သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ခုံ လြယ္ဝွဲေက်း႐ြာမွာ စစ္ေကာင္စီနဲ႔ေဒသခံ PDFs ေတြ တိုက္ပြဲျပင္းထန္


ရွမ္းျပည္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္၊ လြယ္ဝွဲေက်းရြာေနအိမ္ မီး႐ိႈ႕ဖ်က္စီးခံရတဲ့ျမင္ကြင္း။ (ဓာတ္ပံု ဖယ္ခံု PDF/ ႏိုဝင္ဘာ ၃၊၂၀၂၁)

{{Zawgyi/Unicode}}

ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ လြယ္ဝွဲေက်း႐ြာမွာ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔နဲ႔ စစ္ေကာင္စီၾကား မေန႔က တိုက္ပြဲျပင္းထန္ခဲ့သလို ဒီကေန႔လည္း အဲ့ဒီေနရာမွာ တိုက္ပြဲထပ္ျဖစ္တယ္လို႔ ဖယ္ခုံ PDF က ေျပာပါတယ္။ လက္နက္ႀကီးေတြ ႐ြာထဲက်ေရာက္လို႔လည္း တ႐ြာလုံးနီးပါးထြက္ေျပးေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ရန္ကုန္က လာတဲ့သတင္းကို နန္းေလာဝ္က တင္ျပထားပါတယ္။

ႏိုဝင္ဘာ ၃ ရက္ေန႔ ဒီေန႔မနက္ ၁၁ နာရီခြဲေလာက္ ဖယ္ခုံ လြယ္ဝွဲ႐ြာမွာ တိုက္ပြဲထပ္ျဖစ္ခဲ့တာလို႔ ဖယ္ခုံ PDF ေျပာခြင့္ရသူက ဗြီအိုေအကိုေျပာပါတယ္။ ႏိုဝင္ဘာ ၂ ရက္ မေန႔ကလည္း ဖယ္ခုံၿမိဳ႕နယ္ ေခါင္းအိေက်း႐ြာအုပ္စု လြယ္ဝွဲေက်း႐ြာဘက္ကို စစ္ေကာင္စီက အင္အားအမ်ားအျပား စစ္ေၾကာင္းထိုးလာတာေၾကာင့္ ညေန ၃ နာရီေလာက္မွာ ေဒသခံ ကာကြယ္ေရးတပ္ေတြ ပူးတြဲၿပီး စစ္ေကာင္စီတပ္ေတြကို ခုခံတိုက္တာေၾကာင့္ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔လည္းဆိုပါတယ္။

မေန႔က အျပန္အလွန္ပစ္ခတ္မႈအတြင္းမွာေတာ့ ျပည္သူ႔ကာကြယ္ေရးပူေပါင္းအဖြဲ႔ဘက္က ၄ ဦး ထိခိုက္ဒဏ္ရာ ရရွိၿပီး စစ္ေကာင္စီဘက္က က်ဆုံးထိခိုက္မႈတခ်ိဳ႕ရွိတယ္လို႔လည္း ေျပာပါတယ္။ မေန႔က တိုက္ပြဲအတြင္း စစ္ေကာင္စီက လူေနအိမ္ဘက္ကို လက္နက္ႀကီးနဲ႔ပစ္ခတ္လာလို႔ တ႐ြာလုံး ထြက္ေျပးေနၾကရတယ္လို႔ လြယ္ဝွဲ႐ြာခံတဦးက VOA
ကို ေျပာပါတယ္။

“ဒီစစ္ေကာင္စီက ႐ြာထဲဝင္ၿပီးမွ လမ္းျပအျဖစ္ေခၚမွာစိုးရိမ္တာေၾကာင့္ က်ေနာ္တို႔ ထြက္ေျပးေနရတယ္။ လက္နက္ႀကီးလည္း က်တယ္။ ၿပီးရင္ တခ်ိဳ႕အဖြားေတြ လက္နက္ႀကီးလန႔္ၿပီး ေသသြားတဲ့လူလည္း ရွိတယ္၊ အဖြားေတြေပါ့ေနာ္၊ ဆုံးသြားတာေပါ့။ ဒီလက္နက္ႀကီးက ႐ြာထဲမွာ က်ထားတယ္ဗ်၊ တိုက္ပြဲက တ႐ြာလုံးေျပးရတာဗ်၊ တခ်ိဳ႕အဖြားေတြက က်န္ခဲ့တာေတာ့ ဒီထဲမွာေတာ့ ဘုန္းႀကီးေက်ာင္းမွာ။”

မေျပးႏိုင္တဲ့ အသက္ႀကီးပိုင္း အဖိုးအဖြား ၁၀ ဦးေလာက္ ႐ြာထဲမွာက်န္ေနခဲ့တယ္လို႔လည္း အဲဒီ ေဒသခံက ေျပာပါတယ္။ လက္နက္ႀကီးေၾကာင့္ ေနအိမ္ပ်က္စီးမႈရွိသလို ဒီေန႔ မနက္ ၁၁ နာရီေလာက္မွာေတာ့ စစ္ေကာင္စီက ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ဖ်က္စီးေနတယ္လို႔ မ်က္ျမင္ လြယ္ဝွဲ႐ြာခံက VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔ ႐ြာကို မီးရႈိ႕ေနတယ္၊ ဒီစစ္ေကာင္စီက က်ေနာ္တို႔ ႐ြာကို မီးရႈိ႕ဖ်က္စီးေနတယ္ဗ်၊ ေအာ္… က်ေနာ္တို႔ မ်က္စိနဲ႔ေတာ့ ေတြ႔ေနရတယ္ဗ်။ ဒီ႐ြာနဲ႔ေတာ့ က်ေနာ္တို႔နဲ႔ သိပ္မေဝးဘူးဗ်၊ က်ေနာ္တို႔ၾကည့္တာ အိမ္ႏွစ္လုံး သုံးေလာက္ေတာ့ သူတို႔ရႈိ႕တာ ေတြ႔ရတယ္ဗ်၊ အခုက အိမ္လည္း ေလာင္ၿပီးေတာ့ သူတို႔လည္း ဟို ဘုန္းႀကီးေက်ာင္း ေစတီေပၚမွာ သူတို႔က တပ္စြဲထားတယ္။”

ဖယ္ခုံ PDF ေျပာေရးဆိုခြင့္ရွိသူတဦးကေတာ့ စစ္ေကာင္စီက မီးရႈိ႕ေနတဲ့ေနရာကို ခ်ီတက္ဖို႔ ႀကိဳးစားေနတယ္လို႔ အခုလို ေျပာပါတယ္။

“သုံးေလးေယာက္ေလာက္ က်ေနာ္တို႔ဆီက ဒဏ္ရာရထားတာရွိတယ္ဗ်။ မေန႔က က်ေနာ္တို႔ တိုက္တဲ့အခ်ိန္က ဒီေကာင္ေတြ ပစ္လို႔ (စစ္ေကာင္စီ) လဲသြားတာေတြ ၄၊ ၅ ေယာက္ကေတာ့ အနည္းဆုံး ရွိတယ္ဗ်၊ ဒီေန႔ကေတာ့ အခုက ျဖစ္ေနတုန္းပဲဗ်၊ လြယ္ဝွဲ႐ြာကို စစ္ေကာင္စီက မီးေတြရႈိ႕ေနတယ္။ မေန႔က ျဖစ္ေနတာက အျပင္မွာျဖစ္ေနတာဗ်၊ အခုဟာက စစ္ေကာင္စီက ႐ြာေတြ မီးရႈိ႕ေနလို႔ ႐ြာထဲကို ဒီစစ္ေခြးေတြ မီးရႈိ႕ေနတဲ့ေနရာကို က်ေနာ္တို႔ကဆက္ခ်ီတက္ဖို႔ ႀကိဳးစားေနတယ္ဗ်။”

စစ္ေကာင္စီက ျပန္ဆုတ္သြားခ်ိန္ ညေန ၂ နာရီေက်ာ္ေလာက္မွာ မီးေလာင္ခဲ့တဲ့အိမ္ေတြကို ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြက သြားေရာက္ မီးၿငိမ္းသတ္ခဲ့ၿပီး ေနအိမ္ ၃ လုံး မီးေလာင္ျပာက်ခဲ့တယ္လို႔ ဖယ္ခုံ PDF က ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁ ရက္ေန႔မွာလည္း ဖယ္ခုံၿမိဳ႕က အေျခစိုက္ထားတဲ့ ခမရ ၃၃၆ တပ္ရင္းက ၿမိဳ႕ေပၚရပ္ကြက္အတြင္း လက္နက္ႀကီးနဲ႔ ပစ္ခတ္လို႔ ေနအိမ္တခ်ိဳ႕ ပ်က္စီးခဲ့တာေတြရွိခဲ့ပါတယ္။ ေအာက္တိုဘာ ၂၆ ရက္ေန႔တုန္းကလည္း ဖယ္ခုံၿမိဳ႕အတြင္းမွာ ႏွစ္ဘက္အျပန္အလွန္ပစ္ခတ္မႈမရွိဘဲ စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ပစ္ခတ္လိုက္လို႔ သာမန္အရပ္သားျပည္သူ သုံးဦး က်ည္ထိမွန္ဒဏ္ရာရရွိခဲ့တယ္လို႔ ဖယ္ခုံ PDF က VOA ကို ေျပာထားပါတယ္။

ေအာက္တိုဘာ ၂၇ ရက္ မနက္ပိုင္း ၃ နာရီေလာက္မွာလည္း စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ လူေနအိမ္ဘက္ကို ပစ္မွတ္ထား ပစ္ခတ္တာေၾကာင့္ ေ႐ႊျပည္ေအး႐ြာ ကသဲ႐ြာက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန႔္ခြာ
ေဘးလြတ္ရာကို ထြက္ေျပးေနရပါတယ္။ဒါေၾကာင့္လည္း ဖယ္ခုံအပါအဝင္ ကယားျပည္နယ္အတြင္းၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာတိမ္းေရွာင္ရတဲ့ အရပ္သား စစ္ေျပးဒုကၡသည္ေတြလည္း တိုးမ်ားေနပါတယ္။

ဖယ္ခုံ တိုက္ပြဲနဲ႔ ေနာက္ပိုင္းအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီကတစုံတရာ ထုတ္ျပန္ ေၾကညာတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

ဖယ်ခုံ လွယ်ဝှဲကျေးရွာမှာ စစ်ကောင်စီနဲ့ဒေသခံ PDFs တွေ တိုက်ပွဲပြင်းထန်

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ဝှဲကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့နဲ့ စစ်ကောင်စီကြား မနေ့က တိုက်ပွဲပြင်းထန်ခဲ့သလို ဒီကနေ့လည်း အဲ့ဒီနေရာမှာ တိုက်ပွဲထပ်ဖြစ်တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။ လက်နက်ကြီးတွေ ရွာထဲကျရောက်လို့လည်း တရွာလုံးနီးပါးထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်က လာတဲ့သတင်းကို နန်းလောဝ်က တင်ပြထားပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ဒီနေ့မနက် ၁၁ နာရီခွဲလောက် ဖယ်ခုံ လွယ်ဝှဲရွာမှာ တိုက်ပွဲထပ်ဖြစ်ခဲ့တာလို့ ဖယ်ခုံ PDF ပြောခွင့်ရသူက ဗွီအိုအေကိုပြောပါတယ်။ နိုဝင်ဘာ ၂ ရက် မနေ့ကလည်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု လွယ်ဝှဲကျေးရွာဘက်ကို စစ်ကောင်စီက အင်အားအများအပြား စစ်ကြောင်းထိုးလာတာကြောင့် ညနေ ၃ နာရီလောက်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေ ပူးတွဲပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်းဆိုပါတယ်။

မနေ့က အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့ဘက်က ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီဘက်က ကျဆုံးထိခိုက်မှုတချို့ရှိတယ်လို့လည်း ပြောပါတယ်။ မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီက လူနေအိမ်ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်လာလို့ တရွာလုံး ထွက်ပြေးနေကြရတယ်လို့ လွယ်ဝှဲရွာခံတဦးက VOA ကို ပြောပါတယ်။

“ဒီစစ်ကောင်စီက ရွာထဲဝင်ပြီးမှ လမ်းပြအဖြစ်ခေါ်မှာစိုးရိမ်တာကြောင့် ကျနော်တို့ ထွက်ပြေးနေရတယ်။ လက်နက်ကြီးလည်း ကျတယ်။ ပြီးရင် တချို့အဖွားတွေ လက်နက်ကြီးလန့်ပြီး သေသွားတဲ့လူလည်း ရှိတယ်၊ အဖွားတွေပေါ့နော်၊ ဆုံးသွားတာပေါ့။ ဒီလက်နက်ကြီးက ရွာထဲမှာ ကျထားတယ်ဗျ၊ တိုက်ပွဲက တရွာလုံးပြေးရတာဗျ၊ တချို့အဖွားတွေက ကျန်ခဲ့တာတော့ ဒီထဲမှာတော့ ဘုန်းကြီးကျောင်းမှာ။”

မပြေးနိုင်တဲ့ အသက်ကြီးပိုင်း အဖိုးအဖွား ၁၀ ဦးလောက် ရွာထဲမှာကျန်နေခဲ့တယ်လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။ လက်နက်ကြီးကြောင့် နေအိမ်ပျက်စီးမှုရှိသလို ဒီနေ့ မနက် ၁၁ နာရီလောက်မှာတော့ စစ်ကောင်စီက နေအိမ်တချို့ကို မီးရှို့ဖျက်စီးနေတယ်လို့ မျက်မြင် လွယ်ဝှဲရွာခံက VOA ကို ပြောပါတယ်။

“ကျနော်တို့ ရွာကို မီးရှို့နေတယ်၊ ဒီစစ်ကောင်စီက ကျနော်တို့ ရွာကို မီးရှို့ဖျက်စီးနေတယ်ဗျ၊ အော်… ကျနော်တို့ မျက်စိနဲ့တော့ တွေ့နေရတယ်ဗျ။ ဒီရွာနဲ့တော့ ကျနော်တို့နဲ့ သိပ်မဝေးဘူးဗျ၊ ကျနော်တို့ကြည့်တာ ကျနော်တို့
အိမ်နှစ်လုံး သုံးလောက်တော့ သူတို့ရှို့တာ တွေ့ရတယ်ဗျ၊ အခုက အိမ်လည်း လောင်ပြီးတော့ သူတို့လည်း ဟို ဘုန်းကြီးကျောင်း စေတီပေါ်မှာ သူတို့က တပ်စွဲထားတယ်။”

ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူတဦးကတော့ စစ်ကောင်စီက မီးရှို့နေတဲ့နေရာကို ချီတက်ဖို့ ကြိုးစားနေတယ်လို့ အခုလို ပြောပါတယ်။

“သုံးလေးယောက်လောက် ကျနော်တို့ဆီက ဒဏ်ရာရထားတာရှိတယ်ဗျ။ မနေ့က ကျနော်တို့ တိုက်တဲ့အချိန်က ဒီကောင်တွေ ပစ်လို့ (စစ်ကောင်စီ) လဲသွားတာတွေ ၄၊ ၅ ယောက်ကတော့ အနည်းဆုံး ရှိတယ်ဗျ၊ ဒီနေ့ကတော့ အခုက ဖြစ်နေတုန်းပဲဗျ၊ လွယ်ဝှဲရွာကို စစ်ကောင်စီက မီးတွေရှို့နေတယ်။ မနေ့က ဖြစ်နေတာက အပြင်မှာဖြစ်နေတာဗျ၊ အခုဟာက စစ်ကောင်စီက ရွာတွေ မီးရှို့နေလို့ ရွာထဲကို ဒီစစ်ခွေးတွေ မီးရှို့နေတဲ့နေရာကို ကျနော်တို့က ဆက်ချီတက်ဖို့ ကြိုးစားနေတယ်ဗျ။”

စစ်ကောင်စီက ပြန်ဆုတ်သွားချိန် ညနေ ၂ နာရီကျော်လောက်မှာ မီးလောင်ခဲ့တဲ့အိမ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားရောက် မီးငြိမ်းသတ်ခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာလည်း ဖယ်ခုံမြို့က အခြေစိုက်ထားတဲ့ ခမရ ၃၃၆ တပ်ရင်းက မြို့ပေါ်ရပ်ကွက်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်တချို့ ပျက်စီးခဲ့တာတွေရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့တုန်းကလည်း ဖယ်ခုံမြို့အတွင်းမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ သာမန်အရပ်သားပြည်သူ သုံးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ PDF က VOA ကို ပြောထားပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်း ၃ နာရီလောက်မှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လူနေအိမ်ဘက်ကို ပစ်မှတ်ထား ပစ်ခတ်တာကြောင့် ရွှေပြည်အေးရွာ ကသဲရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ဒါကြောင့်လည်း ဖယ်ခုံအပါအဝင် ကယားပြည်နယ်အတွင်းမြို့နယ်အတော်များများမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ အရပ်သား စစ်ပြေးဒုက္ခသည်တွေလည်း တိုးများနေပါတယ်။

ဖယ်ခုံ တိုက်ပွဲနဲ့ နောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတစုံတရာ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။

#MyanmarMilitaryCoup #KayahFighting #MyanmarViolence #VOABurmese
#ဖယ်ခုံPDF#စစ်ကောင်စီမီးရှို့#လွယ်ဝှဲ#ခမရ၃၃၆

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG