သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္နဲ႔ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ ေတြ႕ဆုံ


ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ (ဝဲ) ႏွင့္ အမ်ိဳးသားစည္းလံုးညီညြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညိႈႏိႈင္းေရးေကာ္မတီ NSPNC ဥကၠ႒ ဒုဗိုလ္ခ်ဳပ္ႀကီးရာျပည့္ (ယာ) (ဇန္နဝါရီ ၂၄၊ ၂၀၂၃)

ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ဦးေဆာင္တဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ကိုယ္စားလွယ္အဖြဲ႕ဟာ ေနျပည္ေတာ္ကို ေရာက္ရွိေနၿပီး ဒီကေန႔ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕နဲ႔ ေတြ႕ဆုံပါတယ္။ ၃ရက္ၾကာ ဒီေဆြးေႏြးပြဲမွာ လက္ရွိ ႏိုင္ငံေရးအက်ပ္အတည္းေတြ ေဆြးေႏြးဖို႔ ရွိေနေၾကာင္း RCSS ဘက္က ေျပာပါတယ္။ တခ်ိန္တည္းမွာေတာ့ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ဌာနခ်ဳပ္ ဝမ္ဟိုင္းၿမိဳ႕ေပၚမွာ စစ္ေကာင္စီဘက္က တိုက္ေလယာဥ္ ဝဲပ်ံခဲ့တာေၾကာင့္ ကန႔္ကြက္တာေတြ ရွိေနပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကိုေတာ့ ကိုေဇာ္ဝင္းလႈိင္က ေျပာျပထားပါတယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ဟာ တနလၤာေန႔က ေနျပည္ေတာ္ကိုေရာက္ရွိခဲ့ၿပီး ဒီကေန႔မွာ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ဦးေဆာင္တဲ့ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရး အဖြဲ႕နဲ႔ ေတြ႕ဆုံေဆြးေႏြးေနပါတယ္။

ဒီကေန႔ေတြ႕ဆုံပြဲမွာ အဓိကေဆြးေႏြးတဲ့အခ်က္ေတြကိုေတာ့ RCSS ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး အုမ္ေခးက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ အဓိက က်ေနာ္တို႔ တစ္တိုင္းျပည္လုံး ၿငိမ္းခ်မ္းေရးအတြက္ေပါ့ေလ။ ၿပီးေတာ့ ဖက္ဒရယ္အေရး၊ ေဒသဖြံ႕ၿဖိဳးေရးေပါ့ေလ။ ဗိုလ္ခ်ဳပ္ရာျပည့္တို႔နဲ႔ ညႇိႏႈိင္းေရးအဖြဲ႕နဲ႔ေပ့ါေလ။ ၃ရက္ေလာက္ေတာ့ ရည္မွန္းထားတာေပါ့ေနာ။ ”

Taifreedom ေခၚ RCSS အဖြဲ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ စစ္ေကာင္စီဥကၠ႒ရဲ႕ ဖိတ္ၾကားခ်က္အရ လာေရာက္တာျဖစ္ေၾကာင္း၊ ၃ရက္ၾကာေဆြးေႏြးပြဲမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အပါအဝင္ လက္ရွိ ႏိုင္ငံေရးအက်ပ္အတည္းေျဖရွင္းေရးကို ေဆြးေႏြးသြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ေလာေလာဆည္မွာ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံတာ မရွိေသးေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲကိစၥရပ္ေတြ ထည့္သြင္းေဆြးေႏြးမွာ မဟုတ္ေၾကာင္း ဒုဗိုလ္မႈးႀကီးအုမ္ေခးက ေျပာပါတယ္။RCSS အဖြဲ႕ဟာ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ ေရးထိုးထားတဲ့အဖြဲ႕ျဖစ္ၿပီး စစ္ေကာင္စီက ဖိတ္ၾကားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ၂ႀကိမ္တက္ေရာက္ထားၿပီးျဖစ္ပါတယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ (ဇန္နဝါရီ ၂၄၊ ၂၀၂၃)
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ (ဇန္နဝါရီ ၂၄၊ ၂၀၂၃)

