ျပည္တြင္းစစ္ေရးပဋိပကၡေတြ ျပင္းထန္ေနတဲ့ေဒသေတြမွာ အစိုးရရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ အားလုံးနီးပါး ရပ္ဆိုင္းေနပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ေမြးကင္းစကေလး ေသဆုံးႏႈန္းမ်ားတဲ့ ခ်င္းျပည္နယ္မွာဆိုရင္ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္ ပ်က္ယြင္းသြားတာမို႔၊ စိုးရိမ္စရာ အေျခအေနျဖစ္တယ္လို႔ အရပ္ဘက္ဆရာဝန္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က ေျပာျပမွာပါ။
ခ်င္းျပည္နယ္က က်န္းမာေရးဌာနေတြ၊ ေဆးေပးခန္းေတြမွာ က်န္းမာေရးဝန္ထမ္း လိုအပ္ခ်က္မ်ားေနသလို၊ ေဆးဝါးေထာက္ပံ့မႈလည္း မရရွိေတာ့ဘူးလို႔ အရပ္ဘက္ က်န္းမာေရး အဖြဲ႕အစည္းေတြက ေထာက္ျပေနပါတယ္။ အာဏာသိမ္းစစ္ေကာင္စီလက္ထက္မွာ အစိုးရရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းေတြအားလုံး လစ္ဟာသြားတယ္လို႔ ခ်င္းအရပ္ဘက္ ဆရာဝန္မ်ားအဖြဲ႕က တာဝန္ရွိသူက ဗြီအိုေအကို ေျပာပါတယ္။
ျပည္နယ္လူဦးေရရဲ႕ အခ်ိဳးအစားအရ ခ်င္းျပည္နယ္ဟာ တျခားေဒသေတြထက္ ကိုယ္ဝန္ေဆာင္နဲ႔ ကေလးငယ္ေသဆုံးႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္ အရင္အစိုးရလက္ထက္တုန္းက ေက်းလက္က်န္းမာေရးဌာနေတြ ခ်င္းျပည္နယ္ထဲမွာ တိုးခ်ဲ႕ဖြင့္လွစ္ခဲ့ပါတယ္။ ကေလးေသဆုံးႏႈန္းကို ေလွ်ာ့ခ်ဖို႔ ရက္တေထာင္ အာဟာရစီမံကိန္းကိုလည္း လုပ္ခဲ့ၾကတာပါ။ အခုေတာ့ ဒီစီမံကိန္းအားလုံး ရပ္ဆိုင္းသြားတယ္လို႔ ခ်င္းအရပ္ဘက္ ဆရာဝန္မ်ားအဖြဲ႕ တာဝန္ရွိသူက ဗြီအိုေအကို ေျပာပါတယ္။
"က်န္းမာေရးေစာင့္ေရွာက္မႈ က်ဆင္းသြားတယ္ ဆိုတာကေတာ့ အာဏာသိမ္းတာနဲ႔ တိုက္႐ိုက္ဆိုင္တဲ့ သေဘာပဲေလ။ အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ ေဆး႐ုံေတြကေကာင္းေကာင္း မလည္ပတ္ႏိုင္ေတာ့တာတို႔၊ ၿပီးေတာ့ RHC (ေက်းလက္ က်န္းမာေရးဌာန) အထိကို က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို မေပးႏိုင္တဲ့အေနအထား ေရာက္သြားတာေပါ့ေနာ္။ ေျပာရရင္ က်န္းမာေရးဝန္ထမ္းေတြ လစ္လပ္သြားတယ္၊ အေပၚက support (အေထာက္အပံ့) ေပးတာလည္း က်ဆင္းသြားတဲ့သေဘာေပါ့။"
ခ်င္းျပည္နယ္တြင္း ၂၀၂၀ ခုႏွစ္ေလာက္မွာ ကိုယ္ဝန္ေဆာင္မိခင္ေတြဟာ ေဆး႐ုံ၊ ေဆးခန္း အသုံးျပဳမႈ မ်ားလာခဲ့ပါတယ္။ အရပ္လက္သည္နဲ႔ မီးဖြားသူေတြကိုလည္း အရက္ပ်ံနဲ႔ ခြဲစိတ္ပစၥည္းေတြ က်န္းမာေရးဌာနေတြက ေထာက္ပံ့ေပးခဲ့ပါတယ္။ ဒီေထာက္ပံ့မႈေတြ အခုအခ်ိန္မွာ မရရွိေတာ့ပါဘူး။ စစ္ေရွာင္ရင္း၊ ေျပးရင္းလႊားရင္း မီးဖြားရတာေၾကာင့္ ကေလးေသဆုံးမႈေတြ ရွိေနတယ္လို႔ ေဒသသတင္းဌာနေတြက ေရးသားၾကပါတယ္။
ၿမိဳ႕ႀကီးေတြေပၚက ေဆး႐ုံေဆးခန္းကို သြားဖို႔အတြက္လည္း လမ္းခရီးမွာ အစစ္အေဆးမ်ားလာတဲ့အတြက္ သြားလာရ ပိုၿပီးက်ပ္တည္းလာသလို၊ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ကေလးငယ္ေတြကို ေစာင့္ေရွာက္ဖို႔လည္း ခက္ခဲလာတယ္လို႔ ခ်င္းအရပ္ဘက္ ဆရာဝန္မ်ားအဖြဲ႕က ေျပာပါတယ္။
" ေမြကင္းစ ကေလးငယ္ေတြကလည္း ေဆး႐ုံ၊ ေဆးခန္းေတြမွာေမြးဖို႔ လက္လွမ္းမီဖို႔ခက္တယ္။ စစ္ေျမျပင္လို အေနအထားမ်ိဳး ျဖစ္ေနတဲ့အခါၾကေတာ့ လက္လွမ္းမမီေတာ့ ကေလးေသဆုံးတာ အရင္ကထက္စာရင္ က်ေနာ္တို႔ အတိအက် မေျပာႏိုင္ေပမဲ့ ဒါက ပိုၿပီးေတာ့ ရွိလာတယ္ဆိုတဲ့သေဘာေပါ့။ တခ်ိဳ႕ၿမိဳ႕ေပၚ ေဆး႐ုံေတြကလည္း သိပ္မလည္ပတ္ (run)ႏိုင္ဘူးေပါ့။ ဥပမာ ထန္တလန္ေဆး႐ုံမ်ိဳးဆိုရင္ မီးေလာင္ျပင္လို ျဖစ္သြားတာ ဟုတ္တယ္မလား။"
ခ်င္းျပည္နယ္မွာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကိုလုပ္မဲ့ ႏိုင္ငံတကာက အဖြဲ႕အစည္းေတြကိုလည္း စစ္ေကာင္စီက ပိတ္ပင္ထားပါတယ္။ တခ်ိဳ႕ အဖြဲ႕အစည္းေတြဆိုရင္ ေဆးဝါးေထာက္ပံ့တာကို မလုပ္ႏိုင္ေတာ့ဘဲ လူနာလႊဲေျပာင္းတာေလာက္ပဲ လုပ္ေပးႏိုင္ေတာ့တာပါ။ ဒါေၾကာင့္ အခု ၂၀၂၃ထဲမွာ ဒီအေျခအေနေတြဟာ ပိုၿပီးဆိုး႐ြားႏိုင္မယ္လို႔ ခ်င္းအရပ္ဘက္က ဆရာဝန္ေတြက ခန႔္မွန္းထားပါတယ္။
[Unicode]
ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဘက်စုံ ချို့တဲ့နေ
ပြည်တွင်းစစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ဒေသတွေမှာ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားလုံးနီးပါး ရပ်ဆိုင်းနေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေး သေဆုံးနှုန်းများတဲ့ ချင်းပြည်နယ်မှာဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်ယွင်းသွားတာမို့၊ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ အရပ်ဘက်ဆရာဝန်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။
ချင်းပြည်နယ်က ကျန်းမာရေးဌာနတွေ၊ ဆေးပေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များနေသလို၊ ဆေးဝါးထောက်ပံ့မှုလည်း မရရှိတော့ဘူးလို့ အရပ်ဘက် ကျန်းမာရေး အဖွဲ့အစည်းတွေက ထောက်ပြနေပါတယ်။ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေအားလုံး လစ်ဟာသွားတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့က တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
ပြည်နယ်လူဦးရေရဲ့ အချိုးအစားအရ ချင်းပြည်နယ်ဟာ တခြားဒေသတွေထက် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်သေဆုံးနှုန်း အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် အရင်အစိုးရလက်ထက်တုန်းက ကျေးလက်ကျန်းမာရေးဌာနတွေ ချင်းပြည်နယ်ထဲမှာ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ကလေးသေဆုံးနှုန်းကို လျှော့ချဖို့ ရက်တထောင် အာဟာရစီမံကိန်းကိုလည်း လုပ်ခဲ့ကြတာပါ။ အခုတော့ ဒီစီမံကိန်းအားလုံး ရပ်ဆိုင်းသွားတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
