သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းလက္နက္ကိုင္ တိုက္ပြဲမ်ား


SSPP/ SSA

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ရွမ္းျပည္နယ္ ရပ္ေစာက္နဲ႔ ေနာင္ခ်ဳိအၾကား ေက်ာက္ဂူၿမိဳ ႔ဝန္းက်င္မွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီတပ္ RCSS နဲ႔ ရွမ္းတိုးတက္ေရးပါတီတပ္၊ SSPP တို႔ ေဖေဖၚဝါရီ ဒုတိယပတ္မွာ တုိက္ပြဲ ျဖစ္ပြားပါတယ္။ ရွမ္းျပည္ထူေထာင္ေရးတပ္ အေရးနိမ့္သြားလို႔ တပ္မဟာမွဴး၊ မိသားစုနဲ႔ ေနာက္လိုက္ေတြအျပင္ လက္နက္ခဲယမ္း အေျမာက္္အမ်ား ဖမ္းဆီးရမိတယ္လို႔ ရွမ္းတိုးတက္ေရးတပ္က ေျပာေၾကာင္း ေဖေဖၚဝါရီလ (၁၀) ရက္ေန႔ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။ ေက်းသီးၿမိဳ ႔နယ္က ဆုတ္ခြါလာတဲ့ ရွမ္းထူေထာင္ေရးတပ္ကို ေတာင္ႀကီးၿမိဳ ႔ေျမာက္ဘက္မွာ ရွမ္းတိုးတက္ေရးတပ္က တိုက္တာ ျဖစ္ပါတယ္။

ရွမ္းထူေထာင္ေရးတပ္ကို ကူညီတဲ့အေနနဲ႔ စစ္ေကာင္စီတိုက္ေလယာဥ္ (၂) စီးက ဗံုးႀကဲသြားတယ္လို႔ ရွမ္းတိုးတက္ေရးတပ္ဘက္က ေျပာပါတယ္။ ရွမ္းတိုးတက္ေရးတပ္ဟာ ၁၉၈၉ မွာ နဝတစစ္အစိုးရနဲ႔ အပစ္ရပ္ၿပီး ရွမ္းျပည္နယ္ အထူးေဒသ (၃) ကို ထိန္းခ်ဳပ္ခြင့္ရပါတယ္။ နမ့္ခမ္း၊ ေက်ာက္မဲ၊ သီေပါ၊ လားရိွဳး၊ မိုင္းရယ္၊ တန္႔ယန္း၊ ေက်းသီး၊ မိုင္းရွဴး၊ လင္းေခး စတဲ့ ေဒသေတြဟာ ရွမ္းတိုးတက္ေရးတပ္ ခ်ဳပ္ကိုင္တဲ့နယ္ေျမ ျဖစ္သြားပါတယ္။ အဲဒီအခ်ိန္က ရွမ္းတိုးတက္ေရးတပ္မွာ အင္အား (၄၀၀၀) ေလာက္သာရိွၿပီး၊ အပစ္ရပ္ထားေပမယ့္ နဝတစစ္တပ္နဲ႔ မၾကာခဏတိုက္ပြဲ ျဖစ္ပြားေလ့ ရိွပါတယ္။

ရွမ္းတိုးတက္ေရးတပ္ ျမစ္ဖ်ားခံတဲ့ SSA – Shan State Army ရွမ္းျပည္တပ္မေတာ္ကို ၁၉၆၀ ျပည့္လြန္မွာ ဖြဲ႔စည္းေတာ့ အင္အား (၁၆၀၀) ခန္႔ရိွၿပီး၊ ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ကို ဌာနခ်ဳပ္ လုပ္ထားပါတယ္။ ဒီအထဲမွာ ပေလာင္တပ္ရင္း (၂) ရင္း ပါဝင္ခဲ့ၿပီး၊ ၁၉၆၈ မွာ ႏုတ္ထြက္သြားပါတယ္။ SSA တပ္ကို ေျမာက္ပိုင္းတပ္နဲ႔ ေတာင္ပိုင္းတပ္ဆိုၿပီး ခြဲျခားလႈပ္ရွားျပန္ပါတယ္။ ဒီကာလမွာ ဗကပ ဗမာျပည္ကြန္ျမဴနစ္ပါတီ ဖြဲ႔စည္းတာေၾကာင့္ ရွမ္းျပည္တိုးတက္ေရးတပ္အျဖစ္ ထင္ရွားလာပါတယ္။ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ ရွမ္းတိုးတက္ေရးတပ္နဲ႔ ဗကပတပ္တို႔ စစ္ေရးပူးေပါင္း ေဆာင္ရြက္တာေတြ မ်ားလာပါတယ္။ ဗကပဌာနခ်ဳပ္ရိွတဲ့ ‘ဝ’ ေဒသ ပန္ဆန္းမွာ ရွမ္းတိုးတက္ေရးတပ္ဟာ ႏိုင္ငံေရး၊ စစ္ေရးသင္တန္းတက္ၿပီး ပူးေပါင္းလႈပ္ရွားတာေတြ ရိွလာသလို အုပ္စုကြဲေတြလည္း မ်ားလာပါတယ္။

စစ္အစိုးရနဲ႔ အပစ္ရပ္ ေဆြးေႏြးပြဲလုပ္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း အထူးေဒသ (၃) ကို ၁၉၈၉ မွာ သတ္မွတ္ေပးခဲ့ေပမယ့္ ရွမ္းတိုးတက္ေရးတပ္ဟာ ‘ဝ’အဖြဲ႔နဲ႔ အဆက္အသြယ္ ရိွပါတယ္။ ေက်းသီးၿမိဳ ႔နယ္ ဝမ္ဟိန္းေဒသကို ဗဟိုျပဳၿပီး စစ္အင္အား ျဖည့္တင္းပါတယ္။ ဗိုလ္ခ်ဳပ္ပန္ဖ ဦးေဆာင္ၿပီး ေခတ္မီလက္နက္ ကိုင္ေဆာင္ႏုိင္ေအာင္ ႀကိဳးပမ္းပါတယ္။ နဝတစစ္အစိုးရနဲ႔ သေဘာတူခ်က္ ယူတာကို မေက်နပ္တဲ့ ေစာဆိုင္းလိတ္အဖြဲ႔ဟာ ခြန္ဆာ ဦးေဆာင္တဲ့ ေမာ္ထိုင္းတပ္နဲ႔ သြားေပါင္းပါတယ္။ ၁၉၉၅ မွာ ဆိုင္းလိတ္ ကြယ္လြန္ၿပီး ၁၉၉၆ မွာ ခြန္ဆာ လက္နက္ခ်ေတာ့ ေမာ္ထိုင္းတပ္လည္း ပ်က္သြားပါတယ္။ ဒါေပမဲ့ ယြက္ဆစ္တို႔အဖြဲ႔က လက္နက္မခ်ဘဲ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးတပ္ကို ဖြဲ႔စည္းပါတယ္။

ေက်ာက္ျဖဴ၊ ယူနန္ ေရနံဓါတ္ေငြ႔ပိုက္လိုင္း တည္ေဆာက္ဖို႔အတြက္ ရွမ္းတိုးတက္ေရးတပ္ ႀကီးစိုးတဲ့ေနရာေတြကို တပ္မေတာ္က ခ်ဳပ္ကိုင္ဖို႔ ႀကိဳးပမ္းတဲ့အခါမွာ လက္နက္ရုတ္သိမ္းခံရတဲ့အဖြဲ႔ ရိွသလို ေနရာေျပာင္းေရႊ ႔ခံရတဲ့ အဖြဲ႔လည္း ရိွလာပါတယ္။ မေက်နပ္တဲ့တပ္ရင္းေတြက ရွမ္းထူေထာင္ေရးတပ္ RCSS နဲ႔ ပူးေပါင္းတဲ့အတြက္ ေျမာက္ပိုင္းကို ေတာင္ပိုင္းတပ္ေတြ ဝင္ေရာက္ဖို႔ လြယ္ကူသြားတာ ျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္မွာ ရွမ္းတိုးတက္ေရးတပ္က တပ္ရင္း (၂) ရင္း နယ္ျခားေစာင့္တပ္ ျဖစ္သြားပါတယ္။ ရွမ္းတိုးတက္ေရးတပ္ကို ဗိုလ္ခ်ဳပ္ပန္ဖ ဆက္လက္ဦးေဆာင္ပါတယ္။ ဒီအေတာအတြင္း ပေလာင္တပ္ဟာ တာအင္းအမ်ဳိးသား လြတ္ေျမာက္ေရးတပ္ TNLA အျဖစ္ အသြင္ေျပာင္းသြားပါတယ္။ KIA ကခ်င္တပ္ အကူအညီနဲ႔ ၂၀၁၁ မွာ စတင္လႈပ္ရွားတဲ့ တာအင္းတပ္မွာ အင္အား (၅၀၀၀) ေလာက္ ရိွပါတယ္။

