေဘးေ႐ွာင္ အမ်ိဳးသမီးႏွစ္ဦးနဲ႕ ကေလးငယ္တဦး စုစုေပါင္း ၃ ဦးေသဆံုးခဲ့ၿပီး၊ အမ်ိဳး သား ၁ ေယာက္နဲ႔ အမ်ိဳးသမီး ၄ ေယာက္ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရသူ ၅ ဦးအနက္က ဒဏ္ရာျပင္းထန္တဲ့ႏွစ္ဦးမွာ COVID ကပ္ေရာဂါကူးစက္ေနတာ စစ္ေဆးေတြ႕ရွိတဲ့အတြက္ လား႐ႈိးၿမိဳ႕ ေဆး႐ံုကေန စစ္ေဆးရံုကို ေျပာင္းေ႐ႊ႕ကုသေပးေနတယ္လို႔ လားရွိဳးၿမိဳ႕ က်န္းမာေရးဝန္ထမ္းတဦး ကေျပာ ပါတယ္။

“ ကြ်န္ေတာ္တို႕ရဲ႕ လားရွိဳးေဆးရံုႀကီးက ခြဲစိပ္ေဆာင္ကေနၿပီးေတာ့ COVID Positive ေတြ႕လို႕ဆိုၿပီးေတာ့ အဲဒီခြဲစိပ္ေဆာင္ ယာယီပို႕ၿပီးေတာ့ OPT ဝင္ၿပီးမွဘဲ စစ္ေဆးရံုပို႕လိုက္ပါတယ္။ ႏွစ္ေယာက္ဗ်။ ”

မိုင္းေယာ္တိုက္နယ္ ပန္ဝူးလႈိင္ေက်းရြာအုပ္စုဘက္ေတာ့ ေဖေဖာ္ဝါရီ (၁၇) ရက္ေန႔ ၾကာသပေတးေန႔က စစ္ေကာင္စီတပ္နဲ႕ ေျမာက္ပိုင္းမဟာမိတ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႕ေဒသခံေတြကေျပာပါတယ္။

လားရွိဳးၿမိဳ႕နယ္ မိုင္းေယာ္တိုက္နယ္အတြင္း တိုင္းရင္းသားလက္နက္ကိုင္ေတြ ျဖစ္တဲ့ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA)၊ တေအာင္း (ပေလာင္) လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ကိုးကန႔္တပ္မေတာ္ (MNDAA )နဲ႕ ရွမ္းျပည္တိုးတက္ေရးပါတီ၊(SSPP/SSA) တို႔ အေျချပဳလႈပ္ရွားရာေနၾကၿပီး စစ္တပ္နဲ႔ မၾကာခဏ တုိက္ပြဲျဖစ္ေနၾကပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

လားရှိုးမြို့နယ်မှာ စစ်ရှောင်ဒုက္ခသည် ၃ ယောက် မိုင်းနင်းမိသေဆုံး

{{Unicode}}

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြားတိုက်ပွဲကြောင့် အိုးအိမ်ပြစ်ထွက်ပြေးခဲ့ကြတဲ့ မိုင်းယော်တိုက်နယ်ဒေသခံတချို့ ကြာသပတေးနေ့က နေရပ်ပြန်စဉ် မိုင်းနင်းမိလို့ ကလေး ၁ ယောက်အပါအဝင် ၃ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက ပြင်းထန်သူ ၂ ယောက်ကတော့ စစ်ဆေးရုံမှာ ကုသမှုခံယူနေကြတယ်လို့ ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်မိုးကျော် ကတင်ပြပါမယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြား အခုသီတင်းပါတ်အစောပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံတချို့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ (၁၄)ရက်နေ့က မိုင်းယော်တိုက်နယ်ထဲက ပန်သပြေကျေးရွာအုပ်စုနဲ့ လွယ်စက်တော် ကျေးရွာအုပ်စုဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့လို့ လုံတပ်ရွာ ပါမုန်းရွာ ပန်ကိန်အွန်ရွာ လွယ်တပ်ကျေးရွာအစရှိတဲ့ ကျေးရွာတွေက ရွာသား ၈၀၀ ကျော်ဟာ မိုင်းယော်ကျေးရွာဘက်ကို လာရောက် ခိုလှုံခဲ့ကြတာပါတယ်။

ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်ငြိမ်သွားလို့ စစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်ကြစဉ် ဝမ်လုံတတ်နှင့် ပန်နန်းကျေးရွာကြားမှာ မိုင်းနင်းမိခဲ့ကြပါတယ်။ ကလေး ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးသွားတယ်လို့ မိုင်းယော်ဒေသခံ နန်းရင်က ရှမ်းဘာသာနဲ့အခုလိုပြောပါတယ်။

"မိုင်းယော်ကနေ အိမ်အပြန် လမ်းမှာ မိုင်းနင်းမိတာ။ ၂ ယောက်က ပွဲချင်းပြီးသေတယ်။ ၂ ယောက်လုံးက အမျိုးသမီးတွေ။ အသက် ၅ နှစ် ကလေး ၁ ယောက်လဲ မိုင်းယော်ဆေးရုံ ရောက်တော့ သေသွားတယ် မိန်းခလေးဘဲ။ ဒဏ်ရာရတဲ့ ၅ ယောက် လားရှိုးဆေးရုံမှာ အခု။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ပါ။ တချို့က ခြေထောက်မှာ ထိတယ်၊ တချို့က ဗိုက်မှာထိတယ်"

တိုက်ပွဲတွေဖြစ်ခဲ့လို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့သူ ၈၀၀ လောက်ရှိတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနအယ်ဒီတာ နန်းဟွန်က ပြောပါတယ်။

“ အဲဒီမိုင်းယော်ရဲ့အရှေ့ဘက် (၁၀)မိုင်ကျော်ကျော်လောက်မှာရှိတဲ့ ပန်ကိန်မွန် ၊ ပန်ကိန်အွန်အုပ်စုထဲ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်မတော်နဲ့ သူတို့ကတိုက်ပွဲဖြစ်တယ်။ ဒေသခံတွေက ဖေဖော်ဝါရီလ(၁၄)ရက် ညကတည်းက ရှောင်လာကြတာ။ မိုင်းယော်ဈေးထဲရှောင်လာကြတယ်။ အဲဒီညက(၃၀၀) လောက်ရောက်တယ်။ နောက်(၁၅)ရက်နေ့ မနက်ကျတော့ နောက်ထပ်(၅၀၀)လောက် ထပ်ရောက်လာတယ်။ အဲဒီစစ်ရှောင်တွေက မိုင်းယော်ထဲနေနေတာက ၃-၄ ရက်လောက်ကြာတော့ တိုက်ပွဲကငြိမ်သွားပြီးဆိုတဲ့အခါကျတော့ သူတို့က ပြန်သွားကြတာ။ မနေ့က ပြန်သွားတဲ့အချိန် မှာ မိုင်းယော်ရဲ့အရှေ့ဘက် အဲဒီလုံတပ်ရွာအလွန်ကျရင် သူတို့မိုင်းသွားနင်းမိတာ။ ”

မိုင်းပေါက်ပွဲချိန် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး၊ အမျိုး သား ၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၅ ဦးအနက်က ဒဏ်ရာပြင်းထန်တဲ့နှစ်ဦးမှာ COVID ကပ်ရောဂါကူးစက်နေတာ စစ်ဆေးတွေ့ရှိတဲ့အတွက် လားရှိုးမြို့ ဆေးရုံကနေ စစ်ဆေးရုံကို ပြောင်းရွှေ့ကုသပေးနေတယ်လို့ လားရှိုးမြို့ ကျန်းမာရေးဝန်ထမ်းတဦး ကပြော ပါတယ်။

“ ကျွန်တော်တို့ရဲ့ လားရှိုးဆေးရုံကြီးက ခွဲစိပ်ဆောင်ကနေပြီးတော့ COVID Positive တွေ့လို့ဆိုပြီးတော့ အဲဒီခွဲစိပ်ဆောင် ယာယီပို့ပြီးတော့ OPT ဝင်ပြီးမှဘဲ စစ်ဆေးရုံပို့လိုက်ပါတယ်။ နှစ်ယောက်ဗျ။ ”

မိုင်းယော်တိုက်နယ် ပန်ဝူးလှိုင်ကျေးရွာအုပ်စုဘက်တော့ ဖေဖော်ဝါရီ (၁၇) ရက်နေ့ ကြာသပတေးနေ့က စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအောင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA )နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊(SSPP/SSA) တို့ အခြေပြုလှုပ်ရှားရာနေကြပြီး စစ်တပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်နေကြပါတယ်။

XS
SM
MD
LG