သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္မႈ အိမ္နီးခ်င္းေလပိုင္နက္အသုံးျပဳခြင့္မေပးဖို႔ NUG ေတာင္းဆို


Myanmar Ari Force JF-17/FC-1

တိုင္းရင္းသားေဒသေတြကို ျမန္မာစစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္ရာမွာ ျမန္မာအိမ္နီးခ်င္းႏိုင္ငံေတြအေနနဲ႔ မိမိတို႔ေလပိုင္နက္ကိုအသုံးျပဳခြင့္မေပးဖို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရက ပန္ၾကားေတာင္းဆိုလိုက္ပါတယ္။ ဇန္နဝါရီ ၁၀ ရက္နဲ႔ ၁၁ ရက္ေန႔ေတြတုန္းက ခ်င္းအမ်ိဳးသားတပ္ဦး CNF ဗဟိုဌာနခ်ဳပ္ကို စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္ရာမွာ အိမ္နီးခ်င္းအိႏၵိယႏိုင္ငံေလပိုင္နက္ကို က်ဴးေက်ာ္အသုံးခ်ခဲ့တယ္လို႔ NUG ရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကုန္ပိုင္းမွာလည္း ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ အနန္ပါ့ ကို စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားေတြထိခိုက္ေသဆုံးခဲ့ရတဲ့အေပၚ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက ေဝဖန္ျပစ္တင္ခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာပဲ ကရင္ျပည္နယ္တြင္း တိုက္ပြဲေတြမွာလည္း စစ္ေကာင္စီက ေလေၾကာင္းသုံးတိုက္ခိုက္တာေတြရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာတင္ စစ္ေကာင္စီဟာ ဘဂၤလားေဒ့ရ္ွနဲ႔ ထိုင္းေလပိုင္နက္ေတြထဲ ဝင္ေရာက္ၿပီး၊ နယ္စပ္က ျမန္မာတိုင္းရင္းသားေဒသေတြကို ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ခဲ့ဖူးပါတယ္။ ဘဂၤလားေဒ့ရ္ွႏိုင္ငံကေတာ့ သူတို႔ေလေၾကာင္းပိုင္နက္ထဲ ျမန္မာဂ်က္ေလယာဥ္ေတြဝင္ေရာက္လာတဲ့အေပၚ ျပင္းျပင္းထန္ထန္ကန႔္ကြက္ခဲ့ပါတယ္။

စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ေတာ္လွန္တဲ့ ျမန္မာျပည္တြင္း စစ္ကိုင္း၊ မေကြး၊ ကခ်င္၊ ကရင္၊ ရွမ္း၊ ကယားနဲ႔ အခုေနာက္ဆုံး ခ်င္းျပည္နယ္တြင္း လက္နက္ကိုင္အဖြဲ႕အစည္းေတြကို ျမန္မာစစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈေတြ ပိုတိုးလုပ္လာတာနဲ႔အတူ၊ ေဒသခံအရပ္သားေတြ ထိခိုက္ေသဆုံးမႈရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံတြင္း စစ္ကိုင္း မေကြးေဒသက တိုက္ပြဲေတြမွာလည္း စစ္ေကာင္စီက ေလေၾကာင္းပစ္ကူသုံးတာေတြ ေလေၾကာင္းခ်ီတိုက္ခိုက္မႈေတြလုပ္တာေၾကာင့္ အရပ္သားထိခိုက္မႈေတြရွိေနပါတယ္။

အရပ္သားေနရာေတြကို တိုက္ခိုက္ျခင္းကို ဆန႔္က်င္ရႈတ္ခ်တဲ့ ကုလသမဂၢဆုံးျဖတ္ခ်က္အမွတ္ ၂၆၆၉ အရ ဒီလိုအၾကမ္းဖက္မႈေတြကို တားဆီးဟန႔္တားဖို႔လိုအပ္တယ္လို႔ NUG က ေထာက္ျပထားပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ လက္နက္ကိုင္အဖြဲ႕အစည္းေတြကို ပစ္မွတ္ထားတိုက္ခိုက္တာလို႔ ေျဖရွင္းခ်က္ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အိမ်နီးချင်းလေပိုင်နက်အသုံးပြုခွင့်မပေးဖို့ NUG တောင်းဆို

တိုင်းရင်းသားဒေသတွေကို မြန်မာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာမှာ မြန်မာအိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့လေပိုင်နက်ကိုအသုံးပြုခွင့်မပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ပန်ကြားတောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေတုန်းက ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာမှာ အိမ်နီးချင်းအိန္ဒိယနိုင်ငံလေပိုင်နက်ကို ကျူးကျော်အသုံးချခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းမှာလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန်ပါ့ ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေထိခိုက်သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာပဲ ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာတင် စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရ်ှနဲ့ ထိုင်းလေပိုင်နက်တွေထဲ ဝင်ရောက်ပြီး၊ နယ်စပ်က မြန်မာတိုင်းရင်းသားဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ဖူးပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကတော့ သူတို့လေကြောင်းပိုင်နက်ထဲ မြန်မာဂျက်လေယာဉ်တွေဝင်ရောက်လာတဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်တဲ့ မြန်မာပြည်တွင်း စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကရင်၊ ရှမ်း၊ ကယားနဲ့ အခုနောက်ဆုံး ချင်းပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို မြန်မာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတာနဲ့အတူ၊ ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း စစ်ကိုင်း မကွေးဒေသက တိုက်ပွဲတွေမှာလည်း စစ်ကောင်စီက လေကြောင်းပစ်ကူသုံးတာတွေ လေကြောင်းချီတိုက်ခိုက်မှုတွေလုပ်တာကြောင့် အရပ်သားထိခိုက်မှုတွေရှိနေပါတယ်။

အရပ်သားနေရာတွေကို တိုက်ခိုက်ခြင်းကို ဆန့်ကျင်ရှုတ်ချတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ ဒီလိုအကြမ်းဖက်မှုတွေကို တားဆီးဟန့်တားဖို့လိုအပ်တယ်လို့ NUG က ထောက်ပြထားပါတယ်။ မြန်မာစစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ဖြေရှင်းချက်ပေးထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG