=== [[ ZAWGYI ]] ===
စစ္အုပ္ခ်ဳပ္ေရးေၾကာင့္ တင္းမာမႈေတြ ႀကီးထြားလာမွာ စုိးရိမ္မႈေတြထြက္ေပၚ
စစ္ကိုင္းတုိင္း နဲ႔ မေကြးတုိင္း အပါအ၀င္ ႏုိင္ငံတ၀န္း ျပည္နယ္တုိင္းအသီးသီးက ၿမိဳ႕နယ္ ၄၀ နီးပါးကို စစ္အုပ္ခ်ဳပ္ေရးေၾကျငာတယ္လို႔ စစ္ေကာင္စီက မေန႔က ထုတ္ျပန္လိုက္ပါတယ္။ စစ္ေကာင္စီကေတာ့ တရားဥပေဒစိုးမုိးေရး နဲ႔ နယ္ေျမလုံၿခဳံေအးခ်မ္းေရးအတြက္ ထုတ္ျပန္လိုက္တာလို႔ ေျပာပါတယ္။ ဒါေပမဲ့တဘက္မွာလည္း အဲဒီေဒသေတြမွာ တုိက္ပဲြေတြ ပိုျပင္းထန္လာႏုိင္တယ္လို႔ ေဒသခံေတြ နဲ႔ ႏုိင္ငံေရးေလ့လာသူေတြက ေျပာပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္ႏုိင္က ေျပာျပမွာျဖစ္ပါတယ္။
ျမန္မာႏိုင္ငံတ၀န္းက စစ္ေရးပဋိပကၡေတြျဖစ္ေပၚေနတဲ့ ျပည္နယ္၊ တိုင္းေဒသႀကီးအေတာ္မ်ားမ်ားက ၿမိဳ႕နယ္ေပါင္း ၃၈ ၿမိဳ႕နယ္မွာ စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရး Martial Law ဥပေဒကို မေန႔ ေဖေဖာ္ဝါရီ ၂ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။
စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး PDF တပ္ဖြဲ႔ေတြအၾကား တိုက္ပြဲေတြ ေန႔စဥ္လိုလို ျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းအတြင္းက ေကာလင္း၊ ယင္းမာပင္၊ ခင္ဦး၊ ေရဦး၊ တန္႔ဆည္ စတဲ့ၿမိဳ႕နယ္ေတြအပါအဝင္ ၁၁ ၿမိဳ႕နယ္၊ ခ်င္းျပည္နယ္ထဲက တီးတိန္၊ ဟားခါးအပါအဝင္ ၇ ၿမိဳ႕နယ္၊ မေကြးတိုင္းအတြင္းထဲက ထီးလင္း၊ ေဆာ၊ ေပါက္အပါအဝင္ ၅ ၿမိဳ႕နယ္၊ ကရင္ျပည္နယ္ထဲက ၾကာအင္းဆိပ္ႀကီးအပါအဝင္ ၅ ၿမိဳ႕နယ္၊ ပဲခူးတိုင္းထဲက ေပါက္ေခါင္း ေပါင္းတည္ နတ္တလင္းအပါအဝင္ ၅ ၿမိဳ႕နယ္၊ ကယားျပည္နယ္မွာ ၄ ၿမိဳ႕နယ္၊ တနသၤာရီတိုင္းထဲက ၂ ၿမိဳ႕နယ္တို႔မွာ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္လိုက္တာျဖစ္ပါတယ္။ အဲဒီၿမိဳ႕နယ္ေတြမွာ စစ္အုပ္ခ်ဳပ္ေရးေၾကျငာလိုက္တာနဲ႔ ပတ္သက္ၿပီး စစ္ကိုင္းတုိင္းအတြင္း ေဒသခံ CDM ၀န္ထမ္းတဦးကေတာ့ ဗီြအိုေအကို အခုလိုေျပာပါတယ္။
" တကယ္ေတာ့ အစကတည္းက စစ္အုပ္ခ်ဳပ္ေရး ရွိေနၿပီးသားဆိုေတာ့ ဒီထက္လည္း ဆိုးစရာ မရွိေတာ့ဘူး။ ဒီထက္လည္းပုိၿပီး ၾကမ္းစရာ မရွိေတာ့ဘူး။ စစ္အုပ္ခ်ဳပ္ေရး ေၾကညာရင္ တခုခုမ်ား ထူးသြားမလားေပါ့။ အထူးသျဖင့္ေတာ့ သူတို႔ဘက္က ေထာက္ခံသူေတြကေတာ့ စစ္အုပ္ခ်ဳပ္ေရး ေၾကညာလိုက္ၿပီဆိုတဲ့အျမင္အရ ..ဟာ ခ်ေတာ့မယ္ေဟ့ ႏွက္ေတာ့မယ္ေဟ့ဆိုၿပီး အားတက္သြားမလား မသိဘူး။ ဒါေပမဲ့ ဘာမွေတာ့ ထူးျခားသြားတဲ့အခ်က္ေတာ့ မဟုတ္ပါဘူး။ ကာလုံအစည္းအေဝး ရလဒ္တခုအျဖစ္နဲ႔ ဒါ တရားဝင္ စာထုတ္လိုက္တဲ့သေဘာေလာက္ပါပဲ။"
