သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟုမ္မလင်း နှစ်သစ်ကူးပစ်ခတ်မှု လူငယ် ၂ ဦးသေ


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က ပစ်ခတ်မှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံး။ (သတင်းဓာတ်ပုံ--ရွှေပြည်အေးမြို့သစ်ကျေးရွာမှ ရွာသားတဦး )
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က ပစ်ခတ်မှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံး။ (သတင်းဓာတ်ပုံ--ရွှေပြည်အေးမြို့သစ်ကျေးရွာမှ ရွာသားတဦး )

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က သင်္ကြန်မဏ္ဍပ်တခုမှာ ခိုက်ရန်ဖြစ်ပွားရာက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ လူငယ် ၂ ဦး ဒီနေ့မှာပဲ သေဆုံးသွားကြောင်း မျက်မြင်တွေ့ခဲ့ကြတဲ့ ဒေသခံတွေက ပြောပါတယ်။ လူသေဆုံးတဲ့အထိ ရွှေပြည်အေးမြို့သစ် သင်္ကြန်မဏ္ဍပ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်းလည်း မြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြိုနယ် ရွေပြည်အေးမြို့သစ်သင်္ကြန်မဏ္ဍပ်မှာ နှစ်ဆန်း တရက်နေ့က ဆုပေးပွဲကျင်းပနေစဉ် လုံခြုံရေးယူထားတဲ့ ရွှေပြည်အေးမြို့သစ်ကျေးရွာရဲနဲ့ ရွှေမှော်ကနေ သင်္ကြန်ပြန်လာလည်တဲ့ လူငယ်၂ဦး ဆဲဆိုစကားများရာက ပြဿနာ စခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောကြပါတယ်။ ဒီနောက်မှာတော့ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ဦးကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံပစ်ခတ်ရာက သေဆုံးခဲ့တာလို့လည်း ကိုယ်တိုင်တွေ့ခဲ့တဲ့ ဒေသခံတယောက်က အခုလို ပြောပြပါတယ်။

"ကျနော်စမြင်တုန်းကသူတို့ တယောက်က သေသွားတယ် ပွဲချင်းပြီးပဲ တယောက် မသေသေးဘူး အခုကတော့ ၂ယောက်လုံးသေသွားပါပြီ ပွဲချင်းပြိးသွားပြီဗျာ အခုရွေပြည်အေး ဆိပ်ကမ်းနားမှာ သုံဘီးနဲ့တင်လာပြိး ရဲစက်လှေကလည်းကပ်ရက် အဆင့်သင့်လုပ်ထားတယ် ကျနော်တို့ အချိန်မှီလာလို့ပါဗျာ သူအဖေ မိဘတွေကိုလည်း ကျနော်ခေါ်လိုက်လို့ပါဗျာ ဒါမှမဟုတ်ရင် အဖေမိဘတွေလည်းမြင်လိုက်ရမှာမဟုတ်ဘူး ရဲတွေကတော့ သူတို့စခန်းမှာပဲ ဒီမှာတော့အခုရွာသား တရာ နှစ်ရာလောက် ရှိတယ်။"

ရွေပြည်အေးမြို့သစ်က သစ်ပါးလွှာထုတ်လုပ်တဲ့ ကုမ္ပဏီရှေ့မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့လည်း ကိုယ်တိုင်တွေ့ခဲ့တဲ့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

"ဖြစ်ခဲ့တာက ဟုမ္မလင်းမြိုနယ် ရွေပြည်အေး မြို့သစ်သင်္ကြန်မဏ္ဍပ်မှာလေ နှစ်ဆန်း တရက်နေ့ သင်္ကြန်မဏ္ဍပ်က ရှိသေးတယ် လေ ကလေးတွေကနေ ရွေမှော် ကနေပြန်လာတာညီအကိုနှစ်ယောက် မဏ္ဍပ်မှာ လူငယ်သဘာ၀ ဖြစ်ရင်းနဲ့ ဆဲဆို ရင်း ဖြစ်သွားတာပေါ့ ဆဲလို့ဆိုပြီး နောက်ကနေ သေနတ်ကို လိုက် ပစ်တာ ကုမ္ပဏီပါးလွာ ရှေ့မှာအခင်းဖြစ်ပွားတဲ့နေရာပေါ့ အဲဒီနေရာမှာဖြစ်သွားတာ အဲဒီ အချိန်မှာဖြစ်သွားတော့ သူတို့ဖြစ်စဉ်ကို မသိစေချင်တဲ့ပုံ အခုကျနော်တို့ရုန်းရုန်းဖြစ်သွားတော့အ ကုန်သိသွာတယ်။"

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ဟုမ္မလင်းမြိုနယ် ရဲတပ်ဖွဲမှူးရုံးကို ဆက်သွယ်တဲ့အခါမှာတော့ အခုလိုဖြေကြားပါတယ်။

"ရွှေပြည်အေးကျေးရွာကပစ်ခတ်မူဖြစ်တယ်ကြားလို့ပါရှင်

ဖြေ အဲဒီနေရာကို မြိုနယ်မှူးသွားနေပါတယ်ခင်ဗျာ

မေး ။သေဆုံးသွားတာကောဟုတ်လားရှင်

ဖြေ။ဟုတ်တယ်ဟုတ်တယ်။"

လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ် မပြောနိုင်သေးကြောင်းလည်း့ဟုမ္မလင်းမြိုနယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ဒီနေ့ညနေပိုင်းအထိကတော့ အာဏာပိုင်တွေက အခင်းဖြစ်ရာကနေ အလောင်းတွေကို သယ်ယူသွားပြီး၊ ရဲစက်လှေနဲ့ ရေကြောင်းကနေ ဆက်လက် သယ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေ ရောက်လာတဲ့အတွက် လတ်တလော ကမ်းနားမှာပဲ ထားရှိကြောင်းလည်း မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG