သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆားလင္းႀကီးနယ္ ေက်း႐ြာ ၅ ႐ြာ မီးရႈိ႕ခံရ


စစ္ကိုင္းတိုင္းအတြင္း မီးေလာင္ပ်က္စီးေနသည့္ျမင္ကြင္း (ေဖေဖာ္ဝါရီ ၃, ၂၀၂၂)

အခု တပတ္အတြင္းမွာ စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းက ေက်း႐ြာ ၅ ႐ြာ ပတ္အတြင္း မီးရႈိ႕ခံခဲ့ရတယ္လို႔ ဆားလင္းႀကီး ေဒသခံေတြက ေျပာပါတယ္။ ေက်း႐ြာေတြအနီး ထိေတြ႕တိုက္ပြဲေတြမရွိဘဲ ျမန္မာစစ္တပ္ရဲ႕ စစ္ေၾကာင္းေတြက ဝင္‌ေရာက္ၿပီး မီးရႈိ႕ခဲ့တာ ျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ျမန္မာစစ္ေကာင္စီတပ္ေတြဟာ ဇန္နဝါရီ ၆ ရက္ေန႔က ဆားလင္းႀကီးၿမိဳ႕နယ္ထဲက ဘင္ဂါး႐ြာ၊ ေဖာင္းကထာ႐ြာနဲ႔ ေက်ာက္ျဖဴတိုင္႐ြာေတြကို စစ္ေၾကာင္းထိုး ဝင္ေရာက္ၿပီး ေနအိမ္ေတြကို မီးရႈိ႕ခဲ့သလို၊ ဇန္နဝါရီလ ၈ ရက္ေန႔မွာ မိုးႀကိဳးျပင္(ေျမာက္)႐ြာ နဲ႔ ကိုင္း႐ြာတို႔ကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီတပ္ေတြရဲ႕ ဒီလုပ္ရပ္ေၾကာင့္ မီးရႈိ႕ခံရတဲ့ေက်း႐ြာေတြအပါအဝင္ အနီးပတ္ဝန္းက်င္ေက်း႐ြာ ၁၀ ႐ြာေလာက္က ေဒသခံေတြ အခုဆို ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးေနသူတဦးက VOA ကို ေျပာပါတယ္။

"ဒီတပတ္ကေတာ့ ၅ ႐ြာဗ်။ ဘင္ဂါးရယ္၊ ေဖာင္းကထာရယ္၊ ေက်ာက္ျဖဴတိုင္ရယ္၊ မိုးႀကိဳးျပင္(ေျမာက္)႐ြာရယ္ ကိုင္း႐ြာရယ္ဗ်။ အဲ့ဒါက ၂ ရက္အတြင္းရႈိ႕သြားတာဗ်။ တိုက္ပြဲကေတာ့ မရွိဘူးဗ် ဒီတိုင္းပဲ စစ္ေၾကာင္းထိုးၿပီး ရႈိ႕သြားတာ။"

ဆားလင္းႀကီးၿမိဳ႕နယ္ ေက်း႐ြာငါး႐ြာမီးရႈိ႕ခံရတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီကေတာ့ သတင္းထုတ္ျပန္တာမရွိသလို၊ စစ္ေကာင္စီေျပာခြင့္ရသူကိုလည္း ဆက္သြယ္ေမးျမန္းလို႔မရေသးပါဘူး။

မိုးႀကိဳးျပင္ေျမာက္႐ြာက အရင္ ၂၀၂၂ ခုႏွစ္ ဇြန္လတုန္းကလဲ တႀကိမ္မီးရႈိ႕ခံခဲ့ရဖူးပါတယ္။ အဲ့ဒီအခ်ိန္က ျမန္မာစစ္တပ္က ေဒသခံ ၂ ဦးကို ပစ္ခတ္သတ္ျဖတ္ခဲ့သလို၊ ေဒသခံတခ်ိဳ႕ ဖမ္းဆီးခံရတာလည္း ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီတေခါက္မွာေတာ့ စစ္ေကာင္စီစစ္ေၾကာင္း မဝင္လာခင္ကတည္းက သတင္းႀကိဳရတာေၾကာင့္၊ ေဒသခံေတြ ႀကိဳတင္ တိမ္းေရွာင္ေနတဲ့အတြက္ ဖမ္းဆီးခံရမႈ မရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

မီးရႈိ႕ခံရတဲ့ ေနအိမ္ေတြအေၾကာင္းကို စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ ေဒသခံတဦးက ခုလိုေျပာျပပါတယ္။

"ေလာေလာဆယ္က ဘင္ဂါးေက်း႐ြာကို ၃ အိမ္ေလာက္ရႈိ႕သြားတယ္ဗ်။ ေဖာင္းကထာကိုက်ေတာ့ အိမ္ေျခ ၆၀ ခန႔္၊ ေက်ာက္ျဖဴတိုင္ကိုက်ေတာ့ အိမ္ေျခ ၁၀၀ ေက်ာ္ ရႈိ႕သြားတယ္ဗ်။ က်န္တဲ့ ၂ ႐ြာကေတာ့ လက္ရွိေတာ့ မသိရေသးဘူး။ ဒလန္က အရင္ဆုံး အိမ္ေတြကို အဝတ္စနီ ခ်ည္ထားခဲ့တာ။ စစ္ေၾကာင္းဝင္လာတာနဲ႔ ႐ြာထဲမွာ လူေတြလည္း မရွိေတာ့ ဒလန္က အဝတ္စနီခ်ည္ထားခဲ့ေတာ့ စစ္သားေတြက ေနာက္ကေနၿပီးေတာ့ အဲ့ အဝတ္စနီခ်ည္ထားတဲ့ အိမ္ေတြကို မီးရႈိ႕သြားတယ္။"

လက္ရွိမွာေတာ့ အဲ့ဒီ စစ္ေကာင္စီစစ္ေၾကာင္းဟာ ဆားလင္းႀကီးၿမိဳ႕ေပၚ ျပန္ဝင္သြားၿပီးျဖစ္တယ္လို႔ ‌ေဒသခံေတြက ဆိုပါတယ္။ တိမ္းေရွာင္ေနရတဲ့ ေဒသခံအမ်ားစုကေတာ့ ေက်း႐ြာေတြကို ခ်က္ခ်င္း ျပန္မဝင္ရဲၾကေသးဘဲ နီးစပ္႐ြာ တျခားေက်း႐ြာေတြနဲ႔ ေတာထဲေတြမွာ ေရွာင္တိမ္းေနၾကရဆဲျဖစ္ပါတယ္။

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက တန္ျပန္စြပ္စြဲတာရွိပါတယ္။ စစ္ကိုင္းတိုင္းအတြင္း အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့ေက်း႐ြာေတြရွိသလို၊ စစ္ေကာင္စီကိုလိုလားတဲ့ ေက်း႐ြာတခ်ိဳ႕လည္းရွိေနၿပီး အဲဒီေက်း႐ြာေတြကို စစ္ေကာင္စီက ျပည္သူ႔စစ္အျဖစ္ လက္နက္တပ္ဆင္ေပးတာေတြလည္းရွိခဲ့ပါတယ္။

ဆားလင္းႀကီးနယ္ ေက်း႐ြာ ၅ ႐ြာ မီးရႈိ႕ခံရ
please wait

No media source currently available

0:00 0:02:52 0:00
တိုက္႐ိုက္ လင့္ခ္

========================================

{Unicode}

ဆားလင်းကြီးနယ် ကျေးရွာ ၅ ရွာ မီးရှို့ခံရ

အခု တပတ်အတွင်းမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာ ၅ ရွာ မီးရှို့ခံခဲ့ရတယ်လို့ ဆားလင်းကြီး ဒေသခံတွေက ပြောပါတယ်။ ကျေးရွာတွေအနီး ထိတွေ့တိုက်ပွဲတွေမရှိဘဲ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေက ဝင်‌ရောက်ပြီး မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

မြန်မာစစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်ထဲက ဘင်ဂါးရွာ၊ ဖောင်းကထာရွာနဲ့ ကျောက်ဖြူတိုင်ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့သလို၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ မိုးကြိုးပြင်(မြောက်)ရွာ နဲ့ ကိုင်းရွာတို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်ကောင်စီတပ်တွေရဲ့ ဒီလုပ်ရပ်ကြောင့် မီးရှို့ခံရတဲ့ကျေးရွာတွေအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ အခုဆို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးက VOA ကို ပြောပါတယ်။

"ဒီတပတ်ကတော့ ၅ ရွာဗျ။ ဘင်ဂါးရယ်၊ ဖောင်းကထာရယ်၊ ကျောက်ဖြူတိုင်ရယ်၊ မိုးကြိုးပြင်(မြောက်)ရွာရယ် ကိုင်းရွာရယ်ဗျ။ အဲ့ဒါက ၂ ရက်အတွင်းရှို့သွားတာဗျ။ တိုက်ပွဲကတော့ မရှိဘူးဗျ ဒီတိုင်းပဲ စစ်ကြောင်းထိုးပြီး ရှို့သွားတာ။"

ဆားလင်းကြီးမြို့နယ် ကျေးရွာငါးရွာမီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာမရှိသလို၊ စစ်ကောင်စီပြောခွင့်ရသူကိုလည်း ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

မိုးကြိုးပြင်မြောက်ရွာက အရင် ၂၀၂၂ ခုနှစ် ဇွန်လတုန်းကလဲ တကြိမ်မီးရှို့ခံခဲ့ရဖူးပါတယ်။ အဲ့ဒီအချိန်က မြန်မာစစ်တပ်က ဒေသခံ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို၊ ဒေသခံတချို့ ဖမ်းဆီးခံရတာလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတခေါက်မှာတော့ စစ်ကောင်စီစစ်ကြောင်း မဝင်လာခင်ကတည်းက သတင်းကြိုရတာကြောင့်၊ ဒေသခံတွေ ကြိုတင် တိမ်းရှောင်နေတဲ့အတွက် ဖမ်းဆီးခံရမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်တွေအကြောင်းကို စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

"လောလောဆယ်က ဘင်ဂါးကျေးရွာကို ၃ အိမ်လောက်ရှို့သွားတယ်ဗျ။ ဖောင်းကထာကိုကျတော့ အိမ်ခြေ ၆၀ ခန့်၊ ကျောက်ဖြူတိုင်ကိုကျတော့ အိမ်ခြေ ၁၀၀ ကျော် ရှို့သွားတယ်ဗျ။ ကျန်တဲ့ ၂ ရွာကတော့ လက်ရှိတော့ မသိရသေးဘူး။ ဒလန်က အရင်ဆုံး အိမ်တွေကို အဝတ်စနီ ချည်ထားခဲ့တာ။ စစ်ကြောင်းဝင်လာတာနဲ့ ရွာထဲမှာ လူတွေလည်း မရှိတော့ ဒလန်က အဝတ်စနီချည်ထားခဲ့တော့ စစ်သားတွေက နောက်ကနေပြီးတော့ အဲ့ အဝတ်စနီချည်ထားတဲ့ အိမ်တွေကို မီးရှို့သွားတယ်။"

လက်ရှိမှာတော့ အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ် ပြန်ဝင်သွားပြီးဖြစ်တယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။ တိမ်းရှောင်နေရတဲ့ ဒေသခံအများစုကတော့ ကျေးရွာတွေကို ချက်ချင်း ပြန်မဝင်ရဲကြသေးဘဲ နီးစပ်ရွာ တခြားကျေးရွာတွေနဲ့ တောထဲတွေမှာ ရှောင်တိမ်းနေကြရဆဲဖြစ်ပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

XS
SM
MD
LG