ဦးသိန္းစိန္အစိုးရနဲ႔ ျပည္နယ္နဲ႔ ျပည္ေထာင္စုအဆင့္ အပစ္ရပ္သေဘာတူခ်က္ လုပ္ႏိုင္ခဲ့တဲ့ ရွမ္းတိုးတက္ေရးတပ္ဟာ ႏုိင္ငံလံုးဆိုင္ရာ အပစ္ရပ္သေဘာတူခ်က္ NCA ကို လက္မွတ္မထိုးပါဘူး။ ရွမ္းထူေထာင္ေရးတပ္နဲ႔ေရာ တပ္မေတာ္နဲ႔ေရာ တုိက္ပြဲေတြ ျဖစ္ပြားပါတယ္။ ‘ဝ’တပ္ဖြဲ႔ေခါင္းေဆာင္တဲ့ ဖက္ဒရယ္ႏုိင္ငံေရး ေဆြးေႏြးေရးေကာ္မတီမွာေတာ့ ရွမ္းတိုးတက္ေရးတပ္ဟာ အဖြဲ႔ဝင္ ျဖစ္ပါတယ္။ ရွမ္းထူေထာင္ေရးတပ္ကေတာ့ ဦးသိန္းစိန္အစိုးရလက္ထက္ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ထိုးၿပီး ရွမ္းတိုးတက္ေရးတပ္ ခ်ဳပ္ကိုင္တဲ့ နယ္ေျမေတြကို ဝင္ေရာက္အေျခစိုက္ပါတယ္။

ဒါေပမဲ့ ရွမ္းတိုးတက္ေရးတပ္ရဲ ႔ ဝမ္ဟိုင္းဌာနခ်ဳပ္နဲ႔ ဆယ္္မိုင္အကြာ လြယ္ဟြန္းေတာင္ေၾကာမွာ ေနရာယူထားတဲ့ ရွမ္းထူေထာင္ေရးတပ္ မၾကာမီက အေရးနိမ့္သြားတာဟာ ရွမ္းလက္နက္ကိုင္ ပဋိပကၡရဲ ႔ ထူးျခားမႈလို႔ ျမင္ၾကပါတယ္။ ရွမ္းတိုးတက္ေရးတပ္ တဦးတည္း မတိုက္ႏိုင္တဲ့ စစ္ပြဲကို ‘ဝ’တပ္ဖြဲ႔ အကူအညီနဲ႔ တိုက္ခိုက္ၿပီး ေအာင္ပြဲခံလိုက္တာလို႔လည္း ျမင္ၾကပါတယ္။ ဒီလက္နက္ကိုင္အဖြဲ႔ေတြဟာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေရရွည္လႈပ္ရွားလာၾကတဲ့အဖြဲ႔ေတြ ျဖစ္တာေၾကာင့္ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ဆင္ႏြဲဖို႔ ရည္ရြယ္ခ်က္ ရိွမရိွဆိုတာကို အခုအထိ ရွင္းရွင္းလင္းလင္း မသိႏိုင္ေသးပါ။

=== Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ရှမ်းပြည်နယ် ရပ်စောက်နဲ့ နောင်ချိုအကြား ကျောက်ဂူမြို့ဝန်းကျင်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတပ် RCSS နဲ့ ရှမ်းတိုးတက်ရေးပါတီတပ်၊ SSPP တို့ ဖေဖေါ်ဝါရီ ဒုတိယပတ်မှာ တိုက်ပွဲ ဖြစ်ပွားပါတယ်။ ရှမ်းပြည်ထူထောင်ရေးတပ် အရေးနိမ့်သွားလို့ တပ်မဟာမှူး၊ မိသားစုနဲ့ နောက်လိုက်တွေအပြင် လက်နက်ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိတယ်လို့ ရှမ်းတိုးတက်ရေးတပ်က ပြောကြောင်း ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ ကျေးသီးမြို့နယ်က ဆုတ်ခွါလာတဲ့ ရှမ်းထူထောင်ရေးတပ်ကို တောင်ကြီးမြို့မြောက်ဘက်မှာ ရှမ်းတိုးတက်ရေးတပ်က တိုက်တာ ဖြစ်ပါတယ်။

ရှမ်းထူထောင်ရေးတပ်ကို ကူညီတဲ့အနေနဲ့ စစ်ကောင်စီတိုက်လေယာဉ် (၂) စီးက ဗုံးကြဲသွားတယ်လို့ ရှမ်းတိုးတက်ရေးတပ်ဘက်က ပြောပါတယ်။ ရှမ်းတိုးတက်ရေးတပ်ဟာ ၁၉၈၉ မှာ နဝတစစ်အစိုးရနဲ့ အပစ်ရပ်ပြီး ရှမ်းပြည်နယ် အထူးဒေသ (၃) ကို ထိန်းချုပ်ခွင့်ရပါတယ်။ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ ကျေးသီး၊ မိုင်းရှူး၊ လင်းခေး စတဲ့ ဒေသတွေဟာ ရှမ်းတိုးတက်ရေးတပ် ချုပ်ကိုင်တဲ့နယ်မြေ ဖြစ်သွားပါတယ်။ အဲဒီအချိန်က ရှမ်းတိုးတက်ရေးတပ်မှာ အင်အား (၄၀၀၀) လောက်သာရှိပြီး၊ အပစ်ရပ်ထားပေမယ့် နဝတစစ်တပ်နဲ့ မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ ရှိပါတယ်။

ရှမ်းတိုးတက်ရေးတပ် မြစ်ဖျားခံတဲ့ SSA – Shan State Army ရှမ်းပြည်တပ်မတော်ကို ၁၉၆၀ ပြည့်လွန်မှာ ဖွဲ့စည်းတော့ အင်အား (၁၆၀၀) ခန့်ရှိပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ကို ဌာနချုပ် လုပ်ထားပါတယ်။ ဒီအထဲမှာ ပလောင်တပ်ရင်း (၂) ရင်း ပါဝင်ခဲ့ပြီး၊ ၁၉၆၈ မှာ နုတ်ထွက်သွားပါတယ်။ SSA တပ်ကို မြောက်ပိုင်းတပ်နဲ့ တောင်ပိုင်းတပ်ဆိုပြီး ခွဲခြားလှုပ်ရှားပြန်ပါတယ်။ ဒီကာလမှာ ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့စည်းတာကြောင့် ရှမ်းပြည်တိုးတက်ရေးတပ်အဖြစ် ထင်ရှားလာပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရှမ်းတိုးတက်ရေးတပ်နဲ့ ဗကပတပ်တို့ စစ်ရေးပူးပေါင်း ဆောင်ရွက်တာတွေ များလာပါတယ်။ ဗကပဌာနချုပ်ရှိတဲ့ ‘ဝ’ ဒေသ ပန်ဆန်းမှာ ရှမ်းတိုးတက်ရေးတပ်ဟာ နိုင်ငံရေး၊ စစ်ရေးသင်တန်းတက်ပြီး ပူးပေါင်းလှုပ်ရှားတာတွေ ရှိလာသလို အုပ်စုကွဲတွေလည်း များလာပါတယ်။

စစ်အစိုးရနဲ့ အပစ်ရပ် ဆွေးနွေးပွဲလုပ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၃) ကို ၁၉၈၉ မှာ သတ်မှတ်ပေးခဲ့ပေမယ့် ရှမ်းတိုးတက်ရေးတပ်ဟာ ‘ဝ’အဖွဲ့နဲ့ အဆက်အသွယ် ရှိပါတယ်။ ကျေးသီးမြို့နယ် ဝမ်ဟိန်းဒေသကို ဗဟိုပြုပြီး စစ်အင်အား ဖြည့်တင်းပါတယ်။ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်ပြီး ခေတ်မီလက်နက် ကိုင်ဆောင်နိုင်အောင် ကြိုးပမ်းပါတယ်။ နဝတစစ်အစိုးရနဲ့ သဘောတူချက် ယူတာကို မကျေနပ်တဲ့ စောဆိုင်းလိတ်အဖွဲ့ဟာ ခွန်ဆာ ဦးဆောင်တဲ့ မော်ထိုင်းတပ်နဲ့ သွားပေါင်းပါတယ်။ ၁၉၉၅ မှာ ဆိုင်းလိတ် ကွယ်လွန်ပြီး ၁၉၉၆ မှာ ခွန်ဆာ လက်နက်ချတော့ မော်ထိုင်းတပ်လည်း ပျက်သွားပါတယ်။ ဒါပေမဲ့ ယွက်ဆစ်တို့အဖွဲ့က လက်နက်မချဘဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်ကို ဖွဲ့စည်းပါတယ်။

