သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပဲြျပင္းထန္တဲ့ ဟုမၸလင္း- ေရႊျပည္ေအး ၿမိဳ႕လူထု ထကြ္ေျပး


ဟုမၼလင္းၿမဳိ႕ ( Photo - CJ )

=== [[ ZAWGYI ]] ===

တိုက္ပဲြျပင္းထန္တဲ့ ဟုမၸလင္း- ေရႊျပည္ေအး ၿမိဳ႕လူထု ထကြ္ေျပး

စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ ေရႊျပည္ေအးၿမိဳ႕က ျမန္မာစစ္တပ္ တပ္စြဲထားတဲ့ ေနရာေတြကို ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြက တိုက္ခိုက္ခဲ့ၿပီးေနာက္ ျမန္မာစစ္တပ္ဘက္ကလည္း ေလေၾကာင္းကေန ပစ္ခတ္တာေတြရွိခဲ့ေၾကာင္း ေဒသံခံကာကြယ္ေရးအဖဲြ႔ေတြက ေျပာပါတယ္။ စစ္ေရး တင္းမာမႈေတြေၾကာင့္ ၿမိဳ႕ခံေတြဟာ နီးစပ္ရာ ေက်းရြာေတြကို ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ေရႊျပည္ေအးၿမိဳ႕ရဲ႕ အေျခအေနကို ကုိေဇာ္မုိးေက်ာ္ ေျပာျပမွာပါ။

ခ်င္းတြင္းျမစ္ေဘးမွာရွိတဲ့ စစ္ကိုင္းတိုင္း ဟုမၸလင္းၿမိဳ႕နယ္ ေရႊျပည္ေအးၿမိဳ႕ကို ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂ ႏွစ္ျပည့္ျဖစ္တဲ့ ေဖေဖာ္၀ါရီ ၁ ရက္ မနက္ပိုင္းမွာ ၀င္ေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံကာကြယ္ေရးအဖြဲ႕ တာ၀န္ရွိသူ တဦးက အခုလို ေျပာပါတယ္။

“တပ္စြဲထားတဲ့ ၿမိဳ႕အ၀င္ လမ္း ၃ ခုကို စစ္ေကာင္စီတပ္နဲ႔ ပ်ဴေတြက ထိုင္ထားတာ မေန႔က သြားတိုက္တယ္ေပါ့ဗ်ာ။ စခန္း ၃ ခုေတာ့ ရလိုက္တယ္။ စခန္း ၃ ခုက်သြားတယ္။ သူတို႔က ဆုတ္သြားတယ္။ စခန္း ၃ ခုက်ၿပီးေတာ့မွ ၿမိဳ႕ကို သိမ္းတယ္ေပါ့ဗ်ာ။ ၿမိဳ႕ရဲ႕ ၉၀ ရာခိုင္ႏႈန္းကို PDF ပူးေပါင္းတပ္ဖြဲ႕က သိမ္းထားတယ္။ ညေန ၃ နာရီေလာက္မွာ Mi35 တိုက္ခိုက္ေရး ရဟတ္ယာဥ္တစီး ေရာက္လာၿပီးေတာ့မွ ေရႊျပည္ေအးၿမိဳ႕ ပတ္၀န္းက်င္မွာ ၃ ႀကိမ္ ၀ဲၿပီးေတာ့မွ ပစ္ခတ္မႈ ၃ ႀကိမ္လုပ္သြားတယ္။”

ေရႊျပည္ေအးၿမိဳ႕ဟာ ၿမိဳ႕အျဖစ္ အဆင့္ျမႇင့္တင္ခဲ့တဲ့ ၿမိဳ႕သစ္တၿမိဳ႕ျဖစ္ၿပီး ဟုမၸလင္းၿမိဳ႕နဲ႔ ၂၅ မိုင္ခန္႔ ကြာေ၀းပါတယ္။ စစ္ကိုင္းတိုင္း ေအာက္ပိုင္း မံုရြာကေန စစ္ကိုင္းတိုင္း အထက္ပိုင္းကို ခ်င္းတြင္းျမစ္အတိုင္း ေရေၾကာင္းကေန ဆန္တက္ပါက ေရႊျပည္ေအးၿမိဳ႕ကို မျဖစ္မေန ျဖတ္သန္းရမွာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ခ်င္းတြင္းျမစ္ကို အသံုးျပဳၿပီး ကုန္စည္နဲ႔ ရိကၡာေတြကို စက္ေလွနဲ႔ သယ္ယူေနတဲ့ ျမန္မာစစ္တပ္အတြက္ ဒီေနရာဟာ အဓိက စစ္ေရးဗ်ဴဟာက်တဲ့ ေနရာလည္း ျဖစ္ေနပါတယ္။ ေရႊ႔ျပည္ေအးၿမိဳ႕ကို ၀င္ေရာက္တိုက္ခိုက္ခဲ့တာနဲ႔ ပတ္သက္လို႔ ပကဖ တာ၀န္ရွိသူက အခုလို ဆက္ေျပာျပပါတယ္။

“ေရႊျပည္ေအးက ကြ်န္ေတာ္တို႔ၿမိဳ႕နယ္မွာေတာ့ စစ္ေရးအရေကာ စီးပြားေရးအရေကာ လမ္းပန္းဆက္သြယ္ေရး အရေကာ ေရေၾကာင္းကုန္းေၾကာင္း ၂ ခုစလံုးကို သြားႏိုင္တဲ့ ျဖတ္ေတာက္ထားႏိုင္တဲ့ အခ်က္အခ်ာက်တဲ့ ေနရာျဖစ္တယ္ေပါ့။ အဲ့ဒါေၾကာင့္ ျမစ္ေၾကာင္း စိုးမိုးမႈ ရခ်င္တာလည္း တခုရွိတယ္။ ၿပီးေတာ့ အဲ့ပတ္၀န္းက်င္မွာ သစ္ဆိပ္ေတြ သစ္လုပ္ငန္းရွင္ေတြ ပတ္၀န္းက်င္က ေရႊေမွ်ာလုပ္ငန္းရွင္ေတြကို စစ္ေကာင္စီနဲ႔ ပူးေပါင္းအဖြဲ႕ေတြက မတရားဆပ္ေၾကးေကာက္ခံေနတာေတြ သူတို႔ရဲ႕ ရန္ပံုေငြ ရရွိေရးအတြက္ အဲ့ဒီမွာ လုပ္ငန္း အႀကီးအက်ယ္ လုပ္ေနတာေတြရွိတယ္။ အဲ့ဒါကို ျဖတ္ေတာက္ခ်င္တဲ့ အစိတ္အပိုင္းလည္း ပါပါ တယ္ခင္ဗ်။”

တိုက္ပြဲေၾကာင့္ ေရႊျပည္ေအး ၿမိဳ႕လံုးကြ်တ္နီးပါး နီးစပ္ရာ ရြာေတြဖက္ကို ထြက္ေျပးေနရတယ္လို႔ ေရႊျပည္ေအး ၿမိဳ႕ခံတဦးက အခုလို ေျပာျပပါတယ္။

“အေျခအေနကေတာ့ ဆိုးတယ္ဗ်ာ။ ကြ်န္ေတာ္တို႔ေတာင္ ေျပးေနရတာ ေရွာင္ေနရတာ။ အေျခအေနက တၿမိဳ႕လံုးနီးပါး ရြာေတြဘက္ကို လာေနရတာ။ တေနရာပဲ က်န္ေတာ့တယ္။ သူတို႔ရဲ႕ ေနာက္ဆံုး တပ္ထိုင္ထားတဲ့ ေနရာေပါ့ ကြ်န္ေတာ္တို႔ ၿမိဳ႕ဂိတ္နားေလးမွာ ေရဆိပ္ကေနတက္ရင္ ေတာင္ကုန္းေပါ့ အဲ့ေတာင္ကုန္းပဲက်န္ေတာ့တာ က်န္တာေတြက အကုန္သိမ္းထားၿပီးသြားၿပီ PDF က။ ”

