သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲ၊ ဖယ္ခုံနဲ႔ ယင္းမာပင္ေဒသ ဒုကၡသည္မ်ားအကူအညီအေရးေပၚလိုအပ္ေန


ယင္းမာပင္ စစ္ေရွာင္ဒုကၡသည္မ်ား (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ရွမ္းျပည္ေတာင္ပိုင္း မိုးၿဗဲ၊ ဖယ္ခုံနဲ႔ စစ္ကိုင္းတိုင္း ယင္းမာပင္နယ္ က ေနရပ္ကေန တိမ္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ေတြဟာ စားနပ္ရိကၡာနဲ႔ အဝတ္အစား၊ ေစာင္၊ ေဆးဝါးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလိုအပ္ခ်က္ေတြရွိေနတယ္လို႔ စစ္ေဘးေရွာင္ အကူအညီေပးသူေတြက ေျပာပါတယ္။ ရန္ကုန္ေပးပို႔တဲ့ ဒီသတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

စစ္ေရးတင္းမာမႈရွိေနတဲ့ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္ေတာင္ပိုင္းက မိုးၿဗဲၿမိဳ႕နယ္၊ ဖယ္ခုံၿမိဳ႕နယ္ေတြမွာ ေနရပ္ကေန တိမ္းေရွာင္ေနရတဲ့ ေဒသခံေတြ ေသာင္းနဲ႔ခ်ီရွိေနတယ္လို႔ အကူအညီေပးေနသူေတြကေျပာပါတယ္။

ယင္းမာပင္ၿမိဳ႕နယ္ အေရွ႕ျခမ္းမွာ စစ္ေဘးေရွာင္ျပည္သူ ၅,၀၀၀ ေက်ာ္ရွိၿပီး အစားအေသာက္၊ ေဆးဝါနဲ႔ အဝတ္အထည္၊ ေစာင္ေတြ အကူအညီလိုအပ္ေနတယ္လို႔ဆိုပါတယ္။ ဒုကၡသည္ေတြဟာ တမန္တလင္းေပၚမွာ မိုးကာခင္းအိပ္ရၿပီး ၾကပ္ၾကပ္တည္းတည္းနဲ႔ မွ်ေဝ စားေသာက္ေနရတာလို႔ေျပာပါတယ္။ စာသင္ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြလို ယာယီေနရာေတြမွာ ေနေနၾကရတာပါ။

“အခက္အခဲကေတာ့ စားဝတ္ေနေရးတို႔ ေဆးဝါးတို႔ ၿပီးေတာ့က်ေတာ့ ဟို… ေစာင္တို႔ ဘာတို႔ေပါ့ဗ်ာ။ အဝတ္အထည္ေလးေတြ ဘာေလးေတြ တခ်ိဳ႕ပါေတာ့ ပါတယ္ဗ်၊ တခ်ိဳ႕မပါၾကဘူးဗ်။ (စစ္တပ္ေတြ) အဲ့လို ႐ုတ္တရက္ႀကီးဝင္လာၿပီးေတာ့ ထြက္ေျပးလာရတယ္ဆိုေတာ့ မပါလာၾကဘူးဗ် တခ်ိဳ႕က်ေတာ့။ ဖ်ားတာ နာတာေလးေတာ့ ရွိတာေပါ့ဗ်ာ။ တမံတလင္းဆိုေတာ့ ေအာက္က ေကာေဇာေတြ ဘာေတြမပါေတာ့က်ေတာ့ မိုးကာနဲ႔ပဲဆိုတဲ့အခါက်ေတာ့ ေအးေတာ့ ေလျဖတ္တာတို႔ ဘာတို႔ အဲ့လိုမ်ိဳးက် နည္းနည္းျပန္ျဖစ္တာေပါ့ဗ်ာ။ တမံတလင္ေပၚမွာ မိုးကာခင္းၿပီး အိမ္ရတာ။”

ရွမ္းျပည္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕နယ္မွာလည္း စစ္ေဘးေရွာင္ျပည္သူေတြ ၅,၀၀၀ ေလာက္ရွိပါတယ္။ လက္ရွိအခ်ိန္ မိုးၿဗဲနယ္တဝိုက္မွာ တိုက္ပြဲအေျခအေနၿငိမ္ေနတာေၾကာင့္ ေနရပ္ျပန္တဲ့သူေတြလည္းရွိေနပါတယ္။

လက္ရွိယာယီစခန္းမွာ စစ္ေဘးေရွာင္ျပည္သူ ၁,၂၀၀ ေလာက္က်န္ရွိေနၿပီး ႏွာေစး၊ ေခ်ာင္းဆိုး၊ ဝမ္းေလ်ာသူေတြ ေဆးဝါးအကူအညီလည္း လိုအပ္ေနတာလို႔ စစ္ေရွာင္ေကာ္မတီတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ တေခါက္ တေခါက္ ဒီေဆးက်န္းမာေရး ေစာင့္ေရွာက္မႈေတြ လိုက္ေပးတဲ့အခ်ိန္မွာ သူတို႔ ေဆးလာယူသူဦးေရက ၄၀၀၊ ၅၀၀ ဝန္းက်င္ေလာက္ ရွိတာေပါ့။ ကေလးငယ္ေတြေပါ့ေနာ္။ ကေလးလတ္သားအ႐ြယ္ေတြ။ အဲ့ဒါ အဆက္မျပတ္ဝမ္းေလ်ာတာတို႔ အဲ့လိုေတြေပါ့ေနာ္။ ေနာက္ၿပီး အသက္ႀကီးပိုင္းေတြခါက်ေတာ့ ေသြးတိုးသမားေတြလည္း ေတာ္ေတာ္မ်ားတယ္။ ေနာက္ ကေလးခါက်ေတာ့ ဝမ္းေလ်ာတာေတြေပါ့ေနာ္။ လူႀကီးခါက်ေတာ့ ႏွာေစး ေခ်ာင္းဆိုေတြေပါ့ေနာ္။ ဒါေပမယ့္ ဒီ ကိုဗစ္အပိုင္းက်ေတာ့ က်ေနာ္တို႔ မလုပ္ေဆာင္ေပးႏိုင္ဘူးေပါ့ေနာ္။”

ဖ်ားနာ၊ နာမက်န္းသူေတြကို ကိုဗစ္ရွိမရွိ မစစ္ေဆးႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

ဖယ္ခုံၿမိဳ႕နယ္အတြင္းမွာေတာ့ ကယားျပည္နယ္ လြိဳင္ေကာ္နဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္က ႐ြာသားေတြလည္း တိမ္းေရွာင္လာၾကၿပီး စုစုေပါင္း စစ္ေဘးေရွာင္ျပည္သူ ၂၀,၀၀၀ ေက်ာ္ ရွိတယ္လို႔ စစ္ေဘးေရွာင္အကူအညီေပးသူတဦးက ေျပာပါတယ္။ လက္ရွိခ်ိန္မွာ တိုက္ပြဲအေျခအေနတည္ၿငိမ္ေနၿပီး ေဆာင္းတြင္းကာလ ေအးတာေၾကာင့္ စစ္ေဘးေရွာင္ျပည္သူေတြ ေနရပ္ျပန္ၾကၿပီး စခန္းထဲမွာ လူဦးေရ ၆၀၀၀ ေလာက္သာ က်န္ရွိေနတယ္လို႔ ေျပာပါတယ္။ သူတို႔အတြက္က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေဆးဝါး စားနပ္ရိကၡာေတြ လိုအပ္ခ်က္ရွိတယ္လို႔ စစ္ေဘးေရွာင္အကူအညီေပးသူတဦးက ဆိုပါတယ္။

“အခက္အခဲကေတာ့ အခုလက္ရွိ သူတို႔ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ၿပီးေတာ့ ကေလးသူငယ္ေတြရဲ႕ပညာေရးေပါ့။ အဲ့ဒီဥစၥာလိုအပ္တယ္။ ၿပီးေတာ့မွ ရိကၡာအပိုင္းေျပာရမယ္ဆိုရင္ က်ေနာ္တို႔ ကုန္ေျခာက္ ဆား၊ ပဲ၊ ေခါက္ဆြဲေျခာက္ အဲ့ဒါေတြက အရမ္းလိုအပ္တယ္။ ေဆးေတြ၊ ပစၥည္းေတြ ဝယ္ယူလို႔လည္း မရေတာ့ဘူး။ မွာလို႔လည္းမရေတာ့ အဲ့လိုမ်ိဳးျဖစ္ေနတယ္။”

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ဖယ္ခုံယာယီစစ္ေဘးစခန္းတခုမွာ စစ္ေဘးေရွာင္ျပည္သူ အေယာက္ ၁၀၀ ကို ကိုဗစ္စစ္ေဆးရာမွာ ၈၂ ဦး ေလာက္ ကိုဗစ္ေရာဂါပိုးေတြ႔ခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ က်န္းမာေရးေစာင့္ေရွာက္မႈေတြကိုေရာ၊ ေဆးဝါးလိုအပ္ခ်က္ေတြပါမ်ားျပားလာၿပီး ေနာက္ပိုင္းမွာေတာ့ ေရာဂါပိုး မစစ္ေပးေတာ့ဘူးလို႔ ေျပာပါတယ္။

“ကိုဗစ္ျဖစ္တာက်ေတာ့ ဒီေနာက္ပိုင္းက မစစ္ႏိုင္ေတာ့ဘူး။ မစစ္ေပးေတာ့ဘူးေပ့ါေနာ္။ အရင္တုန္းကလည္း က်ေနာ္တို႔စခန္းမွာ ကေလး စာသင္ေပးရင္းနဲ႔ပဲ ကေလးတေယာက္က အဲ့လိုမ်ိဳး positive ထြက္သြားတာမ်ိဳးေပါ့။ အဲ့ပုံစံစစ္လိုက္ရင္ေတာ့ ေပၚတာေတြရွိတယ္။ သို႔ေပမယ့္လည္း ေနာက္ဆက္တြဲျပႆနာက က်ေနာ္တို႔မလုပ္ေပးႏိုင္ဘူးေပါ့။ မကူညီေပးႏိုင္ဘူးျဖစ္တဲ့အတြက္ မစစ္ေတာ့ဘဲ ဒီတိုင္းပဲ ထားလိုက္တာမ်ားတယ္။ အရင္တေခါက္ဆို စခန္းတခုကို အေယာက္ ၁၀၀ စစ္တာ ၈၀ ေက်ာ္၊ ၈၂ ေယာက္အထိ positive ထြက္တယ္ဗ်။ ေနာက္ပိုင္းက က်ေနာ္တို႔ မစစ္ေတာ့ ဘယ္ေလာက္ထိရွိတယ္၊ လက္ရွိအခ်ိန္ထိေရာ ဘယ္ေလာက္ထိရွိလည္းဆိုတာ က်ေနာ္တို႔လည္း မသိဘူးဗ်။”

စစ္ေဘးေရွာင္ျပည္သူေတြဟာ ေဒသအေျခအေနၿငိမ္ရင္ ႐ြာကို ျပန္လာလိုက္၊ ျပန္ေျပးလိုက္နဲ႔ အေနဆင္းရဲ အစားဆင္းရဲ ဒုကၡအမ်ိဳးမ်ိဳးႀကဳံေနရတာလို႔ ေဒသခံက ေျပာဆိုၾကပါတယ္။ စစ္ေဘးေရွာင္တာ ရက္ၾကာတာနဲ႔ အမွ် အစားအေသာက္နဲ႔ ေဆးဝါး လိုအပ္ခ်က္ေတြ အဓိက အခက္ခဲျဖစ္ေနတယ္လို႔ ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မိုးဗြဲ၊ ဖယ်ခုံနဲ့ ယင်းမာပင်ဒေသ ဒုက္ခသည်များအကူအညီအရေးပေါ်လိုအပ်နေ

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နယ် က နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာနဲ့ အဝတ်အစား၊ စောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးသူတွေက ပြောပါတယ်။ ရန်ကုန်ပေးပို့တဲ့ ဒီသတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာမှုရှိနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်တွေမှာ နေရပ်ကနေ တိမ်းရှောင်နေရတဲ့ ဒေသခံတွေ သောင်းနဲ့ချီရှိနေတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

ယင်းမာပင်မြို့နယ် အရှေ့ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ ကျော်ရှိပြီး အစားအသောက်၊ ဆေးဝါနဲ့ အဝတ်အထည်၊ စောင်တွေ အကူအညီလိုအပ်နေတယ်လို့ဆိုပါတယ်။ ဒုက္ခသည်တွေဟာ တမန်တလင်းပေါ်မှာ မိုးကာခင်းအိပ်ရပြီး ကြပ်ကြပ်တည်းတည်းနဲ့ မျှဝေ စားသောက်နေရတာလို့ပြောပါတယ်။ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေလို ယာယီနေရာတွေမှာ နေနေကြရတာပါ။

