သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ကမာၻတလႊား ၿငိမ္းခ်မ္းေရး ခရစၥမတ္မွာ ပုပ္ရဟန္းမင္းႀကီး ဆုေတာင္း 


Pope Francis waves as he delivers his traditional Christmas Day Urbi et Orbi message to the city and the world from the main balcony of St. Peter's Basilica at the Vatican, Dec. 25, 2022.

ျမန္မာႏိုင္ငံ အပါအ၀င္ ကမာၻတလႊားက ပဋိပကၡေတြအဆုံးသတ္ၿပီး၊ ၿငိမ္းခ်မ္းေရးရေစဖို႔ ခရစၥမတ္ အခါသမယ မွာ ပုပ္ရဟန္းမင္းႀကီးက ဆုေတာင္းလိုက္ပါတယ္။ 

ျမန္မာနဲ႔ ကမာၻတလႊား ၿငိမ္းခ်မ္းေရး ခရစၥမတ္မွာ ပုပ္ရဟန္းမင္းႀကီး ဆုေတာင္း

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံ အပါအ၀င္ ကမာၻတလႊားက ပဋိပကၡေတြအဆုံးသတ္ၿပီး၊ ၿငိမ္းခ်မ္းေရးရေစဖို႔ ခရစၥမတ္ အခါသမယ မွာ ပုပ္ရဟန္းမင္းႀကီးက ဆုေတာင္းလိုက္ပါတယ္။

“ယီမင္ႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး အဓြန္႔ရွည္ေစဖို႔၊ ျမန္မာနဲ႔ အီရန္မွာ ျပန္လည္သင့္ျမတ္ဖို႔နဲ႔ ေသြးထြက္သံယိုမႈေတြ အဆုံးသတ္ဖို႔ အလင္းျပႏိုင္ပါေစ။” ဆိုၿပီး ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က စိန္႔ပီတာေက်ာင္းေတာ္မွာ ခရစၥမတ္ေန႔ တနဂၤေႏြေန႔ က်င္းပတဲ့ အခမ္းအနားမွာ မိန္႔ၾကားခဲ့တာပါ။

ယူကရိန္းအေပၚ ႐ုရွားက်ဳးေက်ာ္စစ္နဲ႔ ကမာၻတ၀ွမ္းက ပဋိပကၡေတြေၾကာင့္ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို အဆုံးသတ္ဖို႔လည္း ပုပ္ရဟန္းမင္းႀကီးက တိုက္တြန္းသြားပါတယ္။

ယူကရိန္း သမၼတ Volodymyr Zelenskiy ကေတာ့ ႐ုရွားကို အံတုၿပီး တဦးနဲ႔တဦ ေထြးေပြ႕ရင္း ခရစၥမတ္ အခါသမယကို ျဖတ္သန္းၾကဖို႔ ခရစ္စမတ္ အႀကိဳညမွာပဲ ေျပာၾကားခဲ့တာပါ။ ႐ုရွားက စြမ္းအင္ဆိုင္ရာ အေျခခံအေဆာက္အအုံေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတာေၾကာင့္ လွ်ပ္စစ္ဓာတ္ ျပတ္လပ္ေနတဲ့ ယူကရိန္းျပည္သူေတြဟာ ေဆာင္းတြင္းအေအးဒဏ္ကို အပူဓာတ္မရဘဲ ရင္ဆိုင္ရင္း ခရစၥမတ္ကို ျဖတ္သန္းေနၾကရပါတယ္။ ယူကရိန္းအမ်ားစုဟာ ေ႐ွး႐ိုးစြဲ ႐ု႐ွားေတြလိုပဲ ခရစၥမတ္ကို ဇန္နဝါရီလ ၇ ရက္ေန႔မွာ အစဥ္အလာအားျဖင့္ က်င္းပေလ့ရွိေပမဲ့ ဒီႏွစ္မွာေတာ့ ႐ုရွားကို ဆန္႔က်င္တဲ့အေနနဲ႔ ႏိုင္ငံတကာက ခရစ္ယာန္ ဘာသာ၀င္ေတြနည္းတူ ဒီဇင္ဘာလ ၂၅ ေန႔မွာ ခရစၥမတ္ပြဲကို ဆင္ႏႊဲခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာနဲ့ ကမ္ဘာတလွှား ငြိမ်းချမ်းရေး ခရစ္စမတ်မှာ ပုပ်ရဟန်းမင်းကြီး ဆုတောင်း

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခတွေအဆုံးသတ်ပြီး၊ ငြိမ်းချမ်းရေးရစေဖို့ ခရစ္စမတ် အခါသမယ မှာ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းလိုက်ပါတယ်။

“ယီမင်နိုင်ငံမှာ ငြိမ်းချမ်းရေး အဓွန့်ရှည်စေဖို့၊ မြန်မာနဲ့ အီရန်မှာ ပြန်လည်သင့်မြတ်ဖို့နဲ့ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ အလင်းပြနိုင်ပါစေ။” ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စိန့်ပီတာကျောင်းတော်မှာ ခရစ္စမတ်နေ့ တနင်္ဂနွေနေ့ ကျင်းပတဲ့ အခမ်းအနားမှာ မိန့်ကြားခဲ့တာပါ။

ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်နဲ့ ကမ္ဘာတဝှမ်းက ပဋိပက္ခတွေကြောင့် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို အဆုံးသတ်ဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskiy ကတော့ ရုရှားကို အံတုပြီး တဦးနဲ့တဦ ထွေးပွေ့ရင်း ခရစ္စမတ် အခါသမယကို ဖြတ်သန်းကြဖို့ ခရစ်စမတ် အကြိုညမှာပဲ ပြောကြားခဲ့တာပါ။ ရုရှားက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် လျှပ်စစ်ဓာတ် ပြတ်လပ်နေတဲ့ ယူကရိန်းပြည်သူတွေဟာ ဆောင်းတွင်းအအေးဒဏ်ကို အပူဓာတ်မရဘဲ ရင်ဆိုင်ရင်း ခရစ္စမတ်ကို ဖြတ်သန်းနေကြရပါတယ်။ ယူကရိန်းအများစုဟာ ရှေးရိုးစွဲ ရုရှားတွေလိုပဲ ခရစ္စမတ်ကို ဇန်နဝါရီလ ၇ ရက်နေ့မှာ အစဉ်အလာအားဖြင့် ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ရုရှားကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတကာက ခရစ်ယာန် ဘာသာဝင်တွေနည်းတူ ဒီဇင်ဘာလ ၂၅ နေ့မှာ ခရစ္စမတ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

XS
SM
MD
LG