ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္အတြင္းက စစ္ေဘးဒုကၡသည္ေတြ ဖ်ားနာၿပီး ေဆးဝါးကုသဖို႔လိုအပ္တဲ့အခါ ျပည္နယ္ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕က ေဆး႐ုံေဆးခန္းေတြလို ေဆးဝါးျပည့္စုံတဲ့ ေနရာေတြမွာ သြားေရာက္ ကုသႏိုင္ဖို႔မွာ အခက္အခဲေတြ ရွိေနတယ္လို႔ စစ္ေဘးေရွာင္ေတြနဲ႔ အကူအညီ ေပးေနသူေတြက ေျပာပါတယ္။ ထန္တလန္ၿမိဳ႕မွာ ေနအိမ္ေတြ အမ်ားအျပား မီးေလာင္ကြၽမ္းတာ တႏွစ္ေက်ာ္ ၾကာခဲ့ေပမယ့္ ျပန္လည္တည္ေဆာက္ေရးေတြ မစႏိုင္ေသးသလို၊ စစ္ေဘးဒုကၡသည္ အမ်ားအျပား ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။ ထန္တလန္ၿမိဳ႕ အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးပါမယ္။
ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၁ စက္တင္ဘာကစလို႔ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕မွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံလက္နက္ကိုင္အဖြဲ႕ေတြ တိုက္ပြဲေတြ ျဖစ္ပြားၿပီး ၿမိဳ႕ခံေတြ အမ်ားအျပား အိုးအိမ္ေတြကို စြန႔္ခြာထြက္ေျပးေနၾကရတာပါ။ ၿမိဳ႕ခံေတြဟာ ေတာေတာင္ေတြအျပင္ ၿမိဳ႕နဲ႔အလွမ္းေဝးတဲ့ ေက်း႐ြာေတြမွာ ေနထိုင္ေနၾကရပါတယ္။ ဖ်ားနာသူေတြၾကား လုံေလာက္တဲ့ ေဆးဝါးကုသခြင့္ မရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူ တဦးက အခုလိုေျပာပါတယ္။
“တခ်ိဳ႕က တခါတေလက်ရင္ ရာသီတုပ္ေကြးလိုမ်ိဳးနဲ႔ ႐ြာတိုင္း႐ြာတိုင္းလိုလို ေတာ္ေတာ္မ်ားမ်ား ဖ်ားၾကတယ္ေပါ့ေနာ္။ အစားအေသာက္ေကာ က်န္းမာေရးအတြက္လည္း ေတာ္ေတာ္လည္း ဒုကၡေရာက္တယ္ေပါ့ေနာ္။ ဘာလို႔လည္းဆိုေတာ့ က်န္းမာေရး ဆိုရင္လည္း ခြဲစိတ္လို႔ရတဲ့ ေဆး႐ုံဆို မရွိသေလာက္ပဲ အဲ့လိုသူတို႔ေဆးခန္းသြားျပဖို႔ဆိုရင္ နည္းနည္းပိုက္ဆံရွိမွပဲ အဆင္ေျပမယ့္ပုံ ျဖစ္ေနတယ္။ တခါတေလက်ရင္ ဖ်ားတယ္သိတယ္။ ဒါေပမယ့္ သြားဖို႔ ပိုက္ဆံမရွိတဲ့အခါက်ေတာ့ အဲ့လိုပဲ ခံေနၾကရတာေပါ့။ အစားအေသာက္ဆို အဟာရရွိတဲ့ အစားအေသာက္ဆို ပို႔ေဆာင္ေရးက မရတာေပါ့။ ဥပမာေျပာရရင္ ေကာ္ဖီမစ္ေတာင္မွ လြယ္လြယ္နဲ႔ ဝယ္မရဘူးေပါ့။”
ထန္တလန္ၿမိဳ႕ဟာ ခ်င္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ ဟားခါးၿမိဳ႕နဲ႔ ၂၃ မိုင္သာ ကြာေဝးပါတယ္။ ခ်င္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္နဲ႔ သိပ္မေဝးကြာေပမဲ့ ဟားခါးၿမိဳ႕ကို သြားေရာက္ၿပီး ေဆးဝါးကုသသူေတြကို စစ္တပ္ဘက္က တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေမးျမန္းတာေတြ လုပ္တာေၾကာင့္ သြားေရာက္ ေဆးဝါးကုသဖို႔ စိုးရိမ္ေနၾကရတဲ့ အေၾကာင္း စစ္ေဘး တိမ္းေရွာင္ေနသူေတြက ေျပာပါတယ္။
ေဆးဝါးကုသဖို႔ မလုံေလာက္တာအျပင္ ေနရပ္ျပန္ဖို႔ အခက္အခဲရွိေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ထန္တလန္ စစ္ေဘးေရွာင္ေဒသခံဦးက အခုလိုေျပာပါတယ္။
“ဒီမွာက လမ္းပန္းလည္း မေကာင္းဘူး။ ကြၽန္ေတာ္တို႔ထန္တလန္က ျပင္တာလည္းမလုပ္ဘူး။ လမ္းကလည္း အရင္ကလိုပဲနည္းနည္းဆိုးတယ္။ က်န္းမာေရးလည္းဆိုးတယ္။ ေဆးေတြလည္းမရွိဘူး။ သိပ္မစံုဘူးဆိုေတာ့ အခက္အခဲေတြက မ်ားတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ထန္တလန္က ဟားခါးသြားရင္လည္း ဟိုမွာက စစ္တာေတြမ်ားတယ္။ ဖမ္းတယ္ဘာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း မလိုအပ္ဘဲ မသြားရဲဘူး။ အေရးေပၚျဖစ္မွပဲသြားရတာ။ သြားရတာေတာင္ သိပ္မေနရဲဘူး။ ကြၽန္ေတာ္တို႔ မျပန္ခ်င္တာက မျပန္ခ်င္တာမဟုတ္ဘူး။ စစ္တပ္ကရွိေနသေ႐ြ႕ကြၽန္ေတာ္တို႔ ျပန္လို႔မရဘူး။ သူတို႔ပစ္မွာပဲ ျပန္ရင္ပစ္မွာ ျပန္ရင္လည္းပဲ ဒီအခ်ိန္မွာ အိမ္လည္းမရွိဘူး။ ေရလည္းမရွိဘူး။ မီးလည္းမရွိဘူး။ ေနစရာလည္းမရွိဘူး။ စားစရာလည္းမရွိဘူးဆိုေတာ့ ကြၽန္ေတာ္တို႔က ျပန္လို႔ကိုမရတာ။”
ထန္တလန္ၿမိဳ႕ကေန ေဒသခံေတြ စြန႔္ခြာသြားခ်ိန္မွာ စစ္တပ္က ၿမိဳ႕ထဲမွာ ဆက္လက္ တပ္စြဲထားပါတယ္။ ထန္တလန္ၿမိဳ႕ဟာ အႀကိမ္ေရ ၂၀ ေက်ာ္မီးေလာင္ကြၽမ္းခဲ့ၿပီး ေနအိမ္ ၁ ေထာင္ေက်ာ္အျပင္ ၿမိဳ႕ရဲ႕ အထင္ကရ ဘာသာေရး အေဆာက္အဦးေတြပါ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြ၊ ေဒသခံ ကူညီေရးအဖြဲ႕ေတြက ေျပာပါတယ္။
ေနအိမ္ေတြ မီးေလာင္တာနဲ႔ ပတ္သက္လို႔ ျမန္မာစစ္တပ္နဲ႔ PDF တပ္ဖြဲ႕ေတြအၾကား ႏွစ္ဖက္အျပန္အလွန္ အျပစ္ဖို႔ ေျပာဆိုၾကပါတယ္။ ၿမိဳ႕ခံတခ်ိဳ႕က လူမရွိတဲ့ေနအိမ္ေတြကို စစ္တပ္က မီးရႈိ႕တာလို႔ ေျပာဆိုေနပမဲ့ ျမန္မာစစ္ေကာင္စီဘက္ကလည္း အရပ္သားေနအိမ္ေတြကို မီးမရႈိ႕ဘူးဆိုၿပီး ျငင္းဆိုေလ့ရွိပါတယ္။ ထန္တလန္ ၿမိဳခံေတြကေတာ့ မီးေလာင္ျပင္ျဖစ္ခဲ့တဲ့ ၿမိဳ႕တြင္းက အိုးအိမ္ေတြဆီ ျပန္မေရာက္ေသးဘဲ နီးစပ္ရာ ေတာေတာင္ေတြနဲ႔ တခ်ိဳ႕လည္း အိႏၵိယႏိုင္ငံဘက္ကို ဒုကၡသည္အျဖစ္ ထြက္ေျပးခိုလႈံေနၾကပါတယ္။