“အခက်အခဲကတော့ စားဝတ်နေရေးတို့ ဆေးဝါးတို့ ပြီးတော့ကျတော့ ဟို… စောင်တို့ ဘာတို့ပေါ့ဗျာ။ အဝတ်အထည်လေးတွေ ဘာလေးတွေ တချို့ပါတော့ ပါတယ်ဗျ၊ တချို့မပါကြဘူးဗျ။ (စစ်တပ်တွေ) အဲ့လို ရုတ်တရက်ကြီးဝင်လာပြီးတော့ ထွက်ပြေးလာရတယ်ဆိုတော့ မပါလာကြဘူးဗျ တချို့ကျတော့။ ဖျားတာ နာတာလေးတော့ ရှိတာပေါ့ဗျာ။ တမံတလင်းဆိုတော့ အောက်က ကောဇောတွေ ဘာတွေမပါတော့ကျတော့ မိုးကာနဲ့ပဲဆိုတဲ့အခါကျတော့ အေးတော့ လေဖြတ်တာတို့ ဘာတို့ အဲ့လိုမျိုးကျ နည်းနည်းပြန်ဖြစ်တာပေါ့ဗျာ။ တမံတလင်ပေါ်မှာ မိုးကာခင်းပြီး အိမ်ရတာ။”

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေ ၅,၀၀၀ လောက်ရှိပါတယ်။ လက်ရှိအချိန် မိုးဗြဲနယ်တဝိုက်မှာ တိုက်ပွဲအခြေအနေငြိမ်နေတာကြောင့် နေရပ်ပြန်တဲ့သူတွေလည်းရှိနေပါတယ်။

လက်ရှိယာယီစခန်းမှာ စစ်ဘေးရှောင်ပြည်သူ ၁,၂၀၀ လောက်ကျန်ရှိနေပြီး နှာစေး၊ ချောင်းဆိုး၊ ဝမ်းလျောသူတွေ ဆေးဝါးအကူအညီလည်း လိုအပ်နေတာလို့ စစ်ရှောင်ကော်မတီတဦးက ပြောပါတယ်။

“ကျနော်တို့ တခေါက် တခေါက် ဒီဆေးကျန်းမာရေး စောင့်ရှောက်မှုတွေ လိုက်ပေးတဲ့အချိန်မှာ သူတို့ ဆေးလာယူသူဦးရေက ၄၀၀၊ ၅၀၀ ဝန်းကျင်လောက် ရှိတာပေါ့။ ကလေးငယ်တွေပေါ့နော်။ ကလေးလတ်သားအရွယ်တွေ။ အဲ့ဒါ အဆက်မပြတ်ဝမ်းလျောတာတို့ အဲ့လိုတွေပေါ့နော်။ နောက်ပြီး အသက်ကြီးပိုင်းတွေခါကျတော့ သွေးတိုးသမားတွေလည်း တော်တော်များတယ်။ နောက် ကလေးခါကျတော့ ဝမ်းလျောတာတွေပေါ့နော်။ လူကြီးခါကျတော့ နှာစေး ချောင်းဆိုတွေပေါ့နော်။ ဒါပေမယ့် ဒီ ကိုဗစ်အပိုင်းကျတော့ ကျနော်တို့ မလုပ်ဆောင်ပေးနိုင်ဘူးပေါ့နော်။”

ဖျားနာ၊ နာမကျန်းသူတွေကို ကိုဗစ်ရှိမရှိ မစစ်ဆေးနိုင်သေးဘူးလို့ ပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာတော့ ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က ရွာသားတွေလည်း တိမ်းရှောင်လာကြပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော် ရှိတယ်လို့ စစ်ဘေးရှောင်အကူအညီပေးသူတဦးက ပြောပါတယ်။ လက်ရှိချိန်မှာ တိုက်ပွဲအခြေအနေတည်ငြိမ်နေပြီး ဆောင်းတွင်းကာလ အေးတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ကြပြီး စခန်းထဲမှာ လူဦးရေ ၆၀၀၀ လောက်သာ ကျန်ရှိနေတယ်လို့ ပြောပါတယ်။ သူတို့အတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆေးဝါး စားနပ်ရိက္ခာတွေ လိုအပ်ချက်ရှိတယ်လို့ စစ်ဘေးရှောင်အကူအညီပေးသူတဦးက ဆိုပါတယ်။

“အခက်အခဲကတော့ အခုလက်ရှိ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြီးတော့ ကလေးသူငယ်တွေရဲ့ပညာရေးပေါ့။ အဲ့ဒီဥစ္စာလိုအပ်တယ်။ ပြီးတော့မှ ရိက္ခာအပိုင်းပြောရမယ်ဆိုရင် ကျနော်တို့ ကုန်ခြောက် ဆား၊ ပဲ၊ ခေါက်ဆွဲခြောက် အဲ့ဒါတွေက အရမ်းလိုအပ်တယ်။ ဆေးတွေ၊ ပစ္စည်းတွေ ဝယ်ယူလို့လည်း မရတော့ဘူး။ မှာလို့လည်းမရတော့ အဲ့လိုမျိုးဖြစ်နေတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖယ်ခုံယာယီစစ်ဘေးစခန်းတခုမှာ စစ်ဘေးရှောင်ပြည်သူ အယောက် ၁၀၀ ကို ကိုဗစ်စစ်ဆေးရာမှာ ၈၂ ဦး လောက် ကိုဗစ်ရောဂါပိုးတွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုရော၊ ဆေးဝါးလိုအပ်ချက်တွေပါများပြားလာပြီး နောက်ပိုင်းမှာတော့ ရောဂါပိုး မစစ်ပေးတော့ဘူးလို့ ပြောပါတယ်။

“ကိုဗစ်ဖြစ်တာကျတော့ ဒီနောက်ပိုင်းက မစစ်နိုင်တော့ဘူး။ မစစ်ပေးတော့ဘူးပေ့ါနော်။ အရင်တုန်းကလည်း ကျနော်တို့စခန်းမှာ ကလေး စာသင်ပေးရင်းနဲ့ပဲ ကလေးတယောက်က အဲ့လိုမျိုး positive ထွက်သွားတာမျိုးပေါ့။ အဲ့ပုံစံစစ်လိုက်ရင်တော့ ပေါ်တာတွေရှိတယ်။ သို့ပေမယ့်လည်း နောက်ဆက်တွဲပြဿနာက ကျနော်တို့မလုပ်ပေးနိုင်ဘူးပေါ့။ မကူညီပေးနိုင်ဘူးဖြစ်တဲ့အတွက် မစစ်တော့ဘဲ ဒီတိုင်းပဲ ထားလိုက်တာများတယ်။ အရင်တခေါက်ဆို စခန်းတခုကို အယောက် ၁၀၀ စစ်တာ ၈၀ ကျော်၊ ၈၂ ယောက်အထိ positive ထွက်တယ်ဗျ။ နောက်ပိုင်းက ကျနော်တို့ မစစ်တော့ ဘယ်လောက်ထိရှိတယ်၊ လက်ရှိအချိန်ထိရော ဘယ်လောက်ထိရှိလည်းဆိုတာ ကျနော်တို့လည်း မသိဘူးဗျ။”

စစ်ဘေးရှောင်ပြည်သူတွေဟာ ဒေသအခြေအနေငြိမ်ရင် ရွာကို ပြန်လာလိုက်၊ ပြန်ပြေးလိုက်နဲ့ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခအမျိုးမျိုးကြုံနေရတာလို့ ဒေသခံက ပြောဆိုကြပါတယ်။ စစ်ဘေးရှောင်တာ ရက်ကြာတာနဲ့ အမျှ အစားအသောက်နဲ့ ဆေးဝါး လိုအပ်ချက်တွေ အဓိက အခက်ခဲဖြစ်နေတယ်လို့ ပြောဆိုကြပါတယ်။

#MyanmarViolence #MyanmarIDPs #VOABurmese

#မိုးဗြဲ၊ဖယ်ခုံ၊ယင်းမာပင် #စစ်ဘေးရှောင် #စားနပ်ရိက္ခာဆေးဝါး #ကိုဗစ် #ဗွီအိုအေ #ဝမ်းလျှော၊ဖျားနာ

==========

XS
SM
MD
LG