စစ္ကိုင္းတိုင္း အထက္ပိုင္းကျဖစ္တဲ့ ေရႊျပည္ေအးၿမိဳ႕ဟာ ျမန္မာစစ္တပ္အျပင္ စစ္တပ္ကို ေထာက္ခံသူ ပ်ဴေစာထီးေတြပါရွိၿပီး ခ်င္းတြင္းျမစ္ အေနာက္ဖက္ကမ္းမွာ ရွမ္းနီအမ်ိဳးသားမ်ား တပ္မေတာ္ SNA ရဲ႕တပ္မဟာ (၈၉၁)လည္း ရွိတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ စစ္တပ္ ပ်ဴေစာထီး နဲ႔ SNA တို႔ ပူးေပါင္းၿပီး ေရႊျပည္ေအးၿမိဳ႕ကို ျပန္လည္ စိုးမိုးမႈရဖို႔ ျပင္ဆင္ေနတဲ့အတြက္ စစ္ေရးတင္းမာေနၿပီး တိုက္ပြဲေတြ အခ်ိန္မေရြး ျဖစ္ပြားႏိုင္တယ္လို႔လည္း ေဒသခံကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။

စစ္ေရးတင္းမာၿပီး တိုက္ပြဲအခ်ိန္မေရြး ျဖစ္လာႏိုင္တဲ့အတြက္ ေရႊျပည္ေအး - ဟုမၸလင္း ၊ ေရႊျပည္ေအး - ေဖာင္းျပင္ ေရေၾကာင္းလမ္းကို အသံုးမျပဳၾကဖို႔ ေဒသခံကာကြယ္ေရးအဖြဲ႕က သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

တိုက်ပွဲပြင်းထန်တဲ့ ဟုမ္ပလင်း- ရွှေပြည်အေး မြို့လူထု ထကွ်ပြေး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့က မြန်မာစစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ခတ်တာတွေရှိခဲ့ကြောင်း ဒေသံခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ရေး တင်းမာမှုတွေကြောင့် မြို့ခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရွှေပြည်အေးမြို့ရဲ့ အခြေအနေကို ကိုဇော်မိုးကျော် ပြောပြမှာပါ။

ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း ဟုမ္ပလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“တပ်စွဲထားတဲ့ မြို့အဝင် လမ်း ၃ ခုကို စစ်ကောင်စီတပ်နဲ့ ပျူတွေက ထိုင်ထားတာ မနေ့က သွားတိုက်တယ်ပေါ့ဗျာ။ စခန်း ၃ ခုတော့ ရလိုက်တယ်။ စခန်း ၃ ခုကျသွားတယ်။ သူတို့က ဆုတ်သွားတယ်။ စခန်း ၃ ခုကျပြီးတော့မှ မြို့ကို သိမ်းတယ်ပေါ့ဗျာ။ မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းထားတယ်။ ညနေ ၃ နာရီလောက်မှာ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီး ရောက်လာပြီးတော့မှ ရွှေပြည်အေးမြို့ ပတ်ဝန်းကျင်မှာ ၃ ကြိမ် ၀ဲပြီးတော့မှ ပစ်ခတ်မှု ၃ ကြိမ်လုပ်သွားတယ်။”

ရွှေပြည်အေးမြို့ဟာ မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့တဲ့ မြို့သစ်တမြို့ဖြစ်ပြီး ဟုမ္ပလင်းမြို့နဲ့ ၂၅ မိုင်ခန့် ကွာဝေးပါတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်း မုံရွာကနေ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ချင်းတွင်းမြစ်အတိုင်း ရေကြောင်းကနေ ဆန်တက်ပါက ရွှေပြည်အေးမြို့ကို မဖြစ်မနေ ဖြတ်သန်းရမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် ချင်းတွင်းမြစ်ကို အသုံးပြုပြီး ကုန်စည်နဲ့ ရိက္ခာတွေကို စက်လှေနဲ့ သယ်ယူနေတဲ့ မြန်မာစစ်တပ်အတွက် ဒီနေရာဟာ အဓိက စစ်ရေးဗျူဟာကျတဲ့ နေရာလည်း ဖြစ်နေပါတယ်။ ရွှေ့ပြည်အေးမြို့ကို ၀င်ရောက်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ပကဖ တာဝန်ရှိသူက အခုလို ဆက်ပြောပြပါတယ်။

“ရွှေပြည်အေးက ကျွန်တော်တို့မြို့နယ်မှာတော့ စစ်ရေးအရကော စီးပွားရေးအရကော လမ်းပန်းဆက်သွယ်ရေး အရကော ရေကြောင်းကုန်းကြောင်း ၂ ခုစလုံးကို သွားနိုင်တဲ့ ဖြတ်တောက်ထားနိုင်တဲ့ အချက်အချာကျတဲ့ နေရာဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့် မြစ်ကြောင်း စိုးမိုးမှု ရချင်တာလည်း တခုရှိတယ်။ ပြီးတော့ အဲ့ပတ်ဝန်းကျင်မှာ သစ်ဆိပ်တွေ သစ်လုပ်ငန်းရှင်တွေ ပတ်ဝန်းကျင်က ရွှေမျှောလုပ်ငန်းရှင်တွေကို စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေက မတရားဆပ်ကြေးကောက်ခံနေတာတွေ သူတို့ရဲ့ ရန်ပုံငွေ ရရှိရေးအတွက် အဲ့ဒီမှာ လုပ်ငန်း အကြီးအကျယ် လုပ်နေတာတွေရှိတယ်။ အဲ့ဒါကို ဖြတ်တောက်ချင်တဲ့ အစိတ်အပိုင်းလည်း ပါပါ တယ်ခင်ဗျ။”

တိုက်ပွဲကြောင့် ရွှေပြည်အေး မြို့လုံးကျွတ်နီးပါး နီးစပ်ရာ ရွာတွေဖက်ကို ထွက်ပြေးနေရတယ်လို့ ရွှေပြည်အေး မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“အခြေအနေကတော့ ဆိုးတယ်ဗျာ။ ကျွန်တော်တို့တောင် ပြေးနေရတာ ရှောင်နေရတာ။ အခြေအနေက တမြို့လုံးနီးပါး ရွာတွေဘက်ကို လာနေရတာ။ တနေရာပဲ ကျန်တော့တယ်။ သူတို့ရဲ့ နောက်ဆုံး တပ်ထိုင်ထားတဲ့ နေရာပေါ့ ကျွန်တော်တို့ မြို့ဂိတ်နားလေးမှာ ရေဆိပ်ကနေတက်ရင် တောင်ကုန်းပေါ့ အဲ့တောင်ကုန်းပဲကျန်တော့တာ ကျန်တာတွေက အကုန်သိမ်းထားပြီးသွားပြီ PDF က။ ”

စစ်ကိုင်းတိုင်း အထက်ပိုင်းကဖြစ်တဲ့ ရွှေပြည်အေးမြို့ဟာ မြန်မာစစ်တပ်အပြင် စစ်တပ်ကို ထောက်ခံသူ ပျူစောထီးတွေပါရှိပြီး ချင်းတွင်းမြစ် အနောက်ဖက်ကမ်းမှာ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ရဲ့တပ်မဟာ (၈၉၁)လည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ စစ်တပ် ပျူစောထီး နဲ့ SNA တို့ ပူးပေါင်းပြီး ရွှေပြည်အေးမြို့ကို ပြန်လည် စိုးမိုးမှုရဖို့ ပြင်ဆင်နေတဲ့အတွက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ရေးတင်းမာပြီး တိုက်ပွဲအချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် ရွှေပြည်အေး - ဟုမ္ပလင်း ၊ ရွှေပြည်အေး - ဖောင်းပြင် ရေကြောင်းလမ်းကို အသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG