နယ္စပ္ေဒသ စစ္ေကာင္စီ ေလေၾကာင္းတုိက္ခုိက္မႈအတြက္ အိႏၵိယစုိးရိမ္
{{Zawgyi/Unicode}}
ျမန္မာစစ္ေကာင္စီရဲ႕ မၾကာေသးခင္က နယ္စပ္အနီး ေလေၾကာင္းတုိက္ခုိက္မႈအတြက္ စုိးရိမ္ေၾကာင္း အိႏၵိယႏုိင္ငံက ေျပာလုိက္ပါတယ္။ ဇန္န၀ါရီလ ၁၀ ရက္နဲ႔ ၁၁ ရက္ေန႔ေတြမွာ နယ္စပ္အေျခစုိက္ ခ်င္းအမ်ိဳးသားတပ္ဦး CNF ဌာနခ်ဳပ္ ၀ိတိုရိယစခန္းကို ျမန္မာဖက္က ေလေၾကာင္းတုိက္ခုိက္မႈမွာ ေလပုိင္နက္ကုိ ခ်ဳိးေဖာက္တာ မရွိခဲ့ေပမဲ့ နယ္စပ္ Tiau ျမစ္ကမ္းနားကုိ ဗုံးတလုံးက်ေရာက္ခဲ့ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ Arindam Bagchi ကုိ ကုိးကားၿပီး အိႏၵိယႏုိင္ငံက သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။
အိႏၵိယအတြက္ စုိးရိမ္စရာျဖစ္ခဲ့ရတဲ့ တုိက္ခုိက္မႈနဲ႔ ပတ္သက္လုိ႔ ျမန္မာဖက္ကုိ ေျပာခဲ့တယ္လုိ႔လည္း ဆုိပါတယ္။ အိႏၵိယႏုိင္ငံျခားေရးဌာနရဲ႕ ေျပာဆုိခ်က္နဲ႔ ပတ္သက္လုိ႔ စစ္ေကာင္စီဖက္က လတ္တေလာ တစုံတရာ တုံ႔ျပန္တာေတာ့ မေတြ႔ရေသးပါဘူး။
ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အိႏၵိယႏိုင္ငံနယ္နမိတ္အတြင္းမွာပါ ဗုံးေတြက်ခဲ့တဲ့အေၾကာင္း လူ႔အခြင့္အေရး အဖြဲ႕တခုျဖစ္တဲ့ Fortify Rights အဖြဲ႕ကလည္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
CNF ဌာနခ်ဳပ္ကုိ တုိက္ခုိက္မႈမွာ ျမန္မာစစ္ေလယာဥ္ေတြဟာ အိႏၵိယေလပုိင္နက္ထဲ ၀င္ေရာက္ခဲ့ေၾကာင္းနဲ႔ ျမန္မာစစ္ေကာင္စီရဲ႕ လုပ္ရပ္ကုိ ဟန႔္တားဖို႔လည္း Fortify Rights အဖြဲ႕က အိႏၵိယအစိုးရကို ေတာင္းဆိုခဲ့ပါတယ္။ ခ်င္းအမ်ဳိးသားတပ္ဦး CNF တပ္ဖြဲ႔ဝင္တခ်ဳိ႕ ေသဆုံး ၊ ဒဏ္ရာရရွိခဲ့ၾကပါတယ္။
နယ်စပ်ဒေသ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွက် အိန္ဒိယစိုးရိမ်
{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီရဲ့ မကြာသေးခင်က နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုအတွက် စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံက ပြောလိုက်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ နယ်စပ်အခြေစိုက် ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဝိတိုရိယစခန်းကို မြန်မာဖက်က လေကြောင်းတိုက်ခိုက်မှုမှာ လေပိုင်နက်ကို ချိုးဖောက်တာ မရှိခဲ့ပေမဲ့ နယ်စပ် Tiau မြစ်ကမ်းနားကို ဗုံးတလုံးကျရောက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi ကို ကိုးကားပြီး အိန္ဒိယနိုင်ငံက သတင်းတွေက ဖော်ပြခဲ့ကြတာပါ။
အိန္ဒိယအတွက် စိုးရိမ်စရာဖြစ်ခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မြန်မာဖက်ကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က လတ်တလော တစုံတရာ တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံနယ်နမိတ်အတွင်းမှာပါ ဗုံးတွေကျခဲ့တဲ့အကြောင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
CNF ဌာနချုပ်ကို တိုက်ခိုက်မှုမှာ မြန်မာစစ်လေယာဉ်တွေဟာ အိန္ဒိယလေပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်ကို ဟန့်တားဖို့လည်း Fortify Rights အဖွဲ့က အိန္ဒိယအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်တချို့ သေဆုံး ၊ ဒဏ်ရာရရှိခဲ့ကြပါတယ်။