သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

CNF ဌာနခ်ဳပ္ တိုက္ခိုက္ခံရမႈ အိႏၵိယက ျပစ္တင္ရႈတ္ခ်ဖို႔ ကန္ေရာက္ ခ်င္းတိုင္းရင္းသားအဖြဲ႕ေတာင္းဆို 


အိႏိၵယျမန္မာနယ္စပ္ေျမပံု

အိႏၵိယ ျမန္မာနယ္စပ္မွာ ခ်င္းအမ်ိဳးသားတပ္ဦး CNF ရဲ႕ ဌာနခ်ဳပ္ ဝိတိုရိယစခန္းကို ျမန္မာစစ္တပ္က မေန႔က ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ အိႏၵိယႏိုင္ငံပိုင္နက္ထဲကို အနည္းဆုံး ဗုံး ၂ လုံးက်ခဲ့တာေၾကာင့္ ျမန္မာစစ္တပ္ရဲ႕ နယ္ေက်ာ္ ဗုံးႀကဲတိုက္ခိုက္မႈေတြကို ရႈတ္ခ်ျပစ္တင္ဖို႔ အေမရိကန္ႏိုင္ငံ မယ္ရီလန္းျပည္နယ္အေျခစိုက္ ခ်င္းတိုင္းရင္းအဖြဲ႕ (Chin Association of Maryland-CAM) က အိႏၵိယအစိုးရကို ေတာင္းဆိုလိုက္ပါတယ္။

ဒီေန႔ ဇန္နဝါရီ ၁၁ ရက္ ညေနပိုင္းမွာလဲ​စစ္ေကာင္စီက ေလေၾကာင္းကေန ၃ႀကိမ္ ထပ္မံဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ မေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔က ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ CNF ဘက္က ၅ေယာက္ ေသဆုံးၿပီး ၁၀ ေယာက္ေလာက္ ထိခိုက္ဒဏ္ရာရခဲ့တဲ့အေၾကာင္း CNF သတင္းရပ္ကြက္က ေျပာပါတယ္။ အိႏၵိယႏိုင္ငံပိုင္နက္ထဲကိုလည္း အနည္းဆုံး ဗုံး ၂ လုံးက်ခဲ့တဲ့အေၾကာင္း နယ္ျခား ဖာကြမ္ (Farkawn) ႐ြာက မ်က္ျမင္သက္ေသေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ဂါးဒီယန္း (The Guardian) သတင္းစာကလည္း ေရးပါတယ္။

CNF ခ်င္းအမ်ိဳးသားတပ္ဦးဟာ စစ္ေကာင္စီကို ဆန႔္က်င္တဲ့ ေႏြဦးေတာ္လွန္ေရးမွာ ျပည္သူနဲ႔အတူ ရပ္တည္ တိုက္ပြဲဝင္တာေၾကာင့္ အခုလို ေလေၾကာင္းကေန ထိုးစစ္ဆင္တာ ျဖစ္ႏိုင္တယ္လို႔ CNF ရဲ႕ ဒုဥကၠ႒ (၂) ေဒါက္တာလ်ံမႈန္းဆာေခါင္းက ဗီြအိုေအကို ေျပာပါတယ္။

ခ်င္းလူထုကို အလားတူ တိုက္ခိုက္မႈေတြ၊ မီးရႈိ႕ဖ်က္ဆီးမႈေတြေၾကာင့္ စစ္ေကာင္စီအေပၚ ဆန႔္က်င္လိုစိတ္ေတြပဲ ပိုႀကီးမားလာလိမ့္မယ္လို႔လည္း သူက ဆိုပါတယ္။ CNF ဌာနခ်ဳပ္ ဝိတိုရိယစခန္းထဲကို အနည္းဆုံး ဗုံး ၄ လုံးက်ခဲ့တဲ့အေၾကာင္းနဲ႔ စစ္ေကာင္စီဘက္က Yak-130 နဲ႔ MIG 29 တိုက္ေလယာဥ္ေတြကို သုံးခဲ့တဲ့အေၾကာင္း ခ်င္းတိုင္းရင္းအဖြဲ႕ CAM က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံျဖစ္တဲ့ အိႏၵိယႏိုင္ငံအေနနဲ႔ သူပိုင္နယ္ထဲ ဗုံးက်တဲ့အထိ ျမန္မာစစ္တပ္ရဲ႕ နယ္ေက်ာ္ ဗုံးႀကဲတိုက္ခိုက္မႈေတြကို ရႈတ္ခ်ျပစ္တင္ဖို႔ CAM အဖြဲ႕က ေတာင္းဆိုပါတယ္။ ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ အိႏၵိယ အစိုးရ တာဝန္ရွိသူေတြနဲ႔ စစ္ေကာင္စီဘက္က တုံျပန္ေျပာဆိုခ်က္ေတြေတာ့ ေလာေလာဆယ္ ထြက္မလာေသးပါဘူး။ CNF အဖြဲ႕ဟာ ၂၀၁၅ ခုႏွစ္က NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ ျဖစ္ပါတယ္။ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းတာကို CNF က ကန႔္ကြက္ခဲ့ၿပီးေနာက္ ခ်င္းျပည္နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ႏွစ္ဖက္ တိုက္ပြဲေတြ ျပင္းထန္လာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

CNF ဌာနချုပ် တိုက်ခိုက်ခံရမှု အိန္ဒိယက ပြစ်တင်ရှုတ်ချဖို့ ကန်ရောက် ချင်းတိုင်းရင်းသားအဖွဲ့တောင်းဆို

အိန္ဒိယ မြန်မာနယ်စပ်မှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဌာနချုပ် ဝိတိုရိယစခန်းကို မြန်မာစစ်တပ်က မနေ့က ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံပိုင်နက်ထဲကို အနည်းဆုံး ဗုံး ၂ လုံးကျခဲ့တာကြောင့် မြန်မာစစ်တပ်ရဲ့ နယ်ကျော် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချပြစ်တင်ဖို့ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းအဖွဲ့ (Chin Association of Maryland-CAM) က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းမှာလဲစစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNF ဘက်က ၅ယောက် သေဆုံးပြီး ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း CNF သတင်းရပ်ကွက်က ပြောပါတယ်။ အိန္ဒိယနိုင်ငံပိုင်နက်ထဲကိုလည်း အနည်းဆုံး ဗုံး ၂ လုံးကျခဲ့တဲ့အကြောင်း နယ်ခြား ဖာကွမ် (Farkawn) ရွာက မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဂါးဒီယန်း (The Guardian) သတင်းစာကလည်း ရေးပါတယ်။

CNF ချင်းအမျိုးသားတပ်ဦးဟာ စစ်ကောင်စီ ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူ ရပ်တည် တိုက်ပွဲဝင်တာကြောင့် အခုလို လေကြောင်းကနေ ထိုးစစ်ဆင်တာ ဖြစ်နိုင်တယ်လို့ CNF ရဲ့ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာ လျံမှုန်းဆာခေါင်း က VOA ကို ပြောပါတယ်။

ချင်းလူထုကို အလားတူ တိုက်ခိုက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကောင်စီအပေါ် ဆန့်ကျင်လိုစိတ်တွေပဲ ပိုကြီးမားလာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ CNF ဌာနချုပ် ဝိတိုရိယစခန်းထဲကို အနည်းဆုံး ဗုံး ၄ လုံးကျခဲ့တဲ့အကြောင်းနဲ့ စစ်ကောင်စီဘက်က Yak-130 နဲ့ MIG 29 တိုက်လေယာဉ်တွေကို သုံးခဲ့တဲ့အကြောင်း ချင်းတိုင်းရင်းအဖွဲ့ CAM က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ သူပိုင်နယ်ထဲ ဗုံးကျတဲ့အထိ မြန်မာစစ်တပ်ရဲ့ နယ်ကျော် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချပြစ်တင်ဖို့ CAM အဖွဲ့က တောင်းဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီဘက်က တုံပြန်ပြောဆိုချက်တွေတော့ လောလောဆယ် ထွက်မလာသေးပါဘူး။ CNF အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းတာကို CNF က ကန့်ကွက်ခဲ့ပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

XS
SM
MD
LG