မေကြးတိုင္း ေဆာၿမိဳ႕နယ္ဘက္မွာ ခိုလႈံေနၾကရတဲ့ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္ထဲက စစ္ေျပးဒုကၡသည္ေတြဟာ ေန႔စဥ္လို စစ္တပ္ရဲ႕ ကုန္းေၾကာင္း ေလေၾကာင္း စစ္ေရးလႈပ္ရွားမႈေတြေၾကာင့္ ေနာက္ထပ္ လံုျခံဳမယ့္ေနရာေတြဆီ ေျပာင္းေရြ႕ေနၾကရပါတယ္။ ဒုကၡသည္ေတြအေနနဲ႔ အစားအေသာက္ အခက္အခဲကိုလည္း အႀကီးအက်ယ္ ၾကံဳေနၾကရတဲ့အေၾကာင္း သတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္ တင္ျပပါမယ္။
ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာ ေဒသခံခ်င္းကာကြယ္ေရးပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေၾကာင့္ ေဒသခံရာဂဏန္းဟာ၊ အိမ္နီးခ်င္း မေကြးတိုင္း၊ ေဆာၿမိဳ႕နယ္ သီးကုံးေက်း႐ြာဘက္မွာ ထြက္ေျပးတိမ္းေရွာင္ေနၾကတာ ၂ ႏွစ္နီးပါးရွိေနပါၿပီ။ ေဆာၿမိဳ႕နယ္နားက ေပါက္ေတာေက်း႐ြာ ေက်ာက္ဆြဲေက်း႐ြာတဝိုက္ အခုရက္ပိုင္း တိုက္ပြဲေတြျဖစ္ၿပီး၊ စစ္ေကာင္စီတပ္ေတြရဲ႕ ထိုးစစ္ဆင္မႈေတြ ေန႔စဥ္လို ရွိေနတဲ့အျပင္ ေဝဟင္ကေန စစ္ေလယာဥ္ ပ်ံသန္းမႈေတြလည္း ေန႔စဥ္လိုရွိေနတာေၾကာင့္ ဒုကၡသည္ေတြ စိုးရိမ္ေနၾကပါတယ္။ ဒါေၾကာင့္ ေဘးကင္းတဲ့ ေတာေတာင္ေတြဘက္ ေျပာင္းေ႐ႊ႕ၾကဖို႔ ျပင္ဆင္ေနတယ္လို႔ စစ္ေရွာင္တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။
“ထပ္ေ႐ႊ႕ဖို႔ အေျခအေနရွိတယ္လို႔ၾကားတာပဲ နည္းနည္း လိုအပ္မယ့္ဟာေလးေတြ ျပင္ဆင္ထားတယ္။ အနီးအနားေတြမွာဆိုလိုရွိရင္ေတာ့ တိုက္ပြဲေတြက ျဖစ္ေနတယ္၊ အေပၚကေန ေလယာဥ္နဲ႔ ပစ္သံကအစ စစ္ေၾကာင္းေတြက ပုံမွန္ရွိေနတယ္ အဓိက ေအးရတယ္လို႔ေတာ့ မရွိဘူးပဲ ကိုယ္ေအးေအးခ်မ္းခ်မ္းေနရတယ္လို႔ေတာ့ မရွိဘူး က်ေနာ္တို႔ကလည္း အဲ့လိုေျပးဖို႔လႊားဖို႔ ျပင္ဆင္ရတာနဲ႔ပဲ အခ်ိန္က ကုန္းေနတယ္ အဲ့လိုေတြက ကတုတ္က်င္းေလေတြ ကိုယ့္ရဲ႕ လုံၿခဳံေရးအတြက္ တူးရတယ္ အဲ့လိုမ်ိဳး ေတာထဲမွာ တဲေလးေတြ ထိုးရတယ္ အခုထိကေတာ့ မေ႐ႊ႕ျဖစ္ေသးဘူး။”
စစ္ေျပးဒုကၡသည္ေတြဟာ ေနထိုင္ဖို႔ မလံုျခံဳသလို စားေရး ေသာက္ေရး အခက္အခဲေတြလည္း ရင္ဆိုင္ေနၾကရပါတယ္။
“ေန႔စားအငွားလိုက္ၿပီးခါမွ ဂ်ပ္ခုတ္ေလး အထည္ေလးေအာ္ဒါမွာတဲ့လူရွိလို႔ရင္ေတာ့ ရက္ကန္းေလး ဂ်ပ္ခုတ္ေလးရက္ၿပီးခါမွ အထည္ေလးထုတ္ေရာင္းရတဲ့နည္းနဲ႔ပဲ ႀကံဖန္ေျဖရွင္းရတာရွိတယ္။ ၾကားမွာ အဆင္ေျပတာေတာ့မရွိဘူး။ အဆင္မေျပေတာ့ဘူး။”
တခ်ဳိ႕မိသားစုေတြဆို စားေရရိကၡာျပတ္လပ္တဲ့အထိ ၾကံဳေနၾကရတယ္လို႔ စစ္ေဘးေရွာင္ ဒုကၡသည္ ေနာက္တေယာက္ကလည္း ေျပာျပပါတယ္။
“ေဘးပတ္ဝန္းက်င္ဆိုလည္း ပုံမွန္ေလယာဥ္က ပ်ံဝဲေနတဲ့ အခ်ိန္က်ေတာ့ က်ေနာ္တို႔လည္း လုံးဝမလုံၿခဳံတဲ့အတိုင္းအတာကေတာ့ ေရာက္ေနတယ္။ စားေရးေသာက္ေရးကေတာ့ က်ေနာ္တို႔ ဒီလိုပဲဟိုဟာေပါ့ တခ်ိဳ႕ကေန႔စားေလလိုက္တယ္ အခုေနာက္ပိုင္းဆိုရင္ေတာ့ ေန႔စားလည္းမရွိေတာ့ဘူး။ အခုက်ေတာ့ ေတာ္ေတာ္ေလး အခက္အခဲပိုင္းမွာေတာ့ ေရာက္ေနတယ္။ တခ်ိဳ႕မိသားစုဆိုရင္ေတာ့ လုံးဝစားေရးေသာက္ေရးက ျပတ္လပ္ေနတဲ့အတိုင္းအတာမွာရွိတယ္။”
လနဲ႔ ႏွစ္နဲ႔ခ်ီ စစ္ေဘးေရွာင္ေနၾကရတဲ့ ဒုကၡသည္ေတြအတြက္ လွဴဒါန္းမယ့္သူလည္း မရွိေတာ့တာေၾကာင့္ အခ်င္းခ်င္း အဆင္ေျပသလို မွ်ေဝ စားေသာက္ေနၾကရတယ္လို႔ ေျပာၾကပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္နဲ႔ မေကြးတိုင္းေဆာၿမိဳ႕နယ္ ၂ ခုလုံးကိုလည္း စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားပါတယ္။
[Unicode]
လုံခြုံမှုမရှိသေးတဲ့ ဆောဘက်က စစ်ပြေးဒုက္ခသည်များ
မကွေးတိုင်း ဆောမြို့နယ်ဘက်မှာ ခိုလှုံနေကြရတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေဟာ နေ့စဉ်လို စစ်တပ်ရဲ့ ကုန်းကြောင်း လေကြောင်း စစ်ရေးလှုပ်ရှားမှုတွေကြောင့် နောက်ထပ် လုံခြုံမယ့်နေရာတွေဆီ ပြောင်းရွေ့နေကြရပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အစားအသောက် အခက်အခဲကိုလည်း အကြီးအကျယ် ကြုံနေကြရတဲ့အကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန် တင်ပြပါမယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲမှာ ဒေသခံချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲကြောင့် ဒေသခံရာဂဏန်းဟာ၊ အိမ်နီးချင်း မကွေးတိုင်း၊ ဆောမြို့နယ် သီးကုံးကျေးရွာဘက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ၂ နှစ်နီးပါးရှိနေပါပြီ။ ဆောမြို့နယ်နားက ပေါက်တောကျေးရွာ ကျောက်ဆွဲကျေးရွာတဝိုက် အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ပြီး၊ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေ နေ့စဉ်လို ရှိနေတဲ့အပြင် ဝေဟင်ကနေ စစ်လေယာဉ် ပျံသန်းမှုတွေလည်း နေ့စဉ်လိုရှိနေတာကြောင့် ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဘေးကင်းတဲ့ တောတောင်တွေဘက် ပြောင်းရွှေ့ကြဖို့ ပြင်ဆင်နေတယ်လို့ စစ်ရှောင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
“ထပ်ရွှေ့ဖို့ အခြေအနေရှိတယ်လို့ကြားတာပဲ နည်းနည်း လိုအပ်မယ့်ဟာလေးတွေ ပြင်ဆင်ထားတယ်။ အနီးအနားတွေမှာဆိုလိုရှိရင်တော့ တိုက်ပွဲတွေက ဖြစ်နေတယ်၊ အပေါ်ကနေ လေယာဉ်နဲ့ ပစ်သံကအစ စစ်ကြောင်းတွေက ပုံမှန်ရှိနေတယ် အဓိက အေးရတယ်လို့တော့ မရှိဘူးပဲ ကိုယ်အေးအေးချမ်းချမ်းနေရတယ်လို့တော့ မရှိဘူး ကျနော်တို့ကလည်း အဲ့လိုပြေးဖို့လွှားဖို့ ပြင်ဆင်ရတာနဲ့ပဲ အချိန်က ကုန်းနေတယ် အဲ့လိုတွေက ကတုတ်ကျင်းလေတွေ ကိုယ့်ရဲ့ လုံခြုံရေးအတွက် တူးရတယ် အဲ့လိုမျိုး တောထဲမှာ တဲလေးတွေ ထိုးရတယ် အခုထိကတော့ မရွှေ့ဖြစ်သေးဘူး။”
စစ်ပြေးဒုက္ခသည်တွေဟာ နေထိုင်ဖို့ မလုံခြုံသလို စားရေး သောက်ရေး အခက်အခဲတွေလည်း ရင်ဆိုင်နေကြရပါတယ်။
“နေ့စားအငှားလိုက်ပြီးခါမှ ဂျပ်ခုတ်လေး အထည်လေးအော်ဒါမှာတဲ့လူရှိလို့ရင်တော့ ရက်ကန်းလေး ဂျပ်ခုတ်လေးရက်ပြီးခါမှ အထည်လေးထုတ်ရောင်းရတဲ့နည်းနဲ့ပဲ ကြံဖန်ဖြေရှင်းရတာရှိတယ်။ ကြားမှာ အဆင်ပြေတာတော့မရှိဘူး။ အဆင်မပြေတော့ဘူး။”
တချို့မိသားစုတွေဆို စားရေရိက္ခာပြတ်လပ်တဲ့အထိ ကြုံနေကြရတယ်လို့ စစ်ဘေးရှောင် ဒုက္ခသည် နောက်တယောက်ကလည်း ပြောပြပါတယ်။
“ဘေးပတ်ဝန်းကျင်ဆိုလည်း ပုံမှန်လေယာဉ်က ပျံဝဲနေတဲ့ အချိန်ကျတော့ ကျနော်တို့လည်း လုံးဝမလုံခြုံတဲ့အတိုင်းအတာကတော့ ရောက်နေတယ်။ စားရေးသောက်ရေးကတော့ ကျနော်တို့ ဒီလိုပဲဟိုဟာပေါ့ တချို့ကနေ့စားလေလိုက်တယ် အခုနောက်ပိုင်းဆိုရင်တော့ နေ့စားလည်းမရှိတော့ဘူး။ အခုကျတော့ တော်တော်လေး အခက်အခဲပိုင်းမှာတော့ ရောက်နေတယ်။ တချို့မိသားစုဆိုရင်တော့ လုံးဝစားရေးသောက်ရေးက ပြတ်လပ်နေတဲ့အတိုင်းအတာမှာရှိတယ်။”
လနဲ့ နှစ်နဲ့ချီ စစ်ဘေးရှောင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းမယ့်သူလည်း မရှိတော့တာကြောင့် အချင်းချင်း အဆင်ပြေသလို မျှဝေ စားသောက်နေကြရတယ်လို့ ပြောကြပါတယ်။ စစ်ကောင်စီဘက်ကတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းဆောမြို့နယ် ၂ ခုလုံးကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။