သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

CNF ဌာနခ်ဳပ္ ဝိတိုရိယစခန္းကို စစ္ေကာင္စီ ေလေၾကာင္းကေန ၃ႀကိမ္ ထပ္မံ ဗုံးႀကဲတိုက္ခိုက္


ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) က ထုတ္ျပန္ထားတဲ့ ေလေၾကာင္းတိုက္ခိုက္မႈ ဗီြဒီယိုဖိုင္ (ဇန္နဝါရီ ၁၁၊ ၂၀၂၃)

CNF ဌာနခ်ဳပ္ျဖစ္တဲ့ ဝိတိုရိယစခန္းနဲ႔ ဖလမ္းၿမိဳ႕နယ္အစပ္မွာ ဒီေန႔ ညေနပိုင္းေလာက္ ျမန္မာစစ္ေကာင္စီက ေလေၾကာင္းကေန ၃ႀကိမ္ ထပ္မံ ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္၊ ေဆး႐ုံ ျပင္ပလူနာေဆာင္ ထိခိုက္ပ်က္စီးသလို မိသားစုလိုင္းခန္းတစ္ခု မီးေလာင္ပ်က္စီးသြားပါတယ္။ အခုလို ေလေၾကာင္းတိုက္ခိုက္မႈေတြကို ခ်င္းတိုင္းရင္းသား အဖြဲ႕အစည္းအေတာ္မ်ားမ်ားက ျပင္းျပင္းထန္ထန္ေဝဖန္ရႈတ္ခ်ခဲ့ပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က ေျပာျပပါမယ္။

ခ်င္းအမ်ိဳးသားတပ္ဦး(CNF) ဌာနခ်ဳပ္ရွိရာ ဝိတိုရိယစခန္းနဲ႔ ဖလမ္းၿမိဳ႕နယ္အစပ္မွာ ဇန္နဝါရီလ ၁၁ရက္ ဒီေန႔ညေန ၅နာရီေက်ာ္ေလာက္မွာ ဂ်က္ေလယာဥ္နဲ႔ ၃ႀကိမ္ထပ္မံ ဗုံးႀကဲတိုက္ခိုက္တယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြ႕ဲ (CHRO) ဒါ႐ိုက္တာတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ထန္တလန္ၿမိဳ႕နယ္ထဲမွာ Camp Victoria (ဝိတိုရိယစခန္း)ဆိုရင္ ႏွစ္ေနရာလို႔ ၾကားတယ္။ ႏွစ္ေနရာေပ့ါေနာ္။ ၿပီးေတာ့ ထန္တလန္ၿမိဳ႕နယ္နဲ႔ ဖလမ္းၿမိဳ႕နယ္ အဲ့နယ္စပ္မွာ ဖလမ္းၿမိဳ႕နယ္မထဲမွာ တစ္ေနရာ အဲ့လိုၾကားတာေပါ့ေနာ္။ ဂ်က္ဖိုက္တာက ၃စီးလို႔ က်ေနာ္ၾကားတယ္။ စခန္းမွာလည္း ၂ႀကိမ္ေလာက္ပစ္တယ္လို႔ ေျပာၾကတာပဲ ၿပီးေတာ့ အဲ့ဒီစခန္းနားမွာကို ဟိုတပ္စခန္းတစ္ေနရာမွာလည္း ပစ္တယ္ Victoria စခန္းမွာလည္း မီးခိုးေတြ႕တယ္လို႔ သူတို႔ ေျပာတယ္။”

ဝိတိုရိယစခန္းမွာရွိတဲ့ အမည္မေဖာ္လိုသူတဦးကေတာ့ စခန္းကို ဂ်က္ေလယာဥ္နဲ႔ ၂ႀကိမ္လာေရာက္ ဗုံးႀကဲေၾကာင္းနဲ႔
ေဆး႐ုံ ျပင္ပလူနာေဆာင္ ထိခိုက္ပ်က္စီးၿပီး မိသားစုလိုင္းခန္းတစ္ခု မီးေလာင္ပ်က္စီးသြားတယ္လို႔ အတည္ျပဳေျပာဆိုပါတယ္။ လူေတြကေတာ့ ေဘးကင္းတဲ့ေနရာကို ေျပာင္းေ႐ႊ႕ထားၾကလို႔ အထိအခိုက္မရွိဘူးလို႔ ေျပာပါတယ္။

