သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟားခါးမွာ ၁၀ ေယာက္ထက္မနည္း ဖမ္းဆီးခံရ 


ခ်င္းျပည္နယ္ထဲရွိ ဟားခါးၿမိဳ႕နယ္၊ မတူပီၿမိဳ႕နယ္နဲ႔ မင္းတပ္ၿမိဳ႕နယ္

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕မွာ ပစ္ခတ္ခံရလို႔ ျမန္မာစစ္တပ္တပ္ဖြဲ႕ဝင္တခ်ိဳ႕ ေသဆုံးခဲ့ၿပီးေနာက္ အနီးအနားက ေဒသခံေတြ ၁၀ ဦးထက္မနည္း ဖမ္းဆီးခံခဲ့ရၿပီး ေနအိမ္ေတြကို ဖ်က္ဆီးခံခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဟားခါး CDF (ခ်င္းေဒသကာကြယ္ေရးတပ္ဖြဲ႔) ကေတာ့ ဖမ္းဆီးခံရသူေတြဟာ သူတို႔အဖြဲ႕နဲ႔မဆိုင္ဘူးလို႔ ေျပာပါတယ္။ ခ်င္းျပည္နယ္တြင္း စစ္ေရးတင္းမာမႈအေျခအေနကို ကိုေအာင္ေအာင္က တင္ျပပါမယ္။

ဇန္နဝါရီ ၂၅ ရက္က ခ်င္းျပည္နယ္ၿမိဳ႕ေတာ္ ဟားခါးရဲ႕ ေက်ာ္ဘုတ္ရပ္ကြက္မွာရွိတဲ့ ျမန္မာစစ္တပ္ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ စစ္ေဆးေရးဂိတ္မွာ၊ ထမင္းလာပို႔တဲ့ စစ္သား ၂ ဦးကို ဟားခါး CDF (ခ်င္းေဒသကာကြယ္ေရးတပ္ဖြဲ႔) က တိုက္ခိုက္ခဲ့လို႔ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ ျမန္မာစစ္တပ္က အခင္းျဖစ္ပြားတဲ့ေနရာကို ေရာက္ရွိစစ္ေဆးတာေတြ လုပ္ခဲ့ၿပီး အနီးအနားက ေနအိမ္ ၃ လုံးကိုလည္း ၿဖိဳဖ်က္သြားသလို၊ လမ္းသြားလမ္းလာ ၁၃ ဦးကိုလည္း ဖမ္းဆီးသြားၿပီး အခုအခ်ိန္ထိ ျပန္မလြတ္ေသးဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

“အိမ္ဖ်က္တာ ၃ အိမ္ကိုဖ်က္တယ္။ ဒီဘက္က အေခၚအေဝၚေပ့ါေနာ္ JCB စက္ဆိုတာရွိတယ္ ေျမတူးလည္းတူးတယ္ ေဂၚလည္းေကာ္တယ္စက္ေပါ့ေနာ္ အဲ့ဒီ JCB နဲ႔ ဖ်က္ဆီးတယ္။ ၁၃ ေယာက္ပါခင္ဗ်။ ၁၃ ေယာက္ကို ဖမ္းပါတယ္။ အဲ့ဒီ့ဘက္က မတူပီဘက္သြားတဲ့လမ္းဆိုေတာ့ အဲ့ဒီ့ဘက္က လမ္းသြားလမ္းလာေတြပဲျဖစ္ဖို႔မ်ားတယ္။ အခုခ်ိန္ထိေတာ့ တေယာက္မွ မလြတ္ၾကေသးပါဘူးခင္ဗ်။”

ဖမ္းဆီးသြားတဲ့သူေတြထဲမွာ အ႐ြယ္မေရာက္သူေတြ ပါဝင္ၿပီး၊ ဖမ္းဆီးခံရသူေတြဟာ ဒီျဖစ္စဥ္နဲ႔သက္ဆိုင္ျခင္းမရွိဘူးလို႔္ CDF ဟားခါး ျပန္ၾကားေရး တာဝန္ခံက အခုလို ေျပာပါတယ္။

“ေဘးကရွိတဲ့သူေတြသူတို႔က ေခၚသြားတယ္။ ကေလး အပါေပါ့ေနာ္။ သူတို႔ေခၚသြားတဲ့ ကေလးတခ်ိဳ႕ဆို ငိုေတာင္ငိုသြားၿပီးေတာ့ေလ ေၾကာက္ၿပီးေတာ့ေလ အဲ့ဒါကို သူတို႔က အတင္းကိုေခၚသြားတာ။ တကယ္တမ္းၾကေတာ့ အဲ့ဒီ့ေဘးက ရွိတဲ့လူေတြက လုံးဝဒီစစ္ဆင္ေရးအေၾကာင္းကို မသိခဲ့ရဘူးေပါ့ေနာ္။”

စစ္သား ၂ ဦးလုံးေသဆုံးခဲ့ၿပီး ေသနတ္တလက္ကိုလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ စားခါး CDF က ေျပာပါတယ္။ ေက်ာ္ဘုတ္ရပ္ကြက္မွာ ဖြင့္လွစ္ထားတဲ့ စစ္ေဆးေရးဂိတ္ဟာ ဟားခါးကေန မတူပီ - မင္းတပ္ကို သြားတဲ့လမ္းပိုင္းျဖစ္ၿပီး လြန္ခဲ့တဲ့ရက္ပိုင္းကစလို႔ မတူပီ မင္းတပ္ သြားလာသူေတြအေနနဲ႔ ရပ္ကြက္ေထာက္ခံစာပါမွ သြားလာခြင့္ျပဳဖို႔ ကန႔္သတ္တာေတြ လုပ္ခဲ့ပါေသးတယ္။ ဟားခါးမွာ အခုလို ပစ္ခတ္ ဖမ္းဆီးမႈေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဖက္က ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။ စစ္ေကာင္စီ ေျပာခြင့္ရသူကိုလည္း ဆက္သြယ္လို႔မရပါဘူး။

မင္းတပ္ဘက္မွာဆိုရင္လည္း စစ္ေဘးေရွာင္ေတြဟာ စားနပ္ရိကၡာ အခက္အခဲေတြအျပင္ ေဆးဝါးကုသမႈ မလုံေလာက္တဲ့ အေျခအေနေတြရွိေနပါတယ္။ စစ္ေဘးေရွာင္ အေျခအေနနဲ႔ ပတ္သက္လို႔ မင္းတပ္စစ္ေဘးေရွာင္ကူညီေရးအဖြဲ႕တာဝန္ရွိသူ ၁ ဦးက အခုလို ေျပာပါတယ္။

“လမ္းေၾကာင္းပိတ္ဆို႔မႈေၾကာင့္ စားနပ္ရိကၡာေတြေကာ အေျခခံလူသုံးကုန္ပစၥည္းေတြေကာ ေတြရွားပါးတာ မလုံေလာက္တာ ဒါကေတာ့ အဆိုး႐ြားဆုံးပဲ။ စစ္ေဘးေရွာင္ေတြမွာ ကိုယ္လိုခ်င္တဲ့ပစၥည္းကို ပိုက္ဆံနဲ႔ဝယ္မယ္ဆိုရင္ေတာင္ ဝယ္လို႔မရတဲ့အေျခအေန ဝင္ေငြေတြမရွိၾကေတာ့ဘူး အလုပ္အကိုင္ အခြင့္အလမ္းေတြမရွိၾကေတာ့ဘူး။ အလႉေငြေတြလည္း နည္းပါးလာတယ္ေပါ့ေနာ္။ အဲ့ဒီ့အတြက္ေၾကာင့္ ရွင္သန္ရပ္တည္ေရးက အရမ္းခက္ခဲတယ္။ လုံၿခဳံမႈမရွိဘူး။ လုံေလာက္တဲ့ေဆးဝါး မရွိဘူးေပါ့ေနာ္။ အဲ့ဒီအခါက်ေတာ့ မိခင္ေတြ ကေလးေတြ ဆုံးရႈံးရတာမ်ိဳးရွိတယ္ေပါ့ေနာ္။”

ဒီတပတ္ထဲမွာ ျမန္မာစစ္တပ္ဟာ စစ္ေဘးေရွာင္ေတြရွိတဲ့ေနရာကို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့တဲ့အတြက္ စစ္ေဘးေရွာင္ အေဆာက္အဦးေတြထိခိုက္ပ်က္စီးခဲ့တာရွိၿပီး စစ္ေဘးေရွာင္ကူညီေပးေနသူေတြလည္း ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ မင္းတပ္ၿမိဳ႕ထဲမွာ စစ္ေဘးေရွာင္ ၁ ေသာင္းေက်ာ္ေလာက္ရွိၿပီး လက္ရွိအခ်ိန္မွာ စစ္ေကာင္စီက နယ္ေျမခ်င္းထိစပ္ေနတဲ့ ထီးလင္းဘက္မွာပါ နယ္ေျမရွင္းလင္းတာေတြလုပ္ေနတဲ့အတြက္ စစ္ေဘးေရွာင္အေရအတြက္ေတြ တိုးလာတယ္လို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။

ဟားခါးမွာ ၁၀ ေယာက္ထက္မနည္း ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:03:40 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ဟားခါးမှာ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံရ

ချင်းပြည်နယ် ဟားခါးမြို့မှာ ပစ်ခတ်ခံရလို့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီးနောက် အနီးအနားက ဒေသခံတွေ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး နေအိမ်တွေကို ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟားခါး CDF (ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့) ကတော့ ဖမ်းဆီးခံရသူတွေဟာ သူတို့အဖွဲ့နဲ့မဆိုင်ဘူးလို့ ပြောပါတယ်။ ချင်းပြည်နယ်တွင်း စစ်ရေးတင်းမာမှုအခြေအနေကို ကိုအောင်အောင်က တင်ပြပါမယ်။

ဇန်နဝါရီ ၂၅ ရက်က ချင်းပြည်နယ်မြို့တော် ဟားခါးရဲ့ ကျော်ဘုတ်ရပ်ကွက်မှာရှိတဲ့ မြန်မာစစ်တပ် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်မှာ၊ ထမင်းလာပို့တဲ့ စစ်သား ၂ ဦးကို ဟားခါး CDF (ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့) က တိုက်ခိုက်ခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မြန်မာစစ်တပ်က အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိစစ်ဆေးတာတွေ လုပ်ခဲ့ပြီး အနီးအနားက နေအိမ် ၃ လုံးကိုလည်း ဖြိုဖျက်သွားသလို၊ လမ်းသွားလမ်းလာ ၁၃ ဦးကိုလည်း ဖမ်းဆီးသွားပြီး အခုအချိန်ထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“အိမ်ဖျက်တာ ၃ အိမ်ကိုဖျက်တယ်။ ဒီဘက်က အခေါ်အဝေါ်ပေ့ါနော် JCB စက်ဆိုတာရှိတယ် မြေတူးလည်းတူးတယ် ဂေါ်လည်းကော်တယ်စက်ပေါ့နော် အဲ့ဒီ JCB နဲ့ ဖျက်ဆီးတယ်။ ၁၃ ယောက်ပါခင်ဗျ။ ၁၃ ယောက်ကို ဖမ်းပါတယ်။ အဲ့ဒီ့ဘက်က မတူပီဘက်သွားတဲ့လမ်းဆိုတော့ အဲ့ဒီ့ဘက်က လမ်းသွားလမ်းလာတွေပဲဖြစ်ဖို့များတယ်။ အခုချိန်ထိတော့ တယောက်မှ မလွတ်ကြသေးပါဘူးခင်ဗျ။”

ဖမ်းဆီးသွားတဲ့သူတွေထဲမှာ အရွယ်မရောက်သူတွေ ပါဝင်ပြီး၊ ဖမ်းဆီးခံရသူတွေဟာ ဒီဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့် CDF ဟားခါး ပြန်ကြားရေး တာဝန်ခံက အခုလို ပြောပါတယ်။

“ဘေးကရှိတဲ့သူတွေသူတို့က ခေါ်သွားတယ်။ ကလေး အပါပေါ့နော်။ သူတို့ခေါ်သွားတဲ့ ကလေးတချို့ဆို ငိုတောင်ငိုသွားပြီးတော့လေ ကြောက်ပြီးတော့လေ အဲ့ဒါကို သူတို့က အတင်းကိုခေါ်သွားတာ။ တကယ်တမ်းကြတော့ အဲ့ဒီ့ဘေးက ရှိတဲ့လူတွေက လုံးဝဒီစစ်ဆင်ရေးအကြောင်းကို မသိခဲ့ရဘူးပေါ့နော်။”

စစ်သား ၂ ဦးလုံးသေဆုံးခဲ့ပြီး သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စားခါး CDF က ပြောပါတယ်။ ကျော်ဘုတ်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်ဟာ ဟားခါးကနေ မတူပီ - မင်းတပ်ကို သွားတဲ့လမ်းပိုင်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကစလို့ မတူပီ မင်းတပ် သွားလာသူတွေအနေနဲ့ ရပ်ကွက်ထောက်ခံစာပါမှ သွားလာခွင့်ပြုဖို့ ကန့်သတ်တာတွေ လုပ်ခဲ့ပါသေးတယ်။ ဟားခါးမှာ အခုလို ပစ်ခတ် ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူကိုလည်း ဆက်သွယ်လို့မရပါဘူး။

မင်းတပ်ဘက်မှာဆိုရင်လည်း စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေအပြင် ဆေးဝါးကုသမှု မလုံလောက်တဲ့ အခြေအနေတွေရှိနေပါတယ်။ စစ်ဘေးရှောင် အခြေအနေနဲ့ ပတ်သက်လို့ မင်းတပ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူ ၁ ဦးက အခုလို ပြောပါတယ်။

“လမ်းကြောင်းပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာတွေကော အခြေခံလူသုံးကုန်ပစ္စည်းတွေကော တွေရှားပါးတာ မလုံလောက်တာ ဒါကတော့ အဆိုးရွားဆုံးပဲ။ စစ်ဘေးရှောင်တွေမှာ ကိုယ်လိုချင်တဲ့ပစ္စည်းကို ပိုက်ဆံနဲ့ဝယ်မယ်ဆိုရင်တောင် ဝယ်လို့မရတဲ့အခြေအနေ ဝင်ငွေတွေမရှိကြတော့ဘူး အလုပ်အကိုင် အခွင့်အလမ်းတွေမရှိကြတော့ဘူး။ အလှူငွေတွေလည်း နည်းပါးလာတယ်ပေါ့နော်။ အဲ့ဒီ့အတွက်ကြောင့် ရှင်သန်ရပ်တည်ရေးက အရမ်းခက်ခဲတယ်။ လုံခြုံမှုမရှိဘူး။ လုံလောက်တဲ့ဆေးဝါး မရှိဘူးပေါ့နော်။ အဲ့ဒီအခါကျတော့ မိခင်တွေ ကလေးတွေ ဆုံးရှုံးရတာမျိုးရှိတယ်ပေါ့နော်။”

ဒီတပတ်ထဲမှာ မြန်မာစစ်တပ်ဟာ စစ်ဘေးရှောင်တွေရှိတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် စစ်ဘေးရှောင် အဆောက်အဦးတွေထိခိုက်ပျက်စီးခဲ့တာရှိပြီး စစ်ဘေးရှောင်ကူညီပေးနေသူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မင်းတပ်မြို့ထဲမှာ စစ်ဘေးရှောင် ၁ သောင်းကျော်လောက်ရှိပြီး လက်ရှိအချိန်မှာ စစ်ကောင်စီက နယ်မြေချင်းထိစပ်နေတဲ့ ထီးလင်းဘက်မှာပါ နယ်မြေရှင်းလင်းတာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်အရေအတွက်တွေ တိုးလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

XS
SM
MD
LG