သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပူတာအို စစ္တပ္စခန္းတခု KIA သိမ္း၊ ကြတ္ခိုင္နဲ႔ နမ့္ခမ္းမွာ ေပါက္ကြဲပစ္ခတ္


KIA တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေအာက္တုိဘာ ၁၄၊ ၂၀၁၆)

[[Zawgyi/Unicode]]

စစ္တပ္က အာဏာသိမ္း တစ္ႏွစ္ျပည့္တဲ့ေန႔မွာ ကခ်င္ျပည္နယ္ ျမစ္ႀကီးနား၊ ပူတာအိုၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္၊ နမ့္ခမ္းၿမိဳ႕ေတြမွာ ေပါက္ကြဲမႈေတြ၊ ပစ္ခတ္တိုက္ခိုက္တာေတြ ျဖစ္ခဲ့ပါတယ္။ ပူတာအိုၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္စခန္း ၃ ေနရာေလာက္ကို ကခ်င္လက္ နက္ကိုင္ KIA က တိုက္ခိုက္ခဲ့ၿပီးဆြမ္ပီယန္စခန္းကို သိမ္းယူခဲ့ေၾကာင္း KIA ဘက္က အတည္ျပဳပါတယ္။ ကခ်င္နဲ႔ ရွမ္းေျမာက္ေဒသ အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီလ ၁ ရက္မွာ ျမန္မာႏိုင္ငံေဒသအႏွံ႔အျပားမွာ အာဏာသိမ္းတာကို ကန္႔ကြက္တဲ့ အသံတိတ္သပိတ္ေတြနဲ႔ စစ္တပ္ကို ေထာက္ခံတဲ့ဆႏၵထုတ္ေဖာ္ပဲြေတြ က်င္းပေနခ်ိန္မွာ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ ဗံုးေပါက္ကဲြတာေတြ၊ ပစ္ခတ္တာေတြနဲ႔ တုိက္ပဲြေတြ ျဖစ္ပြားခဲ့ပါတယ္။ ဒီေန႔ မနက္အေစာပိုင္းက ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕၊ လယ္ကုန္းရပ္ကြက္ က အမွတ္ ၃၀၊ ရဲတပ္ရင္းစခန္းဂိတ္မွာ ေပါက္ကဲြမႈတခုျဖစ္ခဲ့ၿပီး အဲဒီေနာက္ျဖစ္ပြားတဲ့ ပစ္ခတ္မႈအတြင္းမွာ လယ္ကုန္းရပ္နဲ႔ ဆက္ေနတဲ့ ကြ်န္းပင္သာရပ္ကြက္က ၇ ႏွစ္အရြယ္ကေလးတဦး ေသဆံုးခဲ့ပါတယ္။

ျမစ္ၾကီးနားမွာ ဒီလို ကေလးတဦးေသဆံုးခဲ့တဲ့ ျဖစ္စဥ္ကို ၿမိဳ႕ခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“ပစ္ခတ္မႈကေတာ့ မနက္ ၅ နာရီ ၅၀ ေလာက္-ဟုတ္တယ္။ ပစ္ခတ္မႈကေတာ့ အမွတ္ ၃၀ ရဲတပ္ရင္း ေရွ႕တံခါးေပါက္ ဂိတ္အမွတ္ ၇ မွာ ေပါက္ကဲြမႈတခုျဖစ္တယ္။ အဲဒီကေနစၿပီးေတာ့ ပစ္ခတ္မႈျဖစ္ပြားတယ္။ အဲဒီလမ္းေဘးဝဲယာ ၄- ၅- ၆ အိမ္ ပစ္ခတ္သြားတဲ့ ပံုစံမ်ိဳးရိွတာေပါ့ေနာ္။ အသက္ ၇ ႏွစ္ရိွတဲ့ကေလးကို ေသနတ္က်ည္ဆံ ေဖာက္ထြင္းသြားတာေပါ့ေနာ္။ ကြယ္လြန္သြားတာ ဟုတ္တယ္။ အဲဒီကေလးက အိမ္ထဲမွာေနတယ္။ ေတာက္ေလ်ာက္ လမ္းေဘး ဝဲယာမွာ ေသနတ္ က်ည္ေဖာက္ထြင္းရာေတြလည္း ေတြ႔တယ္။ေနာက္တခုက က်ည္ဆံခံြေတြ လမ္းမွာ ျပန္႔က်ဲေနတာလည္း ေတြ႔ေနရပါတယ္။”

ဗံုးေဖာက္ခဲြတာ ဘယ္အဖဲြ႔ဆုိတာ မသိရသလို ကေလးေသဆံုးတာလည္း ဘယ္သူ႔လက္ခ်က္ျဖစ္ တယ္ဆုိတာ ေသခ်ာ မေျပာႏိုင္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ခံက ေျပာပါတယ္။ ေဒသတြင္းမီဒီယာအတခ်ဳိ႕ကေတာ့ PDF ျပည္သူ႔ကာကြယ္ေရးအဖဲြ႔က ရဲတပ္ရင္းကို ဗံုးခဲြတဲ့ေနာက္ ရဲတပ္ရင္းက ပစ္ခတ္ တာေၾကာင့္ ကေလး ေသဆံုးရတာျဖစ္ေၾကာင္း ေဖာ္ျပတာေတြရိွေနပါတယ္။

ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕နယ္ထဲမွာ ဒီကေန႔ တိုက္ပဲြ ၃ ေနရာေလာက္ျဖစ္ခဲ့တယ္လုိ႔KIA ရဲ့ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက ေျပာပါတယ္။

“ဟို ဆြန္ပီယန္ဆိုတဲ့ စခန္းရယ္။ ေနာက္ ပူတာအိုနဲ႔ သိပ္မေ၀းဘူးေပါ့ေနာ္ အဲဒီလံုခ်ာယန္ဆိုတဲ့ တပ္ စခန္းရယ္။ ေနာက္တစ္ခုရိွတာကေတာ့ ဆြန္ပီယန္ကေန မလိခဘက္မွာ က်ေနာ္တုိ႔ အေခၚနဲ႔ ေျပာမယ္ဆုိရင္ ရွင္ကပ္ပြန္း ရွင္ကပ္ပြန္းလို႔ ေျပာတယ္။ အဲဒီမွာ ေရွ႕တန္းပို႔စ္ေတြ ရိွတယ္။ တပ္ မေတာ္ဘက္က။ အဲဒီ ၃ ေနရာမွာ ၀င္စီးတယ္။ ဝင္တုိက္တယ္ဆုိတဲ့သတင္းရပါတယ္။ ဆြန္ပီယန္ အဲဒါကေတာ့ ဝင္စီးလို႔ ရၿပီလို႔ သတင္းရပါတယ္။ က်န္တဲ့ ၂ ခုကေတာ့ ခုနကေတာ့ တုိက္ေနတုန္းလို႔ပဲ ၾကားပါတယ္။”

ဒီေန႔ ေန႔လည္ပိုင္းေလာက္က အေျခအေနကို ဗိုလ္မွဴးႀကီးေနာ္ဘူ ေျပာျပတာပါ။ ခုလို ကခ်င္ျပည္နယ္ဘက္မွာ တုိက္ပြဲေတြ႐ွိသလို ႐ွမ္းျပည္ေျမာက္ပိုင္းမွာလည္း ႐ွိခဲ့ပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕အေျခစိုက္ စစ္ေကာင္စီတပ္ရဲ့ဗ်ဴဟာကုန္းကို မနက္ ၈ နာရီေလာက္က လက္နက္ ကိုင္အဖဲြ႔ေတြ လာေရာက္ပစ္ခတ္တာ ရိွခဲ့ေၾကာင္း အျပန္အလွန္ပစ္ခတ္မႈအတြင္း အမ်ိဳးသမီးတဦး ထိခိုက္ခဲ့ေၾကာင္း ကြတ္ခိုင္ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“လက္နက္ၾကီး လက္နက္ငယ္သံေတြေတာ့ ၾကားလုိက္တယ္။ ၈ နာရီေလာက္ကေန ၁၀ ခဲြေလာက္ အထိ။ ႏွစ္ဘက္ အျပန္အလွန္ပစ္တဲ့ ပံုမ်ိဳးပဲဗ်။ အိမ္ထိတာေတာ့ သိရေလာက္ ၃ ေနရာေပါ့။ တေနရာက က်ေနာ္တုိ႔ ရပ္ကြက္တြင္းမွာ တအိမ္ရယ္။ ၿပီးရင္ အစိုးရေက်ာင္းတေက်ာင္းေပါ့။ အဲဒီမွာ ေက်ာင္းေစာင့္တဲ့ အမၾကီးတေယာက္ရယ္။ ၿပီးလို႔ရိွရင္ အစိုးရေက်ာင္းနဲ႔ သိပ္မေဝးတဲ့ တိုင္းရင္းေဆးဌာနေပါ့။ အဲဒီ ၃ ေနရာေပါ့။ အေသအေပ်ာက္ေတာ့ မၾကားရဘူးဗ်။ အဲလို အသားထိမွန္ တာေတာ့ က်ေနာ္တို႔ ၾကားတာ တေယာက္ပဲေပါ့။”

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕အေျခစိုက္ စစ္တပ္စခန္းကို အမည္မသိ လက္နက္ကိုင္အဖဲြ႔က လာေရာက္ပစ္ခတ္ခဲ့ေၾကာင္းနဲ႔ စစ္တပ္က ျပန္လွန္ပစ္ခတ္တာေတြ ရိွခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ ကြတ္ခိုင္ၿမိဳ႕မွာ KIA နဲ႔ တုိက္ပဲြျဖစ္တဲ့သတင္းၾကားေပမယ့္ နမ့္ခမ္းဘက္မွာေတာ့ TNLA တအန္း(ပေလာင္) အဖဲြ႔နဲ႔ ျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ပူတာအို စစ်တပ်စခန်းတခု KIA သိမ်း၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမှာ ပေါက်ကွဲပစ်ခတ်

စစ်တပ်က အာဏာသိမ်း တစ်နှစ်ပြည့်တဲ့နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအိုမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်းမြို့တွေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ပူတာအိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်း ၃ နေရာလောက်ကို ကချင်လက် နက်ကိုင် KIA က တိုက်ခိုက်ခဲ့ပြီးဆွမ်ပီယန်စခန်းကို သိမ်းယူခဲ့ကြောင်း KIA ဘက်က အတည်ပြုပါတယ်။ ကချင်နဲ့ ရှမ်းမြောက်ဒေသ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အသံတိတ်သပိတ်တွေနဲ့ စစ်တပ်ကို ထောက်ခံတဲ့ဆန္ဒထုတ်ဖော်ပွဲတွေ ကျင်းပနေချိန်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ဗုံးပေါက်ကွဲတာတွေ၊ ပစ်ခတ်တာတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် က အမှတ် ၃၀၊ ရဲတပ်ရင်းစခန်းဂိတ်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး အဲဒီနောက်ဖြစ်ပွားတဲ့ ပစ်ခတ်မှုအတွင်းမှာ လယ်ကုန်းရပ်နဲ့ ဆက်နေတဲ့ ကျွန်းပင်သာရပ်ကွက်က ၇ နှစ်အရွယ်ကလေးတဦး သေဆုံးခဲ့ပါတယ်။

မြစ်ကြီးနားမှာ ဒီလို ကလေးတဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို မြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ပစ်ခတ်မှုကတော့ မနက် ၅ နာရီ ၅၀ လောက်-ဟုတ်တယ်။ ပစ်ခတ်မှုကတော့ အမှတ် ၃၀ ရဲတပ်ရင်း ရှေ့တံခါးပေါက် ဂိတ်အမှတ် ၇ မှာ ပေါက်ကွဲမှုတခုဖြစ်တယ်။ အဲဒီကနေစပြီးတော့ ပစ်ခတ်မှုဖြစ်ပွားတယ်။ အဲဒီလမ်းဘေးဝဲယာ ၄- ၅- ၆ အိမ် ပစ်ခတ်သွားတဲ့ ပုံစံမျိုးရှိတာပေါ့နော်။ အသက် ၇ နှစ်ရှိတဲ့ကလေးကို သေနတ်ကျည်ဆံ ဖောက်ထွင်းသွားတာပေါ့နော်။ ကွယ်လွန်သွားတာ ဟုတ်တယ်။ အဲဒီကလေးက အိမ်ထဲမှာနေတယ်။ တောက်လျောက် လမ်းဘေး ဝဲယာမှာ သေနတ် ကျည်ဖောက်ထွင်းရာတွေလည်း တွေ့တယ်။နောက်တခုက ကျည်ဆံခွံတွေ လမ်းမှာ ပြန့်ကျဲနေတာလည်း တွေ့နေရပါတယ်။”

