စစ္တပ္က အာဏာယူခြင့္ ၆ လ သက္တမ္းတိုးထားခ်ိန္အတြင္းမွာ ေရြးေကာက္ပြဲ က်င္းပဖို႔ထက္ တည္ၿငိမ္ေရးကို ဦးစားေပးေဆာင္ရြက္မယ္လို႔ စစ္ေကာင္စီက ေျပာၾကားပါတယ္။ လာမယ့္ ၆ လအတြင္း ေရြးေကာက္ပြဲက်င္းပႏိုင္ေအာင္ တည္ၿငိမ္ေရးပိုင္းကို ဦးစားေပးေဆာင္႐ြက္မယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာခဲ့တာပါ။ ဆက္သြယ္ေမးထားတဲ့ သတင္းေထာက္ မေမခက ဆက္ၿပီးတင္ျပပါမယ္။
သာမန္မဟုတ္တဲ့ အေျခအေနဆိုၿပီး ဖြဲ႕စည္းပုံပါ ပုဒ္မ ၄၂၅ ကို သုံးၿပီး စစ္ေကာင္စီက ႏိုင္ငံေတာ္အာဏာကို ေနာက္ထပ္ ၆လထပ္တိုးယူခဲ့ၿပီးေနာက္မွာဘဲ၊ ဒီသက္တမ္းအတြင္း ေ႐ြးေကာက္ပြဲျဖစ္ႏိုင္ေခ်နဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရသူက ေျပာခဲ့တာပါ။ သက္တမ္း ၆လအတြင္း ေ႐ြးေကာက္ပြဲတရပ္က်င္းပႏိုင္မယ့္ ႏိုင္ငံေရးတည္ၿငိမ္ေအးခ်မ္းမႈကို ဦးစားေပးလုပ္မယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့တာပါ။
"ဒါနဲ႔ပတ္သတ္လို႔ ကာလုံအစီအရင္ခံစာထဲမွာလဲပါၿပီးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေပါ့ လြတ္ လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျပဳလုပ္ႏိုင္ေရး အေျခအေနတည္ၿငိမ္ေအးခ်မ္းေရး အေျခအေနေတြကို က်ေနာ္တို႔က ထည့္တြက္ၿပီးလုပ္မွသာ လြတ္လပ္တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ က်ေနာ္တို႔ယူဆပါတယ္။ ဒါေတြျဖစ္ဖို႔အတြက္အေျခအေနေတြေပါ့ လိုအပ္တဲ့ အေျခခံအခ်က္အေျခအေနေတြကိုေပါ့ လုပ္ေဆာင္လ်က္ရွိတယ္လို႔ေျပာခ်င္ပါတယ္။ ၆ လအေတာအတြင္းထဲမွာေတာ့က်ေနာ္တို႔ အေျခအေနဖန္တီးတာတို႔ ၿပီးရင္ ေ႐ြးေကာက္ပြဲလုပ္ဖို႔အတြက္ တည္ၿငိမ္ေအးခ်မ္းမႈရွိေအာင္လုပ္တာတို႔ဘဲ ေဆာင္႐ြက္ႏိုင္မယ့္အေနအထားမ်ိဳး ရွိပါေသးတယ္။ အဓိကကေတာ့ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမွ က်ေနာ္တို႔ ရည္မွန္းခ်က္ဟာ ၂၀၁၀ေ႐ြးေကာက္ပြဲ အေျခအေနမ်ိဳးျဖစ္ႏိူင္ေအာင္အစြမ္းကုန္ ႀကိဳးစားလုပ္သြားမယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။"
၂၀၂၃ ၾသဂုတ္လမွာ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္က အရင္က ေျပာထားပါတယ္။ ဒါေပမယ့္ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီ အစည္းအေဝးမွာ ျမန္မာႏိုင္ငံအေျခအေနဟာ သာမန္အေျခအေနမဟုတ္ဆိုတဲ့ သုံးသပ္ခ်က္နဲ႔ စစ္ေကာင္စီသက္တမ္းကို ၆ လတိုးခဲ့ပါတယ္။
မေန႔ကေတာ့ ေဒသကာကြယ္ေရးတပ္ေတြနဲ႔စစ္ေကာင္စီၾကားတိုက္ပြဲေတြျပင္းထန္ေနတဲ့ စစ္ကိုင္း၊ခ်င္း၊ မေကြး၊ တနသၤာရီ၊ပဲခူး၊မြန္၊ ကရင္နဲ႔ ကယားျပည္နယ္ထဲက ၿမိဳ႕နယ္ ၃၇ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးေၾကညာလိုက္ပါတယ္။ ဒါဟာ စစ္ေကာင္စီက ႏိုင္ငံေတာ္အာဏာကို သက္တမ္းတိုးထပ္ယူၿပီး ၂ရက္ေျမာက္မွာ ေၾကညာလာခဲ့တာပါ။ အခု သက္တမ္း ၆လအတြင္း တည္ၿငိမ္ေအးခ်မ္းေရးကို အစြမ္းကုန္ေဆာင္႐ြက္မယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
" တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ကာကြယ္ေရးနဲ႔ ျပည္တဲေရးဝန္ႀကီးဌာနက ဝန္ႀကီးေတြကို ဒုတိယဝန္ႀကီးခ်ဳပ္ အျဖစ္စီမံခန႔္ခြဲမႈေကာင္းေအာင္လုပ္ခဲ့တယ္။ ရည္႐ြယ္ထားတာသည္ တည္ၿငိမ္ေအးခ်မ္းေရးကိုေကာ ဖြံၿဖိဳးတိုး တက္ေရးကိုေကာပိုမိုၿပီး ေဆာင္႐ြက္ႏိုင္ေအာင္ရည္မွန္းထားပါတယ္။ ရည္မွန္းထားတာဟာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုတည္ေဆာက္ေရးကိုဘဲ အၿမဲတမ္းရည္မွန္းထားတယ္။ ပါတီစုံစနစ္ ခိုင္မာေရးရည္မွန္းထားတယ္ စစ္ေဘာင္က်ယ္တာမက်ယ္တာကေတာ့ က်ေနာ္ေျပာခ်င္တာ လက္ခုပ္ဆိုတာ တဖက္ထဲ တီးလို႔ျမည္စရာအေၾကာင္းမရွိပါဘူး။ လုံၿခဳံေရးနဲ႔ကာကြယ္ေရးကိစၥေတြလုပ္ေနတာေပမယ့္ တဖက္မွာၿငိမ္းခ်မ္းေရးကိစၥေတြေဆာင္႐ြက္ေနတာရွိပါတယ္။"
ႏိုင္ငံတဝန္း ၿမိဳ႕နယ္ေပါင္း ၃၃၀ မွာ ၁၉၈ ၿမိဳ႕နယ္ပဲ တည္ၿငိမ္ၿပီး ၁၃၂ ၿမိဳ႕နယ္က လုံၿခဳံေရးရယူဖို႔လိုအပ္ေနတဲ့အေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေဖေဖာ္ဝါရီ ၁ရက္က လုပ္တဲ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ အစည္းအေဝးမွာတင္ျပခဲ့ပါတယ္။
၆လအတြင္းရည္မွန္းခ်က္က တည္ၿငိမ္ေအးခ်မ္းေရးကိုဦးတည္လုပ္မယ္လို႔ စစ္ေကာင္စီေျပာခြင့္ရကေျပာခဲ့သလို မေန႔ကလည္းၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးတိုးျမင့္လိုက္တာမို႔ စစ္ေရးတင္းမာမႈေတြနဲ႔တိုက္ပြဲေတြ ပိုျပင္းထန္လာမယ္လို႔ သုံးသပ္သူေတြက ခန႔္မွန္းၾကပါတယ္။
စစ္အာဏာသိမ္း ၂ႏွစ္အတြင္း ႏိုင္ငံတဝန္း တိုက္ပြဲအႀကိမ္ေရ ၈ေထာင္ေက်ာ္ရွိခဲ့ၿပီး ဒါဟာ အာဏာမသိမ္းခင္ ၁၀ႏွစ္အတြင္းက တိုက္ပြဲအေရအတြက္ထက္ ၂ဆနီးပါးျမင့္တက္ခဲ့တာလို႔ ျမန္မာ့မဟာဗ်ဴဟာႏွင့္ မူဝါဒေလ့လာေရးအင္စတီက်ဳ (ISP-Myanmar) ရဲ႕ စစ္အာဏာသိမ္း ၂ႏွစ္ျပည့္စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။
[Unicode]
သက်တမ်းတိုး ၆ လအတွင်း ရွေးကောက်ပွဲ မဖြစ်နိုင်
စစ်တပ်က အာဏာယူခွင့် ၆ လ သက်တမ်းတိုးထားချိန်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ထက် တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ လာမယ့် ၆ လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်အောင် တည်ငြိမ်ရေးပိုင်းကို ဦးစားပေးဆောင်ရွက်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောခဲ့တာပါ။ ဆက်သွယ်မေးထားတဲ့ သတင်းထောက် မမေခက ဆက်ပြီးတင်ပြပါမယ်။
သာမန်မဟုတ်တဲ့ အခြေအနေဆိုပြီး ဖွဲ့စည်းပုံပါ ပုဒ်မ ၄၂၅ ကို သုံးပြီး စစ်ကောင်စီက နိုင်ငံတော်အာဏာကို နောက်ထပ် ၆လထပ်တိုးယူခဲ့ပြီးနောက်မှာဘဲ၊ ဒီသက်တမ်းအတွင်း ရွေးကောက်ပွဲဖြစ်နိုင်ချေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောခဲ့တာပါ။ သက်တမ်း ၆လအတွင်း ရွေးကောက်ပွဲတရပ်ကျင်းပနိုင်မယ့် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုကို ဦးစားပေးလုပ်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။
"ဒါနဲ့ပတ်သတ်လို့ ကာလုံအစီအရင်ခံစာထဲမှာလဲပါပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေပေါ့ လွတ် လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အခြေအနေတည်ငြိမ်အေးချမ်းရေး အခြေအနေတွေကို ကျနော်တို့က ထည့်တွက်ပြီးလုပ်မှသာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ကျနော်တို့ယူဆပါတယ်။ ဒါတွေဖြစ်ဖို့အတွက်အခြေအနေတွေပေါ့ လိုအပ်တဲ့ အခြေခံအချက်အခြေအနေတွေကိုပေါ့ လုပ်ဆောင်လျက်ရှိတယ်လို့ပြောချင်ပါတယ်။ ၆ လအတောအတွင်းထဲမှာတော့ကျနော်တို့ အခြေအနေဖန်တီးတာတို့ ပြီးရင် ရွေးကောက်ပွဲလုပ်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်တာတို့ဘဲ ဆောင်ရွက်နိုင်မယ့်အနေအထားမျိုး ရှိပါသေးတယ်။ အဓိကကတော့ နိုင်ငံတည်ငြိမ်အေးချမ်းမှ ကျနော်တို့ ရည်မှန်းချက်ဟာ ၂၀၁၀ရွေးကောက်ပွဲ အခြေအနေမျိုးဖြစ်နိူင်အောင်အစွမ်းကုန် ကြိုးစားလုပ်သွားမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။"
၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အရင်က ပြောထားပါတယ်။ ဒါပေမယ့် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေဟာ သာမန်အခြေအနေမဟုတ်ဆိုတဲ့ သုံးသပ်ချက်နဲ့ စစ်ကောင်စီသက်တမ်းကို ၆ လတိုးခဲ့ပါတယ်။
မနေ့ကတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်း၊ချင်း၊ မကွေး၊ တနင်္သာရီ၊ပဲခူး၊မွန်၊ ကရင်နဲ့ ကယားပြည်နယ်ထဲက မြို့နယ် ၃၇မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။ ဒါဟာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သက်တမ်းတိုးထပ်ယူပြီး ၂ရက်မြောက်မှာ ကြေညာလာခဲ့တာပါ။ အခု သက်တမ်း ၆လအတွင်း တည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန်ဆောင်ရွက်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
" တည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးနဲ့ ပြည်တဲရေးဝန်ကြီးဌာနက ဝန်ကြီးတွေကို ဒုတိယဝန်ကြီးချုပ် အဖြစ်စီမံခန့်ခွဲမှုကောင်းအောင်လုပ်ခဲ့တယ်။ ရည်ရွယ်ထားတာသည် တည်ငြိမ်အေးချမ်းရေးကိုကော ဖွံဖြိုးတိုး တက်ရေးကိုကောပိုမိုပြီး ဆောင်ရွက်နိုင်အောင်ရည်မှန်းထားပါတယ်။ ရည်မှန်းထားတာဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကိုဘဲ အမြဲတမ်းရည်မှန်းထားတယ်။ ပါတီစုံစနစ် ခိုင်မာရေးရည်မှန်းထားတယ် စစ်ဘောင်ကျယ်တာမကျယ်တာကတော့ ကျနော်ပြောချင်တာ လက်ခုပ်ဆိုတာ တဖက်ထဲ တီးလို့မြည်စရာအကြောင်းမရှိပါဘူး။ လုံခြုံရေးနဲ့ကာကွယ်ရေးကိစ္စတွေလုပ်နေတာပေမယ့် တဖက်မှာငြိမ်းချမ်းရေးကိစ္စတွေဆောင်ရွက်နေတာရှိပါတယ်။"
နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ ၁၉၈ မြို့နယ်ပဲ တည်ငြိမ်ပြီး ၁၃၂ မြို့နယ်က လုံခြုံရေးရယူဖို့လိုအပ်နေတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁ရက်က လုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာတင်ပြခဲ့ပါတယ်။
၆လအတွင်းရည်မှန်းချက်က တည်ငြိမ်အေးချမ်းရေးကိုဦးတည်လုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောခဲ့သလို မနေ့ကလည်းမြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးတိုးမြင့်လိုက်တာမို့ စစ်ရေးတင်းမာမှုတွေနဲ့တိုက်ပွဲတွေ ပိုပြင်းထန်လာမယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။
စစ်အာဏာသိမ်း ၂နှစ်အတွင်း နိုင်ငံတဝန်း တိုက်ပွဲအကြိမ်ရေ ၈ထောင်ကျော်ရှိခဲ့ပြီး ဒါဟာ အာဏာမသိမ်းခင် ၁၀နှစ်အတွင်းက တိုက်ပွဲအရေအတွက်ထက် ၂ဆနီးပါးမြင့်တက်ခဲ့တာလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ စစ်အာဏာသိမ်း ၂နှစ်ပြည့်စစ်တမ်းမှာ ဖော်ပြထားပါတယ်။