ၿပီးခဲ့တဲ့ ေအာက္တိုဘာလက တတိယအႀကိမ္အျဖစ္ စစ္ေကာင္စီ နဲ႔ အျခားNCA လက္မွတ္ထိုးအဖြဲ႕ ၅ဖြဲ႕ ေဆြးေႏြးခ်ိန္မွာေတာ့ RCSS နဲ႔ မြန္ျပည္သစ္ပါတီ NMSP တို႔ ပါဝင္တက္ေရာက္ခဲ့တာမရွိပါဘူး။ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ေတြ႕ဆုံေဆြးေႏြးပြဲနဲ႔ပတ္သက္ၿပီး သူ ေသခ်ာ မသိရေသးေၾကာင္း ေျပာပါတယ္။

“ က်ေနာ္ေတာ့ မၾကားေသးဘူး။ ၿငိမ္းခ်မ္းေရးအဖြဲ႕ကေတာ့ ဆက္တိုက္ေတြ႕ဖို႔ေတာ့ ရွိတယ္။ ေရာက္မေရာက္ေတာ့ က်ေနာ္လည္း Confirm မျဖစ္တာ။ အလ်ဥ္းသင့္တဲ့အခ်ိန္တိုင္းမွာ ေတြ႕ဖို႔ကေတာ့ သူတို႔ သေဘာတူထားၿပီးသားဗ်။ ”

ဒီကေန႔ စစ္ေကာင္စီနဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSSတို႔ ေဆြးေႏြးေနခ်ိန္ ေန႔ခင္းပိုင္းမွာ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ဌာနခ်ဳပ္ ဝမ္ဟိုင္းကို ဂ်က္တိုက္ေလယာဥ္ ဝဲပ်ံခဲ့တာရွိခဲ့ပါတယ္။ ဒီလို ပ်ံဝဲတဲ့အေျခအေနကို SSPP ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႈးႀကီး စိုင္းဆုက ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ ဒီေန႔ မနက္ပိုင္း ၁၁နာရီ မိနစ္ ၅၀ မွာ လာတယ္လို႔ ေျပာတယ္။ ၂ပတ္ေပါ့။ သူတို႔ ဂ်က္အမ်ိဳးအစားက ႐ုရွားထုတ္တဲ့ YAK ၁၃၀ ဖိုက္တာ ဂ်က္ေပါ့။ ဝိုင္ေအေက ယက္ ၁၃၀ ဖိုက္တာ ဂ်က္ျဖစ္တယ္။ ”

ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကို ေမးျမန္းထားေပမဲ့ အေၾကာင္း ျပန္ၾကားတာ မရွိေသးေၾကာင္း ေျပာပါတယ္။
“ သူတို႔ လာဝဲတဲ့ကိစၥက ေမးေနတုံးပဲ။ ဘာလို႔ လာဝဲလိုက္တာလဲ ေပါ့ေနာ္။ ဘာဦးတည္ခ်က္နဲ႔ ဘာရည္႐ြယ္ခ်က္နဲ႔ အဲလိုမ်ိဳးေတြ လာလုပ္တာလဲ။ ဒါက ၿခိမ္းေျခာက္တဲ့ ၿခိမ္းေျခာက္တဲ့ အရာ ေရာက္တယ္ေပါ့ေနာ္။ ဒါ ရန္ရွာမႈသက္သက္ပဲ ျဖစ္တယ္လို႔ က်ေနာ္တို႔ ေျပာတယ္။ အခုက ဘာမွ အေၾကာင္း ျပန္လာတာ မရွိေသးဘူး။ ဒီကိစၥက ႏွစ္ဦး ႏွစ္ဖက္ အႏၲရာယ္ ရွိေစတာေပါ့။ ေနာင္မွာဆိုရင္ ဒီဟာမ်ိဳးက လက္မခံႏိုင္ဘူးေပါ့။ တကယ့္ ျပႆနာျဖစ္ေစတဲ့ လုပ္ရပ္လို႔ပဲ က်ေနာ္တို႔ ျမင္တယ္။ က်ေနာ္တို႔ တပ္ဖြဲ႕ေတြကေတာ့ အားလုံး တပ္လွန႔္ေပးထားတယ္။ ”

ဒီလို ဌာနခ်ဳပ္နယ္ေျမအေပၚ အေၾကာင္း မၾကားဘဲ တိုက္ေလယာဥ္ ပ်ံဝဲတာဟာ ႏွစ္ဘက္ အျပန္အလွန္ယုံၾကည္မႈကို က်ဆင္းေစသလို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုလည္း ထိခိုက္ႏိုင္ေၾကာင္း ေျပာပါတယ္။ ၂၀၂၁ခုႏွစ္ ဧၿပီလအတြင္းက ဝမ္ဟိုင္းဌာနခ်ဳပ္ကို အေၾကာင္းမၾကားဘဲ လာေရာက္ပ်ံဝဲတဲ့ စစ္ရဟတ္ယာဥ္တစ္စီးကို SSPP က ပစ္ခတ္ခဲ့တာေၾကာင့္ စစ္ေကာင္စီရဲ႕ အရာရွိတစ္ဦး က်ည္ထိမွန္ခဲ့ဖူးပါတယ္။

SSPP အဖြဲ႕ဟာ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုး မထားေပမဲ့ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ၃ႀကိမ္ တက္ေရာက္ ေဆြးေႏြးထားတဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ တွေ့ဆုံ

ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိနေပြီး ဒီကနေ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံပါတယ်။ ၃ရက်ကြာ ဒီဆွေးနွေးပွဲမှာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းတွေ ဆွေးနွေးဖို့ ရှိနေကြောင်း RCSS ဘက်က ပြောပါတယ်။ တချိန်တည်းမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ် ဝမ်ဟိုင်းမြို့ပေါ်မှာ စစ်ကောင်စီဘက်က တိုက်လေယာဉ် ဝဲပျံခဲ့တာကြောင့် ကန့်ကွက်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဟာ တနင်္လာနေ့က နေပြည်တော်ကိုယ်ရောက်ရှိခဲ့ပြီး ဒီကနေ့မှာ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ အဓိကဆွေးနွေးတဲ့အချက်တွေကိုတော့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အဓိက ကျနော်တို့ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက်ပေါ့လေ။ ပြီးတော့ ဖက်ဒရယ်အရေး၊ ဒေသဖွံ့ဖြိုးရေးပေါ့လေ။ ဗိုလ်ချုပ်ရာပြည့်တို့နဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ပေ့ါလေ။ ၃ရက်လောက်တော့ ရည်မှန်းထားတာပေါ့နော။ ”

Taifreedom ခေါ် RCSS အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ လာရောက်တာဖြစ်ကြောင်း၊ ၃ရက်ကြာဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးကို ဆွေးနွေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လောလောဆည်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာ မရှိသေးကြောင်းနဲ့ ရွေးကောက်ပွဲကိစ္စရပ်တွေ ထည့်သွင်းဆွေးနွေးမှာ မဟုတ်ကြောင်း ဒုဗိုလ်မှုးကြီးအုမ်ခေးက ပြောပါတယ်။ RCSS အဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်ကောင်စီက ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂ကြိမ်တက်ရောက်ထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက တတိယအကြိမ်အဖြစ် စစ်ကောင်စီ နဲ့ အခြားNCA လက်မှတ်ထိုးအဖွဲ့ ၅ဖွဲ့ ဆွေးနွေးချိန်မှာတော့ RCSS နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ ပါဝင်တက်ရောက်ခဲ့တာမရှိပါဘူး။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သူ သေချာ မသိရသေးကြောင်း ပြောပါတယ်။

