သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္ တိုင္းရင္းသားမ်ား တုံ႔ျပန္မႈ


ရန္ကုန္ၿမိဳ႕မွာက်င္းပတဲ့ ၇၃ ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနား စစ္ေရးျပအခမ္းအနား (ေဖေဖၚဝါရီ ၁၂၊ ၂၀၂၀) 

[[Zawgyi/Unicode}}

ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္အေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအတြက္ ထာဝရၿငိမ္းခ်မ္းေရး အႀကိဳညႇိႏႈိင္းေဆြးေႏြးပြဲေတြတက္ေရာက္ဖို႔ စစ္ေကာင္စီက ဖိတ္ၾကားထားတဲ့အေပၚ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ လက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ တဖြဲ႕ခ်င္း ဆုံးျဖတ္တုံ႔ျပန္သြားၾကမွာျဖစ္ပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အမ်ားစုကေတာ့ ေဆြးေႏြးပြဲတက္ေရး၊ မတက္ေရးဆိုတာကို အဖြဲ႕တြင္း ညႇိႏႈိင္းေနၾကဆဲျဖစ္ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာထားတဲ့ အဖြဲ႕ေတြကလြဲလို႔ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို အပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားအဖြဲ႕အစည္းေတြသာမက မထိုးေသးတဲ့အဖြဲ႕ေတြပါ ထာဝရၿငိမ္းခ်မ္းေရးအႀကိဳ ညႇိႏႈိင္းေဆြးေႏြးပြဲေတြ တက္ေရာက္ပါလို႔ စစ္ေကာင္စီက ေဖေဖာ္ဝါရီ ၆ ရက္ေန႔က ေၾကညာခ်က္ထုတ္ ဖိတ္ေခၚထားပါတယ္။ ေဖေဖာ္ဝါရီ ၁၂ ရက္က်ေရာက္မယ့္ စိန္ရတု အထိမ္းအမွတ္ ျပည္ေထာင္စုေန႔ အခမ္းအနားတက္ေရာက္ဖို႔ ဖိတ္ၾကားတဲ့တခ်ိန္တည္းမွာ ထာဝရၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ကိုပါ ဖိတ္ေခၚတာျဖစ္ပါတယ္။ ဒီဖိတ္ေခၚခ်က္ေၾကာင့္ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ PPST က ဒီကေန႔ အေရးေပၚ အစည္းအေဝးေခၚယူၿပီး စစ္ေကာင္စီဖိတ္ေခၚတဲ့ ထာဝရၿငိမ္းခ်မ္းေရးအႀကိဳ ညႇိႏႈိင္းေဆြးေႏြးပြဲေတြ တက္ မတက္ကိစၥေဆြးေႏြးခဲ့ၾကပါတယ္။

စစ္ေကာင္စီရဲ႕ ဖိတ္ၾကားခ်က္ကို PPST အဖြဲ႕အေနနဲ႔ မဆုံးျဖတ္ဘဲ အဖြဲ႕ဝင္ လက္နက္ကိုင္အဖြဲ႕ တခုခ်င္းစီကဆုံးျဖတ္ၾကဖို႔ ေဆြးေႏြးျဖစ္ခဲ့တယ္လို႔ PPST ယာယီအလုပ္အဖြဲ႕ဝင္ ဗိုလ္မႉးႀကီး ခြန္ဥကၠာက VOA ကို ေျပာပါတယ္။

“သူတို႔ ဖိတ္ပုံဖိတ္နည္းကေတာ့ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႕အစည္းမ်ားလို႔ ဖိတ္တာပဲ။ ဒါဆိုေတာ့ အဖြဲ႔အစည္း တဖြဲ႔ခ်င္းကိုဖိတ္တဲ့သေဘာမ်ိဳးေပါ့ဗ်ာ။ အဲဒါ က်ေနာ္တို႔က ဒီေန႔ အေရးေပၚ ဦးေဆာင္ေကာ္မတီ အဖြဲ႔အစည္းအေဝး ဒီေန႔ ေခၚေတာ့။ အဲဒါကို PPST အေနနဲ႔ မဆုံးျဖတ္ဘဲနဲ႔ တဖြဲခ်င္း မိမိရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ပဲ လုပ္ၾကပါလို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။ အဲဒီလိုပဲ တဖြဲ႔ခ်င္းက သြားမလား၊ မသြားလား ကိုယ့္ဖာကိုယ္ဆုံးျဖတ္ေပါ့ဗ်ာ။”

