ျမန္မာႏိုင္ငံမွာ စစ္ေရးပဋိပကၡေတြျဖစ္ေပၚေနတဲ့ ျပည္နယ္၊ တိုင္းေဒသႀကီးအေတာ္မ်ားမ်ားက ၿမိဳ႕နယ္ေပါင္း ၃၈ ၿမိဳ႕နယ္မွာ စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရး Martial Law ဥပေဒကို ဒီကေန႔ ေဖေဖာ္ဝါရီ ၂ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။
စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး PDF တပ္ဖြဲ႔ေတြအၾကား တိုက္ပြဲေတြ ေန႔စဥ္နီးပါး ျဖစ္ေပၚေနတဲ့ စစ္ကိုင္းတိုင္းအတြင္းက ေကာလင္း၊ ယင္းမာပင္၊ ခင္ဦး၊ ေရဦး၊ တန္႔ဆည္ စတဲ့ၿမိဳ႕နယ္ေတြအပါအဝင္ ၁၁ ၿမိဳ႕နယ္၊ ခ်င္းျပည္နယ္ထဲက တီးတိန္၊ ဟားခါးအပါအဝင္ ၇ ၿမိဳ႕နယ္၊ မေကြးတိုင္းအတြင္းထဲက ထီးလင္း၊ ေဆာ၊ ေပါက္အပါအဝင္ ၅ ၿမိဳ႕နယ္၊ ကရင္ျပည္နယ္ထဲက ၾကာအင္းဆိပ္ႀကီးအပါအဝင္ ၅ ၿမိဳ႕နယ္၊ ပဲခူးတိုင္းထဲက ေပါက္ေခါင္း ေပါင္းတည္ နတ္တလင္းအပါအဝင္ ၅ ၿမိဳ႕နယ္၊ ကယားျပည္နယ္မွာ ၄ ၿမိဳ႕နယ္၊ တနသၤာရီတိုင္းထဲက ၂ ၿမိဳ႕နယ္တို႔မွာ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္လိုက္ပါတယ္။
အခု စစ္အုပ္ခ်ဳပ္ေရးေၾကညာလိုက္တဲ့ ေဒသေတြမွာရွိတဲ့ တိုင္းမွဴးေတြအေနနဲ႔ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးဆိုင္ရာ မာရွယ္ေလာအာဏာကို က်င့္သံုးႏိုင္တယ္လို႔ စစ္ေကာင္စီ အတြင္းေရးမွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး အမိန္႔နဲ႔ ထုတ္ျပန္ပါတယ္။ လံုျခံဳေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ နယ္ေျမ ေအးခ်မ္းေရးေတြကို ပိုၿပီးထိထိေရာက္ေရာက္ လုပ္ႏိုင္ဖို႔ျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပပါတယ္။ တိုင္းမွဴးေတြအေနနဲ႔ အခ်ိန္နဲ႔တေျပးညီ ေျပာင္းလဲျဖစ္ေပၚေနတဲ့ အေျခအေန အရပ္ရပ္အေပၚ မူတည္ၿပီး မိမိကိုယ္တိုင္၊ ဒါမွမဟုတ္ စစ္နယ္ေျမမွႈးမ်ားကို တာ၀န္လြဲေပးၿပီး စစ္အုပ္ခ်ဳပ္ေရးကို က်င့္သုံးႏိုင္သည္လို႔ ေဖာ္ျပထားပါတယ္။
[Unicode]
စစ်ကိုင်း၊ မကွေးအပါအဝင် မြို့နယ် ၄၀ နီးပါးမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်
မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအတော်များများက မြို့နယ်ပေါင်း ၃၈ မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ယင်းမာပင်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် စတဲ့မြို့နယ်တွေအပါအဝင် ၁၁ မြို့နယ်၊ ချင်းပြည်နယ်ထဲက တီးတိန်၊ ဟားခါးအပါအဝင် ၇ မြို့နယ်၊ မကွေးတိုင်းအတွင်းထဲက ထီးလင်း၊ ဆော၊ ပေါက်အပါအဝင် ၅ မြို့နယ်၊ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးအပါအဝင် ၅ မြို့နယ်၊ ပဲခူးတိုင်းထဲက ပေါက်ခေါင်း ပေါင်းတည် နတ်တလင်းအပါအဝင် ၅ မြို့နယ်၊ ကယားပြည်နယ်မှာ ၄ မြို့နယ်၊ တနင်္သာရီတိုင်းထဲက ၂ မြို့နယ်တို့မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်ပါတယ်။
အခု စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ဒေသတွေမှာရှိတဲ့ တိုင်းမှူးတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ မာရှယ်လောအာဏာကို ကျင့်သုံးနိုင်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ပါတယ်။ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးတွေကို ပိုပြီးထိထိရောက်ရောက် လုပ်နိုင်ဖို့ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ တိုင်းမှူးတွေအနေနဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး မိမိကိုယ်တိုင်၊ ဒါမှမဟုတ် စစ်နယ်မြေမှှုးများကို တာဝန်လွဲပေးပြီး စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနိုင်သည် - လို့ ဖော်ပြထားပါတယ်။