သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖလမ္း-ဟားခါးလမ္း စစ္ေျပးဒုကၡသည္မ်ားေနရပ္ျပန္ဖို႔ ခက္ခဲ


ခ်င္းျပည္နယ္အတြင္းက စစ္ေဘးေရွာင္ျပည္သူမ်ား (AFP/CHIN WORLD)

[[ZAWGYI]]


ခ်င္းျပည္နယ္၊ ဖလမ္း - ဟားခါး လမ္းတေလွ်ာက္မွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား ၁၂ ရက္ၾကာ တိုက္ပြဲေတြျဖစ္ခဲ့ၿပီး ေဒသခံ ၂ ေသာင္းနီးပါး ေနအိမ္စြန႔္ ထြက္ေျပးေနရပါတယ္။ တိုက္ပြဲအေျခအေနတည္ၿငိမ္စျပဳလို႔ ႐ြာသူ႐ြာသားတခ်ိဳ႕ ႐ြာထဲျပန္ဝင္လာၾကေပမယ့္လည္း၊ ႐ြာလုံးကြၽတ္နီးပါး ေနအိမ္မီးရႈိ႕ခံလိုက္ရတဲ့ အေျခအေနေၾကာင့္အခက္အခဲေတြရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို အလိမၼာေျပာျပပါမယ္။

ခ်င္းျပည္နယ္၊ ဖလမ္း - ဟားခါး လမ္းတေလွ်ာက္မွာ စစ္ေကာင္စီတပ္နဲ႔ ခ်င္းကာကြယ္ေရး တပ္ေပါင္းစုေတြၾကား ဇူလိုင္လ ၁၆ ရက္၊ ၿပီးခဲ့တဲ့ စေနေန႔အထိ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ ၁၂ ရက္ၾကာ အျပန္အလွန္ပစ္ခတ္တာေတြ ရွိခဲ့ၿပီး အဲဒီအနီးဝန္းက်င္က ႐ြာေတြမွာေနထိုင္သူေတြ ေဘးလြတ္ရာထြက္ေျပးခဲ့ရပါတယ္။ အခုခ်ိန္မွာ ပစ္ခတ္မႈေတြမရွိေတာ့ေပမယ့္ ေနအိမ္စြန႔္ ထြက္ေျပးၾကသူအားလုံးကေတာ့ ျပန္မလာႏိုင္ေသးဘူးလို႔ ခ်င္းအမ်ိဳးသားကာကြယ္ေရး တပ္ဖြဲ႕ CNO/CNDF ေျပာေရးဆိုခြင့္ရွိသူက VOA ကိုေျပာပါတယ္။

"အခုေလာေလာဆယ္ ဟားခါး - ဖလမ္း လမ္းမႀကီးကေတာ့ စစ္ေရးအေျခအေန မရွိေတာ့ဘူးလို႔ ေျပာရမွာပဲ။ သူတို႔ (စကစ) ေတြ ဟားခါးေရာက္သြားၿပီဆိုေတာ့။ ႐ြာသူ႐ြာသားတခ်ိဳ႕ကေတာ့ ႐ြာထဲကိုျပန္ဝင္ၾကၿပီ။ တခ်ိဳ႕တျခားေက်း႐ြာေတြကေတာ့ အကုန္လုံးလိုလို မီးရႈိ႕ခံရတဲ့အခါက်ေတာ့ သူတို႔ေတြက ၿမိဳ႕ထဲမွာဝင္ေနၾကတယ္ဗ်။ တခ်ိဳ႕ကေတာ့ ေဆြမ်ိဳးအိမ္ေတြမွာ ေနၾကတယ္။"

တိုက္ပြဲကာလအတြင္း စစ္ေရွာင္သူဦးေရ ၂ ေသာင္းနီးပါးေလာက္ ရွိခဲ့တယ္လို႔ ေျပာပါတယ္။ တိုက္ပြဲျဖစ္ပြားတဲ့ လမ္းေၾကာင္းတေလွ်ာက္က ေက်း႐ြာတခ်ိဳ႕မွာ လူေနအိမ္အေတာ္မ်ားမ်ား မီးရႈိ႕ခံခဲ့ရပါတယ္။ ဖလမ္းၿမိဳ႕နယ္၊ တားလ္ေက်း႐ြာမွာဆိုရင္ တ႐ြာလုံးနီးပါး မီးရႈိ႕ခံရလို႔ လူေနအိမ္ ၄ လုံး၊ ဘုရားေက်ာင္းအေဆာက္အဦ ၁ လုံး၊ စာသင္ေက်ာင္း ၁ ေက်ာင္းနဲ႔ စာေရးေနအိမ္ ၁ လုံးသာ က်န္ခဲ့တယ္လို႔ ေဒသတြင္းမီဒီယာေတြမွာ ေဖာ္ျပထားၾကပါတယ္။ ဖလမ္း လမ္းေၾကာင္းတေလွ်ာက္ တိုက္ပြဲျဖစ္ေနခ်ိန္ ေဒသခံေတြဟာ အနီးဝန္းက်င္က ေဘးလြတ္ႏိုင္မယ့္ေနရာေတြမွာသာ ယာယီပုန္းခိုခဲ့ၾကတာပါ။

"ဒါေပမဲ့ သူတို႔ကေျပးလာဆိုေတာ့ မေျပးဘူး။ ယာယီတဲနဲ႔ေနၾကတယ္။ ေတာင္ယာေတြမွာေနၾကတယ္။ အဲဒီလို ပုံစံမ်ိဳးနဲ႔ေနၾကေတာ့ စစ္ေကာင္စီ႐ြာထဲမဝင္ရင္ေတာ့ ႐ြာသူ႐ြာသားေတြက ႐ြာထဲကိုျပန္ဝင္ေနၾကတယ္။ အဲလိုမ်ိဳး စစ္ေရွာင္ေတြက ယာယီသေဘာပုံစံမ်ိဳး ေျပးၾကတာေပါ့။"

ကေလး - ဖလမ္း လမ္းေၾကာင္းတေလွ်ာက္ ခ်ီတက္လာတဲ့ စစ္ေကာင္စီယာဥ္တန္း ဟားခါးဘက္ကို ေရာက္သြားလို႔ ဖလမ္းဘက္မွာ အေျခအေနေတြ တည္ၿငိမ္စျပဳေပမယ့္လည္း အခ်ိန္မေ႐ြး တိုက္ပြဲျပန္ျဖစ္ႏိုင္တဲ့ အေနအထားမွာ ရွိတယ္လို႔လည္း ေဒသခံကာကြယ္ေရးအဖြဲ႕ဘက္က ေျပာပါတယ္။

"ကေလး - ဖလမ္း လမ္းမႀကီးမွာ စကစဘက္က သူတို႔စခန္းခ်ထားတဲ့ဟာ တခုရွိတယ္။ နယ္ေျမက တည္ၿငိမ္တာခ်ည္းပဲေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ အဲဒါလည္းပဲ ဘယ္အခ်ိန္မဆို ပစ္ခတ္မႈေတြရွိႏိုင္တဲ့ အေျခအေနမွာေတာ့ ရွိတယ္ဗ်။"

ခ်င္းျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာထုတ္ျပန္တာ မရွိေသးပါဘူး။ တိုက္ပြဲအတြင္းမွာ စစ္ေကာင္စီဘက္က က်ဆုံးသူ ၄၅ ဦးထက္မကရွိခဲ့ၿပီး၊ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္ကေတာ့ ၂ ဦးေသဆုံးၿပီး၊ ၁၄ ဦး ဒဏ္ရာရခဲ့တယ္လို႔ ခ်င္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[UNICODE]]

ချင်းပြည်နယ်၊ ဖလမ်း - ဟားခါး လမ်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား ၁၂ ရက်ကြာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံ ၂ သောင်းနီးပါး နေအိမ်စွန့် ထွက်ပြေးနေရပါတယ်။ တိုက်ပွဲအခြေအနေတည်ငြိမ်စပြုလို့ ရွာသူရွာသားတချို့ ရွာထဲပြန်ဝင်လာကြပေမယ့်လည်း၊ ရွာလုံးကျွတ်နီးပါး နေအိမ်မီးရှို့ခံလိုက်ရတဲ့ အခြေအနေကြောင့်အခက်အခဲတွေရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အလိမ္မာပြောပြပါမယ်။