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO ရဲ႕ နာယကလည္းျဖစ္တဲ့ ဗိုလ္မႉးႀကီး ခြန္ဥကၠာကေတာ့ သူတို႔အဖြဲ႔အေနနဲ႔ သြားသင့္တယ္လို႔ အႀကံျပဳထားတယ္လို႔ ခုလိုေျပာပါတယ္။

“PNLO ကိုေတာ့ က်ေနာ္ေတာ့ ဥကၠဌ ခြန္သူရိန္ကိုေတာ့ ေျပာထားတာပဲ။ သြားဖို႔ သင့္ပါတယ္ဆိုၿပီးေတာ့။ က်ေနာ္တို႔ PNLO ကေတာ့ ဗဟိုက ေတာင္ႀကီး ပတ္ဝန္းက်င္မွာဆိုေတာ့ သူတို႔ ဆုံးျဖတ္တာ က်ေနာ္ မသိေသးဘူးဗ်။”

စစ္ေကာင္စီရဲ႕ စိန္ရတု ျပည္ေထာင္စုေန႔အခမ္းအနားနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအႀကိဳေဆြးေႏြးပြဲကို တက္ မတက္ဆိုတာ မဆုံးျဖတ္ရေသးဘူးလို႔ NCA လက္မွတ္ထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕ ေျပာေရးဆိုခြင့္ရွိ ဗိုလ္မႉး ခမ္းစံက ေျပာပါတယ္။

“က်ေနာ္တို႔ စာထြက္တာေတာ့ ေတြ႕တယ္ခင္ဗ်။ သြားမလား၊ မသြားဘူးလားဆိုတာေတာ့ က်ေနာ္တို႔ ဆုံးျဖတ္တာ မရွိေသးဘူးခင္ဗ်။”

မြန္ျပည္သစ္ပါတီ NMSP ကလည္း ေဆြးေႏြးေနဆဲပဲလို႔ အဖြဲ႕ ဒုဥကၠဌ ႏိုင္ေအာင္မေငးက ေျပာပါတယ္။

“အဲဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ CEC မွာ ေဆြးေႏြးေနတာ မက်ေသးဘူး။ အစည္းအေဝးထိုင္ေနတုန္းပဲ ျဖစ္တယ္။ တျခားအဖြဲ႕အစည္းေတြလည္း အႀကံျပဳခ်က္ေတြလည္း ေတာင္းခံေနရင္းနဲ႔ တဘက္နဲ႔တဘက္ ခ်ိတ္ဆက္မႈညီေအာင္ေပ့ါေနာ္။ အျပန္အလွန္ ေဆြးေႏြးေနၾကတာေပါ့ေနာ္။”

ကရင္လက္နက္ကိုင္ KNU ကို ဆက္သြယ္ရာမွာေတာ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။ UWSA ဝ အဖြဲ႕ ေျပာခြင့္ရသူကေတာ့ ဌာနခ်ဳပ္က သေဘာထားထုတ္ျပန္တာမရွိေသးေၾကာင္း ေျပာပါတယ္။

ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA/AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက သူတို႔ မဟာမိတ္ေတြၾကား ေဆြးေႏြးတာမရွိေသးတဲ့အတြက္ မွတ္ခ်က္ မေပးႏိုင္ေသးေၾကာင္း ေျပာပါတယ္။

“ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ဆီကို တရားဝင္ ဆက္သြယ္လာတာေတာ့ မရွိေသးဘူးဗ်။ ေနာက္တခ်က္ကေတာ့ က်ေနာ္တို႔ရဲ႕ ေျမာက္ပိုင္းမဟာမိတ္ ညီေနာင္အဖြဲ႕အစည္းေတြၾကားထဲမွာလည္းပဲ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ တိုင္ပင္ေဆြးေႏြးတာ မလုပ္ရေသးဘူး။ ဒါေၾကာင့္မို႔လို ေလာေလာဆယ္မွာေတာ့ ဘာမွ မွတ္ခ်က္ ေပးစရာမရွိေသးဘူး။”

စစ္ေကာင္စီတပ္ေတြနဲ႔ AA အၾကားမွာ အခုရက္ပိုင္း ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားေနပါတယ္။

NCA ကို လက္မွတ္ မေရးထိုးေသးတဲ့ KIA ကခ်င္လြတ္ေျမာက္ေရးတပ္နဲ႔ PSLF တအန္း (ပေလာင္) အဖြဲ႕ေတြရဲ႕သေဘာထားကိုသိႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရေသးပါဘူး။ PSLF/ TNLA ရဲ႕ အေထြေထြအတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ တာဘုန္းေက်ာ္ကေတာ့ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ ရကၡိဳင့္တပ္ေတာ္ AA၊ တအာင္းတပ္မေတာ္ TNLA နဲ႔ ကိုးကန႔္တပ္မေတာ္ MNDAA တို႔ တက္ေရာက္မွာ မဟုတ္ဘူးလို႔ ေ႐ႊဖီေျမသတင္းဌာနကို ေျပာၾကားထားတာကို သတင္းမွာ ကိုးကားေဖာ္ျပပါတယ္။

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလက ေနျပည္ေတာ္မွာက်င္းပခဲ့တဲ့ NCA လက္မွတ္ထိုးမႈ ၆ ႏွစ္ျပည့္အခမ္းအနားတုန္းကေတာ့ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕အနက္ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNU/ KNLA –PC ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး ABSDF၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS တို႔ တက္ေရာက္ၿပီး မြန္ျပည္သစ္ပါတီ NMSP၊ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO နဲ႔ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ကေတာ့ online ကေန တက္ေရာက္ပါတယ္။
ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၂၀ ရွိပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္မွာေတာ့ ေဒသအႏွံ႔မွာ ျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႕ေတြဖြဲ႕စည္းၿပီး စစ္ေကာင္စီတပ္ေတြကို ခုခံတိုက္ခိုက္တာေတြ ရွိေနခဲ့ပါတယ္။ စစ္ေကာင္စီဘက္က PDF အဖြဲ႕ေတြကို အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Zawgyi/Unicode}}

စစ်ကောင်စီငြိမ်းချမ်းရေးဖိတ်ခေါ်ချက် တိုင်းရင်းသားများ တုံ့ပြန်မှု

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေတက်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ကြားထားတဲ့အပေါ် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်း ဆုံးဖြတ်တုံ့ပြန်သွားကြမှာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများစုကတော့ ဆွေးနွေးပွဲတက်ရေး၊ မတက်ရေးဆိုတာကို အဖွဲ့တွင်း ညှိနှိုင်းနေကြဆဲဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ အဖွဲ့တွေကလွဲလို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေသာမက မထိုးသေးတဲ့အဖွဲ့တွေပါ ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲတွေ တက်ရောက်ပါလို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၆ ရက်နေ့က ကြေညာချက်ထုတ် ဖိတ်ခေါ်ထားပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်ကျရောက်မယ့် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားတဲ့တချိန်တည်းမှာ ထာဝရငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုပါ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ချက်ကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ဒီကနေ့ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီဖိတ်ခေါ်တဲ့ ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲတွေ တက် မတက်ကိစ္စဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ကြားချက်ကို PPST အဖွဲ့အနေနဲ့ မဆုံးဖြတ်ဘဲ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ တခုချင်းစီကဆုံးဖြတ်ကြဖို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ PPST ယာယီအလုပ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက VOA ကို ပြောပါတယ်။

“သူတို့ ဖိတ်ပုံဖိတ်နည်းကတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းများလို့ ဖိတ်တာပဲ။ ဒါဆိုတော့ အဖွဲ့အစည်း တဖွဲ့ချင်းကိုဖိတ်တဲ့သဘောမျိုးပေါ့ဗျာ။ အဲဒါ ကျနော်တို့က ဒီနေ့ အရေးပေါ် ဦးဆောင်ကော်မတီ အဖွဲ့အစည်းအဝေး ဒီနေ့ ခေါ်တော့။ အဲဒါကို PPST အနေနဲ့ မဆုံးဖြတ်ဘဲနဲ့ တဖွဲချင်း မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ကြပါလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီလိုပဲ တဖွဲ့ချင်းက သွားမလား၊ မသွားလား ကိုယ့်ဖာကိုယ်ဆုံးဖြတ်ပေါ့ဗျာ။”

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယကလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ သူတို့အဖွဲ့အနေနဲ့ သွားသင့်တယ်လို့ အကြံပြုထားတယ်လို့ ခုလိုပြောပါတယ်။

“PNLO ကိုတော့ ကျနော်တော့ ဥက္ကဌ ခွန်သူရိန်ကိုတော့ ပြောထားတာပဲ။ သွားဖို့ သင့်ပါတယ်ဆိုပြီးတော့။ ကျနော်တို့ PNLO ကတော့ ဗဟိုက တောင်ကြီး ပတ်ဝန်းကျင်မှာဆိုတော့ သူတို့ ဆုံးဖြတ်တာ ကျနော် မသိသေးဘူးဗျ။”

စစ်ကောင်စီရဲ့ စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ထာဝရငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲကို တက် မတက်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူး ခမ်းစံက ပြောပါတယ်။

“ကျနော်တို့ စာထွက်တာတော့ တွေ့တယ်ခင်ဗျ။ သွားမလား၊ မသွားဘူးလားဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်တာ မရှိသေးဘူးခင်ဗျ။”

မွန်ပြည်သစ်ပါတီ NMSP ကလည်း ဆွေးနွေးနေဆဲပဲလို့ အဖွဲ့ ဒုဥက္ကဌ နိုင်အောင်မငေးက ပြောပါတယ်။

“အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ CEC မှာ ဆွေးနွေးနေတာ မကျသေးဘူး။ အစည်းအဝေးထိုင်နေတုန်းပဲ ဖြစ်တယ်။ တခြားအဖွဲ့အစည်းတွေလည်း အကြံပြုချက်တွေလည်း တောင်းခံနေရင်းနဲ့ တဘက်နဲ့တဘက် ချိတ်ဆက်မှုညီအောင်ပေ့ါနော်။ အပြန်အလှန် ဆွေးနွေးနေကြတာပေါ့နော်။”

ကရင်လက်နက်ကိုင် KNU ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ UWSA ဝ အဖွဲ့ ပြောခွင့်ရသူကတော့ ဌာနချုပ်က သဘောထားထုတ်ပြန်တာမရှိသေးကြောင်း ပြောပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူတို့ မဟာမိတ်တွေကြား ဆွေးနွေးတာမရှိသေးတဲ့အတွက် မှတ်ချက် မပေးနိုင်သေးကြောင်း ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီကို တရားဝင် ဆက်သွယ်လာတာတော့ မရှိသေးဘူးဗျ။ နောက်တချက်ကတော့ ကျနော်တို့ရဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့အစည်းတွေကြားထဲမှာလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တိုင်ပင်ဆွေးနွေးတာ မလုပ်ရသေးဘူး။ ဒါကြောင့်မို့လို လောလောဆယ်မှာတော့ ဘာမှ မှတ်ချက် ပေးစရာမရှိသေးဘူး။”

စစ်ကောင်စီတပ်တွေနဲ့ AA အကြားမှာ အခုရက်ပိုင်း ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

NCA ကို လက်မှတ် မရေးထိုးသေးတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ PSLF တအန်း (ပလောင်) အဖွဲ့တွေရဲ့သဘောထားကိုသိနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ PSLF/ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက်မှာ မဟုတ်ဘူးလို့ ရွှေဖီမြေသတင်းဌာနကို ပြောကြားထားတာကို သတင်းမှာ ကိုးကားဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလက နေပြည်တော်မှာကျင်းပခဲ့တဲ့ NCA လက်မှတ်ထိုးမှု ၆ နှစ်ပြည့်အခမ်းအနားတုန်းကတော့ NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA –PC ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ကတော့ online ကနေ တက်ရောက်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ဒေသအနှံ့မှာ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်တာတွေ ရှိနေခဲ့ပါတယ်။ စစ်ကောင်စီဘက်က PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။

===========

XS
SM
MD
LG