ႏုိင္ငံေရးေလ့လာသုံးသပ္သူတဦးလည္းျဖစ္တဲ့ သီေပါၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္းကေတာ့ စစ္ေကာင္စီဘက္က အဲဒီၿမိဳ႕နယ္ေတြမွာ စစ္အုပ္ခ်ဳပ္ေရးေၾကျငာတာရဲ႕ အဓိကအခ်က္က လုံၿခဳံေရးကို စိုးရိမ္တာေၾကာင့္ျဖစ္တယ္လို႔ ေျပာပါတယ္။
"သူတို႔ အလစ္အငိုက္ အတုိက္ခိုက္ခံရတာေတြ မခံရေအာင္လို႔ လုပ္တယ္လို႔ က်ေနာ္ျမင္တယ္။ အဲ့ဒီမွာ ၿမဳိ႕ထဲမွာ ရဲစခန္းကို ဝင္စီးတာတို႔ ၊ ေနာက္တခါ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမႉးရုံးေတြ ၊ ဌာနဆိုင္ရာဝန္ထမ္းေတြ အစည္းအေဝးေတြ ဘာေတြ လုပ္ေနခ်ိန္မွာ ဆိုင္ကယ္နဲ႔လာၿပီး ပစ္ခတ္တာေတြ ..အဲလိုဟာမ်ဳိးေတြ ေတြ႔ရေတာ့ အဓိကေတာ့ သူတို႔ အလစ္အငိုက္ အတိုက္ခိုက္ မခံရေရးေပါ့ေနာ္။ "
စစ္ေကာင္စီဘက္ကေတာ့ လံုျခံဳေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ နယ္ေျမ ေအးခ်မ္းေရးေတြကို ပိုၿပီးထိထိေရာက္ေရာက္ လုပ္ႏိုင္ဖို႔အတြက္ စစ္အုပ္ခ်ဳပ္ေရးေၾကညာတာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပပါတယ္။ ဒါေပမဲ့ တဘက္မွာလည္း စစ္အုပ္ခ်ဳပ္ေရးေၾကညာလိုက္္တဲ့ အတြက္ အဲဒီေဒသေတြမွာ တုိက္ပဲြေတြ ပိုျဖစ္လာနိုင္တယ္္္ဆုိတဲ့ ခန္႔မွန္းခ်က္ေတြလည္းရွိလာေနပါတယ္။ မေကြးတုိင္းအတြင္းက ေဒသခံ ျပည္သူ႔ကကာကြယ္ေရးတပ္ဖဲြ႔၀င္တဦးေျပာတာကေတာ့ -
" က်ေနာ္တို႔ရဲ႕ ခုံခံေတာ္လွန္စစ္က အားေကာင္းလာၿပီဆိုေတာ့ေလ စစ္ေကာင္စီ အေျခစိုက္တဲ့ေနရာေတြကို တိုက္ၾကခိုက္ၾကေတာ့မယ့္ အေနအထားဆိုေတာ့ တိုက္ပြဲေတြက မလဲြမေသြျဖစ္လာမွာဗ်။ က်ေနာ္ထင္တာက သူတို႔ ထုိးစစ္ဆင္ဖုိ႔ထက္ ခံစစ္ျပင္ဖို႔ဆိုတဲ့ အေနအထားကိုပဲ ျမင္ရတယ္။ အဲလိုဆိုေတာ့ အဲဒီၿမဳိ႕နယ္ေတြကို မာမာထန္ထန္ တုံ႔ျပန္ေတာ့မယ္ ဆိုတာမ်ဳိး သတိေပးခ်င္တဲ့ သေဘာလို႔ထင္တယ္။ "
အခု စစ္အုပ္ခ်ဳပ္ေရးေၾကညာလိုက္တဲ့ ေဒသေတြမွာရွိတဲ့ တိုင္းမွဴးေတြအေနနဲ႔ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးဆိုင္ရာ မာရွယ္ေလာလို႔ေခၚတဲ့ စစ္အုပ္ခ်ဳပ္ေရးအာဏာကို က်င့္သံုးႏိုင္တယ္လို႔ စစ္ေကာင္စီ အတြင္းေရးမွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး အမိန္႔နဲ႔ ထုတ္ျပန္ထားပါတယ္။ တိုင္းမွဴးေတြအေနနဲ႔ အခ်ိန္နဲ႔တေျပးညီ ေျပာင္းလဲျဖစ္ေပၚေနတဲ့ အေျခအေန အရပ္ရပ္အေပၚ မူတည္ၿပီး မိမိကိုယ္တိုင္၊ ဒါမွမဟုတ္ စစ္နယ္ေျမမွႈးမ်ားကို တာ၀န္လြဲေပးၿပီး စစ္အုပ္ခ်ဳပ္ေရးကို က်င့္သုံးႏိုင္သည္ လို႔ ေဖာ္ျပထားပါတယ္။ ဒါနဲ႔ဆက္စပ္ၿပီး ျဖစ္လာႏုိင္တဲ့ အေျခအေနကိုေတာ့ ဦးရဲထြန္းက အခုလို ေျပာပါတယ္။
" လိုအပ္တဲ့ စည္းကမ္းတင္းၾကပ္မႈေတြ လုပ္မွာေပါ့။ ဥပမာ ဆုိင္ကယ္ကို လူ ၂ေယာက္ မစီးရဆိုတာမ်ဳိး။ ဒါမွမဟုတ္လည္း ဆိုင္ကယ္ မစီးရဆိုတာမ်ဳိးေပါ့။ ည ဘယ္ႏွယ္နာရီကေန ဘယ္ႏွယ္နာရီထိ မထြက္ရ ဆိုတာမ်ဳိးေပါ့။ အျခားေနရာေတြထက္စာရင္ ပိုတင္းၾကပ္တဲ့ အုပ္ခ်ဳပ္ေရးစည္းကမ္းေတြ ရင္ဆိုင္ရလာမွာေပါ့။ "
အခုလိုမ်ိဳး စစ္အုပ္ခ်ဳပ္ေရးေၾကျငာလိုက္တဲ့အတြက္ အဲဒီၿမိဳ႕နယ္ေတြမွာ အရပ္သားအုပ္ခ်ဳပ္ေရးပ်က္သြားၿပီဆုိတာကို စစ္ေကာင္စီဘက္က ၀န္ခံလိုက္တာျဖစ္တယ္ စစ္ကိုင္းတုိင္း ေဒသခံက ေျပာလိုက္ပါတယ္။
" ဘာေတြ ဆက္ျဖစ္လာႏိုင္လဲဆို စစ္အုပ္ခ်ဳပ္ေရး ျဖစ္တဲ့အတြက္ အရပ္သားအုပ္ခ်ဳပ္ေရးစနစ္ ပ်က္သြားၿပီေပါ့။ အဲဒီမွာ စိတ္ဝင္စားစရာ ေကာင္းလာတာက အဲဒီေနရာ အစားထိုးမယ့္ စစ္အုပ္ခ်ဳပ္ေရးကေရာ တကယ္ အသက္ဝင္ပါ့မလားဆိုတာ စဥ္းစားစရာျဖစ္လာပါတယ္။ ဘာလို႔လဲဆိုေတာ့ စစ္တပ္ရဲ႕ အင္အားက ဒီၿမဳိ႕နယ္(၃၀)ေက်ာ္ကို လက္တံ ရွည္ရွည္နဲ႔ အကုန္လုံး အုပ္ခ်ဳပ္ႏိုင္ေလာက္ေအာင္ သူတို႔မွာ အင္အားရွိရဲ႕လား ?။ အင္အားရွိခဲ့ရင္ေကာ ဘယ္လိုနည္းနဲ႔ အုပ္ခ်ဳပ္မွာတုန္းဆိုတာ သူတို႔အတြက္ စိန္ေခၚမႈျဖစ္လာလိမ့္မယ္။ အဲခါက ဘာပဲလုပ္မွာလဲဆိုေတာ့ စစ္ပဲတိုက္မွာပဲဟာ .. ထုံးစံအတုိင္း ရြာေတြကို မီးရႈိ႕မယ္၊ လုယက္မယ္၊ သတ္ျဖတ္မယ္ စစ္ေရးကေတာ့ ပိုျမင့္လာဖို႔ပဲ ရွိပါတယ္။ စိတ္ဝင္စားစရာ ေကာင္းတာကေတာ့ အရပ္သားအုပ္ခ်ဳပ္ေရး ပ်က္ၿပီဆိုတာကို သူတို႔ ဝန္ခံလိုက္တဲ့သေဘာပါပဲ။ စစ္တပ္က လာအုပ္ခ်ဳပ္ရင္လည္း စစ္တပ္ တန္းလ်ား စစ္တပ္ဝင္းထဲမွာပဲ ေနလို႔ရမွာ။ အျပင္ထြက္ၿပီးေတာ့ာ အုပ္ခ်ဳပ္ဖို႔ဆိုတာ လြယ္တဲ့ကိစၥ မဟုတ္ေတာ့ သိပ္အေျပာင္းအလဲ အႀကီးႀကီးေတာ့ ရွိလာမယ္ မထင္ပါဘူး။ "
ျမန္မာႏုိင္ငံမွာ အရပ္သားအစိုးရကိုျဖဳတ္ခ်ၿပီး စစ္တပ္က အာဏာသိမ္းခဲ့တာ ေဖေဖာ္၀ါရီ ၁ ရက္ေန႔က ၂ ႏွစ္ ျပည့္သြားၿပီျဖစ္ၿပီး၊ တုိင္းျပည္ရဲ႕ အေျခအေနဟာ ပုံမွန္ျပန္မေရာက္ေသးတဲ့အတြက္ စစ္ေကာင္စီက အေရးေပၚအေျခအေနကို ေနာက္ထပ္ ၆ လ သက္တမ္းတုိးခဲ့ရသလို၊ ႏုိင္ငံတြင္း ၿမိဳ႕နယ္ေပါင္း ၃၀၀ ရွိတဲ့အထဲက ၿမိဳ႕နယ္ေပါင္း ၁၃၂ ၿမိဳ႕နယ္ကို လုံၿခဳံေရးအျပည့္အ၀ထိန္းခ်ဳပ္ႏုိင္ျခင္းမရွိဘူးလို႔ အာဏာသိမ္း စစ္ေကာင္စီဥကၠ႒ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ၀န္ခံေျပာၾကားခဲ့ပါတယ္။
=== {{ UNICODE }} ===
စစ်အုပ်ချုပ်ရေးကြောင့် တင်းမာမှုတွေ ကြီးထွားလာမှာ စိုးရိမ်မှုတွေထွက်ပေါ်
စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်နယ်တိုင်းအသီးသီးက မြို့နယ် ၄၀ နီးပါးကို စစ်အုပ်ချုပ်ရေးကြေငြာတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီကတော့ တရားဥပဒေစိုးမိုးရေး နဲ့ နယ်မြေလုံခြုံအေးချမ်းရေးအတွက် ထုတ်ပြန်လိုက်တာလို့ ပြောပါတယ်။ ဒါပေမဲ့တဘက်မှာလည်း အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ နဲ့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းက စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအတော်များများက မြို့နယ်ပေါင်း ၃၈ မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို မနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ယင်းမာပင်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် စတဲ့မြို့နယ်တွေအပါအဝင် ၁၁ မြို့နယ်၊ ချင်းပြည်နယ်ထဲက တီးတိန်၊ ဟားခါးအပါအဝင် ရ မြို့နယ်၊ မကွေးတိုင်းအတွင်းထဲက ထီးလင်း၊ ဆော၊ ပေါက်အပါအဝင် ၅ မြို့နယ်၊ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးအပါအဝင် ၅ မြို့နယ်၊ ပဲခူးတိုင်းထဲက ပေါက်ခေါင်း ပေါင်းတည် နတ်တလင်းအပါအဝင် ၅ မြို့နယ်၊ ကယားပြည်နယ်မှာ ၄ မြို့နယ်၊ တနင်္သာရီတိုင်းထဲက ၂ မြို့နယ်တို့မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးကြေငြာလိုက်တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်း ဒေသခံ CDM ၀န်ထမ်းတဦးကတော့ ဗွီအိုအေကို အခုလိုပြောပါတယ်။
" တကယ်တော့ အစကတည်းက စစ်အုပ်ချုပ်ရေး ရှိနေပြီးသားဆိုတော့ ဒီထက်လည်း ဆိုးစရာ မရှိတော့ဘူး။ ဒီထက်လည်းပိုပြီး ကြမ်းစရာ မရှိတော့ဘူး။ စစ်အုပ်ချုပ်ရေး ကြေညာရင် တခုခုများ ထူးသွားမလားပေါ့။ အထူးသဖြင့်တော့ သူတို့ဘက်က ထောက်ခံသူတွေကတော့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီဆိုတဲ့အမြင်အရ ..ဟာ ချတော့မယ်ဟေ့ နှက်တော့မယ်ဟေ့ဆိုပြီး အားတက်သွားမလား မသိဘူး။ ဒါပေမဲ့ ဘာမှတော့ ထူးခြားသွားတဲ့အချက်တော့ မဟုတ်ပါဘူး။ ကာလုံအစည်းအဝေး ရလဒ်တခုအဖြစ်နဲ့ ဒါ တရားဝင် စာထုတ်လိုက်တဲ့သဘောလောက်ပါပဲ။"
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးလည်းဖြစ်တဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကတော့ စစ်ကောင်စီဘက်က အဲဒီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးကြေငြာတာရဲ့ အဓိကအချက်က လုံခြုံရေးကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
"သူတို့ အလစ်အငိုက် အတိုက်ခိုက်ခံရတာတွေ မခံရအောင်လို့ လုပ်တယ်လို့ ကျနော်မြင်တယ်။ အဲ့ဒီမှာ မြို့ထဲမှာ ရဲစခန်းကို ဝင်စီးတာတို့ ၊ နောက်တခါ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးတွေ ဘာတွေ လုပ်နေချိန်မှာ ဆိုင်ကယ်နဲ့လာပြီး ပစ်ခတ်တာတွေ ..အဲလိုဟာမျိုးတွေ တွေ့ရတော့ အဓိကတော့ သူတို့ အလစ်အငိုက် အတိုက်ခိုက် မခံရရေးပေါ့နော်။ "
စစ်ကောင်စီဘက်ကတော့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးတွေကို ပိုပြီးထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေးကြေညာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း စစ်အုပ်ချုပ်ရေးကြေညာလိုက််တဲ့ အတွက် အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်််ဆိုတဲ့ ခန့်မှန်းချက်တွေလည်းရှိလာနေပါတယ်။ မကွေးတိုင်းအတွင်းက ဒေသခံ ပြည်သူ့ကကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးပြောတာကတော့ -
" ကျနော်တို့ရဲ့ ခုံခံတော်လှန်စစ်က အားကောင်းလာပြီဆိုတော့လေ စစ်ကောင်စီ အခြေစိုက်တဲ့နေရာတွေကို တိုက်ကြခိုက်ကြတော့မယ့် အနေအထားဆိုတော့ တိုက်ပွဲတွေက မလွဲမသွေဖြစ်လာမှာဗျ။ ကျနော်ထင်တာက သူတို့ ထိုးစစ်ဆင်ဖို့ထက် ခံစစ်ပြင်ဖို့ဆိုတဲ့ အနေအထားကိုပဲ မြင်ရတယ်။ အဲလိုဆိုတော့ အဲဒီမြို့နယ်တွေကို မာမာထန်ထန် တုံ့ပြန်တော့မယ် ဆိုတာမျိုး သတိပေးချင်တဲ့ သဘောလို့ထင်တယ်။ "
အခု စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ဒေသတွေမှာရှိတဲ့ တိုင်းမှူးတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ မာရှယ်လောလို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ထားပါတယ်။ တိုင်းမှူးတွေအနေနဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး မိမိကိုယ်တိုင်၊ ဒါမှမဟုတ် စစ်နယ်မြေမှှုးများကို တာဝန်လွဲပေးပြီး စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနိုင်သည် လို့ ဖော်ပြထားပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ဖြစ်လာနိုင်တဲ့ အခြေအနေကိုတော့ ဦးရဲထွန်းက အခုလို ပြောပါတယ်။
" လိုအပ်တဲ့ စည်းကမ်းတင်းကြပ်မှုတွေ လုပ်မှာပေါ့။ ဥပမာ ဆိုင်ကယ်ကို လူ ၂ယောက် မစီးရဆိုတာမျိုး။ ဒါမှမဟုတ်လည်း ဆိုင်ကယ် မစီးရဆိုတာမျိုးပေါ့။ ည ဘယ်နှယ်နာရီကနေ ဘယ်နှယ်နာရီထိ မထွက်ရ ဆိုတာမျိုးပေါ့။ အခြားနေရာတွေထက်စာရင် ပိုတင်းကြပ်တဲ့ အုပ်ချုပ်ရေးစည်းကမ်းတွေ ရင်ဆိုင်ရလာမှာပေါ့။ "
အခုလိုမျိုး စစ်အုပ်ချုပ်ရေးကြေငြာလိုက်တဲ့အတွက် အဲဒီမြို့နယ်တွေမှာ အရပ်သားအုပ်ချုပ်ရေးပျက်သွားပြီဆိုတာကို စစ်ကောင်စီဘက်က ၀န်ခံလိုက်တာဖြစ်တယ် စစ်ကိုင်းတိုင်း ဒေသခံက ပြောလိုက်ပါတယ်။
" ဘာတွေ ဆက်ဖြစ်လာနိုင်လဲဆို စစ်အုပ်ချုပ်ရေး ဖြစ်တဲ့အတွက် အရပ်သားအုပ်ချုပ်ရေးစနစ် ပျက်သွားပြီပေါ့။ အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းလာတာက အဲဒီနေရာ အစားထိုးမယ့် စစ်အုပ်ချုပ်ရေးကရော တကယ် အသက်ဝင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ရဲ့ အင်အားက ဒီမြို့နယ်(၃၀)ကျော်ကို လက်တံ ရှည်ရှည်နဲ့ အကုန်လုံး အုပ်ချုပ်နိုင်လောက်အောင် သူတို့မှာ အင်အားရှိရဲ့လား ?။ အင်အားရှိခဲ့ရင်ကော ဘယ်လိုနည်းနဲ့ အုပ်ချုပ်မှာတုန်းဆိုတာ သူတို့အတွက် စိန်ခေါ်မှုဖြစ်လာလိမ့်မယ်။ အဲခါက ဘာပဲလုပ်မှာလဲဆိုတော့ စစ်ပဲတိုက်မှာပဲဟာ .. ထုံးစံအတိုင်း ရွာတွေကို မီးရှို့မယ်၊ လုယက်မယ်၊ သတ်ဖြတ်မယ် စစ်ရေးကတော့ ပိုမြင့်လာဖို့ပဲ ရှိပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အရပ်သားအုပ်ချုပ်ရေး ပျက်ပြီဆိုတာကို သူတို့ ဝန်ခံလိုက်တဲ့သဘောပါပဲ။ စစ်တပ်က လာအုပ်ချုပ်ရင်လည်း စစ်တပ် တန်းလျား စစ်တပ်ဝင်းထဲမှာပဲ နေလို့ရမှာ။ အပြင်ထွက်ပြီးတော့ာ အုပ်ချုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်တော့ သိပ်အပြောင်းအလဲ အကြီးကြီးတော့ ရှိလာမယ် မထင်ပါဘူး။ "
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖေဖော်ဝါရီ ၁ ရက်နေ့က ၂ နှစ် ပြည့်သွားပြီဖြစ်ပြီး၊ တိုင်းပြည်ရဲ့ အခြေအနေဟာ ပုံမှန်ပြန်မရောက်သေးတဲ့အတွက် စစ်ကောင်စီက အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ရသလို၊ နိုင်ငံတွင်း မြို့နယ်ပေါင်း ၃၀၀ ရှိတဲ့အထဲက မြို့နယ်ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေးအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၀န်ခံပြောကြားခဲ့ပါတယ်။