“ ကျနော်တော့ မကြားသေးဘူး။ ငြိမ်းချမ်းရေးအဖွဲ့ကတော့ ဆက်တိုက်တွေ့ဖို့တော့ ရှိတယ်။ ရောက်မရောက်တော့ ကျနော်လည်း Confirm မဖြစ်တာ။ အလျဉ်းသင့်တဲ့အချိန်တိုင်းမှာ တွေ့ဖို့ကတော့ သူတို့ သဘောတူထားပြီးသားဗျ။ ”

ဒီကနေ့ စစ်ကောင်စီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSတို့ ဆွေးနွေးနေချိန် နေ့ခင်းပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ် ဝမ်ဟိုင်းကို ဂျက်တိုက်လေယာဉ် ဝဲပျံခဲ့တာရှိခဲ့ပါတယ်။ ဒီလို ပျံဝဲတဲ့အခြေအနေကို SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းဆုက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ဒီနေ့ မနက်ပိုင်း ၁၁နာရီ မိနစ် ၅၀ မှာ လာတယ်လို့ ပြောတယ်။ ၂ပတ်ပေါ့။ သူတို့ ဂျက်အမျိုးအစားက ရုရှားထုတ်တဲ့ YAK ၁၃၀ ဖိုက်တာ ဂျက်ပေါ့။ ဝိုင်အေကေ ယက် ၁၃၀ ဖိုက်တာ ဂျက်ဖြစ်တယ်။ ”

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းထားပေမဲ့ အကြောင်း ပြန်ကြားတာ မရှိသေးကြောင်း ပြောပါတယ်။
“ သူတို့ လာဝဲတဲ့ကိစ္စက မေးနေတုံးပဲ။ ဘာလို့ လာဝဲလိုက်တာလဲ ပေါ့နော်။ ဘာဦးတည်ချက်နဲ့ ဘာရည်ရွယ်ချက်နဲ့ အဲလိုမျိုးတွေ လာလုပ်တာလဲ။ ဒါက ခြိမ်းခြောက်တဲ့ ခြိမ်းခြောက်တဲ့ အရာ ရောက်တယ်ပေါ့နော်။ ဒါ ရန်ရှာမှုသက်သက်ပဲ ဖြစ်တယ်လို့ ကျနော်တို့ ပြောတယ်။ အခုက ဘာမှ အကြောင်း ပြန်လာတာ မရှိသေးဘူး။ ဒီကိစ္စက နှစ်ဦး နှစ်ဖက် အန္တရာယ် ရှိစေတာပေါ့။ နောင်မှာဆိုရင် ဒီဟာမျိုးက လက်မခံနိုင်ဘူးပေါ့။ တကယ့် ပြဿနာဖြစ်စေတဲ့ လုပ်ရပ်လို့ပဲ ကျနော်တို့ မြင်တယ်။ ကျနော်တို့ တပ်ဖွဲ့တွေကတော့ အားလုံး တပ်လှန့်ပေးထားတယ်။ ”

ဒီလို ဌာနချုပ်နယ်မြေအပေါ် အကြောင်း မကြားဘဲ တိုက်လေယာဉ် ပျံဝဲတာဟာ နှစ်ဘက် အပြန်အလှန်ယုံကြည်မှုကို ကျဆင်းစေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ထိခိုက်နိုင်ကြောင်း ပြောပါတယ်။ ၂၀၂၁ခုနှစ် ဧပြီလအတွင်းက ဝမ်ဟိုင်းဌာနချုပ်ကို အကြောင်းမကြားဘဲ လာရောက်ပျံဝဲတဲ့ စစ်ရဟတ်ယာဉ်တစ်စီးကို SSPP က ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ အရာရှိတစ်ဦး ကျည်ထိမှန်ခဲ့ဖူးပါတယ်။

SSPP အဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုး မထားပေမဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၃ကြိမ် တက်ရောက် ဆွေးနွေးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG