သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုကၡသည္ေတြကာကြယ္ေပးဖို႔ ထိုင္းကို Fortify Rights ေတာင္းဆို 


၂၀၂၀ခုႏွစ္ကရခိုင္ျပည္နယ္တြင္း ရခိုင့္တပ္ေတာ္ AA နဲ႔ ျမန္မာစစ္တပ္ၾကားတိုက္ပြဲေတြေၾကာင့္ စစ္ေတြၿမိဳ႕မွာ ခိုလံႈေနတဲ့ ဒုကၡသည္မ်ား (ဇြန္ ၂၉ ၊ ၂၀၂၀)

ထိုင္းအစိုးရအေနနဲ႔ ျမန္မာႏိုင္ငံက ဒုကၡသည္ေတြကို အတင္းအၾကပ္ျပန္လႊတ္တာေတြ ရပ္တန႔္ၿပီး ဒုကၡသည္အခြင့္အေရးကို ကာကြယ္ေပးသင့္တယ္လို႔ Fortify Rights ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕က ဒီေန႔ ေျပာလိုက္ပါတယ္။ ကေလးေတြအပါအဝင္ ျမန္မာႏိုင္ငံက ဒုကၡသည္ေတြကို ျမန္မာႏိုင္ငံဘက္ကို အတင္းအၾကပ္ျပန္လႊတ္ေနတာနဲ႔ပတ္သက္ၿပီး ထိုင္းႏိုင္ငံမွာ ဒီေန႔ထုတ္လႊင့္တဲ့ မွတ္တမ္း႐ုပ္ရွင္ထဲမွာ အဲဒီလို ေတာင္းဆိုထားတာျဖစ္ပါတယ္။

ထိုင္းအာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံက ဒုကၡသည္ေတြ အေတာ္မ်ားမ်ားကို လက္မခံဘဲ အႀကိမ္ေပါင္းမ်ားစြာ ပဋိပကၡျဖစ္ေနတဲ့ ျမန္မာႏိုင္ငံဘက္ကို အတင္းအၾကပ္ ျပန္ပို႔ခဲ့တယ္လို႔ Fortify Rights အဖြဲ႕က ေျပာပါတယ္။

အဲဒီမွတ္တမ္း႐ုပ္ရွင္ထဲမွာေတာ့ ကရင္တိုင္းရင္းသူ ဆရာမ ၃ ေယာက္က ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြကေန ထြက္ေျပးလြတ္ေျမာက္ဖို႔အတြက္ ထိုင္းႏိုင္ငံမွာ ခိုလႈံခဲ့ရပုံနဲ႔ ထိုင္းအာဏာပိုင္ေတြက သူတို႔ ၃ ေယာက္ နဲ႔ ကေလး ၂ ေယာက္ကို ထပ္ခါတလဲလဲ ဘယ္လိုျပန္လႊတ္တယ္ဆိုတာကို ေဖာ္ျပထားပါတယ္။ Fortify Rights အဖြဲ႕ဟာ ျမန္မာႏိုင္ငံက အဲဒီ ဆရာမ ၃ ဦးအပါအဝင္ ဒုကၡသည္ ၁၃ ေယာက္နဲ႔ ေတြ႕ဆုံေမးျမန္း မွတ္တမ္းယူခဲ့ၿပီး၊ ဒီအေျခအေနက ၂၀၂၂ ခုႏွစ္အတြင္း ေတြ႕ရွိခဲ့တဲ့ တျခား လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ မွတ္တမ္းေတြနဲ႔ ကိုက္ညီေနတယ္လို႔ ေျပာပါတယ္။

အဲဒီလို ဒုကၡသည္ေတြကို အတင္းအၾကပ္ျပန္လႊတ္တာေတြ၊ ဖမ္းဆီးတာေတြနဲ႔ ပတ္သက္ၿပီး Fortify Rights အဖြဲ႕က ထိုင္းအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ (NHRCT) ကို အေၾကာင္းၾကားထားတဲ့အတြက္ ထိုင္းအစိုးရဘက္က ဒုကၡသည္ေတြအေပၚ ဆက္ဆံပုံေတြနဲ႔ စုံစမ္းစစ္ေဆးသြားမယ္လို႔ ထိုင္းလူ႔အခြင့္အေရးေကာ္မရွင္ဘက္က သူတို႔ကို တုံ႔ျပန္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ဆက္လက္ျဖစ္ေနတယ္ဆိုတာကို သိေနေပမယ့္လည္း၊ ထိုင္းစစ္တပ္ဟာ ဒုကၡသည္ေတြကို ထိခိုက္ေစမယ့္လမ္းေတြကို ဆက္လက္ တြန္းပို႔ေနၿပီး၊ ထိုင္းအစိုးရဟာ ကေလးေတြအပါအဝင္ ဒုကၡသည္ေတြရဲ႕ ဘဝေတြကို အႏၲရာယ္ ျဖစ္ေအာင္ ျပဳလုပ္ေေနေၾကာင္း၊ ဒုကၡသည္ေတြအေပၚ ထိုင္းအစိုးရရဲ႕ ျပဳမူေဆာင္႐ြက္ပုံေတြနဲ႔ပတ္သက္ၿပီး ေကာ္မရွင္ရဲ႕ စုံစမ္းစစ္ေဆးမႈက လိုအပ္တဲ့ အေျပာင္းအလဲေတြျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင့္ Fortify Rights အဖြဲ႕ရဲ႕ အမႈေဆာင္ၫႊန္ၾကားေရးမႉး Amy Smith က ေျပာထားပါတယ္။

ဒီမွတ္တမ္း႐ုပ္ရွင္ကို ထိုင္းဘာသာစကားနဲ႔လည္း ထုတ္လႊင့္ခဲ့ၿပီး ဒါကိုေတာ့ ထိုင္းမီဒီယာ႐ုပ္သံလိုင္းတခုျဖစ္တဲ့ Voice TV က ျမန္မာႏိုင္ငံမွာ အာဏာသိမ္းတဲ့ ၂ ႏွစ္ျပည့္အျဖစ္နဲ႔ မေန႔က ထုတ္လႊင့္ျပသခဲ့ပါတယ္။

[Unicode]

ဒုက္ခသည်တွေကာကွယ်ပေးဖို့ ထိုင်းကို Fortify Rights တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အတင်းအကြပ်ပြန်လွှတ်တာတွေ ရပ်တန့်ပြီး ဒုက္ခသည်အခွင့်အရေးကို ကာကွယ်ပေးသင့်တယ်လို့ Fortify Rights နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။ ကလေးတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်ကို အတင်းအကြပ်ပြန်လွှတ်နေတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဒီနေ့ထုတ်လွှင့်တဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ အဲဒီလို တောင်းဆိုထားတာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အတော်များများကို လက်မခံဘဲ အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံဘက်ကို အတင်းအကြပ် ပြန်ပို့ခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ကရင်တိုင်းရင်းသူ ဆရာမ ၃ ယောက်က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် ထိုင်းနိုင်ငံမှာ ခိုလှုံခဲ့ရပုံနဲ့ ထိုင်းအာဏာပိုင်တွေက သူတို့ ၃ ယောက် နဲ့ ကလေး ၂ ယောက်ကို ထပ်ခါတလဲလဲ ဘယ်လိုပြန်လွှတ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Fortify Rights အဖွဲ့ဟာ မြန်မာနိုင်ငံက အဲဒီ ဆရာမ ၃ ဦးအပါအဝင် ဒုက္ခသည် ၁၃ ယောက်နဲ့ တွေ့ဆုံမေးမြန်း မှတ်တမ်းယူခဲ့ပြီး၊ ဒီအခြေအနေက ၂၀၂၂ ခုနှစ်အတွင်း တွေ့ရှိခဲ့တဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေနဲ့ ကိုက်ညီနေတယ်လို့ ပြောပါတယ်။

အဲဒီလို ဒုက္ခသည်တွေကို အတင်းအကြပ်ပြန်လွှတ်တာတွေ၊ ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့က ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRCT) ကို အကြောင်းကြားထားတဲ့အတွက် ထိုင်းအစိုးရဘက်က ဒုက္ခသည်တွေအပေါ် ဆက်ဆံပုံတွေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ဘက်က သူတို့ကို တုံ့ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ဖြစ်နေတယ်ဆိုတာကို သိနေပေမယ့်လည်း၊ ထိုင်းစစ်တပ်ဟာ ဒုက္ခသည်တွေကို ထိခိုက်စေမယ့်လမ်းတွေကို ဆက်လက် တွန်းပို့နေပြီး၊ ထိုင်းအစိုးရဟာ ကလေးတွေအပါအဝင် ဒုက္ခသည်တွေရဲ့ ဘဝတွေကို အန္တရာယ် ဖြစ်အောင် ပြုလုပ်ေနေကြောင်း၊ ဒုက္ခသည်တွေအပေါ် ထိုင်းအစိုးရရဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုက လိုအပ်တဲ့ အပြောင်းအလဲတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင့် Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Amy Smith က ပြောထားပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကို ထိုင်းဘာသာစကားနဲ့လည်း ထုတ်လွှင့်ခဲ့ပြီး ဒါကိုတော့ ထိုင်းမီဒီယာရုပ်သံလိုင်းတခုဖြစ်တဲ့ Voice TV က မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်အဖြစ်နဲ့ မနေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။

XS
SM
MD
LG