သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္နက္ထုတ္လုပ္ေရး ႏိုင္ငံတကာကုမၸဏီတခ်ိဳ႕ပတ္သက္မႈ SAC-M ထုတ္ျပန္


တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနား

ဩစေတးလ်၊ ျပင္သစ္၊ တ႐ုတ္၊ စင္ကာပူ၊ အစၥေရး၊ ယူကရိန္း၊ ဂ်ာမဏီ၊ ထိုင္ဝမ္၊ ဂ်ပန္၊ ႐ုရွား၊ ေတာင္ကိုရီယားနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔မွာ အေျခစိုက္တဲ့ ကုမၸဏီတခ်ိဳ႕ဟာ စစ္ေကာင္စီရဲ႕ စစ္လက္နက္ထုတ္လုပ္မႈေတြမွာ ပါဝင္ပတ္သက္ေနၾကတယ္လို႔ SAC-M ရဲ႕ ဒီကေန႔ထုတ္ျပန္တဲ့ အစီရင္ခံစာမွာေဖာ္ျပတာပါ။

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာအသုံးျပဳတဲ့ စစ္ေကာင္စီရဲ႕ စစ္လက္နက္ပစၥည္းေတြ ထုတ္လုပ္ရာမွာဥေရာပ၊ အာရွနဲ႔ ေျမာက္အေမရိကားအပါအဝင္ ႏိုင္ငံေပါင္း ၁၃ႏိုင္ငံထက္မနည္းက စီးပြားေရးကုမၸဏီေတြ ပါဝင္ပတ္သက္ေနၾကတယ္လို႔ SAC-M ျမန္မာႏိုင္ငံအတြက္ အထူးအႀကံေပးေကာင္စီက ထုတ္ျပန္ပါတယ္။ ဩစေၾတးလ်၊ ျပင္သစ္၊ တ႐ုတ္၊ စင္ကာပူ၊ အစၥေရး၊ ယူကရိန္း၊ ဂ်ာမဏီ၊ ထိုင္ဝမ္၊ ဂ်ပန္၊ ႐ုရွား၊ ေတာင္ကိုရီယားနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔မွာ အေျခစိုက္တဲ့ ကုမၸဏီတခ်ိဳ႕ဟာ စစ္ေကာင္စီရဲ႕ စစ္လက္နက္ထုတ္လုပ္မႈေတြမွာ ပါဝင္ပတ္သက္ေနၾကတယ္လို႔ "လူ႔အသက္ေတြဆုံးရႈံးရတဲ့စီးပြားေရးလုပ္ငန္းမ်ား" ဆိုတဲ့ SAC-M ရဲ႕ ဒီကေန႔ထုတ္ျပန္တဲ့ အစီရင္ခံစာမွာေဖာ္ျပတာပါ။

ကပစ လို႔ အမ်ားသိတဲ့ စစ္ေကာင္စီရဲ႕ ကာကြယ္ေရးပစၥည္းစက္႐ုံေတြက စစ္လက္နက္ထုတ္လုပ္မႈေတြမွာ အဲဒီ ကုမၸဏီေတြက ေထာက္ပံ့ ပံ့ပိုးေနၾကတယ္လို႔ ဆိုပါတယ္။ ျမန္မာလူထုကို ေန႔စဥ္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြက်ဴးလြန္ႏိုင္ဖို႔ စစ္ေကာင္စီရဲ႕ စစ္လက္နက္ထုတ္လုပ္မႈေတြမွာ ဒီကုမၸဏီေတြ ပါဝင္ပတ္သက္ေနၾကတယ္လို႔ SAC-M အဖြဲ႕က Ms.Yanhee Lee က ေျပာပါတယ္။

ႏိုင္ငံတကာဥပေဒကိုခ်ိဳးေဖာက္ရာေရာက္တဲ့ ျမန္မာႏိုင္ငံတြင္းလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ စစ္ေကာင္စီက အဲဒီ့စစ္လက္နက္ပစၥည္းေတြကို အသုံးျပဳေနတာေၾကာင့္၊ စစ္ေကာင္စီရဲ႕ လက္နက္ထုတ္လုပ္မႈလုပ္ငန္းေတြမွာ မပတ္သက္ၾကဖို႔ SAC-M က အဲဒီ လုပ္ငန္းကုမၸဏီေတြကို တိုက္တြန္းေတာင္းဆိုထားပါတယ္။ ျမန္မာစစ္ေကာင္စီရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ စစ္လက္နက္ပစၥည္းသယ္ယူပို႔ေဆာင္မႈဆိုင္ရာ ေပါက္ၾကားလာတဲ့ မွတ္တမ္းေတြ၊ ျမန္မာစစ္တပ္နဲ႔ပတ္သက္ခဲ့သူတဦးခ်င္းနဲ႔ အင္တာဗ်ဴးေတြ၊ အျခားဓါတ္ပုံအေထာက္အထားေတြအေပၚ တည္ၿပီး ဒီအစီရင္ခံစာကို ျပဳစုခဲ့တာလို႔ ဆိုပါတယ္။

SAC-M အဖြဲ႕ဟာ ျမန္မာ့အေရးဆိုင္ရာ ကုလလူ႔အခြင့္အေရးအရာရွိေဟာင္းေတြ စုဖြဲ႕ထားတာျဖစ္ၿပီး၊ စစ္ေကာင္စီရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို မျပတ္ေစာင့္ၾကည့္ေဝဖန္ေနတဲ့အဖြဲ႕ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္တြင္းေနရာအေတာ္မ်ားမ်ားမွာ မတည္ၿငိမ္မႈေတြ စစ္ေရးပဋိပကၡေတြႀကဳံေနရတာပါ။ ျမန္မာႏိုင္ငံမွာ အရပ္သားျပည္သူေတြကို ဖိႏွိပ္ရာမွာ ျပည္တြင္းထုတ္လက္နက္ေတြကို အသုံးျပဳေနတယ္လို႔ SAC-M က ေဖာ္ျပပါတယ္။

အစီရင္ခံစာထဲ ေဖာ္ျပတဲ့ ကုမၸဏီေတြဟာ အဲဒီလက္နက္ထုတ္လုပ္ေရးမွာ လိုအပ္တဲ့ ကုန္ၾကမ္းပစၥည္း၊ သင္တန္းနဲ႔ နည္းပညာေထာက္ပံ့မႈေတြလုပ္ေနတယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြေၾကာင့္ ျမန္မာစစ္တပ္နဲ႔ ႏွီးႏြယ္ပတ္သက္တဲ့ စီးပြားေရးလုပ္ငန္းေတြကိုလည္း အေနာက္ႏိုင္ငံအမ်ားစုက ပစ္မွတ္ထားဒဏ္ခတ္မႈေတြတိုးလုပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

စစ်ကောင်စီလက်နက်ထုတ်လုပ်ရေး နိုင်ငံတကာကုမ္ပဏီတချို့ပတ်သက်မှု SAC-M ထုတ်ပြန်
ဇန်နဝါရီ ၁၆၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာဥရောပ၊ အာရှနဲ့ မြောက်အမေရိကားအပါအဝင် နိုင်ငံပေါင်း ၁၃နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီက ထုတ်ပြန်ပါတယ်။ ဩစတြေးလျ၊ ပြင်သစ်၊ တရုတ်၊ စင်ကာပူ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမဏီ၊ ထိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီတချို့ဟာ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတယ်လို့ "လူ့အသက်တွေဆုံးရှုံးရတဲ့စီးပွားရေးလုပ်ငန်းများ" ဆိုတဲ့ SAC-M ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြတာပါ။

ကပစ လို့ အများသိတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက စစ်လက်နက်ထုတ်လုပ်မှုတွေမှာ အဲဒီ ကုမ္ပဏီတွေက ထောက်ပံ့ ပံ့ပိုးနေကြတယ်လို့ ဆိုပါတယ်။ မြန်မာလူထုကို နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နိုင်ဖို့ စစ်ကောင်စီရဲ့ စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ဒီကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ SAC-M အဖွဲ့က Ms.Yanhee Lee က ပြောပါတယ်။

နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်တဲ့ မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ စစ်ကောင်စီက အဲဒီ့စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုနေတာကြောင့်၊ စစ်ကောင်စီရဲ့ လက်နက်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ မပတ်သက်ကြဖို့ SAC-M က အဲဒီ လုပ်ငန်းကုမ္ပဏီတွေကို တိုက်တွန်းတောင်းဆိုထားပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်လက်နက်ပစ္စည်းသယ်ယူပို့ဆောင်မှုဆိုင်ရာ ပေါက်ကြားလာတဲ့ မှတ်တမ်းတွေ၊ မြန်မာစစ်တပ်နဲ့ပတ်သက်ခဲ့သူတဦးချင်းနဲ့ အင်တာဗျူးတွေ၊ အခြားဓါတ်ပုံအထောက်အထားတွေအပေါ် တည်ပြီး ဒီအစီရင်ခံစာကို ပြုစုခဲ့တာလို့ ဆိုပါတယ်။

SAC-M အဖွဲ့ဟာ မြန်မာ့အရေးဆိုင်ရာ ကုလလူ့အခွင့်အရေးအရာရှိဟောင်းတွေ စုဖွဲ့ထားတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မပြတ်စောင့်ကြည့်ဝေဖန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရာအတော်များများမှာ မတည်ငြိမ်မှုတွေ စစ်ရေးပဋိပက္ခတွေကြုံနေရတာပါ။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို ဖိနှိပ်ရာမှာ ပြည်တွင်းထုတ်လက်နက်တွေကို အသုံးပြုနေတယ်လို့ SAC-M က ဖော်ပြပါတယ်။

အစီရင်ခံစာထဲ ဖော်ပြတဲ့ ကုမ္ပဏီတွေဟာ အဲဒီလက်နက်ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း၊ သင်တန်းနဲ့ နည်းပညာထောက်ပံ့မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ်နဲ့ နှီးနွယ်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အနောက်နိုင်ငံအများစုက ပစ်မှတ်ထားဒဏ်ခတ်မှုတွေတိုးလုပ်နေပါတယ်။

XS
SM
MD
LG