သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲဖြစ်


SSA တပ်သားများ၊ မတ်၂၊ ၂၀၂၁။
SSA တပ်သားများ၊ မတ်၂၊ ၂၀၂၁။

{{Zawgyi/Unicode}}

စစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာမယ့်အခြေအနေတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာလည်း ရှမ်းလက်နက်နှစ်ဖွဲ့အကြား ဒီရက်ပိုင်း တိုက်ပွဲတွေပြန်ဖြစ်တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ရှမ်းပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မူဆယ်မြို့နယ်အရှေ့ပိုင်း တရုတ်မြန်မာနယ်စပ်အနီးက မုံးကိုးနဲ့ဖောင်းဆိုင်ဒေသ မှာ စစ်ကောင်စီနဲ့ MNDAA ကြား တိုက်ပွဲတွေ လနဲ့ချီကြာမြင့်လာနေပြီဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာလည်း မုံးကိုးဗျူဟာကုန်းကနေ ဖောင်းဆိုင်ဘက်ကို စစ်တပ်ဘက်က လက်နက်ကြီးနဲ့ နေ့စဉ်ဆိုသလို ပစ်ခတ်တာတွေ ရှိနေတယ်လို့ မုံးကိုး ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဖောင်းဆိုင်ဘက်မှာပဲ ဖြစ်နေတာပေါ့။ မုံးကိုး ဗျူဟာကုန်းကနေ လက်နက် ကြီးတွေနဲ့ လှမ်း လှမ်းပစ်နေတာ။ နေ့တိုင်းပဲဗျ။ သူက ဆက်တိုက်ပစ်နေတာ ၁၀ ရက်လောက်ရှိပြီ။”

ဗုဒ္ဓဟူးနေ့ညပိုင်းအထိ မုံးကိုးမြို့ကို စစ်ယာဉ်တန်းတွေ ဝင်ရောက်လာတာရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“မနေ့ကတော့ ညပေါ့။ ကားတော့ဝင်လာတာပေါ့နော။ ကားတော့ ၂၀- ၃၀ လောက်ရှိမှာပေါ့နော်။ ၇ နာရီခွဲ ၈ နာရီလောက် ညမိုးချုပ်ပြီဆိုတော့ သူတို့ ရောက်လာတာ။”

MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဒီလ ၈ ရက်နေ့က ကိုးကန့် စစ်စခန်း ၂ ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက် ၈၀ ကျော် ပစ်ခတ် သလို ကြို့ကြားတိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ တချိန် တည်းမှာပဲ မူဆယ် ၁၀၅ မိုင်ကို စစ်ကား ၂၃ စီး ရောက်ခဲ့ပြီး ဒီစစ်ယာဉ်တန်းဟာ မုံးကိုးဘက်ကို တက်လာမယ်ဆိုရင် တိုက်ပွဲတွေ ပြင်းထန်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ဇူလိုင်လက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသတွေမှာ စုစုပေါင်းစစ်ပြေးဒုက္ခသည် ၂ ထောင်ကျော်လောက် ရှိနေပါတယ်။

ဒေသတွင်း စစ်ပြေးဒုက္ခသည်တွေကို ကူညီနေသူတဦးကတော့ လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ အခြေအနေမရှိသေးဘူးလို့ ပြောပါတယ်။

“စစ်ရှောင်တွေကတော့ အရင်အတိုင်းရှိနေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကြောင်းတွေက ရှိနေတုန်းဆိုတော့ အိမ်ပြန်တာ ဘာညာလည်း... နည်းနည်း ယာခင်းသွားကြည့်တာ ဘာညာလည်း အဆင်မပြေသေးဘူးပေါ့ သူတို့။ ဟိုတလောကတောင်မှ မိုင်းတွေ နင်းမိတာတို့ ဘာတို့ ရှိတယ်လို့ ကြားတယ်။ဒီရောဂါ (ကိုဗစ်ကပ်ဘေး) က တဘက်၊ စားရေးသောက်ရေးက တဘက်၊ အဲဒီ စစ်က တဘက်နဲ့ ပြည်သူတွေက တော်တော်လေးတော့ စိတ်ညစ်နေကြတာပေါ့။”

ဒီရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေကို RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက အခုလို ပြောပါတယ်။

“ဖြစ်တာက ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်ကျေးရွာအုပ်စု အနီးအနားဝန်းကျင်မှာခင်ဗျ။ ၂ ရက်၊ ၃ ရက်လောက်ရှိပြီ။ ဒီ SSPP က ကားလမ်းတောင် ဘက်ကို သူတို့ ထိုးစစ်ဆင်လာတယ်။ ထိုးစစ်ဆင်လာတော့ တချို့တွေက ဒီ ရွာသားတွေက ကြိုရှောင်ထားတာပေါ့။ အဲဒါမျိုးတွေ ရှိတာပေါ့။ ”

စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ မိုင်းကိုင် ဒေသခံကတော့ ဒီရက်ပိုင်း တိမ်းရှောင်သူ ၁ ထောင်ကျော် လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

“တိုက်ပွဲပြန်ဖြစ်တယ်။ မနေ့ကဗျ။ ကုံးခမ်းရွာနားလေးမှာဖြစ်တာတဲ့။ ဟမ်းငိုင်း ကျေးရွာအုပ်စုထဲမှပဲဗျ။ စစ်ဘေးရှောင်တွေတော့ မနေ့က ဝမ်မိန်းဘုန်းကြီးကျောင်းမှာတော့ ခိုလှုံနေတာရှိတယ်ဗျ။ စစ်ရှောင်တော့ မနေ့က ဆိုရင် ၄ ရွာပေါ့နော်။ ခန့်မှန်းခြေတော့ ၁,၀၀၀ နီးနီးလို့ ပြောတယ်ဗျ။ ”

ဒီကနေ့ ဒီဇင်ဘာ ၉ရက်မှာတော့ ဝမ်မိန်းရွာက မလုံခြုံတာကြောင့် ဟမ်းငိုင်းရွာ ကို လူ ၁၂၀ ကျော် ပြောင်းရွှေ့လာသလို ပန်ကေတု ကျေးရွာမှာလည်း လူ ၅၀ ကျော် ရောက်ရှိလာကြောင်း ပြောပါတယ်။ ဒီဒုက္ခသည်တွေဟာ လောလောဆယ် စားရေးသောက်ရေး အကူအညီ အရေးပေါ် လိုအပ်နေကြပါတယ်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရှမ်းလက်နက် ကိုင် နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၄,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ ပန်ကေတုကျေးရွာမှာတော့ လူ ၃ ရာ လောက်ဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေဆဲဖြစ်ပါတယ်။

အောက်တိုဘာလဆန်းပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းရွာသား ၄ ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး တဦး သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}



















==========

XS
SM
MD
LG