ခ်င္းအမ်ိဳးသားတပ္ဦး(CNF) ဌာနခ်ဳပ္ရွိရာ ဝိတိုရိယစခန္းကို ဇန္နဝါရီလ ၁၀ ရက္ မေန႔ညေနကလည္း စစ္ေကာင္စီက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့လို႔ တပ္ဖြဲ႕ဝင္ ၅ ဦး ေသဆုံးၿပီး ၁၀ ဦးထက္မနည္း ဒဏ္ရာရရွိပါတယ္။ ဒဏ္ရာရသူေတြဟာ စစ္ေရွာင္ခုံလႈံလာတဲ့ အရပ္သားျပည္သူေတြျဖစ္တယ္လို႔ သိရပါတယ္။

ဝိတိုရိယစခန္းဟာ CNF တပ္ေတြ အဓိက ေျခကုတ္ေနထိုင္တဲ့ေနရာ မဟုတ္ဘဲ စစ္ေျပးဒုကၡသည္ေတြ ခိုလႈံတဲ့ေနရာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့ ေနရာေတြျဖစ္တယ္လို႔ (CHRO) ဒါ႐ိုက္တာတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ဘယ္လိုေျပာမလဲ ရႈတ္ခ်တာေပါ့ေနာ္။ တကယ္လို႔ ဒီ Camp Victoria (ဝိတိုရိယစခန္း)က CNF ဌာနခ်ဳပ္ျဖစ္ေပမယ့္ CNF ေတြက လုံးလုံးေျခကုတ္တာမဟုတ္ဘူး ခုေလာေလာဆယ္ဆယ္ စစ္ေျပးေရွာင္ေတြ အမ်ားအားျဖင့္ အရပ္သားေတြ ခိုလႈံတဲ့ အဝင္အထြက္လုပ္တဲ့ ေနရာျဖစ္တယ္။ က်န္းမာေရးျပဳစုတဲ့ေနရာလည္းျဖစ္တယ္။ အဲ့ဒါျဖစ္တဲ့အတြက္ေၾကာင့္ တကယ္ဆို အခုလုပ္တာက CNF သက္သက္ကို သူတို႔ Focus (အာ႐ံုစိုက္) လုပ္တာမဟုတ္ဘဲ အရပ္သားအျပစ္မဲ့ျပည္သူေတြကို သူတို႔ Focus (အာ႐ံုစိုက္) လုပ္တယ္လို႔ ျမင္တယ္။ အဲ့ဒါေၾကာင့္ တကယ္ဆိုး႐ြားတယ္လို႔ ေျပာခ်င္တယ္။ တကယ္စစ္ေရးအရ အေရးယူမယ္ဆိုရင္ တကယ္ဆိုရင္ သူတို႔ေျခကုပ္တဲ့ေနရာ CNF သီးသန႔္ေနတဲ့ေနရာ အမ်ားႀကီးရွိတာပဲ အဲ့ဒါ သူတို႔ဘာလို႔မလုပ္ပဲနဲ႔ အမ်ားအားျဖင့္ အရပ္သားရွိတဲ့ေနရာကို သူတို Focus (အာ႐ံုစိုက္) လုပ္တယ္ဆိုရင္ တကယ္ဆိုးဝါးတဲ့အရပ္သားအေပၚမွာ သူတို႔ ရည္႐ြယ္ခ်က္ရွိရွိလုပ္တယ္လို႔ က်ေနာ္တို႔သုံးသပ္တယ္။”

ဒီ CNF စခန္းဟာ အိႏၵိယ-ျမန္မာနယ္စပ္မွာ တည္ရွိတာျဖစ္ၿပီး အိႏၵိယႏိုင္ငံ နယ္နိမိတ္နဲ႔ ေခ်ာင္းတခုသာျခားတဲ့အတြက္ အခုလို စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗုံးႀကဲတာေၾကာင့္ အိႏၵိယဘက္ကိုလည္း ဗုံးသီး ႏွစ္လုံးက်တာရွိေပမယ့္ အိႏၵိယအစိုးရဖက္က တစုံတရာထုတ္ေဖာ္ ေျပာဆိုတာမ်ိဳး မေတြ႕ရေသးဘူးလို႔ (CHRO) ဒါ႐ိုက္တာက ေျပာဆိုပါတယ္။ CNF စခန္းကို ေလယာဥ္နဲ႔ ဗုံးႀကဲ တိုက္ခိုက္တာနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီက သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

အေမရိကန္ျပည္ေထာင္စု မယ္ရီလန္းျပည္နယ္က ခ်င္းတိုင္းရင္းသားမ်ားအဖြဲ႕ CAM ကလည္း ဒီျဖစ္စဥ္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ရႈတ္ခ်ပါတယ္။ ဒါေပမယ့္ ဒီလို တိုက္ခိုက္ခံရမႈေၾကာင့္ အားေလွ်ာ့စရာမရွိပဲ၊ စစ္အာဏာရွင္ဆန႔္က်င္ေရးအတြက္ ပိုၿပီး အင္အားေကာင္းလာဖို႔ပဲရွိတယ္လို႔လည္း CAM တာဝန္ရွိသူ ဇိုသုန္းမႈန္က VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔အေနနဲ႔ စစ္အာဏာရႈတ္ခ်ေရးအတြက္ အင္အားျဖစ္ေစတယ္လို႔ က်ေနာ္ အဲ့လိုပဲ သုံးသပ္ခ်င္တယ္။ သိတဲ့အတိုင္းပဲ က်ေနာ္တို႔ ခ်င္းက တူးမီးကို ကိုင္ၿပီး စတိုက္တဲ့ဟာ တိုက္လိမ္မယ့္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ၿပီးသားပဲ။ သူတို႔က ဒီႏိုင္ငံေရးကို ႏိုင္ငံေရးနဲ႔ မေျဖရွင္းပဲနဲ႔ အဲ့ဒီလို အၾကမ္းဖက္နည္းနဲ႔ တိုက္မယ္ဆိုတဲ့ဟာက က်ေနာ္တို႔က ေမွ်ာ္လင့္ထားၿပီးသား ဒါေပမယ့္ ခုနက်ေနာ္ေျပာသလို CNF ျဖစ္ျဖစ္ CDF ပဲ ျဖစ္ျဖစ္ ခ်င္းျပည္သူေတြအတြက္ ဒီဟာက အင္အားပိုၿပီးေတာ့ အင္အားျဖစ္ေစခ်င္တယ္။ စစ္အာဏာရွင္ျဖဳတ္ခ်ေရးအတြက္ အားတက္ေစခ်င္တယ္။ ဒီ CNA/CNF ဌာနခ်ဳပ္တိုက္တဲ့ဟာက ဒါအမွားပဲ။”

ခ်င္းကာကြယ္ေရးအဖြဲ႕ (CDF-မင္းတပ္) ကေတာ့ ဒီလုပ္ရပ္ကို ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္းနဲ႔ ခ်င္းျပည္သူတစ္ရပ္လုံးကို မထီမဲ့ျမင္ျပဳရာေရာက္ၿပီး စစ္ေကာင္စီ အေပၚ နာၾကည္းမႈမ်ား တိုးပြားေစတဲ့ လုပ္ရပ္ျဖစ္ၿပီး ခ်င္းျပည္သူေတြရဲ႕ ေတာ္လွန္ေရး စိတ္အားထက္သန္မႈကို ပိုမိုခိုင္မာေအာင္ လုပ္ျခင္းျဖစ္တယ္လို႔ ဒီေန႔ ထုတ္ျပန္ပါတယ္။

ဒီလုပ္ရပ္နဲ႔ ျဖစ္ပတ္သက္လို႔ ၾကားကာလ ခ်င္းအမ်ိဳးသား အတိုင္ပင္ခံေကာင္စီ၊ ခ်င္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ စတဲ့အဖြဲ႕အစည္းေတြကလည္း ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း အသီးသီး သေဘာထားထုတ္ျပန္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================================

[Unicode]

CNF ဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီ လေကြောင်းကနေ ၃ကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက်

CNF ဌာနချုပ်ဖြစ်တဲ့ ဝိတိုရိယစခန်းနဲ့ ဖလမ်းမြို့နယ်အစပ်မှာ ဒီနေ့ ညနေပိုင်းလောက် မြန်မာစစ်ကောင်စီက လေကြောင်းကနေ ၃ကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်၊ ဆေးရုံ ပြင်ပလူနာဆောင် ထိခိုက်ပျက်စီးသလို မိသားစုလိုင်းခန်းတစ်ခု မီးလောင်ပျက်စီးသွားပါတယ်။ အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို ချင်းတိုင်းရင်းသား အဖွဲ့အစည်းအတော်များများက ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။

ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ရှိရာ ဝိတိုရိယစခန်းနဲ့ ဖလမ်းမြို့နယ်အစပ်မှာ ဇန်နဝါရီလ ၁၁ရက် ဒီနေ့ညနေ ၅နာရီကျော်လောက်မှာ ဂျက်လေယာဉ်နဲ့ ၃ကြိမ်ထပ်မံ ဗုံးကြဲတိုက်ခိုက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွ့ဲ (CHRO) ဒါရိုက်တာတဦးက ဗွီအိုအေကို ပြောပါတယ်။

“ထန်တလန်မြို့နယ်ထဲမှာ Camp Victoria (ဝိတိုရိယစခန်း)ဆိုရင် နှစ်နေရာလို့ ကြားတယ်။ နှစ်နေရာပေ့ါနော်။ ပြီးတော့ ထန်တလန်မြို့နယ်နဲ့ ဖလမ်းမြို့နယ် အဲ့နယ်စပ်မှာ ဖလမ်းမြို့နယ်မထဲမှာ တစ်နေရာ အဲ့လိုကြားတာပေါ့နော်။ ဂျက်ဖိုက်တာက ၃စီးလို့ ကျနော်ကြားတယ်။ စခန်းမှာလည်း ၂ကြိမ်လောက်ပစ်တယ်လို့ ပြောကြတာပဲ ပြီးတော့ အဲ့ဒီစခန်းနားမှာကို ဟိုတပ်စခန်းတစ်နေရာမှာလည်း ပစ်တယ် Victoria စခန်းမှာလည်း မီးခိုးတွေ့တယ်လို့ သူတို့ ပြောတယ်။”

ဝိတိုရိယစခန်းမှာရှိတဲ့ အမည်မဖော်လိုသူတဦးကတော့ စခန်းကို ဂျက်လေယာဉ်နဲ့ ၂ကြိမ်လာရောက် ဗုံးကြဲကြောင်းနဲ့
ဆေးရုံ ပြင်ပလူနာဆောင် ထိခိုက်ပျက်စီးပြီး မိသားစုလိုင်းခန်းတစ်ခု မီးလောင်ပျက်စီးသွားတယ်လို့ အတည်ပြုပြောဆိုပါတယ်။ လူတွေကတော့ ဘေးကင်းတဲ့နေရာကို ပြောင်းရွှေ့ထားကြလို့ အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်ရှိရာ ဝိတိုရိယစခန်းကို ဇန်နဝါရီလ ၁၀ ရက် မနေ့ညနေကလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိပါတယ်။ ဒဏ်ရာရသူတွေဟာ စစ်ရှောင်ခုံလှုံလာတဲ့ အရပ်သားပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဝိတိုရိယစခန်းဟာ CNF တပ်တွေ အဓိက ခြေကုတ်နေထိုင်တဲ့နေရာ မဟုတ်ဘဲ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံတဲ့နေရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေဖြစ်တယ်လို့ (CHRO) ဒါရိုက်တာတဦးက ပြောပါတယ်။

“ကျနော်တို့ ဘယ်လိုပြောမလဲ ရှုတ်ချတာပေါ့နော်။ တကယ်လို့ ဒီ Camp Victoria (ဝိတိုရိယစခန်း)က CNF ဌာနချုပ်ဖြစ်ပေမယ့် CNF တွေက လုံးလုံးခြေကုတ်တာမဟုတ်ဘူး ခုလောလောဆယ်ဆယ် စစ်ပြေးရှောင်တွေ အများအားဖြင့် အရပ်သားတွေ ခိုလှုံတဲ့ အဝင်အထွက်လုပ်တဲ့ နေရာဖြစ်တယ်။ ကျန်းမာရေးပြုစုတဲ့နေရာလည်းဖြစ်တယ်။ အဲ့ဒါဖြစ်တဲ့အတွက်ကြောင့် တကယ်ဆို အခုလုပ်တာက CNF သက်သက်ကို သူတို့ Focus (အာရုံစိုက်) လုပ်တာမဟုတ်ဘဲ အရပ်သားအပြစ်မဲ့ပြည်သူတွေကို သူတို့ Focus (အာရုံစိုက်) လုပ်တယ်လို့ မြင်တယ်။ အဲ့ဒါကြောင့် တကယ်ဆိုးရွားတယ်လို့ ပြောချင်တယ်။ တကယ်စစ်ရေးအရ အရေးယူမယ်ဆိုရင် တကယ်ဆိုရင် သူတို့ခြေကုပ်တဲ့နေရာ CNF သီးသန့်နေတဲ့နေရာ အများကြီးရှိတာပဲ အဲ့ဒါ သူတို့ဘာလို့မလုပ်ပဲနဲ့ အများအားဖြင့် အရပ်သားရှိတဲ့နေရာကို သူတို Focus (အာရုံစိုက်) လုပ်တယ်ဆိုရင် တကယ်ဆိုးဝါးတဲ့အရပ်သားအပေါ်မှာ သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ကျနော်တို့သုံးသပ်တယ်။”

ဒီ CNF စခန်းဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာ တည်ရှိတာဖြစ်ပြီး အိန္ဒိယနိုင်ငံ နယ်နိမိတ်နဲ့ ချောင်းတခုသာခြားတဲ့အတွက် အခုလို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အိန္ဒိယဘက်ကိုလည်း ဗုံးသီး နှစ်လုံးကျတာရှိပေမယ့် အိန္ဒိယအစိုးရဖက်က တစုံတရာထုတ်ဖော် ပြောဆိုတာမျိုး မတွေ့ရသေးဘူးလို့ (CHRO) ဒါရိုက်တာက ပြောဆိုပါတယ်။ CNF စခန်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်က ချင်းတိုင်းရင်းသားများအဖွဲ့ CAM ကလည်း ဒီဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချပါတယ်။ ဒါပေမယ့် ဒီလို တိုက်ခိုက်ခံရမှုကြောင့် အားလျှော့စရာမရှိပဲ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပိုပြီး အင်အားကောင်းလာဖို့ပဲရှိတယ်လို့လည်း CAM တာဝန်ရှိသူ ဇိုသုန်းမှုန်က VOA ကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ စစ်အာဏာရှုတ်ချရေးအတွက် အင်အားဖြစ်စေတယ်လို့ ကျနော် အဲ့လိုပဲ သုံးသပ်ချင်တယ်။ သိတဲ့အတိုင်းပဲ ကျနော်တို့ ချင်းက တူးမီးကို ကိုင်ပြီး စတိုက်တဲ့ဟာ တိုက်လိမ်မယ့်လို့ ကျနော်တို့ မျှော်လင့်ပြီးသားပဲ။ သူတို့က ဒီနိုင်ငံရေးကို နိုင်ငံရေးနဲ့ မဖြေရှင်းပဲနဲ့ အဲ့ဒီလို အကြမ်းဖက်နည်းနဲ့ တိုက်မယ်ဆိုတဲ့ဟာက ကျနော်တို့က မျှော်လင့်ထားပြီးသား ဒါပေမယ့် ခုနကျနော်ပြောသလို CNF ဖြစ်ဖြစ် CDF ပဲ ဖြစ်ဖြစ် ချင်းပြည်သူတွေအတွက် ဒီဟာက အင်အားပိုပြီးတော့ အင်အားဖြစ်စေချင်တယ်။ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အားတက်စေချင်တယ်။ ဒီ CNA/CNF ဌာနချုပ်တိုက်တဲ့ဟာက ဒါအမှားပဲ။”

ချင်းကာကွယ်ရေးအဖွဲ့ (CDF-မင်းတပ်) ကတော့ ဒီလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ချင်းပြည်သူတစ်ရပ်လုံးကို မထီမဲ့မြင်ပြုရာရောက်ပြီး စစ်ကောင်စီ အပေါ် နာကြည်းမှုများ တိုးပွားစေတဲ့ လုပ်ရပ်ဖြစ်ပြီး ချင်းပြည်သူတွေရဲ့ တော်လှန်ရေး စိတ်အားထက်သန်မှုကို ပိုမိုခိုင်မာအောင် လုပ်ခြင်းဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီလုပ်ရပ်နဲ့ ဖြစ်ပတ်သက်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ စတဲ့အဖွဲ့အစည်းတွေကလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း အသီးသီး သဘောထားထုတ်ပြန်ထားကြပါတယ်။

XS
SM
MD
LG