သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္ ေတာင္ပိုင္းေရာေျမာက္ပိုင္းမွာပါ စစ္ေရးတင္းမာေန


Fighting betwwn RCSS/SSA AND TNLA- Photo CREDIT to RCSS - SSA News & Information Department

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕နယ္ ေနာင္ဝိုးနဲ႔ ေက်ာက္ဂူေက်း႐ြာမွာ တိုင္းရင္းသားတပ္ေတြၾကားတိုက္ပြဲျဖစ္ပြားေနၿပီး ေဒသခံတခ်ိဳ႕ ေက်ာက္ဂူ႐ြာမွာ ပိတ္မိေနပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ မုံးကိုးဘက္မွာေတာ့ စစ္ေကာင္စီတပ္က အင္အားျဖည့္တင္းတာေတြ ရွိေနတာေၾကာင့္ မၾကာခင္တိုက္ပြဲႀကီးေတြ ထပ္မံျဖစ္ပြားလာဖြယ္ရွိေနပါတယ္။ ရွမ္းျပည္နယ္ဘက္က စစ္ေရးတင္းမာမႈအေျခအေန ရန္ကုန္ကသတင္းေရးသားေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

TNLA တအန္း(ပေလာင္)၊ SSPP ရွမ္းျပည္ေျမာက္ပိုင္းပူးေပါင္းတပ္နဲ႔ RCSS ရွမ္းျပည္ေတာင္ပိုင္းတပ္ေတြၾကားမွာ ၿပီးခဲ့တဲ့လပိုင္းက ေက်ာက္မဲ၊ သီေပါ၊ မိုင္းကိုင္နဲ႔ လဲခ်ားၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျဖစ္ပြားခဲ့ရာက ဒီရက္ပိုင္းအတြင္းမွာေတာ့ ရပ္ေစာက္ၿမိဳ႕နယ္ဘက္မွာပါ ျဖစ္ပြားလာေနတာပါ။

လက္ရွိ ရပ္ေစာက္ၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြားတဲ့အေျခအေနကို ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“ေနာင္ဝိုးက်ေတာ့ နည္းနည္းေတာထဲ ေရာက္သြားၿပီေလ။ အဲဒီမွာ မေန႔ညက ျဖစ္တယ္။ ဒီေန႔ မနက္က်ေတာ့ က်ေနာ္တို႔ ေက်ာက္ဂူ႐ြာထဲမွာ လာျဖစ္တယ္ေပါ့။ အဲဒါေတာ့ လမ္းေပၚေရာက္သြားၿပီ။ ေက်ာက္ဂူ႐ြာက က်ေနာတို႔ ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းနဲ႔ ဆက္ထားတဲ့လမ္းေပၚမွာေပါ့။ မဟာမိတ္အဖြဲ႕နဲ႔ RCSS လို႔ သတင္းၾကားတယ္ဗ်။ စစ္တပ္နဲ႔ေတာ့မဟုတ္ဘူး။ ”

တိုက္ပြဲျဖစ္ပြားတာေၾကာင့္ ေဒသခံတခ်ိဳ႕ ေက်ာက္ဂူ႐ြာမွာ ပိတ္မိေနတယ္လို႔လည္း အခုလို ဆက္ေျပာပါတယ္။

“ရပ္ေစာက္ၿမိဳ႕ေပၚမွာေတာ့ အခုခ်ိန္ထိက ေအးေအးေဆးေဆးပဲဗ်။ ဘာမွေတာ့ မျဖစ္ေသးဘူး။ ဒါေပမယ့္ စစ္ေဘးေရွာင္ေတြကေတာ့ နည္းနည္းေျပးတဲ့လူေတြက ေျပးေနၿပီ။ ေရွာင္တဲ့လူေတြက ေရွာင္ေနၿပီ။ ဒါေပမယ့္ ေက်ာက္ဂူ႐ြာထဲက တခ်ိဳ႕ေတြက ထြက္မလာရေသးဘူး။ ရပ္ေစာက္ၿမိဳ႕ကေန သြားတဲ့ ဧည့္သည္ေတြလည္း ေက်ာက္ဂူမွာ ပိတ္မိေနတယ္ေပါ့။ အဲလိုမ်ိဳးေတာ့ ရွိတယ္။ လာလို႔ရရင္ေတာ့ သူတို႔ ထြက္လာမွာ အခုက လာလို႔ မရေသးဘူးဗ်။ အဲလိုမ်ိဳးျဖစ္ေနတယ္။ ”