"ကျန်းမာရေးစောင့်ရှောက်မှု ကျဆင်းသွားတယ် ဆိုတာကတော့ အာဏာသိမ်းတာနဲ့ တိုက်ရိုက်ဆိုင်တဲ့ သဘောပဲလေ။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆေးရုံတွေကကောင်းကောင်း မလည်ပတ်နိုင်တော့တာတို့၊ ပြီးတော့ RHC (ကျေးလက် ကျန်းမာရေးဌာန) အထိကို ကျန်းမာရေး စောင့်ရှောက်မှုတွေကို မပေးနိုင်တဲ့အနေအထား ရောက်သွားတာပေါ့နော်။ ပြောရရင် ကျန်းမာရေးဝန်ထမ်းတွေ လစ်လပ်သွားတယ်၊ အပေါ်က support (အထောက်အပံ့) ပေးတာလည်း ကျဆင်းသွားတဲ့သဘောပေါ့။"
ချင်းပြည်နယ်တွင်း ၂၀၂၀ ခုနှစ်လောက်မှာ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဆေးရုံ၊ ဆေးခန်း အသုံးပြုမှု များလာခဲ့ပါတယ်။ အရပ်လက်သည်နဲ့ မီးဖွားသူတွေကိုလည်း အရက်ပျံနဲ့ ခွဲစိတ်ပစ္စည်းတွေ ကျန်းမာရေးဌာနတွေက ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီထောက်ပံ့မှုတွေ အခုအချိန်မှာ မရရှိတော့ပါဘူး။ စစ်ရှောင်ရင်း၊ ပြေးရင်းလွှားရင်း မီးဖွားရတာကြောင့် ကလေးသေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသသတင်းဌာနတွေက ရေးသားကြပါတယ်။
မြို့ကြီးတွေပေါ်က ဆေးရုံဆေးခန်းကို သွားဖို့အတွက်လည်း လမ်းခရီးမှာ အစစ်အဆေးများလာတဲ့အတွက် သွားလာရ ပိုပြီးကျပ်တည်းလာသလို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို စောင့်ရှောက်ဖို့လည်း ခက်ခဲလာတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့က ပြောပါတယ်။
" မွေကင်းစ ကလေးငယ်တွေကလည်း ဆေးရုံ၊ ဆေးခန်းတွေမှာမွေးဖို့ လက်လှမ်းမီဖို့ခက်တယ်။ စစ်မြေပြင်လို အနေအထားမျိုး ဖြစ်နေတဲ့အခါကြတော့ လက်လှမ်းမမီတော့ ကလေးသေဆုံးတာ အရင်ကထက်စာရင် ကျနော်တို့ အတိအကျ မပြောနိုင်ပေမဲ့ ဒါက ပိုပြီးတော့ ရှိလာတယ်ဆိုတဲ့သဘောပေါ့။ တချို့မြို့ပေါ် ဆေးရုံတွေကလည်း သိပ်မလည်ပတ် (run)နိုင်ဘူးပေါ့။ ဥပမာ ထန်တလန်ဆေးရုံမျိုးဆိုရင် မီးလောင်ပြင်လို ဖြစ်သွားတာ ဟုတ်တယ်မလား။"
ချင်းပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလုပ်မဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ တချို့ အဖွဲ့အစည်းတွေဆိုရင် ဆေးဝါးထောက်ပံ့တာကို မလုပ်နိုင်တော့ဘဲ လူနာလွှဲပြောင်းတာလောက်ပဲ လုပ်ပေးနိုင်တော့တာပါ။ ဒါကြောင့် အခု ၂၀၂၃ထဲမှာ ဒီအခြေအနေတွေဟာ ပိုပြီးဆိုးရွားနိုင်မယ်လို့ ချင်းအရပ်ဘက်က ဆရာဝန်တွေက ခန့်မှန်းထားပါတယ်။