ဗုံးဖောက်ခွဲတာ ဘယ်အဖွဲ့ဆိုတာ မသိရသလို ကလေးသေဆုံးတာလည်း ဘယ်သူ့လက်ချက်ဖြစ် တယ်ဆိုတာ သေချာ မပြောနိုင်ကြောင်း မြစ်ကြီးနားမြို့ခံက ပြောပါတယ်။ ဒေသတွင်းမီဒီယာအတချို့ကတော့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲတပ်ရင်းကို ဗုံးခွဲတဲ့နောက် ရဲတပ်ရင်းက ပစ်ခတ် တာကြောင့် ကလေး သေဆုံးရတာဖြစ်ကြောင်း ဖော်ပြတာတွေရှိနေပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲမှာ ဒီကနေ့ တိုက်ပွဲ ၃ နေရာလောက်ဖြစ်ခဲ့တယ်လို့KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ဟို ဆွန်ပီယန်ဆိုတဲ့ စခန်းရယ်။ နောက် ပူတာအိုနဲ့ သိပ်မဝေးဘူးပေါ့နော် အဲဒီလုံချာယန်ဆိုတဲ့ တပ် စခန်းရယ်။ နောက်တစ်ခုရှိတာကတော့ ဆွန်ပီယန်ကနေ မလိခဘက်မှာ ကျနော်တို့ အခေါ်နဲ့ ပြောမယ်ဆိုရင် ရှင်ကပ်ပွန်း ရှင်ကပ်ပွန်းလို့ ပြောတယ်။ အဲဒီမှာ ရှေ့တန်းပို့စ်တွေ ရှိတယ်။ တပ် မတော်ဘက်က။ အဲဒီ ၃ နေရာမှာ ဝင်စီးတယ်။ ဝင်တိုက်တယ်ဆိုတဲ့သတင်းရပါတယ်။ ဆွန်ပီယန် အဲဒါကတော့ ဝင်စီးလို့ ရပြီလို့ သတင်းရပါတယ်။ ကျန်တဲ့ ၂ ခုကတော့ ခုနကတော့ တိုက်နေတုန်းလို့ပဲ ကြားပါတယ်။”

ဒီနေ့ နေ့လည်ပိုင်းလောက်က အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူ ပြောပြတာပါ။ ခုလို ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေရှိသလို ရှမ်းပြည်မြောက်ပိုင်းမှာလည်း ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ဗျူဟာကုန်းကို မနက် ၈ နာရီလောက်က လက်နက် ကိုင်အဖွဲ့တွေ လာရောက်ပစ်ခတ်တာ ရှိခဲ့ကြောင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း အမျိုးသမီးတဦး ထိခိုက်ခဲ့ကြောင်း ကွတ်ခိုင်မြို့ခံတဦးက ပြောပါတယ်။

“လက်နက်ကြီး လက်နက်ငယ်သံတွေတော့ ကြားလိုက်တယ်။ ၈ နာရီလောက်ကနေ ၁၀ ခွဲလောက် အထိ။ နှစ်ဘက် အပြန်အလှန်ပစ်တဲ့ ပုံမျိုးပဲဗျ။ အိမ်ထိတာတော့ သိရလောက် ၃ နေရာပေါ့။ တနေရာက ကျနော်တို့ ရပ်ကွက်တွင်းမှာ တအိမ်ရယ်။ ပြီးရင် အစိုးရကျောင်းတကျောင်းပေါ့။ အဲဒီမှာ ကျောင်းစောင့်တဲ့ အမကြီးတယောက်ရယ်။ ပြီးလို့ရှိရင် အစိုးရကျောင်းနဲ့ သိပ်မဝေးတဲ့ တိုင်းရင်းဆေးဌာနပေါ့။ အဲဒီ ၃ နေရာပေါ့။ အသေအပျောက်တော့ မကြားရဘူးဗျ။ အဲလို အသားထိမှန် တာတော့ ကျနော်တို့ ကြားတာ တယောက်ပဲပေါ့။”

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အခြေစိုက် စစ်တပ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်းနဲ့ စစ်တပ်က ပြန်လှန်ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ ကွတ်ခိုင်မြို့မှာ KIA နဲ့ တိုက်ပွဲဖြစ်တဲ့သတင်းကြားပေမယ့် နမ့်ခမ်းဘက်မှာတော့ TNLA တအန်း(ပလောင်) အဖွဲ့နဲ့ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

#ပူတာအို #စစ်အာဏာသိမ်းတနှစ်ပြည့် #ကွတ်ခိုင် #နမ့်ခမ်း #နော်ဘူ #ပေါက်ကွဲပစ်ခတ် #ဆွမ်ပီယန် #ဗွီအိုအေ #KIA

=========

XS
SM
MD
LG