လက္ရွိ တိုက္ပြဲျဖစ္ပြားတဲ့ ေက်ာက္ဂူ၊ ေနာင္ဝိုးေဒသဟာ တခ်ိန္က ဗမာျပည္ကြန္ျမဴနစ္ပါတီ အေျခစိုက္လႈပ္ရွားခဲ့တဲ့နယ္ေျမျဖစ္ၿပီး ရပ္ေစာက္ၿမိဳ႕ကေန မိုင္ ၅၀ ေလာက္ ကြာေဝးတာျဖစ္ပါတယ္။ ရပ္ေစာက္ၿမိဳ႕နဲ႔ တမိုင္ေလာက္အကြာမွာေတာ့ စစ္ေကာင္စီရဲ႕ သင္တန္းေက်ာင္းေတြ အေျခစိုက္တဲ့ ဗထူးတပ္ၿမိဳ႕ တည္ရွိေနတာျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕နယ္မွာ တိုင္းရင္းသားတပ္ေတြအၾကားတိုက္ပြဲျဖစ္ပြားခဲ့သလို အဂၤါေန႔ညက ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာ႐ြာအနီးမွာလည္း တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီတိုက္ပြဲဟာ စစ္ေကာင္စီတပ္ယာဥ္တန္းျဖတ္သန္းသြားစဥ္ အမည္မသိအဖြဲ႕က ပစ္ခတ္တာျဖစ္ေၾကာင္း နမ့္ဖတ္ကာက ေဒသခံတဦးက ေျပာပါတယ္။

“နမ့္ဖတ္ကာအထြက္ ဟိုဖက္ ခိုမုန္းနားေရာက္ခါနီးလို႔ ေျပာတယ္ဗ်။ ည ၁၀နာရီေက်ာ္ ၁၁ ဝန္းက်င္ေလာက္ ျဖစ္မယ္ထင္တယ္။ စစ္ကားေတြ တက္သြားတဲ့အခ်ိန္။ ဒါေပမယ့္ ဘယ္အဖြဲ႕နဲ႔ ဆိုတာ မေျပာတတ္ဘူးဗ်။ ဒီဘက္ကအဖြဲ႕က အစုံရွိတယ္ဆိုေတာ့။”

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ေဒသမွာ KIA ကခ်င္၊ TNLA တအန္း(ပေလာင္) နဲ႔ MNDAA ကိုးကန႔္အဖြဲ႕ေတြ အဓိက လႈပ္ရွားေနတာျဖစ္ပါတယ္။ ေဒသတြင္း သတင္းမီဒီယာေတြကေတာ့ အဂၤါေန႔ညက ျဖစ္ပြားတဲ့တိုက္ပြဲဟာ မုံးကိုး၊ ေဖာင္းဆိုင္ဘက္ကို သြားတဲ့စစ္ေကာင္စီတပ္ ယာဥ္တန္းကို MNDAA ေခၚ ကိုးကန႔္တပ္ဖြဲ႕က တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပၾက ပါတယ္။

မုံးကိုးေဒသခံတဦးကေတာ့ ဒီမနက္ ၂ နာရီေလာက္မွာ စစ္ကားအစီး ၂၀ ေက်ာ္ေလာက္ မုံးကိုးၿမိဳ႕ကို ေရာက္ရွိလာေၾကာင္းနဲ႔ တိုက္ပြဲေတြျဖစ္လာႏိုင္ေၾကာင္း အခုလို ေျပာပါတယ္။

“ႏွစ္ဆယ္၊ ႏွစ္ဆယ္ေက်ာ္ေလာက္ေတာ့ ရွိမွာဗ်။ ညက ၂ နာရီခြဲေလာက္မွာ သူတို႔မုံးကိုးထဲကို ေရာက္လာတာ။ တိုက္ပြဲျဖစ္ဖို႔ မ်ားတာေပါ့ေနာ။”

KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ မုံးကိုး၊ ေဖာင္းဆိုင္ေဒသဘက္မွာ စစ္ေရးတင္းမာေနဆဲရွိၿပီး အခ်ိန္မေ႐ြးတိုက္ပြဲႀကီးေတြ ျဖစ္လာႏိုင္ေၾကာင္း သုံးသပ္ထားပါတယ္။

“မုံးကိုး၊ ေဖာင္းဆိုင္ဘက္မွာကေတာ့ တိုက္ပြဲေန႔တိုင္းလို မျဖစ္ရင္လည္းဘဲ အၿမဲတမ္း အဲဒီဘက္မွာေတာ့ တင္းမာတယ္လို႔ ေျပာလို႔ရတာေပါ့။ တိုက္ပြဲက ျပန္ၿပီးမွ ႀကီးလာႏိုင္သလိုေပါ့ေနာ။ အဲဒါမ်ိဳးေတြေတာ့ ရွိပါတယ္။ အဲဒီဘက္မွာ။”

ဒီလ ၈ ရက္ေန႔ကေတာ့ လားရႈိးၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔တိုက္ပြဲျဖစ္ပြားခဲ့သလို မုံးကိုးေဒသက သူတို႔ တပ္စခန္းေတြကို စစ္ေကာင္စီတပ္က လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြ ရွိခဲ့ေၾကာင္း MNDAA ကိုးကန႔္အဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီတိုက္ပြဲသတင္းေတြကို ထုတ္ျပန္တာမရွိပါဘူး။

မုံးကိုး၊ ေဖာင္းဆိုင္ေဒသဘက္မွာ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လေလာက္က စတင္ၿပီး စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန႔္တပ္အၾကားတိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========
[[Unicode]]

ရှမ်းပြည်နယ် တောင်ပိုင်းရောမြောက်ပိုင်းမှာပါ စစ်ရေးတင်းမာနေ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးနဲ့ ကျောက်ဂူကျေးရွာမှာ တိုင်းရင်းသားတပ်တွေကြားတိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတချို့ ကျောက်ဂူရွာမှာ ပိတ်မိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဘက်မှာတော့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေ ရှိနေတာကြောင့် မကြာခင်တိုက်ပွဲကြီးတွေ ထပ်မံဖြစ်ပွားလာဖွယ်ရှိနေပါတယ်။ ရှမ်းပြည်နယ်ဘက်က စစ်ရေးတင်းမာမှုအခြေအနေ ရန်ကုန်ကသတင်းရေးသားပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေကြားမှာ ပြီးခဲ့တဲ့လပိုင်းက ကျောက်မဲ၊ သီပေါ၊ မိုင်းကိုင်နဲ့ လဲချားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာတော့ ရပ်စောက်မြို့နယ်ဘက်မှာပါ ဖြစ်ပွားလာနေတာပါ။

လက်ရှိ ရပ်စောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“နောင်ဝိုးကျတော့ နည်းနည်းတောထဲ ရောက်သွားပြီလေ။ အဲဒီမှာ မနေ့ညက ဖြစ်တယ်။ ဒီနေ့ မနက်ကျတော့ ကျနော်တို့ ကျောက်ဂူရွာထဲမှာ လာဖြစ်တယ်ပေါ့။ အဲဒါတော့ လမ်းပေါ်ရောက်သွားပြီ။ ကျောက်ဂူရွာက ကျနောတို့ မြောက်ပိုင်းနဲ့ တောင်ပိုင်းနဲ့ ဆက်ထားတဲ့လမ်းပေါ်မှာပေါ့။ မဟာမိတ်အဖွဲ့နဲ့ RCSS လို့ သတင်းကြားတယ်ဗျ။ စစ်တပ်နဲ့တော့မဟုတ်ဘူး။ ”

တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတချို့ ကျောက်ဂူရွာမှာ ပိတ်မိနေတယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ရပ်စောက်မြို့ပေါ်မှာတော့ အခုချိန်ထိက အေးအေးဆေးဆေးပဲဗျ။ ဘာမှတော့ မဖြစ်သေးဘူး။ ဒါပေမယ့် စစ်ဘေးရှောင်တွေကတော့ နည်းနည်းပြေးတဲ့လူတွေက ပြေးနေပြီ။ ရှောင်တဲ့လူတွေက ရှောင်နေပြီ။ ဒါပေမယ့် ကျောက်ဂူရွာထဲက တချို့တွေက ထွက်မလာရသေးဘူး။ ရပ်စောက်မြို့ကနေ သွားတဲ့ ဧည့်သည်တွေလည်း ကျောက်ဂူမှာ ပိတ်မိနေတယ်ပေါ့။ အဲလိုမျိုးတော့ ရှိတယ်။ လာလို့ရရင်တော့ သူတို့ ထွက်လာမှာ အခုက လာလို့ မရသေးဘူးဗျ။ အဲလိုမျိုးဖြစ်နေတယ်။ ”

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ ကျောက်ဂူ၊ နောင်ဝိုးဒေသဟာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်လှုပ်ရှားခဲ့တဲ့နယ်မြေဖြစ်ပြီး ရပ်စောက်မြို့ကနေ မိုင် ၅၀ လောက် ကွာဝေးတာဖြစ်ပါတယ်။ ရပ်စောက်မြို့နဲ့ တမိုင်လောက်အကွာမှာတော့ စစ်ကောင်စီရဲ့ သင်တန်းကျောင်းတွေ အခြေစိုက်တဲ့ ဗထူးတပ်မြို့ တည်ရှိနေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ တိုင်းရင်းသားတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့သလို အင်္ဂါနေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်ယာဉ်တန်းဖြတ်သန်းသွားစဉ် အမည်မသိအဖွဲ့က ပစ်ခတ်တာဖြစ်ကြောင်း နမ့်ဖတ်ကာက ဒေသခံတဦးက ပြောပါတယ်။

“နမ့်ဖတ်ကာအထွက် ဟိုဖက် ခိုမုန်းနားရောက်ခါနီးလို့ ပြောတယ်ဗျ။ ည ၁၀နာရီကျော် ၁၁ ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ စစ်ကားတွေ တက်သွားတဲ့အချိန်။ ဒါပေမယ့် ဘယ်အဖွဲ့နဲ့ ဆိုတာ မပြောတတ်ဘူးဗျ။ ဒီဘက်ကအဖွဲ့က အစုံရှိတယ်ဆိုတော့။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသမှာ KIA ကချင်၊ TNLA တအန်း(ပလောင်) နဲ့ MNDAA ကိုးကန့်အဖွဲ့တွေ အဓိက လှုပ်ရှားနေတာဖြစ်ပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေကတော့ အင်္ဂါနေ့ညက ဖြစ်ပွားတဲ့တိုက်ပွဲဟာ မုံးကိုး၊ ဖောင်းဆိုင်ဘက်ကို သွားတဲ့စစ်ကောင်စီတပ် ယာဉ်တန်းကို MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖော်ပြကြ ပါတယ်။

မုံးကိုးဒေသခံတဦးကတော့ ဒီမနက် ၂ နာရီလောက်မှာ စစ်ကားအစီး ၂၀ ကျော်လောက် မုံးကိုးမြို့ကို ရောက်ရှိလာကြောင်းနဲ့ တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်း အခုလို ပြောပါတယ်။

“နှစ်ဆယ်၊ နှစ်ဆယ်ကျော်လောက်တော့ ရှိမှာဗျ။ ညက ၂ နာရီခွဲလောက်မှာ သူတို့မုံးကိုးထဲကို ရောက်လာတာ။ တိုက်ပွဲဖြစ်ဖို့ များတာပေါ့နော။”

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ စစ်ရေးတင်းမာနေဆဲရှိပြီး အချိန်မရွေးတိုက်ပွဲကြီးတွေ ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

“မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာကတော့ တိုက်ပွဲနေ့တိုင်းလို မဖြစ်ရင်လည်းဘဲ အမြဲတမ်း အဲဒီဘက်မှာတော့ တင်းမာတယ်လို့ ပြောလို့ရတာပေါ့။ တိုက်ပွဲက ပြန်ပြီးမှ ကြီးလာနိုင်သလိုပေါ့နော။ အဲဒါမျိုးတွေတော့ ရှိပါတယ်။ အဲဒီဘက်မှာ။”

ဒီလ ၈ ရက်နေ့ကတော့ လားရှိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့သလို မုံးကိုးဒေသက သူတို့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း MNDAA ကိုးကန့်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲသတင်းတွေကို ထုတ်ပြန်တာမရှိပါဘူး။

မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
==========

XS
SM
MD
LG