[Unicode]
ထန်တလန် စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးကုသဖို့ ခက်ခဲ
ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေ ဖျားနာပြီး ဆေးဝါးကုသဖို့လိုအပ်တဲ့အခါ ပြည်နယ်မြို့တော် ဟားခါးမြို့က ဆေးရုံဆေးခန်းတွေလို ဆေးဝါးပြည့်စုံတဲ့ နေရာတွေမှာ သွားရောက် ကုသနိုင်ဖို့မှာ အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။ ထန်တလန်မြို့မှာ နေအိမ်တွေ အများအပြား မီးလောင်ကျွမ်းတာ တနှစ်ကျော် ကြာခဲ့ပေမယ့် ပြန်လည်တည်ဆောက်ရေးတွေ မစနိုင်သေးသလို၊ စစ်ဘေးဒုက္ခသည် အများအပြား နေရပ်မပြန်နိုင်ကြသေးပါဘူး။ ထန်တလန်မြို့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၁ စက်တင်ဘာကစလို့ ချင်းပြည်နယ် ထန်တလန်မြို့မှာ မြန်မာစစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားပြီး မြို့ခံတွေ အများအပြား အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတာပါ။ မြို့ခံတွေဟာ တောတောင်တွေအပြင် မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ နေထိုင်နေကြရပါတယ်။ ဖျားနာသူတွေကြား လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။
“တချို့က တခါတလေကျရင် ရာသီတုပ်ကွေးလိုမျိုးနဲ့ ရွာတိုင်းရွာတိုင်းလိုလို တော်တော်များများ ဖျားကြတယ်ပေါ့နော်။ အစားအသောက်ကော ကျန်းမာရေးအတွက်လည်း တော်တော်လည်း ဒုက္ခရောက်တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျန်းမာရေး ဆိုရင်လည်း ခွဲစိတ်လို့ရတဲ့ ဆေးရုံဆို မရှိသလောက်ပဲ အဲ့လိုသူတို့ဆေးခန်းသွားပြဖို့ဆိုရင် နည်းနည်းပိုက်ဆံရှိမှပဲ အဆင်ပြေမယ့်ပုံ ဖြစ်နေတယ်။ တခါတလေကျရင် ဖျားတယ်သိတယ်။ ဒါပေမယ့် သွားဖို့ ပိုက်ဆံမရှိတဲ့အခါကျတော့ အဲ့လိုပဲ ခံနေကြရတာပေါ့။ အစားအသောက်ဆို အဟာရရှိတဲ့ အစားအသောက်ဆို ပို့ဆောင်ရေးက မရတာပေါ့။ ဥပမာပြောရရင် ကော်ဖီမစ်တောင်မှ လွယ်လွယ်နဲ့ ဝယ်မရဘူးပေါ့။”
ထန်တလန်မြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့နဲ့ ၂၃ မိုင်သာ ကွာဝေးပါတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော်နဲ့ သိပ်မဝေးကွာပေမဲ့ ဟားခါးမြို့ကို သွားရောက်ပြီး ဆေးဝါးကုသသူတွေကို စစ်တပ်ဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာတွေ လုပ်တာကြောင့် သွားရောက် ဆေးဝါးကုသဖို့ စိုးရိမ်နေကြရတဲ့ အကြောင်း စစ်ဘေး တိမ်းရှောင်နေသူတွေက ပြောပါတယ်။
ဆေးဝါးကုသဖို့ မလုံလောက်တာအပြင် နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထန်တလန် စစ်ဘေးရှောင်ဒေသခံဦးက အခုလိုပြောပါတယ်။
“ဒီမှာက လမ်းပန်းလည်း မကောင်းဘူး။ ကျွန်တော်တို့ထန်တလန်က ပြင်တာလည်းမလုပ်ဘူး။ လမ်းကလည်း အရင်ကလိုပဲနည်းနည်းဆိုးတယ်။ ကျန်းမာရေးလည်းဆိုးတယ်။ ဆေးတွေလည်းမရှိဘူး။ သိပ်မစုံဘူးဆိုတော့ အခက်အခဲတွေက များတာပေါ့နော်။ ကျွန်တော်တို့ထန်တလန်က ဟားခါးသွားရင်လည်း ဟိုမှာက စစ်တာတွေများတယ်။ ဖမ်းတယ်ဘာတယ်ဆိုတော့ ကျွန်တော်တို့လည်း မလိုအပ်ဘဲ မသွားရဲဘူး။ အရေးပေါ်ဖြစ်မှပဲသွားရတာ။ သွားရတာတောင် သိပ်မနေရဲဘူး။ ကျွန်တော်တို့ မပြန်ချင်တာက မပြန်ချင်တာမဟုတ်ဘူး။ စစ်တပ်ကရှိနေသရွေ့ကျွန်တော်တို့ ပြန်လို့မရဘူး။ သူတို့ပစ်မှာပဲ ပြန်ရင်ပစ်မှာ ပြန်ရင်လည်းပဲ ဒီအချိန်မှာ အိမ်လည်းမရှိဘူး။ ရေလည်းမရှိဘူး။ မီးလည်းမရှိဘူး။ နေစရာလည်းမရှိဘူး။ စားစရာလည်းမရှိဘူးဆိုတော့ ကျွန်တော်တို့က ပြန်လို့ကိုမရတာ။”
ထန်တလန်မြို့ကနေ ဒေသခံတွေ စွန့်ခွာသွားချိန်မှာ စစ်တပ်က မြို့ထဲမှာ ဆက်လက် တပ်စွဲထားပါတယ်။ ထန်တလန်မြို့ဟာ အကြိမ်ရေ ၂၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၁ ထောင်ကျော်အပြင် မြို့ရဲ့ အထင်ကရ ဘာသာရေး အဆောက်အဦးတွေပါ မီးလောင်ကျွမ်းခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
နေအိမ်တွေ မီးလောင်တာနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေအကြား နှစ်ဖက်အပြန်အလှန် အပြစ်ဖို့ ပြောဆိုကြပါတယ်။ မြို့ခံတချို့က လူမရှိတဲ့နေအိမ်တွေကို စစ်တပ်က မီးရှို့တာလို့ ပြောဆိုနေပမဲ့ မြန်မာစစ်ကောင်စီဘက်ကလည်း အရပ်သားနေအိမ်တွေကို မီးမရှို့ဘူးဆိုပြီး ငြင်းဆိုလေ့ရှိပါတယ်။ ထန်တလန် မြိုခံတွေကတော့ မီးလောင်ပြင်ဖြစ်ခဲ့တဲ့ မြို့တွင်းက အိုးအိမ်တွေဆီ ပြန်မရောက်သေးဘဲ နီးစပ်ရာ တောတောင်တွေနဲ့ တချို့လည်း အိန္ဒိယနိုင်ငံဘက်ကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံနေကြပါတယ်။