ချင်းပြည်နယ်၊ ဖလမ်း - ဟားခါး လမ်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး တပ်ပေါင်းစုတွေကြား ဇူလိုင်လ ၁၆ ရက်၊ ပြီးခဲ့တဲ့ စနေနေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ၁၂ ရက်ကြာ အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့ပြီး အဲဒီအနီးဝန်းကျင်က ရွာတွေမှာနေထိုင်သူတွေ ဘေးလွတ်ရာထွက်ပြေးခဲ့ရပါတယ်။ အခုချိန်မှာ ပစ်ခတ်မှုတွေမရှိတော့ပေမယ့် နေအိမ်စွန့် ထွက်ပြေးကြသူအားလုံးကတော့ ပြန်မလာနိုင်သေးဘူးလို့ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူက VOA ကိုပြောပါတယ်။

"အခုလောလောဆယ် ဟားခါး - ဖလမ်း လမ်းမကြီးကတော့ စစ်ရေးအခြေအနေ မရှိတော့ဘူးလို့ ပြောရမှာပဲ။ သူတို့ (စကစ) တွေ ဟားခါးရောက်သွားပြီဆိုတော့။ ရွာသူရွာသားတချို့ကတော့ ရွာထဲကိုပြန်ဝင်ကြပြီ။ တချို့တခြားကျေးရွာတွေကတော့ အကုန်လုံးလိုလို မီးရှို့ခံရတဲ့အခါကျတော့ သူတို့တွေက မြို့ထဲမှာဝင်နေကြတယ်ဗျ။ တချို့ကတော့ ဆွေမျိုးအိမ်တွေမှာ နေကြတယ်။"

တိုက်ပွဲကာလအတွင်း စစ်ရှောင်သူဦးရေ ၂ သောင်းနီးပါးလောက် ရှိခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ လမ်းကြောင်းတလျှောက်က ကျေးရွာတချို့မှာ လူနေအိမ်အတော်များများ မီးရှို့ခံခဲ့ရပါတယ်။ ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာမှာဆိုရင် တရွာလုံးနီးပါး မီးရှို့ခံရလို့ လူနေအိမ် ၄ လုံး၊ ဘုရားကျောင်းအဆောက်အဦ ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ စာရေးနေအိမ် ၁ လုံးသာ ကျန်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။ ဖလမ်း လမ်းကြောင်းတလျှောက် တိုက်ပွဲဖြစ်နေချိန် ဒေသခံတွေဟာ အနီးဝန်းကျင်က ဘေးလွတ်နိုင်မယ့်နေရာတွေမှာသာ ယာယီပုန်းခိုခဲ့ကြတာပါ။

"ဒါပေမဲ့ သူတို့ကပြေးလာဆိုတော့ မပြေးဘူး။ ယာယီတဲနဲ့နေကြတယ်။ တောင်ယာတွေမှာနေကြတယ်။ အဲဒီလို ပုံစံမျိုးနဲ့နေကြတော့ စစ်ကောင်စီရွာထဲမဝင်ရင်တော့ ရွာသူရွာသားတွေက ရွာထဲကိုပြန်ဝင်နေကြတယ်။ အဲလိုမျိုး စစ်ရှောင်တွေက ယာယီသဘောပုံစံမျိုး ပြေးကြတာပေါ့။"

ကလေး - ဖလမ်း လမ်းကြောင်းတလျှောက် ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ဟားခါးဘက်ကို ရောက်သွားလို့ ဖလမ်းဘက်မှာ အခြေအနေတွေ တည်ငြိမ်စပြုပေမယ့်လည်း အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။

"ကလေး - ဖလမ်း လမ်းမကြီးမှာ စကစဘက်က သူတို့စခန်းချထားတဲ့ဟာ တခုရှိတယ်။ နယ်မြေက တည်ငြိမ်တာချည်းပဲတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါလည်းပဲ ဘယ်အချိန်မဆို ပစ်ခတ်မှုတွေရှိနိုင်တဲ့ အခြေအနေမှာတော့ ရှိတယ်ဗျ။"

ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျဆုံးသူ ၄၅ ဦးထက်မကရှိခဲ့ပြီး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ၂ ဦးသေဆုံးပြီး၊ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

#MyanmarViolence #VOABurmese #ခ်င္း #စစ္ေျပးဒုကၡသည္ #ဖလမ္း #ဟားခါး #ခ်င္းအမ်ိဳးသားကာကြယ္ေရးတပ္ဖဲြ႕ #CNO #CNF

XS
SM
MD
LG