ကျောက်ဖြူ၊ ယူနန် ရေနံဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့အတွက် ရှမ်းတိုးတက်ရေးတပ် ကြီးစိုးတဲ့နေရာတွေကို တပ်မတော်က ချုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အခါမှာ လက်နက်ရုတ်သိမ်းခံရတဲ့အဖွဲ့ ရှိသလို နေရာပြောင်းရွှေ့ခံရတဲ့ အဖွဲ့လည်း ရှိလာပါတယ်။ မကျေနပ်တဲ့တပ်ရင်းတွေက ရှမ်းထူထောင်ရေးတပ် RCSS နဲ့ ပူးပေါင်းတဲ့အတွက် မြောက်ပိုင်းကို တောင်ပိုင်းတပ်တွေ ဝင်ရောက်ဖို့ လွယ်ကူသွားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ရှမ်းတိုးတက်ရေးတပ်က တပ်ရင်း (၂) ရင်း နယ်ခြားစောင့်တပ် ဖြစ်သွားပါတယ်။ ရှမ်းတိုးတက်ရေးတပ်ကို ဗိုလ်ချုပ်ပန်ဖ ဆက်လက်ဦးဆောင်ပါတယ်။ ဒီအတောအတွင်း ပလောင်တပ်ဟာ တာအင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA အဖြစ် အသွင်ပြောင်းသွားပါတယ်။ KIA ကချင်တပ် အကူအညီနဲ့ ၂၀၁၁ မှာ စတင်လှုပ်ရှားတဲ့ တာအင်းတပ်မှာ အင်အား (၅၀၀၀) လောက် ရှိပါတယ်။

ဦးသိန်းစိန်အစိုးရနဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူချက် လုပ်နိုင်ခဲ့တဲ့ ရှမ်းတိုးတက်ရေးတပ်ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူချက် NCA ကို လက်မှတ်မထိုးပါဘူး။ ရှမ်းထူထောင်ရေးတပ်နဲ့ရော တပ်မတော်နဲ့ရော တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။ ‘ဝ’တပ်ဖွဲ့ခေါင်းဆောင်တဲ့ ဖက်ဒရယ်နိုင်ငံရေး ဆွေးနွေးရေးကော်မတီမှာတော့ ရှမ်းတိုးတက်ရေးတပ်ဟာ အဖွဲ့ဝင် ဖြစ်ပါတယ်။ ရှမ်းထူထောင်ရေးတပ်ကတော့ ဦးသိန်းစိန်အစိုးရလက်ထက် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးပြီး ရှမ်းတိုးတက်ရေးတပ် ချုပ်ကိုင်တဲ့ နယ်မြေတွေကို ဝင်ရောက်အခြေစိုက်ပါတယ်။

ဒါပေမဲ့ ရှမ်းတိုးတက်ရေးတပ်ရဲ့ ဝမ်ဟိုင်းဌာနချုပ်နဲ့ ဆယ်မိုင်အကွာ လွယ်ဟွန်းတောင်ကြောမှာ နေရာယူထားတဲ့ ရှမ်းထူထောင်ရေးတပ် မကြာမီက အရေးနိမ့်သွားတာဟာ ရှမ်းလက်နက်ကိုင် ပဋိပက္ခရဲ့ ထူးခြားမှုလို့ မြင်ကြပါတယ်။ ရှမ်းတိုးတက်ရေးတပ် တဦးတည်း မတိုက်နိုင်တဲ့ စစ်ပွဲကို ‘ဝ’တပ်ဖွဲ့ အကူအညီနဲ့ တိုက်ခိုက်ပြီး အောင်ပွဲခံလိုက်တာလို့လည်း မြင်ကြပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရေရှည်လှုပ်ရှားလာကြတဲ့အဖွဲ့တွေ ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွဲဖို့ ရည်ရွယ်ချက် ရှိမရှိဆိုတာကို အခုအထိ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါ။

XS
SM
MD
LG