သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ ကန္ႏိုင္ငံျခားေရးဝန္ႀကီးႀကိဳဆို


G20-INDONESIA/BLINKEN-NEWSER အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken

(zawgyi/unicode)

Updated!
ဒီဇင္ဘာ ၂၂၊ ၂၀၂၂

ျမန္မာ့အေရး ကုလလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အမွတ္ ၂၆၆၉ ကို အေမရိကန္ျပည္ေထာင္စုက ႀကိဳဆိုလိုက္ပါတယ္။ စစ္ေကာင္စီအေနနဲ႔ ျမန္မာ့အရပ္သာေးတြအေပၚ အၾကမ္းဖက္ ဖိႏွိပ္မႈေတြ အဆုံးသတ္ဖို႔နဲ႔ ျမန္မာ့အေရးအၾကပ္အတည္းကိုေျဖရွင္းဖို႔ လုံၿခဳံေရးေကာင္စီရဲ႕ အေရးပါတဲ့ ေျခလွမ္းျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken ကေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ကုလလုံၿခဳံေရးေကာင္စီအေနနဲ႔ ျမန္မာ့အက်ပ္အတည္းအေျဖထုတ္ႏိုင္မယ့္ ေနာက္ထပ္ လုပ္ေဆာင္စရာေတြ ရွိေနတုန္းပဲဆိုတာကိုလည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္မွာ ေထာက္ျပထားပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာ့အက်ပ္အတည္းေက်ာ္လႊားႏိုင္ဖို႔ အာဆီယံနဲ႔ကုလအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ လက္တြဲေဆာင္႐ြက္သြားမယ္လို႔လည္း ေဖာ္ျပပါတယ္။

ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Tom Andrews ကေတာ့ ဒီဆုံးျဖတ္ခ်က္နဲ႔အတူ ျမန္မာျပည္သူေတြ အေရးတႀကီးလိုအပ္ေနတာကေတာ့ ျမန္မာစစ္တပ္ရဲ႕ တိုက္ခိုက္မႈေတြရပ္တန္႔သြားဖို႔ နဲ႔ ျပစ္ဒဏ္မခံရဘဲကင္းလြတ္ေနတာေတြကို အဆုံးသတ္ဖို႔အတြက္ အေရးယူေဆာင္ရြက္မႈေတြလုပ္ဖို႔လိုတယ္လို႔ Twitter ေပၚမွာ တံု႔ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံအတြက္ ခ်မွတ္သင့္တာၾကာေနၿပီျဖစ္တဲ့ ဆံုးျဖတ္ခ်က္ကို လံုျခံဳေရးေကာင္စီက ခ်မွတ္ခဲ့တဲ့အေပၚ ႀကိဳဆိုေပမဲ့ ျမန္မာျပည္သူေတြကို အကာအကြယ္ေပးႏိုင္ေအာင္ စစ္ေကာင္စီကို အျမန္ဆံုး မျဖစ္မေန အေရးယူရမယ့္ အခ်က္ ဆံုးျဖတ္ခ်က္ထဲ မပါတာကိုေတာ့ အင္မတန္စိတ္ပ်က္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအၾကံေပးေကာင္စီ (SAC-M) ကထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာအၾကမ္းဖက္မႈနဲ႔ခ်က္ျခင္းရပ္ဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ မတရားဖမ္းဆီးထားသူအားလုံးလႊတ္ေပးဖို႔ ဆုံးျဖတ္ခ်က္ကို ကုလသမဂၢလုံၿခဳံေရးေကာင္စီက မေန႔က ကန႔္ကြက္သူမရွိဘဲ မဲခြဲဆုံးျဖတ္အတည္ျပဳခဲ့တာပါ။ အခုလို ကုလလုံၿခဳံေရးေကာင္စီရဲ႕ ျမန္မာ့အေရးဆုံးျဖတ္ခ်က္ဟာ ႏွစ္ေပါင္း ၇၄ႏွစ္အတြင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ ကုလသမဂၢရဲ႕ ဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ျမန္မာစစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အေရးယူထားတဲ့ကိစၥေတြဟာ ျပည္တြင္းေရးကိစၥသာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕တည္ဆဲဥပေဒအရ အေရးယူထားရတာျဖစ္တယ္လို႔ VOA ကို တံု႔ျပန္ခဲ့ပါတယ္။

=======

ဒီဇင္ဘာ ၂၁၊ ၂၀၂၂

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာ့အေရး ကုလလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အမွတ္ ၂၆၆၉ ကို ႀကိဳဆိုလိုက္ၿပီး၊ စစ္ေကာင္စီအေနနဲ႔ ျမန္မာ့အရပ္သာေးတြအေပၚ အၾကမ္းဖက္ဖိႏွိပ္မႈေတြ အဆုံးသတ္ဖို႔နဲ႔ ျမန္မာ့အေရးအက်ပ္အတည္းကိုေျဖရွင္းဖို႔ လုံၿခဳံေရးေကာင္စီရဲ႕ အေရးပါတဲ့ ေျခလွမ္းျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken က ထုတ္ျပန္ပါတယ္။ တိုင္းျပည္အဝွမ္းအၾကမ္းဖက္မႈေတြကိုရပ္ဆိုင္းဖို႔၊ မတရားဖမ္းဆီးထားတဲ့အက်ဥ္းသာေးတြကိုျပန္လႊတ္ဖို႔၊ လူသားခ်င္းစာနာမႈအကူအညီေတြခြင့္ျပဳဖို႔၊ လူနည္းစုလူမႈအသိုက္အဝန္းကိုကာကြယ္ဖို႔နဲ႔ ျမန္မာလူထုရဲကဒီမိုကေရစီလိုလားမႈဆႏၵေတြကို ေလးစားလိုက္နာေစဖို႔ စစ္ေကာင္စီအတြက္ အားေကာင္းတဲ့သတင္းစကားျဖစ္မယ္လို႔လည္း ေဖာ္ျပပါတယ္။ ဒါ့အျပင္ ကုလလုံၿခဳံေရးေကာင္စီအေနနဲ႔ ျမန္မာ့အက်ပ္အတည္းအေျဖထုတ္ႏိုင္မယ့္ ေနာက္ထပ္ လုပ္ေဆာင္စရာေတြ ရွိေနတုန္းပဲဆိုတာကိုလည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေထာက္ျပထားပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာ့အက်ပ္အတည္းေက်ာ္လႊားႏိုင္ဖို႔ အာဆီယံနဲ႔ကုလအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ လက္တြဲေဆာင္႐ြက္သြားမယ္လို႔လည္း ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံမွာအၾကမ္းဖက္မႈနဲ႔ခ်က္ျခင္းရပ္ဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ မတရားဖမ္းဆီးထားသူအားလုံးလႊတ္ေပးဖို႔ ဆုံးျဖတ္ခ်က္ကို ကုလသမဂၢလုံၿခဳံေရးေကာင္စီက မေန႔က ကန႔္ကြက္သူမရွိပဲ မဲခြဲဆုံးျဖတ္အတည္ျပဳခဲ့တာပါ။ အခုလို ကုလလုံၿခဳံေရးေကာင္စီရဲ႕ျမန္မာ့အေရးဆုံးျဖတ္ခ်က္ဟာ ႏွစ္ေပါင္း ၇၄ႏွစ္အတြင္း ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔သိရပါတယ္။ မဲခြဲဆုံးျဖတ္ရာမွာ တ႐ုတ္ေရာ ႐ုရွားကပါ ဗီတိုအာဏာသုံးကန႔္ကြက္တာမလုပ္ပြဘူး။ ဒါေပမယ့္ တ႐ုတ္ ႐ုရွားနဲ႔ အိႏၵိယတို႔က မဲမေပးပဲ၊ က်န္အဖြဲ႕ဝင္ ၁၂ႏိုင္ငံက ေထာက္ခံမဲေပးခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)

Updated!
ဒီဇင်ဘာ ၂၂၊ ၂၀၂၂

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ မြန်မာ့အရပ်သာေးတွအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာ့အရေးအကြပ်အတည်းကိုဖြေရှင်းဖို့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အကျပ်အတည်းအဖြေထုတ်နိုင်မယ့် နောက်ထပ် လုပ်ဆောင်စရာတွေ ရှိနေတုန်းပဲဆိုတာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အကျပ်အတည်းကျော်လွှားနိုင်ဖို့ အာဆီယံနဲ့ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကတော့ ဒီဆုံးဖြတ်ချက်နဲ့အတူ မြန်မာပြည်သူတွေ အရေးတကြီးလိုအပ်နေတာကတော့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေရပ်တန့်သွားဖို့ နဲ့ ပြစ်ဒဏ်မခံရဘဲကင်းလွတ်နေတာတွေကို အဆုံးသတ်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့လိုတယ်လို့ Twitter ပေါ်မှာ တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် ချမှတ်သင့်တာကြာနေပြီဖြစ်တဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့အပေါ် ကြိုဆိုပေမဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်အောင် စစ်ကောင်စီကို အမြန်ဆုံး မဖြစ်မနေ အရေးယူရမယ့် အချက် ဆုံးဖြတ်ချက်ထဲ မပါတာကိုတော့ အင်မတန်စိတ်ပျက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာအကြမ်းဖက်မှုနဲ့ချက်ခြင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးလွှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနေ့က ကန့်ကွက်သူမရှိဘဲ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာပါ။ အခုလို ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၇၄နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရေးယူထားတဲ့ကိစ္စတွေဟာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရ အရေးယူထားရတာဖြစ်တယ်လို့ VOA ကို တုံ့ပြန်ခဲ့ပါတယ်။

===========

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ကြိုဆိုလိုက်ပြီး၊ စစ်ကောင်စီအနေနဲ့ မြန်မာ့အရပ်သာေးတွအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာ့အရေးအကျပ်အတည်းကိုဖြေရှင်းဖို့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ထုတ်ပြန်ပါတယ်။ တိုင်းပြည်အဝှမ်းအကြမ်းဖက်မှုတွေကိုရပ်ဆိုင်းဖို့၊ မတရားဖမ်းဆီးထားတဲ့အကျဉ်းသာေးတွကိုပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေခွင့်ပြုဖို့၊ လူနည်းစုလူမှုအသိုက်အဝန်းကိုကာကွယ်ဖို့နဲ့ မြန်မာလူထုရဲကဒီမိုကရေစီလိုလားမှုဆန္ဒတွေကို လေးစားလိုက်နာစေဖို့ စစ်ကောင်စီအတွက် အားကောင်းတဲ့သတင်းစကားဖြစ်မယ်လို့လည်း ဖော်ပြပါတယ်။ ဒါ့အပြင် ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အကျပ်အတည်းအဖြေထုတ်နိုင်မယ့် နောက်ထပ် လုပ်ဆောင်စရာတွေ ရှိနေတုန်းပဲဆိုတာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အကျပ်အတည်းကျော်လွှားနိုင်ဖို့ အာဆီယံနဲ့ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုနဲ့ချက်ခြင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးလွှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနေ့က ကန့်ကွက်သူမရှိပဲ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာပါ။ အခုလို ကုလလုံခြုံရေးကောင်စီရဲ့မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၇၄နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ တရုတ်ရော ရုရှားကပါ ဗီတိုအာဏာသုံးကန့်ကွက်တာမလုပ်ပွဘူး။ ဒါပေမယ့် တရုတ် ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးပဲ၊ ကျန်အဖွဲ့ဝင် ၁၂နိုင်ငံက ထောက်ခံမဲပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG