သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



စစ်ကောင်စီအဖွဲ့နဲ့ ဆွေးနွေးနေတဲ့ LDU လားဟူအဖွဲ့

[[ ZAWGYI ]]




တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရှေ့တိုးဖို့ အလားအလာ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာလထဲမှာ သဘောတူညီချက်ရဖို့ စစ်ကောင်စီအကြီးအကဲက မျှော်လင့်နေသလို ငြိမ်းချမ်းရေးအတွက်ချုပ်ဆိုတဲ့ NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဟာ မပျက်ပြယ်ပဲ ဆက်လက်တည်ရှိနေပြီး ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ စစ်ကောင်စီပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကတော့ NCA ကို လက်မခံသလို NCA ကို သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေနဲ့လည်း လက်ရှိမှာတိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အခုလို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်ပဲ ဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲပြန်လုပ်ဖို့ ကြိုးပမ်းနေတာဟာ မြန်မာ့အကြပ်အတည်းအတွက် အဆင်မပြေနိုင်ဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးမှာပါ။

XS
SM
MD
LG