သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကဘီေအ ဗိုလ္မႉးႀကီး ေစာေအဝမ္းေနအိမ္ ဗုံးက်ဲတိုက္ခိုက္ခံရ


ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕နယ္မွာရိွ DKBA ဗ်ဴဟာမႉးတေယာက္ရဲ႕ ေနအိမ္ျခံဝင္းအေပၚ ေလေၾကာင္းနဲ႔ တိုက္ခိုက္ (Photo: DKBA)

ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕နယ္ထဲမွာ႐ွိတဲ့ DKBA ဒီမိုကေရစီ ကရင္အက်ိဳးျပဳ တပ္မေတာ္ (ေဒါနအေနာက္ျခမ္း)၊ အမွတ္ ၂ စစ္ကြပ္ကဲေရး နည္းဗ်ဴဟာမႉး၊ ဗိုလ္မႉးႀကီး ေစာေအဝမ္းရဲ႕ ေနအိမ္ျခံဝင္းကို စစ္ေကာင္စီက ဒီကေန႔ ေလေၾကာင္းကေန ဗုံးက်ဲတိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ေနအိမ္ ၿပိဳပ်က္သြားၿပီး၊ ျခံဝင္းထဲက ခရစ္ယာန္ဘုရား ႐ွစ္ခိုးေက်ာင္းကိုလည္း ထိခိုက္သြားတဲ့အေၾကာင္း ဗြီအိုေအျမန္မာသတင္းေထာက္ ေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ ေျပာင္မထိန္ေက်း႐ြာအုပ္စု၊ ႀကိမ္ေခ်ာင္းေက်း႐ြာေန DKBA (ေဒါနအေနာက္ျခမ္း)၊ အမွတ္ ၂ စစ္ကြပ္ကဲေရး နည္းဗ်ဴဟာမႉး၊ ဗိုလ္မႉးႀကီး ေစာေအဝမ္းရဲ႕ ေနအိမ္ျခံဝင္းထဲကို ဇန္နဝါရီလ၂၁ ရက္ေန႔ မနက္ ၁ နာရီေက်ာ္အခ်ိန္မွာ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့ပါတယ္။ လူေသဆုံးမႈ မ႐ွိေပမဲ့ အေဆာက္အဦးေတြ အားလုံး ပ်က္စီးသြားတယ္လို႔ ေဒသခံတဦးက အခုလိုေျပာျပပါတယ္။

“ဒီေကဘီေအက ေအဝမ္းအိမ္ကို ေလယာဥ္ ၄ စီးေလာက္နဲ႔ တိုက္ေလယာဥ္ေတြနဲ သူ႔အိမ္ဝန္းထဲကို ဗုံးက်ဲလာခ်တယ္။ ဘာျပသနာလည္း မ႐ွိဘဲနဲ႔ လာႀကဲတယ္။ ရုတ္တရက္ႀကီး လာခ်တယ္။ ဘာမွလဲ ျပႆနာ မရိွဘူး။ အိမ္ေတြ အကုန္လုံး ပ်က္စီးသြားတယ္။ ေအဝမ္းတို႔ မိသားစုကေတာ့ မထိဘူး လြတ္သြားတယ္။ ဘာျပႆနာမွ မရိွဘဲ၊ ဘယ္လိုျဖစ္လို႔ ႐ုတ္တရက္ လာပစ္တာလည္း မသိဘူး။ အိမ္ကလည္း ေၾကမြသြားတယ္။ ဘုရားေက်ာင္းကေတာ့ သူ႔အိမ္ဝန္းထဲမွာပဲ ပ်က္စီးကုန္တယ္။ အေဆာက္အဦးလည္း အကုန္ေႂကြမြကုန္တယ္။”

ဘုရားသုံးဆူေဒသမွာ မတည္ၿငိမ္မႈေၾတ ျဖစ္ေနၿပီး နယ္ျခားေစာင့္ တပ္ဂိတ္လည္း ဗုံးၿခဲ တိုက္ခိုက္ခံရတာ ႐ွိတယ္လို႔လည္း ဒီေဒသခံက ေျပာပါတယ္။

"အခုက ဘုရားသုံးဆူထဲမွာလည္းဗုံးကြဲတာျဖစ္တယ္ ၊ မ်ိဳးခ်စ္( ဘီဂ်ီအက္ဖ္) ဂိတ္မွာျဖစ္တာ"

ေလေၾကာင္းကေန တိုက္ခိုက္ခံရတဲ့ ဒီေကဘီေအ ေခါင္းေဆာင္ေစာေအဝမ္းဟာ ၂၀၂၀ ျပည့္ႏွစ္ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ တားဆီးေရး လုပ္ငန္းေတြမွာ ပါဝင္ကူညီေဆာင္႐ြက္ေပးခဲ့တဲ့အတြက္ အေ႐ွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးက ဂုဏ္ျပဳလက္မွတ္ေပးခဲ့တာ ႐ိွသလို၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာလည္း စစ္ေကာင္စီဘက္က ေခါင္းေဆာင္ေတြနဲ႔ နီးစပ္မႈ႐ွိသူ ျဖစ္ပါတယ္။

ဒီကေန႔ တိုက္ခိုက္အၿပီး ဒီေကဘီေအတပ္သားေတြက ေနအိမ္ဝန္းကို လာေရာက္ စစ္ေဆးၾကည့္႐ႈခဲ့ၾကေပမဲ့ တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ တစုံတရာ ေျပာဆိုတာမ႐ွိေသးပါဘူး။ DABA အဖြဲ႔ကို ဆက္သြယ္ေမးျမန္းေပမဲ့လည္း အခုထိဆက္သြယ္လို႔ မရေသးပါဘူး။ စစ္ေကာင္စီဘက္ကလည္း အခုျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ထုတ္ေဖာ္ေျပာတာ မ႐ွိေသးပါဘူး။

ဘုရားသုံးဆူေဒသမွာေတာ့ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေကအန္ယူဘက္က ဒီလ ၁၆ ရက္ေန႔ကစၿပီး ဘုရာသုံးဆူ ၾကာအင္းဆိပ္ႀကီးလမ္းမွာ ခရီးသည္တင္ကားေတြ သြားလာတာမလုပ္ဖို႔ တားျမစ္ထားပါတယ္။ အလားတူ စစ္ေကာင္စီဘက္ကလည္း သံျဖဴဇရပ္နဲ႔ ၾကာအင္းဆိပ္ႀကီးလမ္းကို သြားလာတာမလုပ္ဖို႔ တားျမစ္ထားပါတယ္။ ေဒသခံေတြကေတာ့ ေလေၾကာင္း တိုက္ခိုက္မႈေတြေၾကာင့္ စိုးရိမ္ထိတ္လန္႔ ေနၾကၿပီး ဘုရားသုံးဆူ ေဒသက ေက်ာက္လိႈင္ဂူေတြထဲမြာ ပုန္းေအာင္ေနတာေတြလည္း ႐ွိပါတယ္႐ွင္။

==== Unicode ====

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ထဲမှာရှိတဲ့ DKBA ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ခြံဝင်းကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ နေအိမ် ပြိုပျက်သွားပြီး၊ ခြံဝင်းထဲက ခရစ်ယာန်ဘုရား ရှစ်ခိုးကျောင်းကိုလည်း ထိခိုက်သွားတဲ့အကြောင်း ဗွီအိုအေမြန်မာသတင်းထောက် အေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာနေ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ခြံဝင်းထဲကို ဇန်နဝါရီလ၂၁ ရက်နေ့ မနက် ၁ နာရီကျော်အချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ လူသေဆုံးမှု မရှိပေမဲ့ အဆောက်အဦးတွေ အားလုံး ပျက်စီးသွားတယ်လို့ ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“ဒီကေဘီအေက အေဝမ်းအိမ်ကို လေယာဉ် ၄ စီးလောက်နဲ့ တိုက်လေယာဉ်တွေနဲ သူ့အိမ်ဝန်းထဲကို ဗုံးကျဲလာချတယ်။ ဘာပြသနာလည်း မရှိဘဲနဲ့ လာကြဲတယ်။ ရုတ်တရက်ကြီး လာချတယ်။ ဘာမှလဲ ပြဿနာ မရှိဘူး။ အိမ်တွေ အကုန်လုံး ပျက်စီးသွားတယ်။ အေဝမ်းတို့ မိသားစုကတော့ မထိဘူး လွတ်သွားတယ်။ ဘာပြဿနာမှ မရှိဘဲ၊ ဘယ်လိုဖြစ်လို့ ရုတ်တရက် လာပစ်တာလည်း မသိဘူး။ အိမ်ကလည်း ကြေမွသွားတယ်။ ဘုရားကျောင်းကတော့ သူ့အိမ်ဝန်းထဲမှာပဲ ပျက်စီးကုန်တယ်။ အဆောက်အဦးလည်း အကုန်ကြွေမွကုန်တယ်။”

ဘုရားသုံးဆူဒေသမှာ မတည်ငြိမ်မှုတြေ ဖြစ်နေပြီး နယ်ခြားစောင့် တပ်ဂိတ်လည်း ဗုံးခြဲ တိုက်ခိုက်ခံရတာ ရှိတယ်လို့လည်း ဒီဒေသခံက ပြောပါတယ်။

"အခုက ဘုရားသုံးဆူထဲမှာလည်းဗုံးကွဲတာဖြစ်တယ် ၊ မျိုးချစ်( ဘီဂျီအက်ဖ်) ဂိတ်မှာဖြစ်တာ"

လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ ဒီကေဘီအေ ခေါင်းဆောင်စောအေဝမ်းဟာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဂုဏ်ပြုလက်မှတ်ပေးခဲ့တာ ရှိသလို၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း စစ်ကောင်စီဘက်က ခေါင်းဆောင်တွေနဲ့ နီးစပ်မှုရှိသူ ဖြစ်ပါတယ်။

ဒီကနေ့ တိုက်ခိုက်အပြီး ဒီကေဘီအေတပ်သားတွေက နေအိမ်ဝန်းကို လာရောက် စစ်ဆေးကြည့်ရှုခဲ့ကြပေမဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုတာမရှိသေးပါဘူး။ DABA အဖွဲ့ကို ဆက်သွယ်မေးမြန်းပေမဲ့လည်း အခုထိဆက်သွယ်လို့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောတာ မရှိသေးပါဘူး။

ဘုရားသုံးဆူဒေသမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကေအန်ယူဘက်က ဒီလ ၁၆ ရက်နေ့ကစပြီး ဘုရာသုံးဆူ ကြာအင်းဆိပ်ကြီးလမ်းမှာ ခရီးသည်တင်ကားတွေ သွားလာတာမလုပ်ဖို့ တားမြစ်ထားပါတယ်။ အလားတူ စစ်ကောင်စီဘက်ကလည်း သံဖြူဇရပ်နဲ့ ကြာအင်းဆိပ်ကြီးလမ်းကို သွားလာတာမလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒေသခံတွေကတော့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ထိတ်လန့် နေကြပြီး ဘုရားသုံးဆူ ဒေသက ကျောက်လှိုင်ဂူတွေထဲမွာ ပုန်းအောင်နေတာတွေလည်း ရှိပါတယ်ရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG